ဟေရှာယ ၁၁:၁-၁၆
၁၁ ယေရှဲရဲ့ သစ်ငုတ်ကနေ+ အတက်+ ထွက်လာမယ်။
သူ့အမြစ်ကနေ ပေါက်လာတဲ့ အတက်ဟာ+ အသီးသီး လိမ့်မယ်။
၂ ယေဟောဝါရဲ့ စွမ်းအားတော်က သူ့အပေါ်မှာ တည်နေမယ်။+
ဒါကြောင့် သူဟာ ဉာဏ်ပညာနဲ့ ပြည့်စုံပြီး+ သိနားလည်နိုင်စွမ်း ကြွယ်ဝမယ်။
အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့သူ၊ အစွမ်းခွန်အားကြီးတဲ့သူ၊+အသိပညာကြွယ်တဲ့သူ၊ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့သူ ဖြစ်လိမ့်မယ်။
၃ ယေဟောဝါကို ကြောက်ရွံ့ရိုသေရတာ ပျော်မွေ့မယ်။+
အပြင်ပန်းကိုပဲ ကြည့်ပြီး တရားမစီရင်ဘူး။
ကြားတဲ့စကားကိုပဲ မူတည်ပြီး ဆုံးမမှာ မဟုတ်ဘူး။+
၄ နိမ့်ကျသူတွေကို မျှမျှတတ တရားစီရင်မယ်။
ကမ္ဘာပေါ်မှာရှိတဲ့ စိတ်နူးညံ့သူတွေရဲ့ အကျိုးအတွက် ဖြောင့်မှန်စွာ ပဲ့ပြင်မယ်။
ကမ္ဘာမြေကို ခံတွင်းကထွက်တဲ့ ကြိမ်လုံးနဲ့ ဒဏ်ပေးမယ်။+
လူဆိုးတွေကို နှုတ်ကထွက်တဲ့ စွမ်းအားနဲ့ သေဒဏ်ချမှတ်မယ်။+
၅ ဖြောင့်မတ်ခြင်းနဲ့ သစ္စာတရားဟာသူ့ခါးမှာစည်းထားတဲ့ ခါးစည်းကြိုး ဖြစ်လိမ့်မယ်။+
၆ ဝံပုလွေနဲ့ သိုးသငယ် အတူနေလိမ့်မယ်။+
ကျားသစ်နဲ့ ဆိတ်ကလေး အတူအိပ်လိမ့်မယ်။
နွားကလေး၊ ခြင်္သေ့၊ ဆူဖြိုးတဲ့တိရစ္ဆာန်တွေ အတူနေမယ်။*+
ကလေးသူငယ်က သူတို့ကို ထိန်းကျောင်းမယ်။
၇ နွားမနဲ့ ဝက်ဝံမ အတူ ကျက်စားမယ်။
သူတို့ရဲ့သားပေါက်တွေ အတူ အိပ်ကြမယ်။
ခြင်္သေ့ကလည်း နွားလိုပဲ ကောက်ရိုးစားလိမ့်မယ်။+
၈ နို့စို့ကလေးက မြွေဟောက်တွင်းပေါ်မှာ ကစားလိမ့်မယ်။
နို့ပြတ်တဲ့ကလေးက အဆိပ်ပြင်းတဲ့ မြွေတွင်းထဲ လက်နှိုက်လိမ့်မယ်။
၉ သူတို့က သန့်ရှင်းတဲ့ ငါ့ရဲ့တောင်တစ်ပြင်လုံးမှာ ဘာအန္တရာယ်မှပေးမှာ မဟုတ်ဘူး။+
ဖျက်လိုဖျက်ဆီးလုပ်မှာ မဟုတ်ဘူး။+
ပင်လယ်ဟာ ရေတွေနဲ့ ဖုံးလွှမ်းနေသလိုကမ္ဘာမြေဟာ ယေဟောဝါကို သိကျွမ်းခြင်းနဲ့ ပြည့်နေမှာ ဖြစ်လို့ပဲ။+
၁၀ အဲဒီအချိန်ကျရင် ယေရှဲရဲ့အမြစ်ဟာ+လူတွေအတွက် စိုက်ထူထားတဲ့အလံ ဖြစ်မယ်။+
လူမျိုးခြားတွေက သူ့ဆီမှာ လမ်းညွှန်မှု တောင်းခံလိမ့်မယ်။+
သူနေတဲ့နေရာကလည်း ဂုဏ်ကျက်သရေရှိလိမ့်မယ်။
၁၁ အဲဒီအချိန်ကျရင် ယေဟောဝါက ဒုတိယအကြိမ် လက်ကမ်းပေးပြီး အဆီးရီးယား၊+ အီဂျစ်၊+ ပါသရု၊+ ကုရှ၊*+ ဧလံ၊+ ရှိနာ၊* ဟာမတ်နဲ့ ပင်လယ်ထဲက ကျွန်းတွေမှာ+ ကျန်ကြွင်းတဲ့ မိမိလူမျိုးကို ပြန်သိမ်းယူမယ်။
၁၂ ဘုရားသခင်က လူမျိုးတွေအတွက် အလံစိုက်ထူပြီး အစ္စရေးတွေကို ပြန်စုသိမ်းလိမ့်မယ်။+ ကွဲလွင့်နေတဲ့ ယုဒလူတွေကို ကမ္ဘာမြေ အရပ်လေးမျက်နှာကနေ ပြန်စုသိမ်းမယ်။+
၁၃ ဧဖရိမ်က မနာလိုစိတ် ရှိတော့မှာ မဟုတ်ဘူး။+
ယုဒကို ရန်မူတဲ့သူတွေ ပယ်ရှင်းခံရမယ်။
ဧဖရိမ်က ယုဒကို မနာလိုဖြစ်တော့မှာ မဟုတ်ဘူး။
ယုဒကလည်း ဧဖရိမ်ကို ရန်မူတော့မှာ မဟုတ်ဘူး။+
၁၄ သူတို့က အနောက်အရပ်မှာရှိတဲ့ ဖိလိတိပြည်ရဲ့ ဆင်ခြေလျှောဒေသကို ဝင်စီးမယ်။
အရှေ့အရပ်ကလူတွေကို အတူ တိုက်ခိုက်လုယက်မယ်။
ဧဒုံနဲ့+ မောဘပြည်ကို+ အောင်နိုင်လိမ့်မယ်။
အမ္မုန်လူမျိုးတွေဟာ သူတို့လက်အောက်ခံ ဖြစ်မယ်။+
၁၅ ယေဟောဝါက အီဂျစ်ပင်လယ်ကွေ့ကို နှစ်ခြမ်းခွဲပစ်မယ်။*+
မြစ်ကြီးကို*+ လက်သီးလက်မောင်း တန်းလိမ့်မယ်။
မြစ်ကြီးရဲ့ ချောင်းခုနစ်သွယ်ကို* ရှူထုတ်လိုက်တဲ့ လေပြင်းနဲ့* ဒဏ်ခတ်မယ်။
လူတွေက ဖိနပ်ချွတ်စရာမလိုဘဲ ဖြတ်ကူးသွားလိမ့်မယ်။
၁၆ အီဂျစ်ပြည်ကနေ ထွက်လာတုန်းက အစ္စရေးအတွက် လမ်းမကြီးရှိခဲ့သလိုလူမျိုးတော်ထဲက ကျန်ကြွင်းသူတွေအတွက်+ အဆီးရီးယားကနေ ထွက်လာမယ့် လမ်းမကြီးရှိလိမ့်မယ်။+
အောက်ခြေမှတ်ချက်များ
^ “နွားကလေးနဲ့ ခြင်္သေ့တွေ အတူကျက်စားမယ်” လည်းဖြစ်နိုင်။
^ ဗာဗုလုန်။
^ ဒါမှမဟုတ်၊ “အီသီယိုးပီးယား။”
^ “ခန်းခြောက်စေမယ်” လည်းဖြစ်နိုင်။
^ ယူဖရေးတီးမြစ်။
^ “မြစ်ကြီးကို ချောင်းခုနစ်သွယ်ဖြစ်အောင်” လည်းဖြစ်နိုင်။
^ ဒါမှမဟုတ်၊ “စွမ်းအားတော်နဲ့။”