ဟေရှာယ ၂၅:၁-၁၂

  • လူမျိုးတော် ကောင်းချီး ကြွယ်ဝစွာခံစားရ (၁-၁၂)

    • အကောင်းစားစပျစ်ဝိုင်ကို ယေဟောဝါတည်ခင်း ()

    • သေမင်းကို ထာဝစဉ်ဖယ်ရှား ()

၂၅  အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပါ။ ကိုယ်တော့်ကို ချီးမြှောက်ပါတယ်။ နာမတော်ကို ချီးမွမ်းပါတယ်။ ကိုယ်တော်လုပ်ဆောင်တဲ့ အံ့ဖွယ်အမှုတွေ၊+ရှေးကတည်းက ရည်ရွယ်ထားတဲ့အရာတွေဟာ+မှန်ကန်ပြီး+ ယုံကြည်စိတ်ချထိုက်ပါတယ်။  ၂  ကိုယ်တော်က မြို့ကို ကျောက်ပုံကြီး ဖြစ်စေတယ်။ ခံတပ်မြို့ကို ပြိုလဲပျက်စီးစေတယ်။ တိုင်းတစ်ပါးသားရဲ့ မျှော်စင် မရှိတော့ဘူး။ ပြန်တည်ဆောက်ကြတော့မှာ မဟုတ်ဘူး။  ၃  ဒါကြောင့် ခွန်အားကြီးသူတွေက ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းလိမ့်မယ်။ ဖိနှိပ်တတ်တဲ့ လူမျိုးတွေရဲ့မြို့က ကိုယ်တော့်ကို ကြောက်ရွံ့လိမ့်မယ်။+  ၄  နံရံကို မိုးသက်မုန်တိုင်း ရိုက်ခတ်သလို ဖိနှိပ်ညှဉ်းပန်းသူတွေ ဒေါသူပုန်ထတဲ့အခါကိုယ်တော်ဟာ နိမ့်ကျသူအတွက် ရဲတိုက်၊+ဒုက္ခရောက်နေတဲ့ ဆင်းရဲသားအတွက် ရဲတိုက်၊မိုးသက်မုန်တိုင်းဒဏ်ကနေ ခိုလှုံတဲ့နေရာ၊အပူရှိန်ကို ကာကွယ်ပေးတဲ့ အရိပ်ပါ။+  ၅  ခြောက်သွေ့တဲ့ပြည်မှာ အပူရှိန် ငြိမ်းအေးသွားသလိုကိုယ်တော်က သူစိမ်းတွေရဲ့ အသံဗလံကို တိတ်ဆိတ်စေတယ်။ မိုးတိမ်အရိပ်ကြောင့် အပူရှိန် ငြိမ်းအေးသွားသလိုဖိနှိပ်ညှဉ်းပန်းသူတွေရဲ့ သီချင်းသံတွေလည်း တိတ်ဆိတ်သွားတယ်။  ၆  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကအဆီအနှစ်များတဲ့ ဟင်းတွေ၊+ အကောင်းစား စပျစ်ဝိုင်တွေ၊အဆီအနှစ်များပြီး ခြင်ဆီပြည့်နေတဲ့ ဟင်းတွေ၊စစ်ထားတဲ့ စပျစ်ဝိုင်အကောင်းစား တည်ခင်းထားတဲ့ စားသောက်ပွဲကြီးကိုလူအားလုံးအတွက် ဒီတောင်ပေါ်မှာ+ ပြင်ဆင်ပေးမယ်။  ၇  လူအားလုံးကို အုပ်ထားတဲ့ ခြုံထည်၊ လူမျိုးအားလုံးကို လွှမ်းထားတဲ့ ရက်ထည်ကိုဒီတောင်ပေါ်မှာ ဘုရားသခင် ဖယ်ရှားမယ်။  ၈  သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားမယ်။+ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက လူအားလုံးရဲ့ မျက်ရည်ကို သုတ်ပေးမယ်။+ လူမျိုးတော်ခံနေရတဲ့ ကဲ့ရဲ့ရှုတ်ချမှုကို မြေပြင်ပေါ်ကနေ ဖယ်ရှားပေးမယ်။ ဒါဟာ ယေဟောဝါရဲ့ အမိန့်ပဲ။  ၉  အဲဒီအချိန်ကျရင် သူတို့က“ကြည့်ပါ။ ဒါဟာ ငါတို့ရဲ့ဘုရားသခင်ပဲ။+ ဘုရားကို ငါတို့ မျှော်လင့်နေတယ်။+ ငါတို့ကို ဘုရား ကယ်တင်မယ်။+ ဒါဟာ ယေဟောဝါဘုရားပဲ။ ဘုရားကို ငါတို့ မျှော်လင့်နေတယ်။ ကယ်တင်ခြင်းကျေးဇူးကြောင့် ရွှင်လန်းဝမ်းမြောက်ကြစို့”+ လို့ပြောကြလိမ့်မယ်။ ၁၀  ဒီတောင်ပေါ်မှာ ယေဟောဝါရဲ့လက်တော် သက်ရောက်မယ်။+ နောက်ချေးပုံထဲ ကောက်ရိုးကို နင်းနယ်သလိုမောဘကို နေရာမှာတင် နင်းချေလိမ့်မယ်။+ ၁၁  ရေကူးတဲ့သူက လက်ဆန့်ပြီး ရေကိုရိုက်ချသလိုဘုရားက လက်ဆန့်ပြီး မောဘကို ရိုက်ချမယ်။ လက်နဲ့ ထိထိမိမိ ရိုက်ချပြီးမောဘကို မာန်စွယ်ချိုးမယ်။+ ၁၂  ဘုရားက မင်းရဲ့ခံတပ်မြို့နဲ့ လုံခြုံမြင့်မားတဲ့ မြို့ရိုးတွေကို ဖြိုချမယ်။ မြေကြီးအထိရောက်အောင်၊မြေမှုန့်အထိရောက်အောင် ဖြိုဖျက်မယ်။

အောက်ခြေမှတ်ချက်များ