ဟေရှာယ ၄၄:၁-၂၈

  • ဘု​ရားရဲ့​လူမျိုး ခံစား​ရ​တဲ့ ကောင်း​ချီး​များ (၁-၅)

  • ယေဟောဝါ​မှ​တစ်ပါး အခြား​ဘု​ရား​မရှိ (၆-၈)

  • လူ​လုပ်​ရုပ်​တု​များ​ရဲ့ မစွမ်း​ဆောင်​နိုင်​မှု (၉-၂၀)

  • အစ္စရေးတွေ​ကို ပြန်​ဝယ်​တဲ့​အရှင် ယေဟောဝါ (၂၁-၂၃)

  • ဆိုင်း​ရပ်​က​တစ်ဆင့် ပြန်​တည်​ထောင် (၂၄-၂၈)

၄၄  “ငါ့​ကျွန်​ယာကုပ်၊ ငါ​ရွေး​ချယ်​ထား​တဲ့ အစ္စရေး၊+နား​ထောင်​ပါ။  ၂  မင်း​ကို ဖန်​ဆင်း​တဲ့​အရှင်၊ မင်း​ကို ပုံသွင်း​တဲ့​အရှင်၊+မိ​ခင်​ဝမ်း​ထဲ​မှာ​က​တည်း​က မင်း​ကို ကူညီ​ခဲ့​တဲ့​အရှင် ယေဟောဝါ ပြော​တာ​က– ‘ငါ့​ကျွန်​ယာကုပ်၊ငါ​ရွေး​ချယ်​ထား​တဲ့ ယေရှု​ရုန်၊*+ မကြောက်​ပါ​နဲ့။+  ၃  ငါ​ဟာ ရေ​ငတ်​နေ​တဲ့​သူ​ကို ရေ​တိုက်​မယ်။+ ခြောက်​သွေ့​တဲ့​မြေပေါ်  စမ်း​ချောင်း​တွေ စီး​ဆင်း​စေ​မယ်။ မင်း​ရဲ့​မျိုး​နွယ်​အပေါ် စွမ်းအား​တော် သွန်း​လောင်း​မယ်။+ မင်း​ရဲ့​သား​မြေး​တွေ​အပေါ် ကောင်း​ချီး​မင်္ဂလာ သွန်း​လောင်း​မယ်။  ၄  သူတို့​ဟာ စိမ်း​လန်း​တဲ့​မြက်​တွေ​လို ဝေ​ဆာ​မယ်။+ စမ်း​ချောင်း​ဘေး​က မိုး​မခ​ပင်​တွေ​လို ရှင်​သန်​မယ်။  ၅  တစ်​ယောက်​က “ငါ့​ကို ယေဟောဝါ​ဘု​ရား ပိုင်​တယ်” လို့ ပြော​လိမ့်​မယ်။+ နောက်​တစ်​ယောက်​က​လည်း ကိုယ့်​ကိုယ်​ကိုယ် ယာကုပ်​ဆို​ပြီး နာ​မည်​မှည့်​မယ်။ နောက်​တစ်​ယောက်​ကျ​တော့ “ယေဟောဝါ​ဘု​ရား ပိုင်​ဆိုင်​တဲ့​သူ” ဆို​ပြီး လက်​ပေါ်​မှာ ရေး​ထိုး​မယ်။ အစ္စရေး​ဆို​တဲ့ နာ​မည်​ကို ခံ​ယူ​လိမ့်​မယ်။’  ၆  အစ္စရေးရဲ့​ဘု​ရင်၊+ သူ့​ကို​ပြန်​ဝယ်​တဲ့​အရှင်+ ယေဟောဝါ၊ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​မယ်– ‘ငါ​ဟာ ဦး​ဆုံး​နဲ့ နောက်​ဆုံး​ပဲ။+ ငါ​က​လွဲ​လို့ တ​ခြား​ဘု​ရား မရှိ​ဘူး။+  ၇  ငါ့​လို​ဘု​ရား​မျိုး ရှိ​လို့​လား။+ ရှိ​ရင် အဲဒီ​ဘု​ရား​က အထောက်​အထား​တွေ ပြပြီး ပြော​ပါ​စေ။+ ဟိုး​အရင်​က လူ​တွေ​ကို တည်​ရှိ​စေ​ခဲ့​ချိန်​က​တည်း​က ငါ​ကြို​ဟော​နိုင်​သလို​မျိုး သူ​လည်း မကြာ​ခင်​မှာ ဖြစ်​မယ့်​အရာတွေ၊အနာ​ဂတ်​မှာ ဖြစ်​မယ့်​အရာတွေ​ကို ကြို​ဟော​ပါ​စေ။  ၈  မကြောက်​ပါ​နဲ့။ ကြောက်​စိတ်​ကြောင့် ခြေ​မကိုင်​မိ လက်​မကိုင်​မိ မဖြစ်​ပါ​နဲ့။+ မင်း​တို့​အားလုံး​ကို ငါ​ကြို​ပြော​ခဲ့​တယ်၊ အသိ​ပေး​ခဲ့​တယ် မဟုတ်​လား။ မင်း​တို့​ဟာ ငါ့​ရဲ့​သက်​သေတွေ​ပဲ။+ ငါ​က​လွဲ​ပြီး တ​ခြား​ဘု​ရား​သခင် ရှိ​သေး​သလား။ မရှိ​ဘူး။ ကာ​ကွယ်​ပေး​တဲ့ ကျောက်​ဆောင်​ဆို​လို့ ငါ​က​လွဲ​ပြီး တ​ခြား​မရှိ​ဘူး။+ လုံး​ဝ မရှိ​ဘူး​ဆို​တာ ငါ​သိ​တယ်။’”  ၉  ရုပ်​တု​လုပ်​တဲ့​သူ​တွေ​ဟာ အချည်း​နှီး​သက်​သက်​ပဲ။ သူတို့​ကြည်​ညို​တဲ့ ရုပ်​တု​တွေ​ဟာ ဘာ​မှ အကျိုး​မပေး​ဘူး။+ ဘာ​မှ​မမြင်၊ ဘာ​မှ​မသိ​တဲ့​အတွက် ဘယ်​လို​မှ သက်​သေ မလုပ်​ပေး​နိုင်​ဘူး။+ ဒါ​ကြောင့် ရုပ်​တု​လုပ်​တဲ့​သူ​တွေ အရှက်​ကွဲ​ရ​လိမ့်​မယ်။+ ၁၀  ဘာ​အကျိုး​မှ မပေး​နိုင်​တဲ့ ဘု​ရား​တစ်ပါး၊ ရုပ်​တု​တစ်​ခု​ကို ဘယ်​သူ ထု​လုပ်​မလဲ၊ ဘယ်​သူ သွန်း​လုပ်​မလဲ။+ ၁၁  သူ့​အပေါင်း​အဖော်တွေ အရှက်​ကွဲ​ရ​လိမ့်​မယ်။+ လက်​မှု​ပညာ​သည်​တွေ​လည်း လူသား​တွေ​ပါ​ပဲ။ သူတို့ စု​ဝေး​ပြီး နေ​ရာ​ယူ​ကြ​ပါ​စေ။ သူတို့​အားလုံး ကြောက်​လန့်​ပြီး အရှက်​ကွဲ​ရ​လိမ့်​မယ်။ ၁၂  ပန်း​ပဲ​သမား​က သံ​ကို ညှပ်​နဲ့​ကိုင်​ပြီး မီး​ကျီး​ခဲ​တွေ​နဲ့ အပူ​ပေး​တယ်။ လက်​ရုံး​အား​ကို​သုံး​ပြီး တူ​နဲ့ ထုလုပ်​ပုံ​သွင်း​တယ်။+ အဲဒီ​နောက် ဗိုက်​ဆာ​လာ​တဲ့​အတွက် ခွန်​အား​မရှိ​တော့​ဘူး။ ရေ​မသောက်​တဲ့​အတွက် မောပန်း​လာ​တယ်။ ၁၃  ပန်း​ပု​သမား​က သစ်​သား​ကို ကြိုး​နဲ့​တိုင်း​တယ်။ မြေဖြူ​ခဲ​အနီ​နဲ့ ပုံ​ကြမ်း​ဆွဲ​တယ်။ ဆောက်​နဲ့​ထွင်း​ပြီး ကွန်​ပါ​နဲ့​တိုင်း​တယ်။ လှ​ပတဲ့ လူ​ရုပ်​တစ်​ခု ပေါ်​လာ​အောင် ထွင်း​ထု​ပြီး+ အိမ်​မှာ ထား​တယ်။+ ၁၄  သစ်​က​တိုး​ပင်​တွေ​ကို ခုတ်​လှဲ​ရ​တဲ့ လူ​တစ်​ယောက်​ရှိ​တယ်။ သူ​က ဝက်​သစ်​ချ​ပင်​တစ်​ပင်​ကို ရွေး​ချယ်​ပြီး တော​သစ်​ပင်​တွေ​အလယ်​မှာ​ ကြီးထွား​လာ​အောင် ထား​လိုက်​တယ်။+ တ​တိုင်း​မွှေး​ပင်​တစ်​မျိုး​ကို​လည်း စိုက်​ပျိုး​ပြီး မိုး​ရေ​ထဲ​မှာ ကြီး​ထွား​စေ​တယ်။ ၁၅  နောက်​ပိုင်း​မှာ အဲဒီ​အပင်​က မီး​ဆိုက်​ဖို့ ထင်း​ဖြစ်​သွား​တယ်။ သစ်​တစ်​ပိုင်း​ကို ထင်း​ဆိုက်​ပြီး မီး​လှုံ​တယ်။ မီး​မွှေး​ပြီး မုန့်​ဖုတ်​တယ်။ ဘု​ရား​တစ်​ဆူ​ကို​လည်း ထု​လုပ်​ပြီး ဝတ်​ပြု​တယ်။ သစ်​တစ်​ပိုင်း​နဲ့ ရုပ်​တု​ထွင်း​ထု​ပြီး ဦးချ​တယ်။+ ၁၆  သစ်​တစ်​ပိုင်း​ကို မီး​ဆိုက်​တယ်။ အဲဒီ​သစ်​တစ်​ပိုင်း​နဲ့ အသား​ကို ကင်​စား​ပြီး ဗိုက်​ဝ​သွား​တယ်။ ပြီး​တော့ မီး​လှုံ​ပြီး “ကောင်း​လိုက်​တာ၊ နွေး​သွား​တာ​ပဲ” လို့​ပြော​တတ်​တယ်။ ၁၇  ကျန်​တဲ့​သစ်​တစ်​ပိုင်း​ကို ဘု​ရား​ရုပ်​တု​တစ်​ခု ထွင်း​ထု​တယ်။ ပြီး​တော့ ဦး​ချ​ဝတ်​ပြု​တယ်။ “အရှင်​ဟာ ကျွန်​တော့်​ဘု​ရား​ပါ။ ကယ်​တင်​ပေး​ပါ” လို့ ဆုတောင်း​တတ်​တယ်။+ ၁၈  အဲဒီ​လူ​တွေ​ဟာ ဘာ​မှ​မသိ၊ ဘာ​မှ​နား​မလည်​ကြ​ဘူး။+ မျက်​စိ​ပိတ်​ထား​တော့ ဘာ​မှ​မမြင်​ဘူး။ စိတ်​တံခါး​ပိတ်​ထား​တော့ ထိုး​ထွင်း​ဉာဏ် မရှိ​ကြ​ဘူး။ ၁၉  “သစ်​တစ်​ပိုင်း​ကို ငါ​မီး​ဆိုက်​လိုက်​ပြီ။ မီး​ကျီး​ခဲ​တွေ​ပေါ်​မှာ မုန့်​ဖုတ်​ပြီး အသား​ကင်​စား​လိုက်​ပြီ။ ကျန်​တဲ့​သစ်​တစ်​ပိုင်း​ကို ရွံ​မုန်း​စရာ​ကောင်း​တဲ့​အရာ ငါ​လုပ်​သင့်​သလား။+ ဒီ​သစ်​တုံး​ကို ငါ​ဝတ်​ပြု​သင့်​သလား” ဆို​ပြီး စိတ်​ထဲ​မှာ ဆင်​ခြင်​တဲ့​သူ၊ အသိ​ပညာ​ရှိ​တဲ့​သူ၊သိ​နား​လည်​နိုင်​စွမ်း​ရှိ​တဲ့​သူ တစ်ယောက်​မှ မရှိ​ဘူး။ ၂၀  သူ​ဟာ ပြာ​တွေ​ကို စား​တဲ့​သူ​နဲ့ တူ​တယ်။ လှည့်​စား​ခံ​ရ​တဲ့​စိတ်​ကြောင့် သူ​လမ်း​လွဲ​သွား​ပြီ။ သူ့​ကိုယ်​သူ မကယ်​တင်​နိုင်​ဘူး။ “ငါ့​ညာ​လက်​မှာ အလိမ်​အညာ​တွေ​ပဲ ရှိ​တယ်” လို့​လည်း မပြော​ဘူး။ ၂၁  “အို ယာကုပ်၊ အို အစ္စရေး၊ အဲဒီ​အချက်​တွေ​ကို သတိ​ရ​ပါ။ မင်း​ဟာ ငါ့​ရဲ့​ကျွန်​ပဲ။ မင်း​ကို ငါ​ပုံ​သွင်းခဲ့​တယ်။ မင်း​ဟာ ငါ့​ရဲ့​ကျွန်​ပဲ။+ အစ္စရေး၊ မင်း​ကို ငါ​မမေ့​ဘူး။+ ၂၂  မိုး​တိမ်​နဲ့ ဖုံး​အုပ်​သလို မင်း​ရဲ့​အမှား​တွေ​ကို ငါ​ဖုံး​အုပ်​ပေး​မယ်။+ တိမ်​ထု​ကြီး​နဲ့ ဖုံး​အုပ်​သလို မင်း​ရဲ့​အပြစ်​တွေ​ကို ဖုံး​အုပ်​ပေး​မယ်။ မင်း​ကို ငါ​ပြန်​ဝယ်​မှာ​ဖြစ်​လို့ ငါ့​ဆီ ပြန်​လှည့်​လာ​ပါ။+ ၂၃  အို မိုး​ကောင်း​ကင်၊ ရွှင်​လန်း​စွာ ကြွေး​ကြော်​ပါ။ ယေဟောဝါ အရေး​ယူ​လုပ်​ဆောင်​ပြီ။ ကမ္ဘာ​မြေရဲ့ အနက်​ရှိုင်း​ဆုံး​နေ​ရာ​တို့၊ အောင်​သံ​လွှင့်​ကြ။ တောင်​တန်း​တို့၊ သစ်​တော​နဲ့ သစ်​ပင်​အပေါင်း​တို့၊ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ။+ ယေဟောဝါ​က ယာကုပ်​ကို ပြန်​ဝယ်​လိုက်​ပြီ။ အစ္စရေး​ကို ဘုန်း​တန်ခိုး ထင်​ရှား​ပြလိုက်​ပြီ။”+ ၂၄  မင်း​ကို ပြန်​ဝယ်​တဲ့​အရှင်၊+မိ​ခင်​ဝမ်း​ထဲ​မှာ​က​တည်း​က မင်း​ကို ပုံ​သွင်းခဲ့​တဲ့​အရှင် ယေဟောဝါ​ပြော​တာ​က– “ငါ​ဟာ အရာ​ခပ်​သိမ်း​ကို ပြု​လုပ်​ခဲ့​တဲ့​အရှင် ယေဟောဝါ​ပဲ။ ငါ​ကိုယ်​တိုင် မိုး​ကောင်း​ကင်​ကို ဖြန့်​မိုး​ခဲ့​တယ်။ မြေကြီး​ကို​လည်း ငါ​ဖြန့်​ခင်း​ခဲ့​တယ်။+ အဲဒီ​တုန်း​က ငါ​နဲ့​အတူ ဘယ်​သူ​ရှိ​လို့​လဲ။+ ၂၅  ပရော​ဖက်​အတု​အယောင်​တွေရဲ့​ နိမိတ်​တွေ​ကို ငါ​ပျက်​ပြား​စေ​တယ်။ ငါ​ဟာ နတ်​ဆ​ရာတွေ​ကို အရူး​လို ပြု​မူ​စေ​တဲ့​အရှင်၊+ပညာ​ရှိ​တွေ​ကို အကြံ​အိုက်​စေ​ပြီး သူတို့​ရဲ့​အသိ​ပညာ​ကို မိုက်​မဲ​စေ​တဲ့​အရှင်​ပဲ။+ ၂၆  ငါ​ဟာ ငါ့​ကျွန်​ရဲ့​စကား​ကို တ​ကယ်​ဖြစ်​စေ​တဲ့​အရှင်၊ငါ့​စေ​တ​မန်​တွေရဲ့ ဟော​ကိ​န်းတွေ​ကို တစ်​ခု​မကျန် ပြည့်​စုံ​စေ​တဲ့​အရှင်၊+ဂျေရု​ဆ​လင်​မြို့​ကို ‘ဒီ​မြို့​မှာ လူ​တွေ နေ​ထိုင်​လိမ့်​မယ်’ လို့​ပြော​တဲ့​အရှင်၊+ ယုဒ​ရဲ့​မြို့​တွေ​ကို ‘ဒီ​မြို့​တွေ ပြန်​တည်​ဆောက်​လိမ့်​မယ်၊+မြို့​ရဲ့ အပျက်​အယွင်း​တွေ​ကို ငါ​ပြန်​တည်​ထောင်​မယ်’ လို့ ပြော​တဲ့​အရှင်​ပဲ။+ ၂၇  ရေ​ထု​ကြီး​ကို ‘အငွေ့​ပြန်​စေ။ မြစ်​တွေ​အားလုံး ခန်း​ခြောက်​စေ’ လို့ ပြော​တဲ့​အရှင်​ပဲ။+ ၂၈  ဆိုင်း​ရပ်​နဲ့​ပတ်​သက်​ပြီး+ ‘သူ​ဟာ ငါခန့်​အပ်​တဲ့ သိုးထိန်း​ပဲ။ ငါ​အလို​ရှိ​တာ​မှန်​သမျှ တစ်​ခု​မကျန် သူ​ပြည့်​စုံ​စေ​မယ်’ လို့​ပြော​တဲ့​အရှင်၊+ဂျေရု​ဆ​လင်​နဲ့​ပတ်​သက်​ပြီး ‘ဒီ​မြို့​ကို ပြန်​တည်​ဆောက်​လိမ့်​မယ်’ လို့​ပြော​တဲ့​အရှင်၊ဗိမာန်​တော်​ကို​လည်း ‘ဒီ​အုတ်​မြစ်​ကို ပြန်​ချ​လိမ့်​မယ်’ လို့​ပြော​တဲ့​အရှင်​ပဲ။”+

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ရိုး​ဖြောင့်​သူ။” အစ္စရေးရဲ့​ဂုဏ်​ပုဒ်။