ယေဇကျေလ ၄:၁-၁၇

  • ဂျေရု​ဆ​လင် ဝိုင်း​ရံ​ပိတ်​ဆို့​ခြင်း သရုပ်​ဖော်​ချက် (၁-၁၇)

    • ရက် ၃၉၀ နဲ့ ရက် ၄၀ အပြစ်​ခံ​ယူ (၄-၇)

 “လူ​သား၊ အုတ်​တစ်​ချပ်​ကို ယူပြီး​ မင်း​ရှေ့​မှာ ထား​ပါ။ အဲဒီ​ပေါ်​မှာ​ ဂျေရု​ဆ​လင်​မြို့​ပုံ​ကို ရေး​ထွင်း​ပါ။ ၂  ပြီး​တော့ အဲဒီ​မြို့​ပတ်​လည်​မှာ+ ထိုး​စစ်​တံတိုင်း တည်​ဆောက်​ပါ။+ ထိုး​စစ်​ကုန်း​ရိုး​ကို​လည်း ဆောက်​ပါ။+ စ​ခန်း​ချ​ပြီး မြို့​ကို ခံ​တပ်​ဖြို​စက်​တွေ​နဲ့ ဝိုင်း​ထား​ပါ။+ ၃  သံ​ဒယ်​ပြား​တစ်​ခု​ကို ယူ​ပြီး မင်း​နဲ့​မြို့​ကြား​မှာ သံ​တံတိုင်း​လို ခြား​လိုက်​ပါ။ အဲဒီ​နောက် မြို့​ကို ရန်​လို​တဲ့​မျက်​နှာ​ထား​နဲ့ စိုက်​ကြည့်​ပါ။ မြို့ ဝိုင်း​ရံ​ပိတ်​ဆို့​ခံ​ရ​မယ်။ မြို့​ကို မင်း ဝိုင်း​ထား​ရ​မယ်။ ဒါ​ဟာ အစ္စရေး​အမျိုး​အတွက်​ နိမိတ်​ပဲ။+ ၄  “အဲဒီ​နောက် ဘယ်​ဘက်​စောင်း​အိပ်​ပြီး အစ္စရေး​အမျိုး​ရဲ့​အပြစ်​ကို ခံယူ​ရ​မယ်။+ မင်း စောင်း​အိပ်​ရ​တဲ့​ရက်​နဲ့​အညီ သူတို့​ရဲ့​အပြစ်​ကို ခံ​ယူ​ရ​လိမ့်​မယ်။ ၅  သူတို့​ပြစ်​မှား​တဲ့ နှစ်​တွေ​နဲ့​ညီ​တဲ့ ရက်​ပေါင်း ၃၉၀ ကို ငါ​သတ်​မှတ်​ပေး​တယ်။+ အစ္စရေး​အမျိုး​ရဲ့​အပြစ်​ကို မင်း ခံ​ယူ​ရ​မယ်။ ၆  ရက်​စေ့​တဲ့​အထိ မင်း အဲဒီ​လို​နေ​ရ​မယ်။ “အဲဒီ​နောက် ညာ​ဘက်​စောင်း​အိပ်​ပြီး ယုဒ​အမျိုး​ရဲ့​အပြစ်​ကို ခံ​ယူ​ရ​မယ်။+ တစ်​နှစ်​ကို တစ်​ရက်​နှုန်း​နဲ့ ရက်​ပေါင်း ၄၀ ငါ​သတ်​မှတ်​ပေး​တယ်။ ၇  မင်း​က ဝိုင်း​ထား​တဲ့ ဂျေရု​ဆ​လင်​မြို့​ကို မျက်​နှာ​မူ​ပြီး+ လက်​သီး​လက်​မောင်း တန်း​ရ​မယ်။ ဒီ​မြို့ ပျက်​စီး​မယ့်​အကြောင်း ပရော​ဖက်​ပြု​ရ​မယ်။ ၈  “မြို့​ကို ဝိုင်း​ထား​တဲ့​နေ့ မစေ့​မချင်း ဟို​ဘက်​ဒီ​ဘက် မလှည့်​နိုင်​အောင် မင်း​ကို ကြိုး​နဲ့​ချည်​ထား​မယ်။ ၉  “အဲဒီ​နောက် ဂျုံ၊ မု​ယော၊ ပဲ​ကြီး၊ ပဲနီ​လေး၊ ဆပ်​နဲ့ ဂျုံ​ကြမ်း​မျိုး​ကို အိုး​ထဲ​ထည့်​ပြီး မုန့်​လုပ်​ပါ။ ဘယ်​ဘက်​စောင်း​ပြီး အိပ်​ရ​တဲ့ ရက်​ပေါင်း ၃၉၀ ပတ်​လုံး အဲဒီ​မုန့်​ကို မင်း စား​ရ​မယ်။+ ၁၀  တစ်​နေ့​ကို ရှယ်​ကယ် ၂၀* ချိန်​ပြီး စား​ရ​မယ်။ သူ့​အချိန်​နဲ့​သူ စား​ရ​မယ်။ ၁၁  “ရေ​ကို​လည်း တစ်​ဟိန်ရဲ့​ခြောက်​ပုံ​တစ်​ပုံ* ချိန်​ပြီး သောက်​ရ​မယ်။ သူ့​အချိန်​နဲ့​သူ သောက်​ရ​မယ်။ ၁၂  “အဲဒီ​မုန့်​ကို မု​ယော​မုန့်​ပြား စား​သလို စား​ရ​မယ်။ လူ​တွေ​ရှေ့​မှာ လူ့​မစင်​ခြောက်​ကို မီး​ဆိုက်​ပြီး အဲဒီ​မုန့်​ကို လုပ်​ရ​မယ်။” ၁၃  အဲဒီ​နောက် ယေဟောဝါ​က “လူမျိုး​ခြား​တွေ​အလယ်​မှာ ငါ​တ​ကွဲ​တ​ပြား ဖြစ်​စေ​မယ့် အစ္စရေးတွေ​လည်း မသန့်​ရှင်း​တဲ့​မုန့်​ကို ဒီ​လို​ပဲ​စား​ရ​မယ်”+ လို့ ဆက်​ပြော​တယ်။ ၁၄  ဒါ​နဲ့ ကျွန်​တော်​က “အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ၊ ကျွန်​တော်​ဟာ ငယ်​ငယ်​က​တည်း​က​နေ အခု​ချိန်​ထိ အသေကောင်​ဖြစ်​စေ၊ သား​ရဲ​ကိုက်​သတ်​ထား​တဲ့ အကောင်​ဖြစ်​စေ မစား​ဖူး​ပါ​ဘူး။+ မသန့်​ရှင်း​တဲ့ အသား​ကို​လည်း မစား​ဖူး​ပါ​ဘူး။+ အဲလို​စား​ပြီး ညစ်​ညူး​သွား​တာ​မျိုး မဖြစ်​ဖူး​ပါ​ဘူး” လို့​ပြော​လိုက်​တယ်။ ၁၅  အဲဒီ​အခါ ဘု​ရား​သခင်​က “ကောင်း​ပြီ။ လူ့​မစင်​အစား နောက်​ချေး​ကို​သုံး​ဖို့ ငါ​ခွင့်​ပြု​တယ်။ နောက်​ချေး​ကို မီး​ဆိုက်​ပြီး မုန့်​လုပ်​ရ​မယ်” လို့​ပြော​တယ်။ ၁၆  ဘု​ရား​သခင် ဆက်​ပြော​တာ​က “လူ​သား၊ အခု ဂျေရု​ဆ​လင်​မြို့​မှာ စား​နပ်​ရိက္ခာ​ကို* ငါ​ဖြတ်​တောက်​မယ်။+ သူတို့​ဟာ အစာ​ကို စိုး​ရိမ်​တကြီး​နဲ့ ခွဲ​တမ်း​ချ​ပြီး စား​ရ​လိမ့်​မယ်။+ ရေ​ကို ကြောက်​ကြောက်​နဲ့ ခွဲ​တမ်း​ချ​ပြီး သောက်​ရ​လိမ့်​မယ်။+ ၁၇  အစာ​ရေ​စာ ပြတ်​လပ်​သွား​တဲ့​အတွက် တစ်​ယောက်​ကို​တစ်​ယောက် အထိတ်​တလန့် ကြည့်​ကြ​လိမ့်​မယ်။ ကိုယ့်​အပြစ်​ကြောင့်​ပဲ လုံး​ပါး​ပါး​ကြ​လိမ့်​မယ်။

အောက်ခြေမှတ်ချက်များ

၂၃၀ ဂရမ် (၇.၃ အောင်​စ) ခန့်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
၀.၆ လီ​တာ​ခန့်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
မူ​ရင်း၊ “မုန့်​ချိတ်​တံ။” မုန့်​ကို​လျှို​ပြီး သိမ်း​ဆည်း​တဲ့ တုတ်​တံ။