ယေဇကျေလ ၃၁:၁-၁၈

  • မြင့်​မား​တဲ့​သစ်​က​တိုး​ပင် အီဂျစ် ပြို​လဲ(၁-၁၈)

၃၁  ဆယ့်​တစ်​နှစ်​မြောက်၊ သုံး​လ​ပိုင်း၊ တစ်​ရက်​နေ့​မှာ ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၂  “လူ​သား၊ အီဂျစ်​ဘု​ရင်​ဖာ​ရော​နဲ့ သူ့​လူ​စု​ကြီး​ကို ပြော​လိုက်​ပါ–+ “‘မင်း​လောက် ဘယ်​သူ​ ကြီးမြတ်​လို့​လဲ။  ၃  မင်း​ဟာ အဆီး​ရီး​ယား​လူ​နဲ့​ တူတယ်။ လက်​ဘ​နွန်​က သစ်ကတိုး​ပင်​လို​ပဲ။ အကိုင်း​အခက်​တွေ ဝေ​ဆာ​တယ်။ အရိပ်​ကောင်း​ပြီး မိုး​ထိ​အောင် မြင့်မား​တယ်။  ၄  အပင်​ဟာ ရေ​ဝ​ပြီး ကြီး​ထွား​လာ​တယ်။ နက်​ရှိုင်း​တဲ့​စမ်း​ရေ​ကြောင့် မြင့်​မား​လာ​တယ်။ သူ့​ပတ်​လည်​မှာ စမ်း​ချောင်း​တွေ​ရှိ​တယ်။ သစ်​တော​ထဲ​က အပင်​တွေ​လည်း ရေ​မြောင်း​တွေ​က​နေ ရေရ​တယ်။  ၅  ဒါ​ကြောင့် အဲဒီ​အပင်​က တခြား​အပင်​တွေ​ထက် မြင့်​မား​လာတယ်။ “‘စမ်း​ချောင်း​တွေ​က​နေ ရေ​အလျှံ​ပယ်​ရ​တဲ့​အတွက်အကိုင်း​တွေ ပွား​ပြီး အခက်​အလက်​တွေ ရှည်​လာ​တယ်။  ၆  အဲဒီ​အပင်​ရဲ့ အကိုင်း​တွေ​ကြား​မှာ မိုး​ကောင်း​ကင်​ငှက်​တွေ အသိုက်​ဆောက်​ကြ​တယ်။ အပင်​အောက်​မှာ သား​ရဲတွေ သား​ပေါက်​ကြ​တယ်။ အပင်​ရိပ်​မှာ လူမျိုး​ကြီး နား​ခို​ကြ​တယ်။  ၇  ရေ​များ​တဲ့​နေ​ရာ​ဆီ အမြစ်​ဖြာ​သွား​တဲ့​အတွက် အပင်​ဟာ လှ​ပတင့်​တယ်​ပြီး အခက်​အလက် ရှည်​ထွက်​လာ​တယ်။  ၈  ဘု​ရား​သခင်​ရဲ့ ဥ​ယျာဉ်​မှာ​ရှိ​တဲ့+ သစ်​က​တိုး​တစ်​ပင်​မှ သူ့​ကို မယှဉ်​နိုင်​ဘူး။ ဂျူ​နီ​ပါ​ထင်း​ရှူး​တစ်​ပင်​မှ သူ့​လို အကိုင်း​တွေ မရှိ​ဘူး။ ပိုး​စာ​တစ်​ပင်​မှ* သူ့​အခက်​အလက်​တွေ​ကို မယှဉ်​နိုင်​ဘူး။ ဘု​ရား​သခင်​ရဲ့ ဥ​ယျာဉ်​မှာ​ရှိ​တဲ့​ အပင်​တစ်​ပင်​မှ သူ့​အလှ​ကို မမီ​ဘူး။  ၉  ငါ​က အဲဒီ​အပင်​ကို အရွက်​ဝေ​ဆာ​ပြီး လှ​ပတင့်​တယ်​စေ​တယ်။ စစ်​မှန်​တဲ့​ဘု​ရား​သခင်​ရဲ့ ဧ​ဒင်​ဥယျာဉ်​မှာ​ရှိ​တဲ့ တ​ခြား​အပင်​တွေ​တောင် မနာ​လို​ဖြစ်​ကြ​တယ်။’ ၁၀  “ဒါ​ကြောင့် အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တယ်–​ ‘အဲဒီ​အပင်​ဟာ မိုး​ထိ​အောင် မြင့်​မား​လာ​တယ်။ အဲဒီ​လို​မြင့်​မား​လာ​တော့ မောက်​မာ​လာ​တယ်။ ၁၁  ဒါ​ကြောင့် အဲဒီ​အပင်​ကို လူမျိုး​ခြား​တွေရဲ့ တန်ခိုး​ကြီး​ဘုရင်​လက်​ထဲ ငါ​အပ်​မှာ​ဖြစ်​လို့+ အပင်​ကို သူ​ပြစ်​ဒဏ်​စီ​ရင်​လိမ့်​မယ်။ ဆိုး​ညစ်​တဲ့ အဲဒီ​အပင်​ကို ငါ​ငြင်း​ပယ်​မယ်။ ၁၂  အရက်​စက်​ဆုံး လူမျိုး​ခြား​တွေ​က အဲဒီ​အပင်​ကို ခုတ်​ပြီး တောင်​တန်း​တွေ​ပေါ် ပစ်​ထား​လိမ့်​မယ်။ ချိုင့်​ဝှမ်း​တွေ​ထဲ အရွက်​တွေ ကြွေ​ကျ​သွား​လိမ့်​မယ်။ အခက်​အလက်​တွေ​လည်း စမ်း​ချောင်း​တွေ​ထဲ ကျိုး​ကျ​နေ​လိမ့်​မယ်။+ သူ့​အရိပ်​ခို​သူ​အားလုံး သူ့​ကို စွန့်​ခွာ​သွား​လိမ့်​မယ်။ ၁၃  လဲ​ကျ​နေ​တဲ့ ပင်​စည်​ပေါ် မိုး​ကောင်း​ကင်​ငှက်​တွေ လာ​နား​ပြီး အခက်​အလက်​တွေ​မှာ သား​ရဲတွေ လာ​ခို​ကြ​လိမ့်​မယ်။+ ၁၄  အဲဒီ​လို​ဖြစ်​ရ​တာ​ဟာ ရေ​စပ်​မှာ​ရှိ​တဲ့ တ​ခြား​အပင်​တွေ​လည်း မိုး​ထိ​အောင် မမြင့်​မား​စေ​ဖို့၊ ရေ​ဝ​နေ​တဲ့ အပင်​တွေ​လည်း မိုး​ထိ​အောင် ထိုး​ထွက်​မလာ​စေ​ဖို့​ပဲ။ သူတို့​က သေတွင်း​ထဲ ဆင်း​တော့​မယ့် လူ​တွေ​နဲ့​အတူ သေရ​လိမ့်​မယ်၊ အောက်​အရပ်​မှာ​ရှိ​တဲ့ ပြည်​ဆီ ဆင်း​သွား​ရ​လိမ့်​မယ်။’ ၁၅  “အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– ‘အဲဒီ​အပင် သင်္ချိုင်း​ထဲ ဆင်း​သွား​တဲ့​နေ့​မှာ လူ​တွေ​ကို ငါ​ညည်း​တွား​ငို​ကြွေး​စေ​မယ်။ နက်​ရှိုင်း​တဲ့​ရေ​ထု​ကို ပိတ်​ဆို့​ပြီး စမ်း​ချောင်း​တွေ​ကို တား​လိုက်​တဲ့​အတွက် ရေတွေ​တန့်​သွား​လိမ့်​မယ်။ အဲဒီ​အပင်​ကြောင့် လက်​ဘ​နွန်​ပြည်​ကို ငါ​မှောင်​မိုက်​စေ​မယ်။ အပင်​အားလုံး ညှိုး​နွမ်း​သွား​လိမ့်​မယ်။ ၁၆  အဲဒီ​အပင်​ကို သေတွင်း​ထဲ​ဆင်း​တော့​မယ့် လူ​တွေ​နဲ့​အတူ သင်္ချိုင်း​ထဲ ဆင်း​ခိုင်း​တဲ့​အခါ အပင်​ပြို​လဲ​သံ​ကြောင့် လူမျိုး​တွေ တုန်​လှုပ်​သွား​လိမ့်​မယ်။ ဧ​ဒင်​မှာ​ရှိ​တဲ့​အပင်​တွေ၊+ လက်​ဘ​နွန်​မှာ​ရှိ​တဲ့ အကောင်း​ဆုံး​အပင်​တွေ၊ ရေ​ဝ​နေ​တဲ့​အပင်​တွေ​က အောက်​အရပ်​မှာ​ရှိ​တဲ့ ပြည်​မှာ စိတ်​သက်​သာ​ရာရ​လိမ့်​မယ်။ ၁၇  သူတို့​က အဲဒီ​အပင်​နဲ့​အတူ သင်္ချိုင်း​ဆီ၊ ဓား​နဲ့​ကွပ်​မျက်​ခံ​ရ​သူ​တွေ​ဆီ၊+ လူမျိုး​တွေ​အလယ် သူ့​အရိပ်​ခို​ပြီး သူ့​ကို​ထောက်​ခံ​သူ​တွေ​ဆီ ဆင်း​သွား​ကြ​တယ်။’+ ၁၈  “‘ဧ​ဒင်​မှာ​ရှိ​တဲ့ ဘယ်​အပင်​က မင်း​လို ဂုဏ်​ကျက်​သရေ​ရှိ​ပြီး ကြီးမြတ်လို့​လဲ။+ ဒါ​ပေမဲ့ မင်း​ဟာ ဧ​ဒင်​မှာ​ရှိ​တဲ့ အပင်​တွေ​နဲ့​အတူ အောက်​အရပ်​မှာ​ရှိ​တဲ့ ပြည်​ဆီ ဆင်း​သွား​ရ​လိမ့်​မယ်။ ဓား​နဲ့​ကွပ်​မျက်​ခံ​ရ​သူ​တွေ၊ အရေ​ဖျား​မဖြတ်​သူ​တွေ​နဲ့​အတူ လဲ​လျောင်း​ရ​လိမ့်​မယ်။ ဖာ​ရော​နဲ့ သူ့​လူ​စု​ကြီး​ဟာ ဒါ​ကို ကြုံ​ရ​လိမ့်​မယ်။’ ဒါ​ဟာ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။”

အောက်ခြေမှတ်ချက်များ

အကိုင်း​အခက်​ဖြာ​ပြီး အခေါက်​ကွာ​တတ်​တဲ့ အပင်​ကြီး​တစ်​မျိုး။