ဒေသနာ ၉:၁-၁၈

  • နောက်​ဆုံး​ရ​လ​ဒ် အတူ​တူ​ပဲ (၁-၃)

  • မသေခင်​လေး ဘဝ​ကို​ပျော်​မွေ့​ပါ (၄-၁၂)

    • သေလွန်​သူ​တွေ ဘာ​မှ​မသိ ()

    • သင်္ချိုင်း​မှာ ဘာ​လုပ်​ဆောင်​မှု​မှ​မရှိ (၁၀)

    • မျှော်​လင့်​မထား​တဲ့​အချိန်၊ မျှော်​လင့်​မထား​တဲ့​ဖြစ်​ရပ် (၁၁)

  • ဉာဏ်​ပညာ​ကို အမြဲတန်​ဖိုး​ထား​ကြ​တာ​မဟုတ် (၁၃-၁၈)

 ဒါ​တွေ​ကို ဆင်​ခြင်​ပြီး​တဲ့​နောက်​ ငါကောက်​ချက်​ချ​လိုက်​တာ​က ဖြောင့်​မတ်​သူ​တွေ၊  ဉာဏ်​ပညာ​ရှိ​သူ​တွေ၊ သူတို့​ရဲ့​အလုပ်​တွေ​က စစ်​မှန်​တဲ့​​ဘုရား​သခင်​ရဲ့ လက်​ထဲ​မှာ ရှိ​တယ်။+ လူ​တွေ​က သူတို့ မမွေး​ခင်​က​တည်း​က ရှိ​ခဲ့​တဲ့ ချစ်​ခြင်း၊ မုန်း​ခြင်း​အကြောင်း မသိ​ကြ​ဘူး။ ၂  ဖြောင့်​မတ်​သူ၊ ဆိုး​ညစ်​သူ၊+ ကောင်း​တဲ့​သူ၊ သန့်​ရှင်း​တဲ့​သူ၊ မသန့်​ရှင်း​တဲ့​သူ၊ ပူ​ဇော်​တဲ့​သူ၊ မပူ​ဇော်​တဲ့​သူ အားလုံး​ဟာ နောက်​ဆုံး​ရ​လ​ဒ်​တစ်​ခု​တည်း​ကို​ပဲ ကြုံ​ရ​တယ်။+ ကောင်း​တဲ့​သူ​နဲ့ အပြစ်​လုပ်​တဲ့​သူ၊ အလျင်​စ​လို သစ္စာ​ဆို​တဲ့​သူ​နဲ့ အလျင်​စ​လို သစ္စာ​မဆို​တဲ့​သူ ကြုံ​ရ​တာ​ချင်း အတူ​တူ​ပဲ။ ၃  နေ​အောက်​မှာ ဖြစ်​နေ​တဲ့ စိတ်​ဆင်း​ရဲ​စ​ရာ​တစ်​ခု ရှိ​တယ်။ နောက်​ဆုံး​ရ​လ​ဒ်​တစ်​ခု​တည်း​ကို ကြုံ​ရ​မှာ​ပဲ​ဆို​တော့+ လူ​တွေရဲ့​စိတ်​ထဲ​မှာ ဆိုး​ညစ်​တာ​တွေ​ပဲ ပြည့်​နေ​တယ်။ သူတို့​စိတ်​ထဲ​မှာ​လည်း တစ်​သက်​တာ​လုံး ရူး​သွပ်​မှု​တွေ​ပဲ ရှိ​နေ​တယ်။ နောက်​ဆုံး​တော့ သူတို့ သေရ​တယ်။ ၄  အသက်​ရှင်​နေ​သူ​အတွက် မျှော်​လင့်​ချက်​ဆို​တာ ရှိ​တယ်။ အသက်​ရှင်​နေ​တဲ့​ခွေး​ဟာ သေသွား​တဲ့​ခြင်္သေ့​ထက် သာ​တယ်။+ ၅  အသက်​ရှင်​နေ​သူ​က သေရ​မှာ​ကို သိ​တယ်။+ သေလွန်​သူ​က​တော့ ဘာ​မှ​မသိ​ဘူး။+ ဘာ​အကျိုး​မှ​လည်း မရ​တော့​ဘူး။ သူတို့​နဲ့​ပတ်​သက်​တဲ့ အမှတ်​ရ​စ​ရာ​အားလုံး​ကို လူ​တွေ​မေ့​သွား​ကြ​တယ်။+ ၆  သူတို့​ရဲ့​ချစ်​ခြင်း၊ မုန်း​ခြင်း၊ မနာ​လို​ခြင်း​တွေ​လည်း ပျောက်​ပျက်​ကုန်​တယ်။ နေ​အောက်​မှာ လုပ်​ဆောင်​နေ​တဲ့​အရာတွေ​နဲ့ မပတ်​သက်​နိုင်​တော့​ဘူး။+ ၇  ဒါ​ကြောင့် ပျော်​ပျော်​ပါး​ပါး အစာ​စား​ပါ။ ရွှင်​လန်း​တဲ့​စိတ်​နဲ့ စ​ပျစ်​ဝိုင်​သောက်​ပါ။+ ဘု​ရား​သခင်​က မင်း​ရဲ့​လုပ်​ဆောင်​မှု​တွေ​ကို နှစ်​သက်​တယ်။+ ၈  မင်း​ရဲ့​အဝတ်​တွေ  အမြဲဖြူ​စင်​နေ​ပါစေ။* ခေါင်း​ကို​လည်း ဆီ​မလိမ်း​ဘဲ မနေ​ပါ​နဲ့။+ ၉  တို​တောင်း​လှ​တဲ့* လူ့​ဘဝ​တစ်​လျှောက်​လုံး​ကို  ချစ်​ဇနီး​နဲ့​အတူ ပျော်​မွေ့​ပါ။+  နေ​အောက်​မှာ  တို​တောင်း​လှ​တဲ့ လူ့​ဘဝ​ဟာ ဘု​ရား​သခင် ပေး​သနား​တဲ့​အရာ​ပဲ။ ဒါ​ဟာ ဘဝ​မှာ​ရ​ရှိ​တဲ့၊ နေ​အောက်​မှာ တ​ပင်​တ​ပန်း လုပ်​ကိုင်​မှု​က​နေ ရ​ရှိ​တဲ့ ဆု​ကျေး​ဇူး​ပဲ။*+ ၁၀  ဘာ​ပဲ​လုပ်​လုပ် အား​သွန်​ခွန်​စိုက် လုပ်​ပါ။ ကိုယ်​ရောက်​သွား​မယ့် သင်္ချိုင်း​မှာ* အလုပ်​အကိုင်၊ အစီ​အစဉ်၊ အသိ​ပညာ၊ ဉာဏ်​ပညာ ဘာ​တစ်​ခု​မှ မရှိ​လို့​ပဲ။+ ၁၁  နေ​အောက်​မှာ ငါ​တွေ့​တဲ့​အရာ နောက်​တစ်​ခု​က​တော့– အပြေး​သန်​တယ်​ဆို​တိုင်း ပြေး​ပွဲ​မှာ အမြဲအနိုင်​ရ​တာ မဟုတ်​ဘူး။ အင်အား​ကြီး​တယ်​ဆို​တိုင်း စစ်​ပွဲ​မှာ အမြဲအနိုင်​ရ​တာ မဟုတ်​ဘူး။+ ဉာဏ်​ပညာ​ရှိ​တယ်​ဆို​တိုင်း အမြဲစား​စ​ရာ​ရှိ​တာ မဟုတ်​ဘူး။ ဉာဏ်​ကောင်း​တယ်​ဆို​တိုင်း အမြဲချမ်း​သာ​ကြွယ်​ဝ​တာ မဟုတ်​ဘူး။+ ဗ​ဟု​သု​တ​ကြွယ်​တယ်​ဆိုတိုင်း အမြဲအောင်​မြင်​တာ မဟုတ်​ဘူး။+ လူ​အားလုံး​ဟာ မျှော်​လင့်​မထား​တဲ့ အချိန်​မှာ မျှော်​လင့်​မထား​တဲ့ ဖြစ်​ရပ်တွေ ကြုံ​ရ​တတ်​လို့​ပဲ။ ၁၂  လူ​တွေ​ဟာ ကိုယ်​သေဆုံးမ​ယ့်​အချိန်​ကို မသိ​ကြ​ဘူး။+ အန္တရာယ်​ပိုက်​ကွန်​မှာ မိ​သွား​တဲ့ ငါး​တွေ​လို၊ ထောင်​ချောက်​မိ​သွား​တဲ့ ငှက်​တွေ​လို လူ​သား​တွေ​လည်း ဘေး​ဆိုး​ကြုံ​ရ​တဲ့​အခါ ကျော့​ကွင်း​မိ​သွား​ပြီး အဲဒီ​အချိန်​ကို မထင်​မမှတ်​ဘဲ ကြုံ​တွေ့​ရ​တတ်​တယ်။ ၁၃  နေ​အောက်​မှာ ဉာဏ်​ပညာ​နဲ့​ပတ်​သက်​ပြီး  ငါ​သတိ​ထား​မိ​တာ  ရှိ​သေး​တယ်။  အဲဒီ​အချက်​ကို  ငါ​မှတ်​သား​မိ​တယ်။ ၁၄  ယောက်ျား​သား​နည်း​နည်း​ပဲ​ရှိ​တဲ့ မြို့​ငယ်​တစ်​မြို့​မှာ​ပေါ့။ ခွန်​အား​ကြီး​တဲ့ ဘု​ရင်​တစ်ပါး​က အဲဒီ​မြို့​ကို ထိုး​စစ်​ဆင်​ဖို့ မြို့​ရိုး​ပတ်​လည်​မှာ တံတိုင်း​ခတ်​လိုက်​တယ်။ ၁၅  အဲဒီ​မြို့​မှာ ဆင်း​ရဲ​ပေမဲ့ ဉာဏ်​ပညာ​ရှိ​တဲ့ လူ​တစ်​ယောက် ရှိ​တယ်။ သူ​က ဉာဏ်​ပညာ​သုံး​ပြီး မြို့​ကို ကယ်​တင်​လိုက်​တယ်။ ဒါ​ပေမဲ့ သူ့​ကို ဘယ်​သူ​မှ သတိ​မရ​ကြ​တော့​ဘူး။+ ၁၆  ဒါ​ကြောင့် “ဉာဏ်​ပညာ​ရှိ​တာ​ဟာ ခွန်​အား​ကြီး​တာ​ထက် သာ​တယ်။+ ဒါ​ပေမဲ့ ဆင်း​ရဲ​သား​ရဲ့ ဉာဏ်​ပညာ​ကို​တော့ ဘယ်​သူ​မှ ဂုဏ်​မတင်​ကြ​ဘူး။ သူ့​စကား​ကို​လည်း အရေး​မလုပ်​ကြ​ပါ​လား”+ လို့ ငါ​တွေး​မိ​တယ်။ ၁၇  မိုက်​မဲ​သူ​တွေ​ကို အုပ်​ချုပ်​နေ​တဲ့ လူ​တစ်​ယောက်​ရဲ့ အော်​ကြီး​ဟစ်​ကျယ်​စကား​ထက် ဉာဏ်​ပညာ​ရှိ​သူ​ရဲ့ အေး​ဆေး​တည်​ငြိမ်​တဲ့ စကား​ကို လက်ခံ​တာ​က ပို​ကောင်း​တယ်။ ၁၈  ဉာဏ်​ပညာ​ဟာ စစ်​လက်​နက်​တွေ​ထက် သာ​တယ်။ ဒါ​ပေမဲ့ အပြစ်​လုပ်​သူ​တစ်​ယောက်​ကြောင့် ကောင်း​တဲ့​အရာ အများ​ကြီး ပျက်​စီး​နိုင်​တယ်။+

အောက်ခြေမှတ်ချက်များ

မြည်​တမ်း​ချိန်​မှာ မဟုတ်​ဘဲ ပျော်​မြူး​ချိန်​မှာ​ဝတ်​တဲ့ တောက်​ပတဲ့​အဝတ်​တွေ​ကို ဆိုလို။
ဒါ​မှ​မဟုတ်၊ “အချည်း​နှီး​ဖြစ်​တဲ့။”
ဒါ​မှ​မဟုတ်၊ “ဝေ​စု။”
ခက်​ဆစ်​ကို​ကြည့်။