ဒေသနာ ၃:၁-၂၂

  • အားလုံး သူ့​အချိန်​နဲ့ သူ​ရှိ (၁-၈)

  • ဘဝ​ကို ပျော်​မွေ့​တာ​ဟာ ဘုရား​ပေး​လက်​ဆောင်​ဖြစ် (၉-၁၅)

    • လူ့​စိတ်​ထဲ​မှာ ထာ​ဝ​ရ​ကာလ​ကို ထည့်​ပေး (၁၁)

  • လူ​အားလုံး​ကို ဘုရား မျှ​တ​စွာ တရား​စီရင် (၁၆၊ ၁၇)

  • လူ​ရော တိရစ္ဆာန်​ပါ နောက်​ဆုံး​မှာ သေရ (၁၈-၂၂)

    • အားလုံး မြေမှုန့်​ကို​ပဲ ပြန်​သွား​ရ (၂၀)

 အရာ​အားလုံး​အတွက် အချိန်​အခါ​ဆို​တာ ရှိ​တယ်။ ကမ္ဘာ​ပေါ်​က လုပ်​ဆောင်​မှု​တိုင်း​အတွက် အချိန်​အခါ​ရှိ​တယ်။  ၂  မွေး​ဖွား​ချိန်​နဲ့ သေဆုံး​ချိန်​ရှိ​တယ်။ စိုက်​ပျိုး​ချိန်​နဲ့ စိုက်​ပျိုး​ထား​တာ​ကို နုတ်​ပစ်​ချိန် ရှိ​တယ်။  ၃  သတ်​ဖြတ်​ချိန်​နဲ့ ကု​သချိန် ရှိ​တယ်။ ဖြို​ဖျက်​တဲ့​အချိန်​နဲ့ တည်​ဆောက်​တဲ့​အချိန် ရှိ​တယ်။  ၄  ငို​ရ​တဲ့​အချိန်​နဲ့ ရယ်ရ​တဲ့​အချိန် ရှိ​တယ်။ မြည်​တမ်း​တဲ့​အချိန်​နဲ့ က​ခုန်​တဲ့​အချိန် ရှိ​တယ်။  ၅  ကျောက်​တုံး​တွေ​ကို လွှင့်​ပစ်​ရ​တဲ့​အချိန်​နဲ့ ကျောက်​တုံး​တွေ​ကို စုသိမ်း​ရ​တဲ့​အချိန် ရှိ​တယ်။ ဖက်​ယမ်း​ရ​တဲ့​အချိန်​နဲ့ မဖက်​ယမ်း​ဘဲ နေ​ရ​တဲ့​အချိန် ရှိ​တယ်။  ၆  ရှာ​ဖွေ​ရ​တဲ့​အချိန်​နဲ့ ပျောက်​ဆုံး​သွား​ပြီလို့ ယူ​မှတ်​ရ​တဲ့​အချိန် ရှိ​တယ်။ သိမ်း​ထား​ရ​တဲ့​အချိန်​နဲ့ လွှင့်​ပစ်​ရ​တဲ့​အချိန် ရှိ​တယ်။  ၇  ဆွဲ​ဆုတ်​ရ​တဲ့​အချိန်​နဲ့+ တွဲ​ချုပ်​ရ​တဲ့​အချိန် ရှိ​တယ်။ နှုတ်​ဆိတ်​နေ​ရ​တဲ့​အချိန်​နဲ့+ စကား​ပြော​ရ​တဲ့​အချိန် ရှိ​တယ်။+  ၈  ချစ်​ရ​တဲ့​အချိန်​နဲ့ မုန်း​ရ​တဲ့​အချိန် ရှိ​တယ်။+ စစ်​ဖြစ်​တဲ့​အချိန်​နဲ့ ငြိမ်း​ချမ်း​တဲ့​အချိန် ရှိ​တယ်။ ၉  အလုပ်​လုပ်​တဲ့​သူ​က  ကြိုး​စား​အား​ထုတ်​သမျှ​က​နေ ဘာ​များ​အကျိုး​ရလို့​လဲ။+ ၁၀  လူ​သား​တွေ​အတွက် ဘု​ရား​သခင် ပေး​ထား​တဲ့​အလုပ်​ကို ငါ​တွေ့​တယ်။ ၁၁  ဘု​ရား​က အရာ​အားလုံး​ကို သူ့​အချိန်​နဲ့​သူ တင့်​တယ်​လှ​ပစွာ လုပ်​ထား​တယ်။+ လူ​သား​တွေရဲ့ စိတ်​ထဲ​မှာ ထာ​ဝ​ရ​ကာလ​ကို ထည့်​ပေး​ထား​တယ်။ ဒါ​ပေမဲ့ လူ​သား​တွေ​က စစ်​မှန်​တဲ့ ဘု​ရား​သခင်​ရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း အစ​က​နေ​အဆုံး​အထိ ဘယ်​တော့​မှ အပြည့်​အဝ နား​လည်​နိုင်​မှာ မဟုတ်​ဘူး။ ၁၂  ဒါ​ကြောင့် ငါ​ကောက်​ချက်​ချ​မိ​တာ​က ဘဝ​တစ်​လျှောက်​လုံး ပျော်​ပျော်​နေ​ပြီး ကောင်း​မှု​လုပ်​တာ​ထက် မွန်မြတ်​တာ ဘာ​မှ​မရှိ​ဘူး​ဆို​တဲ့ အချက်​ပဲ။+ ၁၃  အဲဒီ​အပြင်  စား​တာ၊  သောက်​တာ၊ ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​မှု​ကြောင့် ပျော်​ရွှင်​ကျေ​နပ်​တာ​ဟာ သင့်​လျော်​တယ်​ဆို​တဲ့​အချက်​လည်း ပါ​တယ်။ ဒါ​တွေ​ဟာ ဘု​ရား​သခင်​ဆီ​က​ရ​တဲ့ လက်​ဆောင်​ပဲ။+ ၁၄  စစ်​မှန်​တဲ့​ဘု​ရား​သခင် ပြု​လုပ်​တဲ့​အရာ​မှန်​သမျှ​ဟာ ထာ​ဝ​စဉ် တည်​မြဲမယ်​ဆို​တာ  ငါ​သိ​လာ​တယ်။  ထပ်​ဖြည့်​စရာ​ ဘာ​မှ​မရှိ​သလို ထုတ်​ပယ်​စ​ရာ​လည်း ဘာ​မှ​မရှိ​ဘူး။ ဘု​ရား​က မိမိ​ကို လူ​တွေ ကြောက်​ရွံ့​ရို​သေလာ​စေ​ဖို့ အဲဒီ​လို​ပြု​လုပ်​ထား​တယ်။+ ၁၅  ဖြစ်​နေ​တဲ့​အရာတွေ​ဟာ ဖြစ်​ဖူး​တာ​တွေ​ချည်း​ပဲ။ ဖြစ်​လာ​မယ့်​အရာ​က​လည်း ဖြစ်​ခဲ့​တာ​တွေ​ချည်း​ပဲ။+ စစ်​မှန်​တဲ့​ဘု​ရား​သခင်​က​တော့ လိုက်​ဖမ်း​ခံ​ရ​တဲ့​အရာတွေ​ကို* ရှာ​ဖွေ​တယ်။ ၁၆  နေ​အောက်​မှာ တ​ရား​မျှ​တ​မှု​ရှိ​ရ​မယ့် နေ​ရာ​မှာ ဆိုး​ညစ်​မှု​ရှိ​နေ​တာ၊ ဖြောင့်​မတ်​မှု​ရှိ​ရ​မယ့် နေ​ရာ​မှာ ဆိုး​ညစ်​မှု​ရှိ​နေ​တာ​ကို​လည်း ငါ​မြင်​တယ်။+ ၁၇  ဒါ​ကြောင့် “ဖြောင့်​မတ်​သူ​ကို​ရော လူ​ဆိုး​ကို​ပါ ဘု​ရား​သခင် တ​ရား​စီ​ရင်​မှာ​ပါ။+ လုပ်​ဆောင်​မှု​တိုင်း၊  လုပ်​ရပ်​တိုင်း​အတွက် အချိန်​အခါ​ရှိ​တာ​ပဲ” လို့ ငါ​တွေး​မိ​တယ်။ ၁၈  စစ်​မှန်​တဲ့ ဘု​ရား​သခင်​က လူ​သား​တွေ​ကို  စမ်း​သပ်​ပြီး  သူတို့​ဟာ တိရစ္ဆာန်တွေ​နဲ့ အတူ​တူ​ပဲ​ဆို​တာ​ကို​ပြ​လိမ့်​မယ်​လို့​လည်း  ငါ​တွေး​မိ​တယ်။ ၁၉  လူ​သား​တွေ​နဲ့  တိ​ရစ္ဆာန်တွေရဲ့ နောက်​ဆုံး​ရ​လ​ဒ်​ဟာ  အတူ​တူ​ပဲ။+ တိရစ္ဆာန်​သေသလို လူ​လည်း သေရ​တယ်။ သူတို့​အားလုံး​မှာ​ရှိ​တဲ့ အသက်​စွမ်းအား​ဟာ အတူ​တူ​ပဲ။+ ဒါ​ကြောင့် လူ​ဟာ  တိ​ရစ္ဆာန်​ထက်  မသာ​ပါ​ဘူး။ အရာရာ​ဟာ အချည်း​နှီး​ပဲ။ ၂၀  သူတို့​အားလုံး တစ်​နေ​ရာ​တည်း​ကို​ပဲ သွား​ရ​တယ်။+ မြေမှုန့်​က လာ​ပြီး+ မြေမှုန့်​ကို​ပဲ ပြန်​သွား​ရ​တယ်။+ ၂၁  လူ​သား​တွေရဲ့ အသက်​စွမ်းအား​က အထက်​ကို တက်​မတက်၊ တိ​ရစ္ဆာန်တွေရဲ့ အသက်​စွမ်းအား​က​ရော  မြေကြီး​ထဲ  ဆင်း​မဆင်း ဘယ်​သူ​သိ​လို့​လဲ။+ ၂၂  ကိုယ့်​အလုပ်​မှာ ပျော်​ရွှင်​ကျေ​နပ်​နေ​တာ​ထက် ကောင်း​တာ ဘာ​မှ​မရှိ​မှန်း ငါ​သိ​လာ​တယ်။+ ဒါ​ဟာ လူ​သား​တွေရ​ရှိ​တဲ့ ဆု​ကျေး​ဇူး​ပဲ။ သေဆုံး​သွား​တဲ့ လူ​တစ်​ယောက်​ကို ဖြစ်​ပျက်​လာ​တဲ့​အကြောင်း​တွေ ဘယ်​သူ အသိ​ပေး​နိုင်​မှာ​လဲ။+

အောက်ခြေမှတ်ချက်များ

“ဖြစ်​ပြီး​သွား​တဲ့​အရာတွေ​ကို” လည်း​ဖြစ်​နိုင်။