ဒေသနာ ၁၂:၁-၁၄

  • ဇ​ရာ​အို​အရွယ်​မရောက်​ခင် ဖန်​ဆင်း​ရှင်​ကို သတိရပါ (၁-၈)

  • နည်း​ပြဆ​ရာ​ရဲ့ ကောက်​ချက် (၉-၁၄)

    • ပညာ​ရှိ​စကား​တွေ​ဟာ နှင်​တံ​နဲ့​တူ (၁၁)

    • စစ်​မှန်​တဲ့​ဘုရား​သခင်​ကို ကြောက်​ရွံ့​ရိုသေပါ (၁၃)

၁၂  ဒါ​ကြောင့်  ဒုက္ခ​နေ့​ရက်တွေ​မ​ရောက်​ခင်၊+ “ငါ​အသက်​ရှင်​ရ​တာ မပျော်​တော့​ဘူး”  လို့​ ပြော​ရ​မယ့်​နှစ်​တွေ  မရောက်​ခင်  လူငယ်​ဘဝ​မှာ ကြီးမြတ်​တဲ့ ဖန်​ဆင်း​ရှင်​ကို သတိ​ရ​ပါ။+ ၂  နေ​ရောင်၊  အလင်း​ရောင်၊​ လ​ရောင်၊  ကြယ်​ရောင်တွေ  မပျောက်​ကွယ်​ခင်၊+ မိုး​ရွာ​ချ​ပြီး​နောက်* တိမ်​တွေ​အုံ့​မှိုင်း မလာ​ခင် သတိ​ရ​ပါ။ ၃  အဲဒီ​အချိန်​ရောက်ရင် အိမ်​စောင့်​တွေ ကတုန်​က​ယင်​ဖြစ်​လာ​တယ်။  သန်​စွမ်း​တဲ့​ယောက်ျားတွေ ကိုင်း​ညွှတ်​လာ​တယ်။ မိန်း​မတွေ အရေ​အတွက် နည်း​လာ​တဲ့​အတွက် ကြိတ်​ဆုံ​မကြိတ်​တော့​ဘူး။ မိန်း​က​လေး​တွေ​က ပြတင်း​ပေါက်​က​နေ ကြည့်​တဲ့​အခါ  မှုန်​ဝါး​ဝါး​ပဲ မြင်​ရ​တယ်။+ ၄  လမ်း​ဘက်​ကို  မျက်​နှာ​မူ​ထား​တဲ့ တံခါး​တွေ ပိတ်​သွား​တယ်။ ကြိတ်​ဆုံ​ကြိတ်​သံ တိုး​သွား​တယ်။ ငှက်​သံ​ကြား​တာ​နဲ့ နိုး​လာ​တယ်။ သီချင်း​သည်​မိန်း​က​လေး​တွေရဲ့  တေး​သံ တိုး​သွား​တယ်။+ ၅  အမြင့်​ကို​လည်း ကြောက်​လာ​တယ်။ လမ်း​မှာ အန္တရာယ်​တွေ့​မှာ​ကို စိုး​ရိမ်​လာ​တယ်။ ဗာ​ဒံ​ပင် ပွင့်​လာ​တယ်။+ နှံ​ကောင်​က တ​ရွတ်​တိုက်​သွား​တယ်။ ခံ​တွင်း​မြိန်​စေ​တဲ့ သစ်​သီး​တွေ ကွဲ​ကုန်​တယ်။ လူ​ဟာ နှစ်​ပေါင်း​များ​စွာ နား​နေ​ရ​မယ့်​အိမ်​ကို သွား​နေ​တယ်။+ ငို​ချင်း​သည်​တွေ​လည်း လမ်း​ပေါ်​မှာ သွား​လာ​နေ​တယ်။+ ၆  ငွေ​ကြိုး​ပြတ်​ပြီး ရွှေ​ဖလား​ကွဲ​သွား​တယ်။ စမ်း​ချောင်း​မှာ​ရှိ​တဲ့ ရေ​အိုး ကွဲ​သွား​တယ်။ ရေ​ငင်​တဲ့ စက်​သီး​လည်း ပျက်​စီး​သွား​တယ်။ ၇  အဲဒီ​နောက် မြေမှုန့်​ဟာ န​ဂို​နေ​ရာ​ဖြစ်​တဲ့ မြေကြီး​ကို ပြန်​သွား​တယ်။+ အသက်​စွမ်းအား* ဟာ လူ​သား​တွေ​ကို အသက်​စွမ်းအား​ပေး​တဲ့ ဘု​ရား​သခင်​ဆီ ပြန်​သွား​တယ်။+ ၈  “တ​ကယ် အချည်း​နှီး​ပဲ။ အရာရာ​ဟာ အချည်း​နှီး​ပါ​ပဲ”+ လို့ နည်း​ပြဆ​ရာ+ ပြော​တယ်။ ၉  နည်း​ပြဆ​ရာ​က  ဉာဏ်​ပညာ​ရှိ​လာ​ရုံ​သာ​မက သိ​လာ​သမျှ အမြဲသင်​ကြား​ပေး​တယ်။+ စကား​ပုံ​တွေ​အများ​ကြီး ပြု​စု​နိုင်​ဖို့ တွေး​တော​ဆင်​ခြင်​ပြီး အသေအချာ  စူး​စမ်း​ရှာ​ဖွေ​တယ်။+ ၁၀  နှစ်​သက်​ဖွယ်​စကား​တွေ​ကို  ရှာ​တွေ့​နိုင်​ဖို့၊+ အမှန်​တ​ရား​စကား​တွေ​ကို တိ​ကျ​မှန်​ကန်​စွာ မှတ်​တမ်း​တင်​နိုင်​ဖို့ သူ​ကြိုး​စား​တယ်။ ၁၁  ဉာဏ်​ပညာ​ရှိ​သူ​ရဲ့​စကား​ဟာ နှင်​တံ​နဲ့ တူ​တယ်။+ သူတို့​စု​ဆောင်း​ထား​တဲ့ စကား​တွေ​ဟာ မြဲမြဲစိုက်​ဝင်​နေ​တဲ့ အိမ်​ရိုက်​သံ​တွေ​နဲ့ တူ​တယ်။ အဲဒီ​စကား​တွေ​ကို သိုးထိန်း​တစ်ပါး​ဆီ​က ရ​တယ်။ ၁၂  ငါ့​သား၊ ဒါ​တွေ​အားလုံး​အပြင် သတိ​ပြု​စ​ရာ​တစ်​ခု ရှိ​သေး​တယ်– စာပေ​တွေ ရေး​သား​ပြု​စု​တဲ့​အလုပ်​ဟာ အဆုံး​မ​ရှိ​ဘူး။ ဒါ​ကြောင့် အလွန်​အကျွံ လေ့​လာ​လိုက်​စား​နေ​ရင် ပင်​ပန်း​ငြီး​ငွေ့ရ​လိမ့်​မယ်။+ ၁၃  အကြောင်း​စုံ ပြော​ပြီး​ပြီ။ အနှစ်​ချုပ်​ပြော​ရရင်​တော့ စစ်​မှန်​တဲ့​ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေပြီး+ ပညတ်​ချက်​တွေ​ကို လိုက်​နာ​ပါ။+ ဒါ​ဟာ လူ​တွေ မပျက်​မကွက် လိုက်​နာ​ရ​မယ့်​တာဝန်​ပဲ။+ ၁၄  ဖုံး​ကွယ်​ထား​ရာတွေ အပါ​အဝင်  လူ​တွေရဲ့  လုပ်​ရပ်​အားလုံး ကောင်း​တယ်၊ မကောင်း​ဘူး​ဆို​တာ​ကို ဘု​ရား​သခင် စီ​ရင်​ဆုံး​ဖြတ်​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

“မိုး​ရေ​နဲ့​အတူ” လည်း​ဖြစ်​နိုင်။
ခက်​ဆစ် “စွမ်းအား” ကို​ကြည့်။