တောလည်ရာ ၂၅:၁-၁၈

  • မောဘ​ပြည်သူ​တွေ​နဲ့ မှားယွင်း (၁-၅)

  • ဖိနဟတ် အရေးယူ​ဆောင်ရွက် (၆-၁၈)

၂၅  အစ္စရေးတွေ​က ရှိ​တိမ်​အရပ်မှာ+  နေထိုင်​တုန်း  မောဘ​ပြည်သူ​တွေ​နဲ့  မှားယွင်း​ကြ​တယ်။+ ၂  မောဘ​ပြည်သူ​တွေ ဖိတ်ခေါ်​တဲ့ နတ်ဘုရား  ပူဇော်ပွဲ​ကို​သွား၊+ စားသောက်​ပြီး  နတ်​ဘုရားတွေကို  ဦးချ​ရှိခိုး​ကြ​တယ်။+ ၃  အဲဒီလို  ဗာလပေဂုရ​ဘုရားကို+  ဝတ်ပြု​ကြ​တဲ့​အတွက် အစ္စရေးတွေကို ယေဟောဝါ အမျက်ထွက်​တယ်။ ၄  ယေဟောဝါ​က “ဦးဆောင်​သူတွေကို  ဖမ်း​ပြီး သတ်​လိုက်။ ယေဟောဝါ​ရှေ့၊ လူ​မြင်ကွင်း​မှာ သစ်တိုင်​ပေါ် ဆွဲ​ထားပါ။ ဒါမှ အစ္စရေးတွေကို ငါ​ယေဟောဝါ အမျက်ပြေ​မယ်” လို့​ပြောတယ်။ ၅  မောရှေ​က​လည်း အစ္စရေး​တရားသူကြီးတွေကို+ “မင်း​တို့အားလုံး ဗာလပေဂုရ​ဘုရား ဝတ်ပြု​တဲ့​သူတွေကို သတ်​လိုက်​ကြ”+  လို့​ပြောတယ်။ ၆  အဲ​ဒီအချိန်​မှာပဲ  အစ္စရေး​တစ်ယောက်က တွေ့ဆုံ​ရာ​တဲတော်​ဝင်ပေါက်​မှာ ငိုကြွေး​နေတဲ့ အစ္စရေးတွေ​နဲ့ မောရှေ​ရှေ့မှာပဲ မိဒျန်​အမျိုးသမီး​တစ်ယောက်ကို+ ခေါ်လာ​တယ်။ ၇  ဒါကို ပုရောဟိတ်​အာရုန်ရဲ့မြေး၊ ဧ​လာ​ဇာ​ရဲ့​သား ဖိနဟတ်+ မြင်​တာ​နဲ့ လှံ​ကိုင်ပြီး လူအုပ်​ထဲက​နေ  ထွက်​လာတယ်။ ၈  အဲဒီ​လူ​ရဲ့​တဲ​ထဲ လိုက်​ဝင်​သွား​ပြီး နှစ်ယောက်​စလုံးကို လှံ​နဲ့​ထိုး​သတ်​လိုက်တယ်။ အဲဒီ​လူနဲ့ မိဒျန်​အမျိုးသမီး​ရဲ့ ဝမ်းဗိုက်​ကို ထိုး​သတ်​လိုက်တဲ့​အတွက် အစ္စရေးတွေ​အပေါ် ကျရောက်​တဲ့ ဘေးဒဏ် ရပ်သွား​တယ်။+ ၉  အဲဒီ​ဘေးဒဏ်​ကြောင့် လူ ၂၄,၀​၀​၀ သေဆုံး​ခဲ့​ရတယ်။+ ၁၀  ယေဟောဝါ​က  မောရှေ​ကို၊ ၁၁  “ပုရောဟိတ်​အာရုန်ရဲ့မြေး၊  ဧ​လာ​ဇာ​ရဲ့​သား  ဖိနဟတ်​ကြောင့်+ အစ္စရေးတွေ​အပေါ်  ငါ​အမျက်ပြေ​သွား​ပြီ။ ဘုရား​သခင်​အပေါ်  သစ္စာမဲ့​တဲ့​လုပ်ရပ်​ကို သူ လုံးဝ သည်းမခံ​ဘူး။+ ငါ​ဟာ ငါ​တစ်ပါး​တည်းကို​ပဲ ကိုးကွယ်ဆည်းကပ်​ဖို့ တောင်းဆို​တဲ့​ဘုရား ဖြစ်ပေမဲ့+ အခု အစ္စရေးတွေကို မဖျက်ဆီး​တော့ဘူး။ ၁၂  ဒါကြောင့်  ငါ​ကျေးဇူးပြု​မယ်လို့ ကတိပေး​တဲ့​အကြောင်း သူ့ကို ပြော​လိုက်ပါ။ ၁၃  သူ​ရော သူ့​သားမြေး​တွေ​ပါ ပုရောဟိတ်​တာဝန်ကို အမြဲ​ရ​လိမ့်မယ်။+ ငါ့​အပေါ် သစ္စာမဲ့​တဲ့ လုပ်ရပ်​ကို သူ​လုံးဝ​သည်းမခံ​ဘူး။+ အစ္စရေးတွေ​အတွက်​လည်း အပြစ်ဖြေ​ပေးခဲ့တယ်’” လို့​ပြောတယ်။ ၁၄  မိဒျန်​အမျိုးသမီး​နဲ့အတူ  အသတ်ခံရ​တဲ့​လူ​ရဲ့ နာမည်က ဇိမရိ​လို့​ခေါ်တယ်။ သူ​ဟာ ရှာ​လု​ရဲ့​သား၊ ရှိမောင်​အနွယ်​ထဲက ဆွေမျိုး​စု​ခေါင်းဆောင် တစ်ယောက်​ပဲ။ ၁၅  အသတ်ခံရ​တဲ့ မိဒျန်​အမျိုးသမီး​က​တော့ မိဒျန်+ ဆွေမျိုး​စု​ခေါင်းဆောင် ဇု​ရ​ရဲ့+ သမီး ကော​ဇ​ဘိ​လို့ ခေါ်တယ်။ ၁၆  နောက်ပိုင်းမှာ  ယေဟောဝါ​က  မောရှေ​ကို၊ ၁၇  “မိဒျန်​လူမျိုး​ကို  တိုက်ခိုက်​ပြီး  ဖျက်ဆီး​ပစ်​ပါ။+ ၁၈  သူတို့က မင်း​တို့ ပေဂုရ​နတ်​ဘုရားကို ဝတ်ပြု​တဲ့​အပြစ်+ လုပ်မိပြီး ဘေးဒဏ်​ခံရ​အောင် သွေးဆောင်ခဲ့တယ်။ ပေဂုရ​ကိစ္စ​ကြောင့် မင်း​တို့ ဘေးဒဏ်​ခံရတဲ့​နေ့​မှာ+ အသတ်ခံ​လိုက်​ရတဲ့ အမျိုးသမီး၊ မိဒျန်​ခေါင်းဆောင်​ရဲ့​သမီး ကော​ဇ​ဘိ​ကို+ သုံးပြီး အပြစ်​လုပ်မိ​အောင် သွေးဆောင်ခဲ့တယ်” လို့​ပြောတယ်။

အောက်ခြေမှတ်ချက်များ