တရားသူကြီး ၅:၁-၃၁

  • ဒေ​ဗော​ရ​နဲ့ ဗာ​ရက်ရဲ့ အောင်​ပွဲ​ခံ​သီချင်း (၁-၃၁)

    • ကြယ်​တာ​ရာတွေ သိ​သရ​ကို တိုက်​ခိုက် (၂၀)

    • ကိ​ရှုန်​ချောင်း ရေ​ကြီး (၂၁)

    • ယေဟောဝါ​ကို ချစ်မြတ်​နိုး​သူ​များ နေ​မင်း​နဲ့​တူ (၃၁)

 အဲဒီ​နေ့​မှာ  ဒေ​ဗော​ရ​နဲ့+  အဘိ​နောင်​ရဲ့​သား ဗာ​ရက်+ သီ​ဆို​တဲ့​သီချင်း–+  ၂  “ယေဟောဝါ​ကို ချီး​မွမ်း​ကြ။ အစ္စရေးတွေ ဆံ​ပင်​ဖား​လျား ချ​ထား​ပြီ။* စေ​တ​နာ​အလျောက် တိုက်​ပွဲ​ဝင်​ပြီ။+  ၃  ရှင်​ဘု​ရင်​တို့ နား​ထောင်​ပါ။ အုပ်​စိုး​ရှင်​တို့ နား​စိုက်​ပါ။ ယေဟောဝါ​ကို ငါ​ချီး​မွမ်း​သီချင်း​ဆို​မယ်။ အစ္စရေး​တို့​ရဲ့​ဘု​ရား+ ယေဟောဝါ​ကို ချီး​မွမ်း​သီချင်း​ဆို​မယ်။+  ၄  အို ယေဟောဝါ၊ စိ​ရ​ပြည်​က​နေ ကိုယ်​တော် ထွက်​လာ​တဲ့​အခါ၊+ ဧ​ဒုံ​ပြည်​က​နေ ချီ​တက်​လာ​တဲ့​အခါ မြေကြီး တုန်​လှုပ်​သွား​တယ်။ ကောင်း​ကင်​က မိုး​ရွာ​ချ​တယ်။ တိမ်​တွေ​က​လည်း ရေတွေ​သွန်​ချ​တယ်။  ၅  ယေဟောဝါ​ရဲ့ ရှေ့​မှောက်​မှာ​ တောင်​တွေ သိမ့်​သိမ့်​တုန်​တယ်။+ အစ္စရေး​တို့​ရဲ့​ဘု​ရား+ ယေဟောဝါ​ရဲ့ ရှေ့​တော်​မှာ ဆိုင်း​နိုင်း​တောင်​လည်း သိမ့်​သိမ့်​တုန်​တယ်။+  ၆  အာ​နတ်​ရဲ့​သား ရှံ​ဂါ​လက်​ထက်​မှာ၊+ ယေ​လ​လက်​ထက်​မှာ+ လမ်း​တွေ လူ​သူ​ကင်း​မဲ့​နေ​ခဲ့​တာ။ ခ​ရီး​သည်​တွေ​က လမ်း​ကြို​လမ်း​ကြား​က​နေ သွား​ခဲ့ရ​တာ။  ၇  အစ္စရေး​ရွာ​တွေ​မှာ လူ​မရှိ​တော့​ဘူး။ အစ္စရေးရဲ့ မိ​ခင်​သဖွယ်+ ငါ​ဒေ​ဗော​ရ+ မပေါ်​ထွန်း​ခင်​အထိ လူ​မရှိ​ကြ​ဘူး။  ၈  နောက်​ပေါ် ဘု​ရားတွေ​ကို သူတို့​ကိုးကွယ်​တဲ့​အခါ+ မြို့​တံခါး​တွေ​မှာ စစ်​ဖြစ်​တယ်။+ အစ္စရေး​လူ ၄၀,၀၀၀ မှာ ဒိုင်း​လွှား​တစ်​ခု၊ လှံ​တစ်​စင်း​မှ မရှိ​ဘူး။  ၉  လူ​တွေ​နဲ့​အတူ စေ​တ​နာ​အလျောက် တိုက်​ပွဲ​ဝင်​ကြ​တဲ့+ အစ္စရေး​တပ်​မှူး​တွေ​ဆီ ငါ့​စိတ်​ရောက်​နေ​တယ်။+ ယေဟောဝါ​ကို ချီး​မွမ်း​ကြ။ ၁၀  အုန်း​ခွံ​ရောင်​မြည်း စီး​သူတို့၊ နူး​ညံ့​တဲ့ ကော်​ဇော​ပေါ် ထိုင်​သူတို့၊ လမ်း​မပေါ် လျှောက်​သူတို့ စဉ်း​စား​ကြည့်​ပါ။ ၁၁  ရေ​တွင်းတွေ​နား​မှာ တိ​ရစ္ဆာန်​အတွက် ရေ​ခပ်​ပေး​သူ​တွေ ပြော​နေ​ကြ​လေ​ရဲ့။ ယေဟောဝါ​ရဲ့ ဖြောင့်​မတ်​တဲ့ လုပ်​ရပ်​အကြောင်း၊ အစ္စရေး တော​သူ​တောင်​သား​တွေရဲ့ ဖြောင့်​မတ်​တဲ့ လုပ်​ရပ်​အကြောင်း​ပေါ့။ ယေဟောဝါ​ရဲ့​လူမျိုး​က မြို့​တံခါး​တွေ​ဆီ သွား​ကြ​တယ်။ ၁၂  အို ဒေ​ဗော​ရ၊+ နိုး​လှည့်​ပါ။ ထလှည့်​ပါ။ နိုး​ထ​ပြီး သီချင်း​ဆို​ပါ။+ အဘိ​နောင်​ရဲ့​သား ဗာ​ရက်၊+ ထပါ​တော့။ သုံ့​ပန်း​တွေ​ကို ခေါ်​သွား​လိုက်​ပါ​တော့။ ၁၃  ကျန်​ကြွင်း​သူ​တွေ​က မြင့်မြတ်​သူ​တွေ​ဆီ ဆင်း​လာ​တယ်။ ယေဟောဝါ​ရဲ့ လူမျိုး​က ခွန်​အား​ကြီး​သူ​တွေ​ကို တိုက်​ဖို့ ငါ့​ဆီ​ဆင်း​လာ​တယ်။ ၁၄  အို ဗင်​ယာ​မိန်၊ ချိုင့်​ဝှမ်း​မှာ​နေ​တဲ့ ဧဖရိမ်​က မင်း​ရဲ့​လူ​တွေ​နဲ့​အတူ မင်း​ရဲ့​နောက်​ကို လိုက်​လာ​တယ်။ တပ်​မှူး​တွေ မာ​ခိရ​ဆီ​က​နေ+ ထွက်​လာ​တယ်။ တပ်​သား​စု​ဆောင်း​ပေး​သူ​တွေ*​ ဇာဗု​လုန်​ဆီ​က​နေ ထွက်​လာ​တယ်။ ၁၅  ဒေ​ဗော​ရ​နဲ့​အတူ အိ​သခါ​မှူး​မတ်​တွေ ရှိ​နေ​တယ်။ အိ​သခါ​လို​ပဲ ဗာ​ရက်​လည်း+ ရှိနေ​တယ်။ သူ​က ချိုင့်​ဝှမ်း​လွင်​ပြင်​ဆီ ခြေ​ကျင်​ဆင်း​ရ​တယ်။+ ရု​ဗင်​က​တော့ မညီ​ညွတ်​လို့ ဆုံး​ဖြတ်​ရ​ခက်​နေ​တယ်။ ၁၆  ကုန်း​နှီး​နှစ်​အိတ်​ကြား​မှာ မင်း ဘာ​လို့​ထိုင်​နေ​တာ​လဲ။ သိုးထိန်း​ရဲ့ ပလွေ​သံ​ကို ဘာ​လို့​နားထောင်​နေ​တာ​လဲ။+ ရု​ဗင်​က မညီ​ညွတ်​လို့ ဆုံး​ဖြတ်​ရ​ခက်​နေ​တယ်။ ၁၇  ဂိလဒ်​က ဂျော်​ဒန်​မြစ်​တစ်​ဖက်​မှာ​ပဲ ဆက်​နေ​တယ်။+ ဒန်​က ဘာ​လို့​များ သင်္ဘော​တွေ​နား​က မခွာ​နိုင်​ရ​တာ​လဲ။+ အာ​ရှာ​က​လည်း ကမ်း​ခြေ​မှာ​ပဲ အချိန်​ဖြုန်း​နေ​တယ်။ သင်္ဘော​ဆိပ်​တွေ​နား​က မခွာ​နိုင်​ဘူး။+ ၁၈  ဇာ​ဗု​လုန်​က​တော့ အသက်​စ​တေး​ဝံ့​သူ​ပါ။ ကုန်း​မြင့်​ပိုင်း​မှာ​နေ​ထိုင်​တဲ့+ နဿ​လိ​လည်း+ အဲဒီ​လို​ပါ​ပဲ။ ၁၉  ဘု​ရင်တွေ လာ​ပြီး စစ်​တိုက်​တယ်။ မေဂိ​ဒေါ​ချောင်း​နား တာ​နက်​မြို့​မှာ+ ခါ​နန်​ဘု​ရင်တွေ စစ်​တိုက်​တယ်။+ တိုက်​ရာ​ပါ ဥစ္စာတွေ​ထဲ​က ငွေ​တစ်​ပြား​မှ မယူ​သွား​နိုင်​ပါ​လား။+ ၂၀  ကြယ်​တာ​ရာတွေ ကောင်း​ကင်​တစ်​ခွင်​က​နေ တိုက်​ခိုက်​တယ်။ ပတ်​လမ်း​အတိုင်း ရွေ့​ ရှား​ရင်း သိသ​ရ​ကို တိုက်​ခိုက်​တယ်။ ၂၁  ကိ​ရှုန်​ချောင်း​ရေ​က ရန်​သူ​တွေ​ကို တိုက်​ချ​ပစ်​ပြီ။+ ရှေး​က​တည်း​က​ရှိ​ခဲ့​တဲ့ ကိ​ရှုန်​ချောင်း​ပဲ​ပေါ့။ ခွန်​အား​ကြီး​သူ​ကို ငါ​နင်း​ချေ​လိုက်​ပြီ။ ၂၂  မြင်း​တွေ ဒုန်း​စိုင်း​ပြေး​လာ​တယ်။ စစ်​မြင်း​တွေ က​ဆုန်​ပေါက်​နေ​တယ်။+ ၂၃  ယေဟောဝါ​ရဲ့ ကောင်း​ကင်​တမန်​က ‘မေရော​ဇ​အရပ်​ကို ကျိန်​စာ​တိုက်​ကြ။ မေရော​ဇ​အရပ်​သား​တွေ​ကို ကျိန်​စာ​တိုက်​ကြ။ ဒီ​လူ​တွေ ယေဟောဝါ​ကို လာ​မကူ​ဘူး။ ယေဟောဝါ​အတွက် တိုက်​ပွဲ​ဝင်​နေ​တဲ့ ခွန်​အား​ကြီး​သူ​တွေ​ကို လာ​မကူ​ဘူး’ လို့​ပြော​တယ်။ ၂၄  ကေ​နိတ်​လူ ဟေ​ဗာ​ရဲ့+ ဇနီး ယေလ​ဟာ+ အမျိုး​သမီး​တွေ​ထဲ​မှာ ချီး​မွမ်း​ထိုက်​ဆုံး​ပဲ။ တဲ​မှာ​နေ​တဲ့ အမျိုး​သမီး​တွေ​ထဲ​မှာ ချီး​မွမ်း​ထိုက်​ဆုံး​ပဲ။ ၂၅  ရေ​ကို​တောင်း​တော့ နို့​ကို​ပေး​တယ်။ သိပ်​လှ​တဲ့​ဖလား​နဲ့ မလိုင်​တွေ ထည့်​ပေး​တယ်။+ ၂၆  တဲ​ငုတ်​တိုင်​ကို ယူ၊ လက်​သမား​သုံး​တဲ့ တူ​ကို ညာ​လက်​နဲ့​ကိုင်​ပြီး သိ​သရ​ခေါင်း​ထဲ ရိုက်​သွင်း​တယ်။ နား​ထင်​ကို ထုတ်​ချင်း​ပေါက်​အောင် ထိုး​ဖောက်​ပစ်​တယ်။+ ၂၇  ယေ​လ​ခြေ​ရင်း​မှာ ပြို​လဲ​ပြီး မလှုပ်​မယှက်​ဖြစ်​သွား​တယ်။ ခြေ​ရင်း​မှာ လဲ​ကျ​ပြီး လဲ​ကျ​တဲ့​နေ​ရာ​မှာ​ပဲ သေဆုံး​သွား​တယ်။ ၂၈  သိ​သရရဲ့​မိ​ခင်​က ပြတင်း​ပေါက်​ က​နေ လှမ်း​မျှော်ရင်း၊ မှန်​ကူ​ကွက် ဖော်​ထား​တဲ့ ပြတင်း​ပေါက်​က​နေ ကြည့်​နေ​ရင်း ‘ငါ့​သား​ရဲ့​မြင်း​ရ​ထား ဘာ​လို့ နောက်​ကျ​နေ​ပါ​လိမ့်။ မြင်း​ရ​ထား​က ဘာ​လို့ အပြန်​နောက်​ကျ​နေ​ပါ​လိမ့်’ လို့ ညည်း​တယ်။+ ၂၉  အဲဒီ​အခါ ဉာဏ်​ပညာ​ရှိ​တဲ့ နန်း​တွင်း​သူ​တွေ ပြန်​ဖြေတယ်။ မိ​ခင်​က​လည်း ဟုတ်​မှာ​ပါ​လို့ တွေးနေ​တယ်။ ၃၀  ‘တိုက်​ရာ​ပါ ဥစ္စာတွေ​ကို ခွဲ​ဝေ​နေ​တာ​ဖြစ်​မှာ​ပါ။ စစ်​သည်​တွေ​အတွက် မိန်း​မပျို​လေး  တစ်​ယောက်​ပြီး​တစ်​ယောက်၊ သိ​သရ​အတွက် ရောင်​စုံ​ဝတ်​လုံ တစ်​ထည်​ပြီး​တစ်​ထည်၊ လု​ယက်​သူ​တွေ​အတွက် ရောင်​စုံ​ပန်း​ထိုး လည်​စည်း တစ်​ခု​ပြီး​တစ်​ခု ခွဲ​ဝေ​နေ​တာ ဖြစ်​မှာ​ပါ’ လို့ ဖြေကြ​တာ​ကိုး။ ၃၁  အို ယေဟောဝါ၊ ရန်​သူ​အားလုံး ပျက်​စီး​ပါ​စေ။+ ကိုယ်​တော့်​ကို ချစ်မြတ်​နိုး​သူ​တွေ​က​တော့ အရှိန်​အဝါ​နဲ့ ထွန်း​လင်း​လာ​တဲ့ နေ​မင်း​လို ဖြစ်​ပါ​စေ။” အဲဒီ​နောက် တိုင်း​ပြည်​က နှစ်​ပေါင်း ၄၀ လုံး ငြိမ်း​ချမ်း​သာ​ယာ​နေ​တယ်။+

အောက်ခြေမှတ်ချက်များ

ဘုရား​ကို သစ္စာ​ကတိ​ပြု​ထား​တဲ့ အမှတ်​အသား။
“စာ​ရေး​တော်​မင်​တံ ကိုင်​တဲ့​သူ​တွေ” လည်း​ဖြစ်​နိုင်။