မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

App Store—Android ထဲ ဝင်လို့ မရရင် JW Library ထည့်သွင်းနည်း

App Store—Android ထဲ ဝင်လို့ မရရင် JW Library ထည့်သွင်းနည်း

ဂူးဂဲလ် ပလေးစတိုးအမေဇုန် အက်ပ်စတိုးစတဲ့ တရားဝင် အက်ပ်စတိုးကနေ သင့်အန်းဒရွိုက်စက်ထဲ JW Library ထည့်သွင်းလို့ မရရင် JW Library အန်းဒရွိုက်ဖိုင်ထုတ် (APK) သုံးပြီး ကိုယ်တိုင် ထည့်သွင်းနိုင်ပါတယ်။

JW Library APK ထည့်သွင်းဖို့ “မသိသောအက်ပ်များကို ထည့်သွင်းပါ” ဒါမှမဟုတ် “မသိသောရင်းမြစ်များမှ ထည့်သွင်းခွင့် ပြုပါ” ကို ခွင့်ပြုပေးရပါမယ်။ ခွင့်ပြုနည်း သိရဖို့ သင့်အန်းဒရွိုက်စက် လက်စွဲကို လေ့လာကြည့်ပါ။

JW Library APK ကူးယူထည့်သွင်းဖို့ အောက်ပါအဆင့်တွေအတိုင်း လုပ်ဆောင်ပါ-

  1. ၁။ သင့်စက်ထဲ APK ဖိုင် သိမ်းဆည်းဖို့ ဒီစာမျက်နှာပါ ကူးယူပါ ကို နှိပ်ပါ။

  2. ၂။ သင့်စက်မှာ APK ဖိုင်ကို ရှာပြီး JW Library ကို ထည့်သွင်းဖို့ နှိပ်ပါ။

JW Library APK ထည့်သွင်းပြီးတဲ့အခါ အက်ပ်ဗားရှင်းသစ် ရှိမရှိ အခါအားလျော်စွာ စစ်ဆေးပါ။ အဲဒါကို အောက်ပါအတိုင်း လုပ်ဆောင်ပါ-

  1. ၁။ သင့်စက်မှာ လောလောဆယ် ထည့်သွင်းထားတဲ့ ဗားရှင်း သိရဖို့ JW Library မှာ Settings ကို ဖွင့်ပါ။

  2. ၂။ သင့်စက်ထဲက ဗားရှင်းနံပါတ်ဟာ အောက်ပါ ဗားရှင်းနံပါတ်ထက် နိမ့်နေတယ်ဆိုရင် အထက်ဖော်ပြပါအဆင့်တွေတိုင်း APK ဖိုင်ကို ကူးယူထည့်သွင်းပါ။

 

ဗားရှင်း: 14.3.2 (430008)