မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

မှတ်သား​ထားရာ​များ (Bookmarks) အသုံးပြုနည်း​—Windows

မှတ်သား​ထားရာ​များ (Bookmarks) အသုံးပြုနည်း​—Windows

JW Library မှာပါတဲ့ မှတ်သား​ထားရာ​များ (bookmarks) က ဘယ်​စာပေ​မှာ​မဆို သင် သိမ်းဆည်း​လို​တဲ့ နေရာကို မှတ်ထား​ပေး​ပါတယ်။ စာအုပ်ရဲ့​ကြားမှာ ကြားညှပ်​ကတ် ဒါမှမဟုတ် ဖဲ​ကြိုး​ထားပြီး မှတ်သား​တဲ့ ပုံစံမျိုး​ဖြစ်ပါတယ်။ JW Library မှာပါတဲ့ စာပေ​တစ်ခုစီ​မှာ အမှတ်အသား (bookmark) ၁၀ မျိုး ရှိတယ်။

မှတ်သား​ထားရာ​များ (bookmarks) အသုံးပြုနည်း–

 အမှတ်အသား (Bookmark) အသစ်​တစ်ခု လုပ်ပါ

ဆောင်းပါး​တစ်ခု ဒါမှမဟုတ် အခန်း​တစ်ခန်း​ကို အမှတ်အသား (bookmark) လုပ်နိုင်သလို အပိုဒ်​တစ်​ပိုဒ် ဒါမှမဟုတ် ကျမ်းချက်​တစ်ချက်​ကိုလည်း အမှတ်အသား (bookmark) လုပ်​နိုင်တယ်။

ဆောင်းပါး​တစ်ခု ဒါမှမဟုတ် အခန်း​တစ်ခန်း​ကို အမှတ်အသား လုပ်ဖို့ App Commands bar ကို​ဖွင့်ပြီး အမှတ်အသား (Bookmark) ခလုတ်​ကို နှိပ်ပါ။ လောလောဆယ်​ဖွင့်​ထားတဲ့ စာပေ​မှာ အမှတ်အသား (bookmark) လုပ်နိုင်တဲ့​စာရင်း တွေ့ရ​ပါလိမ့်မယ်။ ဆောင်းပါး ဒါမှမဟုတ် အခန်း​ကို အမှတ်အသား (bookmark) လုပ်ဖို့ တစ်ခုကို နှိပ်ပါ။

အပိုဒ်​တစ်​ပိုဒ် ဒါမှမဟုတ် ကျမ်းချက်​တစ်ချက်​ကို အမှတ်အသား (bookmark) လုပ်ဖို့ အရင်ဆုံး စာသားကို နှိပ်ပါ၊ menu အကွက်​က အမှတ်အသား (Bookmark) ကို​နှိပ်ပါ။

 အမှတ်အသား (Bookmark) လုပ်​ထားတဲ့​နေရာကို သွားပါ

အမှတ်အသား လုပ်​ထားတဲ့ စာပေ​ကို​ဖွင့်ပါ။ App Commands bar ကို​ဖွင့်ပါ​ပြီး အမှတ်အသား (Bookmark) ခလုတ်​ကို​နှိပ်ပါ။ ကြည့်ချင်​တဲ့ အမှတ်အသား (bookmark) ကို နှိပ်ပါ။

 အမှတ်အသား (Bookmark) လုပ်ထားတာ​တွေကို ချိန်ညှိ​ပါ

အမှတ်အသား (bookmark) လုပ်ထားတာ​ကို ဖျက်​နိုင်၊ ပြောင်း​နိုင်တယ်။

  • အမှတ်အသား လုပ်ထားတာ​ကို ဖျက်​ဖို့ App Commands bar ကို​ဖွင့်ပြီး အမှတ်အသား (Bookmark) ခလုတ်​ကို​နှိပ်ပါ။ ဖျက်​ချင်တဲ့ အမှတ်အသား (bookmark) အကွက်​ထဲ​က More ခလုတ်​ကို​နှိပ်ပါ။ ဖျက်​ပါ ခလုတ်​ကို​နှိပ်ပါ။

  • အမှတ်အသား​တစ်ခု ပြောင်း​ဖို့ App Commands bar ကို​ဖွင့်ပြီး အမှတ်အသား (Bookmark) ခလုတ်​ကို နှိပ်ပါ။ ပြောင်း​ချင်တဲ့ အမှတ်အသား (bookmark) အကွက်​ထဲ​က More ခလုတ်​ကို​နှိပ်ပါ။ အစားထိုး ခလုတ်​ကို​နှိပ်ပါ။ အမှတ်အသား​အသစ် ဖြစ်သွား​ပါလိမ့်မယ်။ သင်​ဖတ်နေ​တဲ့ စာပေ​မှာ ဖတ်​လက်​စ​နေရာကို အဲဒီလို​အမှတ်အသား​လုပ်ပြီး သိမ်းထား​နိုင်ပါတယ်။ ဥပမာ၊ နေ့တိုင်း ကျမ်းစာ​ဖတ်တဲ့အခါ နောက်ဆုံး​ဖတ်​ခဲ့​တဲ့ နေရာကို အလွယ်တကူ ရှာတွေ့နိုင်​မှာ​ဖြစ်ပါတယ်။

အဲဒီ​အသွင်အပြင်​တွေ​ပါတဲ့ JW Library 1.3 ကို ၂၀၁၄၊ ဩဂုတ်​လမှာ တင်ထား​ပြီး​ဖြစ်ပါတယ်။ Windows 8.0 နဲ့ အဲဒီ​နောက်ပိုင်း အသစ်​ထုတ်​တဲ့ ဖုန်း၊ တက်ဘလက်​တွေ​မှာ အသုံးပြု​နိုင်ပါတယ်။ အဲဒီ​အသွင်အပြင်တွေကို မရဘူး​ဆိုရင် “JW Library ကို စတင်​အသုံးပြုခြင်း—Windows” ဆောင်းပါး​ထဲ​က “နောက်ဆုံးထုတ် အသွင်အပြင်​များ ရယူပါ” ခေါင်းစဉ်​ငယ်​အောက်မှာ​ပါတဲ့ ညွှန်ကြားချက်တွေ​အတိုင်း လုပ်ဆောင်ပါ။