မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

ဖတ်ရှုရာ​မှာ ထပ်​ရွေးချယ်စရာ​များ—Windows

ဖတ်ရှုရာ​မှာ ထပ်​ရွေးချယ်စရာ​များ—Windows

JW Library သုံးပြီး ဖတ်ရှု​လေ့လာတဲ့​အခါ ပို​အဆင်ပြေ​စေဖို့ အသွင်အပြင်​တချို့ကို ပြင်ဆင်​ပေးထား​ပါတယ်။ ဒီ​အသွင်အပြင်တွေကို​တွေ့​ဖို့ right-click နှိပ်ပါ ဒါမှမဟုတ် App Commands bar ကို​ဖွင့်​ဖို့ မျက်နှာပြင်​ထိပ်​ကနေ အောက်ဘက်​ကို ဆွဲချ​ပါ။

လုပ်ဆောင်ချက်​တချို့ကို ရနိုင်ဖို့ More ခလုတ်​ကို နှိပ်ပါ။

ဖတ်ရှုရာ​မှာ ထပ်​ရွေးချယ်​နိုင်ဖို့ အောက်ပါ လမ်းညွှန်ချက်တွေ​အတိုင်း လုပ်ဆောင်ပါ–

 ဘာသာစကား ပြောင်း​ပါ

အခု​ဖတ်နေ​တဲ့ အခန်း ဒါမှမဟုတ် ဆောင်းပါးကို ဘာသာစကား​ပြောင်း​ပြီး ကြည့်​နိုင်ပါတယ်။

  • အခု​ဖတ်နေ​တဲ့ အခန်း ဒါမှမဟုတ် ဆောင်းပါး ရရှိ​နိုင်တဲ့ ဘာသာစကား​အားလုံးကို ကြည့်ဖို့ ဘာသာစကား​များ ခလုတ်​ကို နှိပ်ပါ။ သင်​အသုံးများတဲ့ ဘာသာစကား​တွေကို စာရင်း​အပေါ်​ဆုံး​မှာ တွေ့​နိုင်ပါတယ်။ ရိုးရှင်းတဲ့ ကင်းမျှော်စင်​စာစောင်​တွေကို​လည်း တွေ့​နိုင်ပါတယ်။ ဘာသာစကား​နာမည် ရိုက်​ထည့်​ပြီး​လည်း ရှာ​နိုင်ပါတယ်။

  • မ​ကူးယူ​ရသေးတဲ့ ဘာသာစကား​တွေကို တိမ်​ပုံ အမှတ်အသား​နဲ့ ဖော်ပြ​ထားပါ​တယ်။ စာပေ​ကို ကူးယူ​ဖို့ ဘာသာစကား​တစ်ခုကို နှိပ်ပါ။ စာပေ​ကို သင့်ရဲ့​ဖုန်း၊ တက်ဘလက်​ထဲ ကူးယူပြီး​သွားပြီ​ဆိုရင် တိမ်​ပုံ​အမှတ်အသား ပျောက်​သွားပါလိမ့်မယ်။ ကူးယူ​ထားတဲ့ စာပေ​ကို​ဖတ်ချင်​ရင် အဲဒီ​ဘာသာစကားကို ပြန်​နှိပ်ပါ။

 စာသား​ချိန်ညှိ​ပါ

ဖတ်ရှု​ရတာ အဆင်ပြေ​စေဖို့ စကားလုံး အရွယ်အစား​ကို ချိန်ညှိ​နိုင်ပါတယ်။

စာသား​ချိန်ညှိ​ရန် ခလုတ်​ကို​နှိပ်ပါ။ စာသား အကြီးအသေး ချိန်ညှိ​နိုင်တဲ့ ဘားတန်း​မှာ အတိုး​အလျှော့ ဆွဲပါ။ ဒီ app မှာပါတဲ့ ဘယ်​စာပေ​ကိုပဲ​ဖတ်​ဖတ် အခု​အတည်​ယူ​လိုက်တဲ့ စကားလုံး အရွယ်အစား​အတိုင်း ဖြစ်နေ​ပါလိမ့်မယ်။

 ပုံ​အနေအထား​နဲ့ ဒါမှမဟုတ် စာသား​အနေနဲ့ ကြည့်မယ်

တချို့​ဆောင်းပါး​တွေကို ပုံ​အနေအထား​နဲ့ ဒါမှမဟုတ် စာသား​အနေနဲ့ ကြည့်​နိုင်ပါတယ်။ ခလုတ်​နှိပ်​ပြီး ကြည့်​လို​တဲ့ အနေအထား ပြောင်း​နိုင်ပါတယ်။

  • ပုံ​အနေအထား​နဲ့ ကြည့်မယ်– ပုံ​အနေအထား​နဲ့ ကြည့်မယ်​ကို ရွေးချယ်​တယ်​ဆိုရင် စာရွက်​နဲ့ ပ​ရ​င့်​ထုတ်​တဲ့အခါ ပေါ်​တဲ့ ပုံစံမျိုးနဲ့ တွေ့ရ​ပါလိမ့်မယ်။ သီချင်း​စာအုပ်​လို​မျိုး စာပေတွေကို ပုံ​အနေအထား​နဲ့ ကြည့်မယ်​ဆိုရင် ဂီတ​သင်္ကေတ​တွေကို ဖော်ပြ​ပေးထားတဲ့​အတွက် တချို့​သူတွေ ဒါကို ပို​နှစ်သက်​ကြပါလိမ့်မယ်။

  • စာသား​အနေနဲ့ ကြည့်မယ်– စာသား​အနေနဲ့ ကြည့်မယ်​ကို ရွေး​မယ်​ဆိုရင် ညွှန်း​ထားတဲ့​ကျမ်းချက်တွေကို ရှာဖွေ​နိုင်သလို သင်​ရွေး​ထားတဲ့ စာလုံး​အရွယ်အစား​နဲ့ တွေ့ရမှာ​ဖြစ်တယ်။

 အွန်လိုင်း စာကြည့်တိုက်​မှာ ဖွင့်​မယ်

အွန်လိုင်း စာကြည့်တိုက်​မှာ ဖွင့်​မယ် ခလုတ်​ကို နှိပ်​မယ်​ဆိုရင် သင် အခု​ဖတ်နေ​တဲ့​စာမျက်နှာ​ကို ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက် မှာ ဖွင့်​ပေးပါလိမ့်မယ်။

 ကျမ်းစာတွေ​ရှာ​ရာ​မှာ ထပ်​ရွေးချယ်စရာ​များ

စာပေ​တစ်ခုမှာ ညွှန်း​ထားတဲ့ ကျမ်းချက်ကို နှိပ်​တဲ့အခါ အဲဒီ​ကျမ်းချက် ပေါ်လာ​ပါလိမ့်မယ်။ ကျမ်းချက်​အောက်မှာ​ပါတဲ့ ထပ်​ရွေးချယ်စရာ​များ (Customize) ခလုတ်​ကို​နှိပ်ပါ။ သင် ကူးယူ​ထားတဲ့ ကျမ်းစာတွေ​ကို တွေ့ရမှာ​ဖြစ်ပြီး စာရင်း​မှာ ပေါ်​စေချင်တဲ့ ကျမ်းစာကို ရွေးပါ။

ဘာသာပြန်ကျမ်း​စာတွေကို စာရင်း​ထဲ​ထည့်​ချင်တယ်၊ ထုတ်​ချင်တယ်​ဆိုရင် Add ဒါမှမဟုတ် Remove ခလုတ်​ကို​နှိပ်ပါ။ စာရင်းကို သင်လို​ချင်တဲ့ အစဉ်လိုက် စီ​ချင်တယ်​ဆိုရင် Up ဒါမှမဟုတ် Down ခလုတ်​ကို နှိပ်ပါ။

JW Library မှာ နောက်ထပ်​ကျမ်းစာတွေ ထည့်​နိုင်ပုံကို သိချင်​တယ်​ဆိုရင် ကျမ်းစာတွေ​ကို ကူးယူ၊ စီစဉ်​နိုင်ရာ​များ—Windows” ကို​ကြည့်ပါ။

အဲဒီ​အသွင်အပြင်​တွေ​ပါတဲ့ JW Library 1.4 ကို ၂၀၁၅၊ မတ်လ​မှာ တင်ထား​ပြီး​ဖြစ်ပါတယ်။ Windows 8.1 နဲ့ အဲဒီ​နောက်ပိုင်း အသစ်​ထုတ်​တဲ့ ဖုန်း၊ တက်ဘလက်​တွေ​မှာ အသုံးပြု​နိုင်ပါတယ်။ အဲဒီ​အသွင်အပြင်တွေကို မရဘူး​ဆိုရင် “JW Library ကို စတင်​အသုံးပြုခြင်း—Windows” ဆောင်းပါး​ထဲ​က “နောက်ဆုံးထုတ် အသွင်အပြင်​များ ရယူပါ” ခေါင်းစဉ်​ငယ်​အောက်မှာ​ပါတဲ့ ညွှန်ကြားချက်တွေ​အတိုင်း လုပ်ဆောင်ပါ။