မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

ကျမ်းစာမှာ ဒါမှမဟုတ် စာပေ​မှာ ရှာဖွေခြင်း—Android

ကျမ်းစာမှာ ဒါမှမဟုတ် စာပေ​မှာ ရှာဖွေခြင်း—Android

ကျမ်းစာ ဒါမှမဟုတ် စာပေ​တစ်ခုမှာ​ပါတဲ့ စကားလုံး ဒါမှမဟုတ် စကားစု​ကို ရှာ​နိုင်အောင် JW Library ကို ပြင်ဆင်​ပေးထား​ပါတယ်။

အောက်ပါ ညွှန်ကြားချက်တွေ​အတိုင်း လုပ်​ကြည့်ပါ-

 ကျမ်းစာမှာ ရှာပါ

သင် ဖတ်ရှု​နေတဲ့ ကျမ်းစာထဲက စကားလုံး ဒါမှမဟုတ် စကားစု​တစ်ခုကို ရှာ​နိုင်ပါတယ်။

ဖတ်နေ​တဲ့ ကျမ်းစာ​နေရာ​ကနေ ရှာဖွေ ခလုတ်​ကို နှိပ်ပါ။ သင်​ရှာ​လို​တဲ့ စကားလုံး ရိုက်​ထည့်​ပါ။ သင် ရိုက်​ထည့်​နေတဲ့​အချိန်မှာ အကြံပြုချက်တွေကို တွေ့ရ​ပါလိမ့်မယ်။ အကြံပြုချက်​တစ်ခုကို နှိပ်ပါ ဒါမှမဟုတ် ကီး​ဘုတ်​မှာပါတဲ့ Enter ခလုတ်​ကို နှိပ်ပါ။ ရလဒ်​တွေကို တွေ့ရ​ပါလိမ့်မယ်။

အသုံးများတဲ့ အခန်းငယ်​တွေ က သင်​ရှာ​တဲ့​စကားလုံး​နဲ့ အ​ကိုက်​ဆုံး၊ အသုံး​အများဆုံး ကျမ်းချက်တွေကို ဖော်ပြ​ပေး​ပါတယ်။ အခန်းငယ်​အားလုံး က ကျမ်းစောင်​အားလုံးမှာ သင်​ရှာ​နေတဲ့ စကားလုံး​ပါတဲ့ ကျမ်းချက်တွေကို အစဉ်လိုက် ဖော်ပြ​ပေး​ပါတယ်။ ဆောင်းပါး​များ က သင်​ရှာ​နေတဲ့ စကားလုံး​ပါတဲ့ နိဒါန်း​နဲ့ နောက်ဆက်တွဲ ဆောင်းပါး​တွေကို ဖော်ပြ​ပေး​ပါတယ်။

စကားလုံး​အတွဲ​လိုက်​ကို ရှာ​ချင်​တာ​ဖြစ်ပြီး သင်​ရိုက်​ထည့်တဲ့ စကားစု​နဲ့ အတိအကျ​ကိုက်ညီ​တဲ့ ရလဒ်​တွေကို​ပဲ ပေါ်​စေချင်တယ်​ဆိုရင် စကားစု​အတိုင်း အတိအကျ​ရှာပါ အကွက်​ကို အမှတ်​လုပ်ထား​ပါ။

 စာပေ​တစ်ခုမှာ ရှာပါ

ဖတ်ရှု​နေတဲ့ စာပေ​နေရာ​ကနေ စကားလုံး ဒါမှမဟုတ် စကားစု​တစ်ခုကို ရှာ​နိုင်ပါတယ်။

ဖတ်နေ​တဲ့ စာပေ​နေရာ​ကနေ ရှာဖွေ ခလုတ်​ကို နှိပ်ပါ။ သင်​ရှာ​လို​တဲ့ စကားလုံး ရိုက်​ထည့်​ပါ။ သင် ရိုက်​ထည့်​နေတဲ့​အချိန်မှာ အကြံပြုချက်တွေကို တွေ့ရ​ပါလိမ့်မယ်။ အကြံပြုချက်​တစ်ခုကို နှိပ်ပါ ဒါမှမဟုတ် ကီး​ဘုတ်​မှာပါတဲ့ Enter ခလုတ်​ကို နှိပ်ပါ။ ရှာဖွေ​တွေ့ရှိမှု​ရလဒ်​တွေကို တွေ့ရ​ပါလိမ့်မယ်။

စကားလုံး​အတွဲ​လိုက်​ကို ရှာ​ချင်​တာ​ဖြစ်ပြီး သင်​ရိုက်​ထည့်တဲ့ စကားစု​နဲ့ အတိအကျ​ကိုက်ညီ​တဲ့ ရလဒ်​တွေကို​ပဲ ပေါ်​စေချင်တယ်​ဆိုရင် စကားစု​အတိုင်း အတိအကျ​ရှာပါ အကွက်​ကို အမှတ်​လုပ်ထား​ပါ။

 အကြောင်းအရာ​တစ်ခုကို ရှာပါ

သမ္မာကျမ်းစာ​အပေါ် ထိုးထွင်း​အမြင် စာအုပ်ကို ကူးယူ​ထားတယ်​ဆိုရင် ထိုးထွင်း​အမြင်​ထဲ​က အကြောင်းအရာ​တစ်ခုကို ရှာ​နိုင်ပါတယ်။ ဒီ app ထဲ​က ဘယ်​ကျမ်းစာ ဒါမှမဟုတ် ဘယ်​စာပေ​ကို ဖတ်နေ​ပါစေ ထိုးထွင်း​အမြင်​ထဲ​က အကြောင်းအရာကို ရှာ​နိုင်ပါတယ်။

ရှာဖွေ ခလုတ်​ကို နှိပ်ပါ။ သင်​ရှာ​လို​တဲ့ အကြောင်းအရာကို ရိုက်​ထည့်​ပါ။ သင် ရိုက်​ထည့်​နေတဲ့​အချိန်မှာ အကြံပြုချက်​စာရင်း​မှာ သင်​ရှာ​တာ​နဲ့​ကိုက်ညီ​တဲ့ သမ္မာကျမ်းစာ​အပေါ် ထိုးထွင်း​အမြင် ထဲ​က အကြောင်းအရာတွေကို တွေ့ရ​ပါလိမ့်မယ်။ သင်​ဖတ်ရှု​လေ့လာ​လို​တဲ့ အကြောင်းအရာကို နှိပ်ပါ။

အဲဒီ​အသွင်အပြင်​တွေ​ပါတဲ့ JW Library 1.3.4 ကို ၂၀၁၄၊ အောက်တိုဘာ​လမှာ တင်ထား​ပြီး​ဖြစ်ပါတယ်။ Android 2.3 နဲ့ အဲဒီ​နောက်ပိုင်း အသစ်​ထုတ်​တဲ့ ဖုန်း၊ တက်ဘလက်​တွေ​မှာ အသုံးပြု​နိုင်ပါတယ်။ အဲဒီ​အသွင်အပြင်တွေကို မရဘူး​ဆိုရင် “JW Library ကို စတင်​အသုံးပြုခြင်း—Android” ဆောင်းပါး​ထဲ​က “နောက်ဆုံးထုတ် အသွင်အပြင်​များ ရယူပါ” ခေါင်းစဉ်​ငယ်​အောက်မှာ​ပါတဲ့ ညွှန်ကြားချက်တွေ​အတိုင်း လုပ်ဆောင်ပါ။