မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

ကျမ်းစာတွေ​ကို ကူးယူ၊ စီစဉ်​နိုင်ရာ​များ—Android

ကျမ်းစာတွေ​ကို ကူးယူ၊ စီစဉ်​နိုင်ရာ​များ—Android

JW Library ကို သမ္မာကျမ်းစာ​ဖတ်ရှုဖို့​နဲ့ လေ့လာဖို့ အထူး​ပြင်ဆင်​ပေးထား​တာ ဖြစ်တယ်။

ကျမ်းစာတွေ​ကို ကူးယူ၊ စီစဉ်​ရာ​မှာ အောက်ပါ လမ်းညွှန်ချက်တွေ​အတိုင်း လုပ်ဆောင်ပါ–

 ကျမ်းစာ​တစ်ခုကို ကူးယူပါ

အင်တာနက် မ​ဖွင့်​ထား​ဘဲ ဖတ်ရှု​လေ့လာ​နိုင်ဖို့ ဘာသာပြန်​ကျမ်းတွေကို ကူးယူ​ထား​နိုင်ပါတယ်။

  • ကျမ်းစာ စာရင်းကို ကြည့်ချင်​ရင် navigation drawer ကို​ဖွင့်ပြီး ကျမ်းစာ ဆိုတဲ့​နေရာကို နှိပ်ပါ။

  • တခြား​ဘာသာစကားတွေနဲ့ တင်ထားတဲ့ ကျမ်းစာတွေ​ကို ကြည့်ချင်​ရင် ဘာသာစကား ခလုတ်​ကို နှိပ်ပါ။ သင် အသုံးများတဲ့ ဘာသာစကားနဲ့ ကျမ်းစာတွေ​ကို စာရင်း​ရဲ့ အပေါ်​ဆုံး​မှာ တွေ့ရ​ပါလိမ့်မယ်။ ဘာသာစကား ဒါမှမဟုတ် ဘာသာပြန်ကျမ်း​နာမည်ကို ရိုက်​ထည့်​ပြီး​လည်း ရှာ​နိုင်ပါတယ်။ ဥပမာ၊ အင်္ဂလိပ်​လို နိုင်ငံတော်​ကြားညှပ်​ဘာသာပြန်ကျမ်း (Kingdom Interlinear) ကို​ရှာ​ချင်​ရင် “int” ဆိုပြီး ရိုက်​ပါ ဒါမှမဟုတ် ပေါ်တူဂီ ဘာသာစကားနဲ့ ကျမ်းစာ​အားလုံးကို ရှာ​ချင်​ရင် “port” ဆိုပြီး ရိုက်​ထည့်​ပါ။

  • သင် မ​ကူးယူ​ထားတဲ့ ကျမ်းစာတွေ​ကို တိမ်​ပုံ အမှတ်အသား​နဲ့ ဖော်ပြ​ထားပါ​တယ်။ ကူးယူ​ချင်တယ်​ဆိုရင် အဲဒီ​ကျမ်းစာကို နှိပ်ပါ။ ကျမ်းစာကို သင့်ရဲ့​ဖုန်း၊ တက်ဘလက်​ထဲ ကူးယူပြီး​သွားပြီ​ဆိုရင် တိမ်​ပုံ အမှတ်အသား ပျောက်​သွားပါလိမ့်မယ်။ ကူးယူ​ထားတဲ့ ကျမ်းစာကို ဖတ်ချင်​တယ်​ဆိုရင် အဲဒီ​ကျမ်းစာကို ထပ်​နှိပ်ပါ။

သင်လို​ချင်တဲ့ ဘာသာပြန်ကျမ်း​ကို မ​တွေ့​ဘူးဆိုရင် နောက်​မှ ပြန်​ရှာ​ကြည့်ပါ။ နောက်ထပ်​ဘာသာပြန်ကျမ်း​တွေ ရပြီ​ဆိုတာနဲ့ ထည့်ပေး​မှာ​ဖြစ်တယ်။

 ကျမ်းစာ​တစ်ခုကို ဖျက်​ပစ်​ပါ

သိမ်းဆည်း​ထားတာ​တွေ​များနေ​လို့ နေရာလွတ်​ချင်တဲ့​အခါ၊ အသုံးပြု​စ​ရာ​မလို​တော့​တဲ့အခါ ဘာသာပြန်ကျမ်း​ကို ဖျက်​ပစ်​နိုင်ပါတယ်။

ကျမ်းစာ ဆိုတဲ့​နေရာကို နှိပ်ပါ။ ဘာသာစကား ခလုတ်​ကို နှိပ်​ပြီး ကျမ်းစာ စာရင်းကို​ဖွင့်ပါ။ ဖျက်​ပစ်​လို​တဲ့ ကျမ်းစာ အကွက်​ထဲ​က More ခလုတ်​ကို​နှိပ်​ပြီး ဖျက်​ပါ ခလုတ်​နှိပ်ပါ။

 Update လုပ်​ထားတဲ့ ကျမ်းစာကို ရယူပါ

သင်​ကူးယူ​ထားတဲ့ ကျမ်းစာကို မကြာမကြာ update လုပ်ဖို့ လိုပါလိမ့်မယ်။

Update လုပ်ဖို့ လိုတယ်​ဆိုတာကို refresh icon အမှတ်အသား​နဲ့ ဖော်ပြ​ပေး​ပါတယ်။ Update လုပ်ဖို့​လိုတယ်​ဆိုရင် ကျမ်းစာ ဆိုတဲ့​နေရာကို သင် နှိပ်​လိုက်တဲ့အခါ မက်​ဆေ့ခ်ျ တွေ့ရ​ပါလိမ့်မယ်။ အခု update လုပ်ချင်​တယ်​ဆိုရင် ကူးယူပါ ကို​နှိပ်ပါ၊ မ​ကူးယူ​ချင်​သေး​ဘူးဆိုရင် နောက်​မှ ကို​နှိပ်ပါ။

အဲဒီ​အသွင်အပြင်​တွေ​ပါတဲ့ JW Library 1.4 ကို ၂၀၁၅၊ ဖေဖော်ဝါရီ​လမှာ တင်ထား​ပြီး​ဖြစ်ပါတယ်။ Android 2.3 နဲ့ အဲဒီ​နောက်ပိုင်း အသစ်​ထုတ်​တဲ့ ဖုန်း၊ တက်ဘလက်​တွေ​မှာ အသုံးပြု​နိုင်ပါတယ်။ အဲဒီ​အသွင်အပြင်တွေကို မရဘူး​ဆိုရင် “JW Library ကို စတင်​အသုံးပြုခြင်း—Android” ဆောင်းပါး​ထဲ​က “နောက်ဆုံးထုတ် အသွင်အပြင်​များ ရယူပါ” ခေါင်းစဉ်​ငယ်​အောက်မှာ​ပါတဲ့ ညွှန်ကြားချက်တွေ​အတိုင်း လုပ်ဆောင်ပါ။