Apple စက်အတွက် JW Library
JW Library ထဲမှာပါရှိတဲ့ အသွင်အပြင်တွေအကြောင်း အသေးစိတ်သိနိုင်ဖို့ တစ်ဆင့်ချင်းစီဖော်ပြထားတဲ့ လမ်းညွှန်နဲ့ အကြုံပြုချက်တွေကို လေ့လာပါ။ ဒီ app နဲ့ပတ်သက်ပြီး လူတွေမေးလေ့ရှိတဲ့ မေးခွန်းတွေထဲကနေ အဖြေတွေကို ရှာကြည့်ပါ။
အသွင်အပြင်သစ်များ
မတ် ၂၀၂၆ (Version 15.7)
ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ဇာတ်လမ်းထဲက သိသာထင်ရှားတဲ့ ပြကွက်ဓာတ်ပုံတွေကို ကျမ်းစာရဲ့ ဘေးကွက်လပ်မှာ ပြထားပါတယ်။
app ကို crash ဖြစ်စေတဲ့ ပြဿနာတွေ အပါအဝင် ပြဿနာတော်တော်များများ ဖြေရှင်းပေးထားပါတယ်။
ဒီဇင်ဘာ ၂၀၂၅ (Version 15.6)
Library tab က မှန်ဘီလူးပုံလေး နှိပ်ပြီး စာအုပ်စာပေတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေကို ခေါင်းစဉ်အလိုက် ရှာနိုင်ပါပြီ။
app ကို crash ဖြစ်စေတဲ့ ပြဿနာတွေ အပါအဝင် ပြဿနာတော်တော်များများ ဖြေရှင်းပေးထားပါတယ်။
support ပေးတဲ့ အနိမ့်ဆုံး operating system level တွေကတော့ Android 8.0၊ iOS 15၊ M1 ဒါမှမဟုတ် ပိုမြင့်တဲ့ chipပါတဲ့ macOS၊ Windows 10 Version 2004 ဒါမှမဟုတ် နောက်ပိုင်းထုတ်တို့ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၀၂၅ (Version 15.5)
app ပြန်ဖွင့်တဲ့အခါ ဗီဒီယိုဖိုင်၊ အသံဖိုင် ဖွင့်တဲ့နှုန်းကို မှတ်ထားပေးပါတယ်။
ဗီဒီယို ဖွင့်ထားတဲ့အခါ heads-up display ပျောက်နေပါမယ်။ ပေါ်ချင်ရင် ဗီဒီယိုကို တစ်ချက် တို့ပေးပါ။
app ကို crash ဖြစ်စေတဲ့ ပြဿနာတွေ အပါအဝင် ပြဿနာတော်တော်များများ ဖြေရှင်းပေးထားပါတယ်။
support ပေးတဲ့ အနိမ့်ဆုံး operating system level တွေကတော့ Android 7.0၊ iOS 15၊ M1 ဒါမှမဟုတ် ပိုမြင့်တဲ့ chipပါတဲ့ macOS၊ Windows 10 Version 2004 ဒါမှမဟုတ် နောက်ပိုင်းထုတ်တို့ ဖြစ်ပါတယ်။
ဒီအပိုင်းမှာ
JW Library ကို စတင်အသုံးပြုခြင်း—iOS
iOS စနစ်သုံး ပစ္စည်းတွေမှာ JW Library ရဲ့အဓိကအသွင်အပြင်တွေ အသုံးပြုပုံကို လေ့လာပါ။
ကျမ်းစာတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—iOS
iOS စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေမှာ JW Library ထဲက ကျမ်းစာတွေကို ကူးယူ၊ စီစဉ်နိုင်ပုံတွေကို လေ့လာပါ။
စာပေတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—iOS
iOS စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေမှာ JW Library ထဲက စာပေတွေကို ကူးယူ၊ စီစဉ်နိုင်ပုံတွေကို လေ့လာပါ။
မှတ်သားထားရာများ (Bookmarks) အသုံးပြုနည်း—iOS
iOS စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေမှာ JW Library ထဲက စာပေတွေကို မှတ်သားထားရာများ (Bookmarks) အသုံးပြုပုံတွေကို လေ့လာပါ။
သုံးခဲ့ရာများ (History) ကို အသုံးပြုပါ—iOS
iOS စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေထဲက JW Library ပါ သုံးခဲ့ရာများ (History) အသုံးပြုပုံကို လေ့လာပါ။
ဖတ်ရှုရာမှာ ထပ်ရွေးချယ်စရာများ—iOS
iOS စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါကျမ်းစာ၊ စာပေတွေကို ဖတ်ရှုရာမှာ ထပ်ရွေးချယ်နိုင်ပုံတွေကို လေ့လာပါ။
ကျမ်းစာမှာ ဒါမှမဟုတ် စာပေမှာ ရှာဖွေခြင်း—iOS
iOS စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေထဲက JW Library ကျမ်းစာမှာ ဒါမှမဟုတ် စာပေမှာ ရှာဖွေနိုင်ပုံနဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် ထဲက အကြောင်းအရာ ရှာဖွေနိုင်ပုံကို လေ့လာပါ။
စာသားတွေကို အရောင်ခြယ်မှတ်သားနိုင်ပုံ—iOS
iOS စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေမှာ JW Library ထဲက စာသားတွေကို အရောင်ခြယ်မှတ်သားနိုင်ပုံကို လေ့လာပါ။
မေးတတ်တဲ့ မေးခွန်းများ —JW Library (iOS)
မေးတတ်တဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာကြည့်ပါ။

