မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

JW Library ကို စတင်​အသုံးပြုခြင်း—Android

JW Library ကို စတင်​အသုံးပြုခြင်း—Android

JW Library ကို​အသုံးပြုတဲ့​အတွက် ကြိုဆိုပါ​တယ်။ ဒီ app ကို​သုံးပြီး သမ္မာကျမ်းစာကို ဖတ်ရှု၊ လေ့လာ​နိုင်ပါတယ်။ ဒီ app မှာပါတဲ့ အဓိက အသွင်အပြင်တွေကို navigation drawer မှာ ဖော်ပြ​ထားပါ​တယ်။ Navigation drawer ကို​ဖွင့်​ဖို့ မျက်နှာပြင် ဘယ်ဘက်​အစွန်​ကနေ ဆွဲပါ ဒါမှမဟုတ် ဘယ်ဘက်​ထိပ်​အစွန်း​မှာ​ရှိတဲ့ Menu ခလုတ်​ကို နှိပ်ပါ။

 ကျမ်းစာ

ကျမ်းစာ ဆိုတဲ့​နေရာမှာ ဘာသာစကား​များစွာနဲ့ ပြန်ဆို​ထားတဲ့ ကျမ်းစာတွေ တွေ့​နိုင်ပါတယ်။ ကျမ်းစောင်​တစ်ခုကို​နှိပ်၊ အခန်းကြီး​တစ်ခု​ရွေး​ပြီး စ​ဖတ်​နိုင်တယ်။ ကျမ်းစာ​ဖတ်နေ​တဲ့အခါ အောက်ခြေမှတ်ချက်​တွေ၊ ပြန်​လှန်​ရည်ညွှန်းချက်​တွေ၊ တခြား​ဘာသာပြန်ကျမ်း​တွေ​နဲ့ နှိုင်းယှဉ်​ဖော်ပြချက်တွေကို Study ဘေး​အကွက်​မှာ တွေ့နိုင်တယ်။

တခြား​ကျမ်းချက်ကို ကြည့်ချင်​တယ်​ဆိုရင် navigation drawer ကို​ဖွင့်၊ ကျမ်းစာ ဆိုတဲ့​နေရာကို နှိပ်​ပြီး ကျမ်းစောင်​စာရင်း​တွေ ဖော်ပြ​ထားတဲ့​နေရာဆီ ပြန်သွားပါ။

 စာပေများ

စာပေများ ဆိုတဲ့​နေရာမှာ ဘာသာစကား​များစွာနဲ့ ပြန်ဆို​ထားတဲ့ စာစောင်​တွေ၊ အော်ဒီယို​တွေ​နဲ့ ဗီဒီယိုတွေ တွေ့​နိုင်ပါတယ်။ စာပေ​တစ်ခုကို နှိပ်​ပြီး ဆောင်​ပါး​တစ်ခုကို စ​ဖတ်နိုင်ပါတယ်။ ဖတ်နေ​ချိန်မှာ ညွှန်း​ထားတဲ့​ကျမ်းချက်တွေကိုလည်း ဖတ်နိုင်ပါတယ်။ ညွှန်း​ထားတဲ့​ကျမ်းချက်ကို နှိပ်​ရင် အဲဒီ​ကျမ်းချက်ကို Study ဘေး​အကွက်​မှာ တွေ့နိုင်တယ်။ Study ဘေး​အကွက်​မှာ​ပေါ်​နေတဲ့ လင့်ခ်​ကို နှိပ်​မယ်​ဆိုရင် ကျမ်းစာထဲက အဲဒီ​အခန်းငယ်​ဆီ ရောက်​သွားပါ​တယ်။

တခြား​စာပေ​ကို​ဖွင့်​ချင်​ရင် navigation drawer ကို​ဖွင့်၊ စာပေများ ကို​နှိပ်​ပြီး စာပေ​စာရင်း ဖော်ပြ​ထားတဲ့​နေရာကို ပြန်သွားပါ။

 နေ့စဉ်​ကျမ်းချက်

Navigation drawer ကို​ဖွင့်ပြီး နေ့စဉ်​ကျမ်းချက် ကို​နှိပ်​ရင် ဒီနေ့​အတွက်​ကျမ်းချက်ကို တွေ့နိုင်တယ်။

 အွန်လိုင်း

Navigation drawer မှာ​ရှိတဲ့ အွန်လိုင်း ဆိုတာကို​နှိပ်​ရင် ကျွန်တော်တို့ရဲ့ တရားဝင်​ဝက်ဘ်ဆိုက်​ဆီ ချိတ်ဆက်​ပေးတယ်။

 နောက်ဆုံးထုတ် အသွင်အပြင်​များ ရယူပါ

JW Library ရဲ့​နောက်ဆုံးထုတ် အသွင်အပြင်တွေကို ရဖို့ အမြဲတမ်း update လုပ်ပါ။

သင့်ရဲ့ Android စနစ်​သုံး ဖုန်း ဒါမှမဟုတ် တက်ဘလက်​ကို နောက်ဆုံး​ဗားရှင်း ဖြစ်အောင် လုပ်ပါ။ ထပ်ဆင့် အချက်အလက်​တွေ​အတွက် ဒီ​လင့်ခ်​မှာ ကြည့်​နိုင်ပါတယ်– https://support.google.com/nexus/answer/4457705

ပို​အဆင်ပြေ​စေဖို့ သင့်ရဲ့ ဖုန်း ဒါမှမဟုတ် တက်ဘလက်​မှာ အလိုအလျောက် update လုပ်ပေးတဲ့​စနစ် ဖွင့်​ထား​နိုင်ပါတယ်။ ထပ်ဆင့် အချက်အလက်​တွေ​အတွက် ဒီ​လင့်ခ်​မှာ ကြည့်​နိုင်ပါတယ်– https://support.google.com/googleplay/answer/113412