မြန်မာ
Android စက်တွေအတွက် JW Library
https://cms-imgp.jw-cdn.org/img/p/802013031/univ/art/802013031_univ_sqr_xl.jpg

AndroidTM စက်တွေအတွက် JW Library

AndroidTM စက်တွေအတွက် JW Library

JW Library ထဲမှာပါရှိတဲ့ အသွင်အပြင်တွေအကြောင်း အသေးစိတ်သိနိုင်ဖို့ တစ်ဆင့်ချင်းစီဖော်ပြထားတဲ့ လမ်းညွှန်နဲ့ အကြုံပြုချက်တွေကို လေ့လာပါ။ ဒီ app နဲ့ပတ်သက်ပြီး လူတွေမေးလေ့ရှိတဲ့ မေးခွန်းတွေထဲကနေ အဖြေတွေကို ရှာကြည့်ပါ။

 

 

အသွင်အပြင်သစ်များ

မတ် ၂၀၂၆ (Version 15.7)

  • ယေရှုရဲ့ အမှုဆောင်လုပ်ငန်း ဇာတ်လမ်းထဲက သိသာထင်ရှားတဲ့ ပြကွက်ဓာတ်ပုံတွေကို ကျမ်းစာရဲ့ ဘေးကွက်လပ်မှာ ပြထားပေးတယ်။

  • app ကို crash ဖြစ်စေတဲ့ ပြဿနာတွေ အပါအဝင် ပြဿနာတော်တော်များများ ဖြေရှင်းပေးထားပါတယ်။

ဒီဇင်ဘာ ၂၀၂၅ (Version 15.6)

  • Library tab က မှန်ဘီလူးပုံလေး နှိပ်ပြီး စာအုပ်စာပေတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေကို ခေါင်းစဉ်အလိုက် ရှာနိုင်ပါပြီ။

  • app ကို crash ဖြစ်စေတဲ့ ပြဿနာတွေ အပါအဝင် ပြဿနာတော်တော်များများ ဖြေရှင်းပေးထားပါတယ်။

  • support ပေးတဲ့ အနိမ့်ဆုံး operating system level တွေကတော့ Android 8.0၊ iOS 15၊ M1 ဒါမှမဟုတ် ပိုမြင့်တဲ့ chip ပါတဲ့ macOS၊ Windows 10 Version 2004 ဒါမှမဟုတ် နောက်ပိုင်းထုတ်တို့ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၀၂၅ (Version 15.5)

  • app ပြန်ဖွင့်တဲ့အခါ ဗီဒီယိုဖိုင်၊ အသံဖိုင် ဖွင့်တဲ့နှုန်းကို မှတ်ထားပေးပါတယ်။

  • ဗီဒီယို ဖွင့်ထားတဲ့အခါ heads-up display ပျောက်နေပါမယ်။ ပေါ်ချင်ရင် ဗီဒီယိုကို တစ်ချက် တို့ပေးပါ။

  • app ကို crash ဖြစ်စေတဲ့ ပြဿနာတွေ အပါအဝင် ပြဿနာတော်တော်များများ ဖြေရှင်းပေးထားပါတယ်။

  • support ပေးတဲ့ အနိမ့်ဆုံး operating system level တွေကတော့ Android 7.0၊ iOS 15၊ M1 ဒါမှမဟုတ် ပိုမြင့်တဲ့ chip ပါတဲ့ macOS၊ Windows 10 Version 2004 ဒါမှမဟုတ် နောက်ပိုင်းထုတ်တို့ ဖြစ်ပါတယ်။

 

ဒီအပိုင်းမှာ

JW Library ကို စတင်အသုံးပြုခြင်း—Android

Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ရဲ့အဓိကအသွင်အပြင်တွေ အသုံးပြုပုံကို လေ့လာပါ။

ကျမ်းစာတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—Android

Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ ကျမ်းစာတွေကို ကူးယူ၊ စီစဉ်နိုင်ပုံကို လေ့လာပါ။

စာပေတွေကို ကူးယူ၊ စီစဉ်နိုင်ရာများ—Android

Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ စာပေတွေကို ကူးယူ၊ စီစဉ်နိုင်ပုံကို လေ့လာပါ။

မှတ်သားထားရာများ (Bookmarks) အသုံးပြုနည်း—Android

Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ စာပေတွေကို မှတ်သားထားရာများ (Bookmarks) အသုံးပြုနိုင်ပုံကို လေ့လာပါ။

သုံးခဲ့ရာများ (History) ကို အသုံးပြုပါ—Android

Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ သုံးခဲ့ရာများ (History) ကို အသုံးပြုပုံကို လေ့လာပါ။

ဖတ်ရှုရာမှာ ထပ်ရွေးချယ်စရာများ—Android

Android စနစ်သုံး ဖုန်း၊ တက်ဘလက်တွေမှာ JW Library ပါ ဖတ်ရှုရာမှာ ထပ်ရွေးချယ်စရာများ အသုံးပြုပုံကို လေ့လာပါ။

ကျမ်းစာမှာ ဒါမှမဟုတ် စာပေမှာ ရှာဖွေခြင်း—Android

Android စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေထဲက JW Library ကျမ်းစာမှာ ဒါမှမဟုတ် စာပေမှာ ရှာဖွေနိုင်ပုံနဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် ထဲက အကြောင်းအရာ ရှာဖွေနိုင်ပုံကို လေ့လာပါ။

စာသားတွေကို အရောင်ခြယ်မှတ်သားနိုင်ပုံ​—Android

Android စနစ်သုံးတဲ့ ဖုန်း၊ တက်ဘလက်တွေမှာ JW Library ထဲက စာသားတွေကို အရောင်ခြယ်မှတ်သားနိုင်ပုံကို လေ့လာပါ။

App Store—Android ထဲ ဝင်လို့ မရရင် JW Library ထည့်သွင်းနည်း

အက်ပ်စတိုးကနေ JW Library ထည့်သွင်းလို့ မရရင် အန်းဒရွိုက်ဖိုင်ထုတ် (APK) ကို သင့်စက်ထဲ ကူးယူထည့်သွင်းနိုင်ပါတယ်။

မေးတတ်တဲ့ မေးခွန်းများ​—JW Library (Android)

မေးတတ်တဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာကြည့်ပါ။