အခန်း ၁၇
‘အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်ပါ’
‘ခင်ဗျားတို့ကတော့ အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်ပြီး . . . ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲ လုပ်ဆောင်ပါ။’—ယုဒ ၂၀၊ ၂၁။
၁၊ ၂။ ဘယ်ဆောက်လုပ်ရေးလုပ်ငန်းမှာ သင် ပါဝင်နေသလဲ။ သင့်အလုပ်ရဲ့ အရည်အသွေးဟာ ဘာကြောင့် အရေးကြီးသလဲ။
သင်ဟာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို အင်တိုက်အားတိုက် လုပ်ကိုင်နေတယ်။ အဲဒီလုပ်ငန်းကို အချိန်အတန်ကြာ ဆောက်လုပ်ခဲ့ပြီး အနာဂတ်မှာလည်း ဆက်ပြီး ဆောက်လုပ်သွားရဦးမယ်။ ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့ရပေမယ့် စိတ်ကျေနပ်မှု ရရှိတယ်။ သင့်အလုပ်ရဲ့ အရည်အသွေးဟာ သင့်ရဲ့အသက်ရှင်ရေး၊ အနာဂတ်ရေးကို အကျိုးသက်ရောက်မှာ ဖြစ်လို့ ဘာပဲကြုံရပါစေ အၡုံးပေးဖို့၊ ပေါ့ပေါ့တန်တန် လုပ်ကိုင်ဖို့ လုံးဝမစဉ်းစားဘူး။ ဘာကြောင့်လဲ။ သင် ဆောက်လုပ်နေတဲ့ အဆောက်အအုံဟာ သင်ကိုယ်တိုင် ဖြစ်လို့ပဲ။
၂ မိမိကိုယ်ကို တည်ဆောက်ပေးဖို့ လိုတဲ့အကြောင်း တပည့်ဖြစ်သူ ယုဒက အလေးအနက် ဖော်ပြတယ်။ “ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်” ပါလို့ ခရစ်ယာန်တွေကို သူ တိုက်တွန်းတဲ့အခါ လုပ်ဆောင်နိုင်တဲ့နည်းကို အဲဒီကျမ်းပိုဒ်မှာပဲ ဖော်ပြတယ်။ အဲဒီနည်းကတော့ “အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် တည်ဆောက်” ခြင်း ဖြစ်တယ်။ (ယုဒ ၂၀၊ ၂၁) ဘုရားရဲ့ မေတ္တာ အမြဲခံစားရဖို့ မိမိကိုယ်ကို တည်ဆောက်ပြီး ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်တဲ့ နည်းတချို့ဟာ ဘာတွေလဲ။ ယုံကြည်ခြင်း ခိုင်ခံ့အောင် တည်ဆောက်တဲ့လုပ်ငန်းမှာ ပါဝင်တဲ့ ကဏ္ဍသုံးခုကို သုံးသပ်ကြည့်ကြစို့။
ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ပြဋ္ဌာန်းချက်တွေအပေါ် ခိုင်ခံ့တဲ့ယုံကြည်ခြင်း တည်ဆောက်ပါ
၃-၅။ (က) ယေဟောဝါရဲ့ ပြဋ္ဌာန်းချက်တွေကို သင် ဘယ်လို ယူမှတ်သွားအောင် စာတန် လှည့်စားချင်သလဲ။ (ခ) ဘုရားရဲ့ ပြဋ္ဌာန်းချက်တွေကို ဘယ်လို ရှုမြင်သင့်သလဲ။ အဲဒီလိုရှုမြင်တဲ့အတွက် ကျွန်တော်တို့ ဘယ်လိုခံစားရသလဲ။ ဥပမာပေးပါ။
၃ ဦးဆုံး၊ ဘုရားရဲ့ပညတ်အပေါ် ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရှိဖို့လိုတယ်။ ဒီစာအုပ်ကို သင် ကမ္ဘာဦး ၃:၁-၆) အဲဒီနည်းနဲ့ သင့်ကို လှည့်စားနိုင်မလား။ သင့်ရဲ့ ရှုမြင်ပုံအပေါ် အများကြီး မူတည်လိမ့်မယ်။
လေ့လာတဲ့အခါ အမူအကျင့်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ပြဋ္ဌာန်းချက်တွေကို သုံးသပ်ခဲ့ပြီ။ အဲဒါတွေကို သင် ဘယ်လို ရှုမြင်သလဲ။ ယေဟောဝါရဲ့ပညတ်တွေ၊ မူတွေ၊ စံနှုန်းတွေဟာ ဖိနှိပ်ချုပ်ချယ်လွန်းတယ်လို့ သင် ယူမှတ်သွားအောင် စာတန် လှည့်စားချင်တယ်။ ဧဒင်ဥယျာဉ်မှာ ထိရောက်အောင်မြင်ခဲ့လို့ အခုထိ အဲဒီနည်းကို သူ အသုံးပြုနေတယ်။ (၄ ဥပမာ၊ သင်ဟာ သာယာတဲ့ပန်းခြံတစ်ခုမှာ လမ်းလျှောက်နေတုန်း မြေတစ်ကွက်ကို ခိုင်ခံ့မြင့်မားတဲ့ အကာအရံနဲ့ ခြံစည်းရိုးခတ်ထားတာ မြင်လိုက်တယ်။ အဲဒီခြံစည်းရိုးအတွင်းမှာ ရှုခင်း သိပ်လှတယ်။ အစပိုင်းမှာ အဲဒီခြံစည်းရိုးဟာ သင့်ရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်တယ်လို့ ယူမှတ်မိနိုင်တယ်။ ဒါပေမဲ့ ခြံစည်းရိုးအတွင်းကို အသေအချာကြည့်လိုက်တော့ ကြမ်းကြုတ်တဲ့ ခြင်္သေ့တစ်ကောင် ချောင်းနေတာ သတိပြုမိတယ်။ အဲဒီတော့မှ အကာအကွယ်ပေးဖို့ ခြံစည်းရိုးခတ်ထားမှန်း သဘောပေါက်သွားတယ်။ အခုချိန်မှာကော အန္တရာယ်ရှိတဲ့ သားရဲကြီးတစ်ကောင် သင့်ကို ချောင်းမြောင်းနေသလား။ “သတိရှိပြီး နိုးနိုးကြားကြား နေကြပါ။ ရန်သူမာရ်နတ်က ဟိန်းဟောက်နေတဲ့ ခြင်္သေ့လို တစ်ယောက်ယောက်ကို ဝါးမျိုဖို့ လှည့်လည်ရှာဖွေနေတယ်” လို့ ကျမ်းစာ သတိပေးတယ်။—၁ ပေတရု ၅:၈။
၅ စာတန်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲဖြစ်တယ်။ ယေဟောဝါဟာ ကျွန်တော်တို့ကို စာတန်ရဲ့သားကောင် မဖြစ်စေချင်တဲ့အတွက် စာတန်ရဲ့ “ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေ” ကနေ ကာကွယ်ပေးဖို့ ပညတ်တွေ ချမှတ်ပေးထားတယ်။ (ဧဖက် ၆:၁၁) ဒါကြောင့် ဘုရားရဲ့ပညတ်တွေကို ဆင်ခြင်သုံးသပ်တိုင်း ကောင်းကင်ဖခင်က ကျွန်တော်တို့ကို ချစ်လို့ ပညတ်တွေ ပေးထားတာဆိုပြီး ရှုမြင်သင့်တယ်။ အဲဒီလိုရှုမြင်တဲ့အခါ ဘုရားရဲ့ပညတ်တွေကနေ လုံခြုံမှု၊ ရွှင်လန်းမှု ခံစားရတယ်။ တပည့်ဖြစ်သူ ယာကုပ်က “လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့ ပြည့်ဝစုံလင်တဲ့ပညတ်ကို အသေအချာ ကြည့်ရှုတဲ့သူ၊ အဲဒီလို ဆက်ကြည့်ရှုနေတဲ့သူဟာ . . . ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ရေးခဲ့တယ်။—ယာကုပ် ၁:၂၅။
၆။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ ပညတ်တွေနဲ့ မူတွေကို ယုံကြည်စိတ်ချလာစေဖို့ အကောင်းဆုံးနည်းဟာ ဘာလဲ။ ဥပမာပေးပါ။
၆ ပညတ်ပြဋ္ဌာန်းရှင်ကိုသာမက အဲဒီပညတ်တွေမှာ တွေ့ရတဲ့ ဘုရားရဲ့ဉာဏ်ပညာကို ယုံကြည်စိတ်ချလာစေဖို့ အကောင်းဆုံးနည်းဟာ ဘုရားရဲ့ မိန့်မှာချက်တွေနဲ့အညီ ဂလာတိ ၆:၂။ မဿဲ ၂၈:၁၉၊ ၂၀) အတူတကွဝတ်ပြုပြီး အချင်းချင်းအားပေးဖို့ မှန်မှန်စည်းဝေးရမယ်ဆိုတဲ့ ညွှန်ကြားချက်ကိုလည်း ခရစ်ယာန်တွေ အလေးအနက် သဘောထားကြတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) ဘုရားရဲ့ မိန့်မှာချက်တွေထဲမှာ ယေဟောဝါဆီ စိတ်ရင်းမှန်နဲ့ မှန်မှန်ဆုတောင်းရမယ် ဆိုတဲ့ နှိုးဆော်ချက်လည်း ပါဝင်တယ်။ (မဿဲ ၆:၅-၈။ ၁ သက်သာလောနိတ် ၅:၁၇) ဒီမိန့်မှာချက်တွေအတိုင်း နေထိုင်တဲ့အခါ မေတ္တာပါတဲ့ လမ်းညွှန်ချက်တွေပဲဆိုတာ ပိုသဘောပေါက်လာတယ်။ အဲဒါတွေကို နာခံတဲ့အတွက် ဒုက္ခများလှတဲ့ ဒီလောကမှာ ဘယ်မှာမှ မရနိုင်တဲ့ ပျော်ရွှင်ကျေနပ်မှုကို ခံစားရတယ်။ ဘုရားရဲ့ပညတ်အတိုင်း အသက်ရှင်တဲ့အတွက် ကိုယ်တိုင် အကျိုးခံစားနေရမှန်း စဉ်းစားလိုက်တဲ့အခါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ် မဟုတ်လား။
အသက်ရှင်ခြင်း ဖြစ်တယ်။ ဥပမာ၊ “ခရစ်တော်ရဲ့တရား” မှာ ယေရှု “မိန့်မှာထားသမျှကို” သွန်သင်ပေးရမယ်ဆိုတဲ့ အမိန့် ပါဝင်တယ်။ (၇၊ ၈။ နှစ်တွေကြာလာတာနဲ့အမျှ ဖြောင့်မတ်တဲ့လမ်းစဉ်မှာ ဆက်နေနိုင်ပါ့မလားလို့ စိုးရိမ်နေသူတွေကို ကျမ်းစာက ဘယ်လို အားရှိစေသလဲ။
၇ နှစ်တွေကြာလာတာနဲ့အမျှ ယေဟောဝါရဲ့ ပညတ်တွေအတိုင်း နေဖို့ ခက်လာမှာကို တချို့ စိုးရိမ်ကြတယ်။ တစ်နည်းနည်းနဲ့ ၡုံးနိမ့်သွားမှာကို စိုးရိမ်ကြတယ်။ သင်လည်း အဲဒီလိုခံစားမိရင် ဒီစကားကို မှတ်ထားပါ– “ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။ ငါ့ပညတ်တွေကို အာရုံစိုက်မယ်ဆိုရင် မင်းတို့ဟေရှာယ ၄၈:၁၇၊ ၁၈) ဒီစကားတွေ ဘယ်လောက် အားရှိစရာကောင်းတယ်ဆိုတာ သင် စဉ်းစားဖူးသလား။
ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်လို၊ မင်းတို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လာမယ်။” (၈ နာခံမယ်ဆိုရင် အကျိုးခံစားရမယ်ဆိုတာ ဒီကျမ်းချက်က သတိရစေတယ်။ နာခံမယ်ဆိုရင် ကောင်းချီးနှစ်ခု ရမယ်လို့ ယေဟောဝါ ကတိပေးတယ်။ ပထမ၊ ကျွန်တော်တို့ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်လိုပဲ တည်ငြိမ်နေမယ်၊ အဆက်မပြတ် အလျှံပယ် ရှိနေမယ်။ ဒုတိယ၊ ကျွန်တော်တို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လိမ့်မယ်။ သင်ဟာ ကမ်းစပ်မှာရပ်ပြီး လှိုင်းလုံးတွေ ရိုက်ခတ်လာတာကို ကြည့်တဲ့အခါ တည်မြဲခြင်းသဘောကို ခံစားမိနိုင်တယ်။ လှိုင်းလုံးတွေဟာ လာမြဲလာနေပြီး ကမ်းခြေကို အစဉ်ထာဝရ ရိုက်ခတ်နေမှာ သင် သိတယ်။ သင့်ရဲ့ ဖြောင့်မတ်တဲ့လမ်းစဉ်ဟာ အဲဒီလိုပဲ တည်မြဲနိုင်တယ်လို့ ယေဟောဝါ ပြောတယ်။ ကိုယ်တော့်အပေါ် သစ္စာရှိဖို့ ကြိုးစားနေသရွေ့ သင် ၡုံးနိမ့်သွားမှာကို ကိုယ်တော် ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ (ဆာလံ ၅၅:၂၂ ကိုဖတ်ပါ။) အားရှိစရာ ဒီကတိတွေဟာ ယေဟောဝါနဲ့ ဖြောင့်မတ်တဲ့ ပြဋ္ဌာန်းချက်တွေအပေါ် ပိုပြီး ယုံကြည်စိတ်ချမှု ရှိလာစေတယ် မဟုတ်လား။
“ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းကြစို့”
၉၊ ၁၀။ (က) ရင့်ကျက်ခြင်းဟာ ခရစ်ယာန်တွေအတွက် ဘာကြောင့် သိပ်ကောင်းတဲ့ပန်းတိုင် ဖြစ်သလဲ။ (ခ) ဘုရားရဲ့ ရှုထောင့်ကနေ ကြည့်တဲ့သူဟာ ဘယ်နည်းနဲ့ ပျော်ရွှင်မှု ခံစားရသလဲ။
၉ “ရင့်ကျက်တဲ့အဖြစ်ကို တက်လှမ်းကြစို့” ဆိုတဲ့ စကားမှာ သင် လုပ်ဆောင်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ ဒုတိယကဏ္ဍကို တွေ့ရတယ်။ (ဟီဘရူး ၆:၁) ရင့်ကျက်ခြင်းဟာ ခရစ်ယာန်တစ်ဦးအတွက် သိပ်ကောင်းတဲ့ ပန်းတိုင်ပဲ။ လူသားတွေဟာ ပြည့်ဝစုံလင်မှုကို အခု မရနိုင်ပေမဲ့ ရင့်ကျက်တဲ့အဖြစ်ကိုတော့ တက်လှမ်းနိုင်တယ်။ ခရစ်ယာန်တွေဟာ ရင့်ကျက်လာလေ ယေဟောဝါရဲ့ အမှုတော်ဆောင်ခြင်းမှာ ပိုပျော်လာလေ ဖြစ်တယ်။ ဘာကြောင့်လဲ။
၁၀ ရင့်ကျက်တဲ့ ခရစ်ယာန်တစ်ဦးဟာ ဘုရားနဲ့ဆက်ဆံရေး ကောင်းတဲ့သူ ဖြစ်တယ်။ အရာရာကို ယေဟောဝါ ရှုမြင်သလို ရှုမြင်တယ်။ (ယောဟန် ၄:၂၃) “အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်တဲ့သူဟာ အပြစ်ရှိတဲ့အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်။ စွမ်းအားတော်နဲ့အညီ အသက်ရှင်တဲ့သူကတော့ စွမ်းအားတော်နဲ့ဆိုင်တဲ့ အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်” လို့ ပေါလု ရေးခဲ့တယ်။ (ရောမ ၈:၅) လူ့ရှုထောင့် ကပဲ ကြည့်တဲ့သူဟာ အတ္တဆန်တယ်၊ အမြော်အမြင် မရှိဘူး၊ ရုပ်ပိုင်းဆိုင်ရာတွေကိုပဲ အာရုံစိုက်တဲ့အတွက် ပျော်ရွှင်မှု မခံစားရဘူး။ ဘုရားရဲ့ ရှုထောင့်ကနေ ကြည့်တဲ့သူကတော့ “ပျော်ရွှင်တဲ့ဘုရား” ယေဟောဝါကို အာရုံစိုက်တဲ့အတွက် ပျော်ရွှင်မှု ခံစားရတယ်။ (၁ တိမောသေ ၁:၁၁) ရင့်ကျက်တဲ့သူဟာ ယေဟောဝါ နှစ်သက်တာကိုပဲ လုပ်ဆောင်တယ်။ စမ်းသပ်ခံရချိန်မှာတောင် ဝမ်းမြောက်နိုင်တယ်။ ဘာကြောင့်လဲ။ စမ်းသပ်မှုတွေ ကြုံရတဲ့အခါ စာတန်ဟာ မုသာကောင်ပဲဆိုတာ သက်သေထူဖို့၊ သမာဓိစောင့်သိဖို့ အခွင့်အရေး ရစေတယ်။ ဒီနည်းနဲ့ ကောင်းကင်ဖခင်ကိုလည်း စိတ်ရွှင်လန်းစေနိုင်တယ်။—ပညာအလိမ္မာ ၂၇:၁၁။ ယာကုပ် ၁:၂၊ ၃ ကိုဖတ်ပါ။
၁၁၊ ၁၂။ (က) ခရစ်ယာန်တစ်ဦးရဲ့ “ပိုင်းခြားသိမြင်နိုင်စွမ်း” အကြောင်း ပေါလု ဘာပြောသလဲ။ “လေ့ကျင့်” လို့ပြန်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ။ (ခ) ခန္ဓာကိုယ် ကြံ့ခိုင်ရင့်ကျက်ပြီး စွမ်းဆောင်နိုင်ဖို့ ဘာလေ့ကျင့်မှု လိုအပ်သလဲ။
၁၁ ဘုရားနဲ့ ဆက်ဆံရေးကောင်းသူ၊ ရင့်ကျက်သူ ဖြစ်ဖို့ လေ့ကျင့်ပေးနိုင်တယ်။ “မာတဲ့အစာကိုတော့ ရင့်ကျက်သူတွေပဲ စားတယ်။ သူတို့ဟာ ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်” ဆိုတဲ့ ကျမ်းစကားကို သုံးသပ်ကြည့်ပါ။ (ဟီဘရူး ၅:၁၄) ပေါလုက ပိုင်းခြားသိမြင်နိုင်စွမ်းကို “လေ့ကျင့်” ပေးခြင်းအကြောင်း ပြောတဲ့အခါ ပထမရာစု ဂရိနိုင်ငံရဲ့ အားကစားရုံတွေမှာ သုံးလေ့ရှိတဲ့ ဂရိစကားလုံးကို အသုံးပြုတယ်။ အဲဒီစကားလုံးကို ‘ကျွမ်းဘားသမားလို လေ့ကျင့်’ တယ်လို့ ပြန်ဆိုနိုင်တယ်။ အဲဒီလို လေ့ကျင့်ရာမှာ ဘာတွေပါဝင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။
၁၂ မွေးလာချိန်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ လေ့ကျင့် မခံရသေးဘူး။ ဥပမာ၊ မွေးစကလေးဟာ ခြေလက်လှုပ်ရှားမှု အနေအထားကို နားမလည်နိုင်သေးဘူး။ သူ့ရဲ့ လက်ကလေးတွေကို ဟိုဟိုဒီဒီ ရမ်းပြီး မျက်နှာကို ပြန်ရိုက်မိတဲ့အခါ လန့်သွားနိုင်တယ်။ ကိုယ်လက်အင်္ဂါတွေကို တဖြည်းဖြည်း အသုံးပြုရင်းနဲ့ ခန္ဓာကိုယ်ဟာ လေ့ကျင့်မှု ရလာတယ်။ နို့စို့ကလေးဟာ လေးဖက်သွားမယ်၊ လမ်းလျှောက်တတ်ခါစအရွယ်မှာ ယိုင်တီးယိုင်တိုင် လျှောက်မယ်၊ အဲဒီနောက် ပြေးလွှားတတ်လာမယ်။ * ကျွမ်းဘား သမားတစ်ဦးကော။ လေထဲ လွှားခနဲခုန်ပြီး အကွက်ကျကျ ကျွမ်းဘားအလှ ကစားပြတာကို မြင်တဲ့အခါ လူ့ခန္ဓာကိုယ်ဟာ ညက်ညောအောင် ညှိထားတဲ့ စက်နဲ့တူတယ်လို့ သင် တွေးမိမယ်။ ကျွမ်းဘားသမားရဲ့ ကျွမ်းကျင်မှုဟာ အလိုလိုဖြစ်ပေါ်လာတာ မဟုတ်ဘူး။ နာရီပေါင်းများစွာ သူ လေ့ကျင့်ခဲ့ရတယ်။ အဲဒီလို ကာယလေ့ကျင့်ခန်းလုပ်တာဟာ “အနည်းငယ်ပဲ အကျိုးရှိတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်တာဟာ ပိုလို့တောင် အကျိုးရှိတယ်။—၁ တိမောသေ ၄:၈။
၁၃။ ပိုင်းခြားသိမြင်နိုင်စွမ်းကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။
၁၃ ရင့်ကျက်သူတစ်ဦးအဖြစ် ယေဟောဝါအပေါ် သစ္စာတည်ကြည်နိုင်ဖို့ သင့်ရဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးရာမှာ အကူအညီဖြစ်စေမယ့် အကြောင်းတွေကို ဒီစာအုပ်မှာ ဆွေးနွေးခဲ့တယ်။ နေ့စဉ် ဆုံးဖြတ်ချက်တွေချတဲ့အခါ ဆုတောင်းပြီး ဘုရားရဲ့ မူတွေ၊ ပညတ်တွေကို ထည့်စဉ်းစားပါ။ ဆုံးဖြတ်ချက်ချတဲ့အခါတိုင်း ‘ဒီကိစ္စဟာ ဘယ်ကျမ်းစာမူတွေ၊ ဘယ်ပညတ်တွေနဲ့ သက်ဆိုင်သလဲ။ အဲဒါတွေကို ငါ ဘယ်လို ကျင့်သုံးနိုင်သလဲ။ ဘယ်လမ်းစဉ်လိုက်ရင် ကောင်းကင်ဖခင် နှစ်သက်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ပညာအလိမ္မာ ၃:၅၊ ၆ နဲ့ ယာကုပ် ၁:၅ ကိုဖတ်ပါ။) အဲဒီနည်းနဲ့ ဆုံးဖြတ်ချက်ချတာဟာ သင့်ရဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ထပ်ဆင့် လေ့ကျင့်ပေးနေတာ ဖြစ်တယ်။ အဲဒီလို လေ့ကျင့်ပေးမယ်ဆိုရင် ရင့်ကျက်သူတစ်ဦးအဖြစ် ဆက်ရပ်တည်နိုင်ပါလိမ့်မယ်။
၁၄။ ဘုရားနဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်နေဖို့ ဘာကို ဆာငတ်တဲ့စိတ် ရှိရမလဲ။ ဘာကိုတော့ သတိထားသင့်သလဲ။
၁၄ ရင့်ကျက်တဲ့အဖြစ်ကို ရောက်နိုင်တာမှန်ပေမဲ့ ဘုရားနဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်နေဖို့ အမြဲ လုပ်ဆောင်နေရမယ်။ ကြီးထွားခြင်းဟာ အစာပေါ် မူတည်တယ်။ ဒါကြောင့် “မာတဲ့အစာကိုတော့ ရင့်ကျက်သူတွေပဲ စားတယ်” လို့ ပေါလု ပညာအလိမ္မာ ၄:၅-၇။ ၁ ပေတရု ၂:၂) အသိပညာ၊ ဘုရားပေးတဲ့ ဉာဏ်ပညာရှိလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးသင့်ဘူး။ မာနစိတ် ဒါမှမဟုတ် တခြားအားနည်းချက်တစ်ခုခု အမြစ်စွဲပြီး မကြီးထွားလာအောင် ကိုယ့်ကိုယ်ကိုယ် ပုံမှန်စစ်ဆေးဖို့ လိုတယ်။ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲဆန်းစစ်ပါ။ ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ” လို့ ပေါလု ရေးခဲ့တယ်။—၂ ကောရိန္သု ၁၃:၅။
ဖော်ပြတယ်။ ယုံကြည်ခြင်း ခိုင်ခံ့အောင် တည်ဆောက်ရာမှာ အဓိကလိုအပ်တာကတော့ မာတဲ့အစာကို အမြဲစားနေဖို့ပဲ။ သိရှိလာတဲ့အတိုင်း ကျင့်သုံးခြင်းဟာ ဉာဏ်ပညာဖြစ်တယ်။ “ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ” လို့ ကျမ်းစာ ပြောတယ်။ ဒါကြောင့် ဘုရားသခင် ကျွေးမွေးတဲ့ အဖိုးတန်အမှန်တရားတွေကို တကယ်ဆာငတ်တဲ့စိတ် မွေးမြူဖို့ လိုတယ်။ (၁၅။ ဘုရားနဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ ဘာကြောင့် မေတ္တာ မရှိမဖြစ်လိုအပ်သလဲ။
၁၅ အိမ်တစ်လုံး ဆောက်ပြီးသွားရင်လည်း ဆက်ပြုပြင်မွမ်းမံနေရမယ်။ အခြေအနေ ပြောင်းလဲသွားလို့ တိုးချဲ့ဆောက်လုပ်ရတာလည်း ရှိမယ်။ ကျွန်တော်တို့လည်း ရင့်ကျက်လာဖို့၊ ဘုရားနဲ့ဆက်ဆံရေး ကောင်းနေဖို့ ဘာလုပ်ရမလဲ။ အရေးကြီးဆုံးက ချစ်ခြင်းမေတ္တာ ရှိဖို့ပဲ။ ယေဟောဝါနဲ့ ယုံကြည်သူချင်းတွေကို ချစ်တဲ့မေတ္တာ တိုးပွားနေရမယ်။ မေတ္တာမရှိရင် ကျွန်တော်တို့ရဲ့ အသိပညာနဲ့ လုပ်ဆောင်မှုမှန်သမျှဟာ ဘာအကျိုးမှ မရှိဘူး၊ အချည်းနှီးပဲ။ (၁ ကောရိန္သု ၁၃:၁-၃) မေတ္တာရှိရင် ရင့်ကျက်မှု ရှိလာမယ်။ ဘုရားနဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမယ်။
ယေဟောဝါပေးထားတဲ့ မျှော်လင့်ချက်ကို အာရုံစိုက်ပါ
၁၆။ ဘယ်သဘောထားမျိုးရှိအောင် စာတန် လုပ်ဆောင်နေသလဲ။ ယေဟောဝါက ဘယ်အကာအကွယ်ကို ပေးထားသလဲ။
၁၆ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ ကဏ္ဍနောက်တစ်ခုကို သုံးသပ်ကြည့်ကြစို့။ ခရစ်တော်ရဲ့ နောက်လိုက်စစ်တစ်ဦးအဖြစ် မိမိကိုယ်ကို တည်ဆောက်ပေးဖို့ သင့်ရဲ့ စဉ်းစားတွေးခေါ်ပုံကို ဂရုစိုက်ရမယ်။ ဒီလောကကို အစိုးရတဲ့မင်း စာတန်ဟာ လူတွေကို အပျက်သဘောရှိအောင်၊ အဆိုးမြင်အောင်၊ သံသယဝင်အောင်၊ စိတ်ဓာတ်ကျအောင် လုပ်ဆောင်ရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တယ်။ (ဧဖက် ၂:၂) မှိုဟာ သစ်သားအိမ်တစ်လုံးကို ဆွေးမြည့်စေသလို အဲဒီသဘောထားကလည်း ခရစ်ယာန်တစ်ဦးကို အန္တရာယ်ရှိစေတယ်။ ဝမ်းသာစရာက ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်တဲ့၊ အရေးပါတဲ့ မျှော်လင့်ချက်ကို ယေဟောဝါ ပေးထားတယ်။
၁၇။ ကျမ်းစာမှာ မျှော်လင့်ချက်ရဲ့ အရေးပါမှုကို ဘယ်လို ဖော်ပြသလဲ။
၁ သက်သာလောနိတ် ၅:၈) တိုက်ခိုက်နေချိန်မှာ သံခမောက် မဆောင်းထားရင် အသက်ရှင်နိုင်မှာ မဟုတ်မှန်း ကျမ်းစာခေတ်က စစ်သားတစ်ဦး သိတယ်။ သံခမောက်ကို အများအားဖြင့် သံထည်နဲ့လုပ်ပြီး သိုးမွေး ဒါမှမဟုတ် သားရေဦးထုပ်အပေါ် ထပ်စွပ်လေ့ရှိတယ်။ သံခမောက် ဆောင်းထားရင် ဦးခေါင်းကို ပစ်ခတ်သမျှ ပြန်ချော်ထွက်သွားတယ်။ သံခမောက်ဟာ ဦးခေါင်းကို ကာကွယ်ပေးသလို မျှော်လင့်ချက်ဟာ သင့်အတွေးအခေါ်၊ စဉ်းစားပုံကို ကာကွယ်ပေးနိုင်တယ်။
၁၇ စာတန်နဲ့ ဒီလောကကို တိုက်လှန်နိုင်ဖို့ ကျွန်တော်တို့ ဝတ်ဆင်ရမယ့် ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ကျမ်းစာမှာ ဖော်ပြတယ်။ အရေးပါတဲ့ ချပ်ဝတ်တန်ဆာတစ်ခုကတော့ “ကယ်တင်ခြင်းရမယ်ဆိုတဲ့ မျှော်လင့်ချက်” သံခမောက်ဖြစ်တယ်။ (၁၈၊ ၁၉။ မျှော်လင့်ချက် ရှင်သန်နေအောင် ထိန်းသိမ်းရာမှာ ယေရှု ဘယ်လို စံနမူနာပြခဲ့သလဲ။ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။
၁၈ မျှော်လင့်ချက် ရှင်သန်နေအောင် ထိန်းသိမ်းရာမှာ ယေရှုဟာ စံနမူနာရှင်ပဲ။ မြေကြီးအသက်တာရဲ့ နောက်ဆုံးညမှာ ယေရှု ဘာတွေ ခံခဲ့ရတယ်ဆိုတာ သတိရပါ။ ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးက ငွေရဖို့ ယေရှုကို သစ္စာဖောက်ခဲ့တယ်။ နောက်တစ်ဦးက ယေရှုကို မသိပါဘူးဆိုပြီး ငြင်းပယ်ခဲ့တယ်။ တချို့ကတော့ ယေရှုကို စွန့်ပြီး ထွက်ပြေးသွားတယ်။ တစ်နိုင်ငံတည်းသားတွေက ယေရှုကို ငြင်းပယ်ပြီး ရောမစစ်သားတွေရဲ့ လက်ချက်နဲ့ ညှဉ်းဆဲ၊ သတ်ပစ်ဖို့ တောင်းဆိုခဲ့တယ်။ ယေရှု ကြုံခဲ့ရတဲ့ စမ်းသပ်မှုတွေဟာ ကျွန်တော်တို့ ကြုံဖူးသမျှထက် ပိုပြင်းထန်တယ်လို့ဆိုရင် မမှားနိုင်ဘူး။ ခံရပ်နိုင်အောင် ယေရှုကို ဘာက ကူညီပေးခဲ့သလဲ။ “ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ခွဲခံရတာကို အရေးမစိုက်ဘဲ ဒုက္ခသစ်တိုင်ပေါ်မှာ အသေခံခဲ့တယ်။ အခု ဘုရားသခင့် ရာဇပလ္လင်ရဲ့ ညာဘက်မှာ ထိုင်နေတယ်” လို့ ဟီဘရူး ၁၂:၂ က အဖြေပေးတယ်။ ယေရှုဟာ “ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်း” ကို ဘယ်တော့မှ မျက်ခြည်မပြတ်ခဲ့ဘူး။
၁၉ ယေရှုရှေ့မှာ ဘာဝမ်းမြောက်စရာအကြောင်း ရှိခဲ့သလဲ။ ခံနိုင်ရည်ရှိမယ်ဆိုရင် ယေဟောဝါရဲ့ နာမည်ကို သန့်ရှင်းမြင့်မြတ်စေမယ်၊ စာတန်ဟာ မုသာကောင်ဖြစ်ကြောင်း အခိုင်လုံဆုံး သက်သေပြနိုင်မယ်ဆိုတာ ယေရှု သိတယ်။ အဲဒီမျှော်လင့်ချက်ထက် ယေရှုကို ပိုဝမ်းမြောက်စေတဲ့အရာ မရှိဘူး။ မိမိရဲ့ သစ္စာရှိလမ်းစဉ် ကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးမယ်၊ မကြာခင် ဖခင်နဲ့ ပြန်ဆုံစည်းရတော့မယ် ဆိုတာကိုလည်း သူ သိထားတယ်။ အခက်ခဲဆုံးအချိန် တစ်လျှောက်လုံးမှာတောင် ဒီဝမ်းမြောက်စရာ မျှော်လင့်ချက်ကို သူ အာရုံစိုက်ခဲ့တယ်။ ကျွန်တော်တို့လည်း အဲဒီလို လုပ်ရမယ်။ ကျွန်တော်တို့ရှေ့မှာလည်း ဝမ်းမြောက်စရာအကြောင်း ရှိတယ်။ ယေဟောဝါဟာ မိမိရဲ့ နာမည် သန့်ရှင်းမြင့်မြတ်စေဖို့ လုပ်ဆောင်ရာမှာ ကျွန်တော်တို့ တစ်ဦးချင်းစီကို ပါဝင်ခွင့်ပေးထားပြီး ဂုဏ်တင်တယ်။ ဘယ်လိုအခက်အခဲ၊ သွေးဆောင်မှုတွေ ကြုံရပါစေ ယေဟောဝါကို အချုပ်အခြာအာဏာပိုင်ရှင်အဖြစ် ရွေးချယ်မယ်၊ ဘုရားရဲ့မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်မယ်ဆိုရင် စာတန်ကို မုသာကောင်အဖြစ် သက်သေပြနိုင်တယ်။
၂၀။ အပြုသဘောပါတဲ့ အတွေးအခေါ်နဲ့ မျှော်လင့်ချက်ရှိစေဖို့ ဘာက ကူညီပေးနိုင်သလဲ။
၂၀ ယေဟောဝါဟာ မိမိရဲ့သစ္စာရှိကျေးကျွန်တွေကို ဆုပေးချင်ရုံသာမက ဆုပေးချင်စိတ် အလွန်ပြင်းပြတယ်။ (ဟေရှာယ ၃၀:၁၈။ မာလခိ ၃:၁၀ ကိုဖတ်ပါ။) မိမိကျေးကျွန်တွေရဲ့ မှန်ကန်တဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးချင်တယ်။ (ဆာလံ ၃၇:၄) ဒါကြောင့် ရှေ့မှာရှိတဲ့ မျှော်လင့်ချက်ကို စွဲစွဲမြဲမြဲ အာရုံစူးစိုက်ပါ။ စာတန့်စနစ်ဟောင်းရဲ့ အပျက်သဘောဆန်တဲ့၊ ယုတ်ညံ့တဲ့၊ ဖောက်ပြန်တဲ့အတွေးအခေါ်မျိုး ဘယ်တော့မှ ဝင်ခွင့်မပြုပါနဲ့။ လောကစိတ်ဓာတ် စိမ့်ဝင်လာတာကို ရိပ်မိရင် “လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ရဖို့ ယေဟောဝါဆီ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါ။ ဘုရားပေးငြိမ်သက်ခြင်းဟာ သင့်စိတ်နှလုံးနဲ့ ဉာဏ်စွမ်းကို စောင့်ရှောက်ပါလိမ့်မယ်။—ဖိလိပ္ပိ ၄:၆၊ ၇။
၂၁၊ ၂၂။ (က) “လူအုပ်ကြီး” မှာ အလွန်ကောင်းတဲ့ ဘယ်မျှော်လင့်ချက် ရှိသလဲ။ (ခ) ခရစ်ယာန်မျှော်လင့်ချက်ထဲက ဘယ်တစ်ခုကို သင် အနှစ်သက်ဆုံးလဲ။ ဘာလုပ်ဖို့ သင် ဆုံးဖြတ်ထားသလဲ။
ဗျာဒိတ် ၇:၉၊ ၁၄) စာတန်နဲ့ နတ်ဆိုးတွေ မရှိတော့တဲ့အခါ သင့်ဉာဏ်နဲ့မမီနိုင်တဲ့ စိတ်သက်သာမှုမျိုးကို ခံစားရမယ်။ တကယ်ဆိုရင် စာတန်ရဲ့ ဖောက်ပြန်တဲ့ သြဇာလွှမ်းမိုးမှုနဲ့ လွတ်ကင်းတဲ့ ဘဝမျိုး ကျွန်တော်တို့တစ်ယောက်မှ မကြုံဖူးဘူး။ အဲဒီသြဇာလွှမ်းမိုးမှု မရှိတော့တဲ့အခါ ကောင်းကင်မှာ ယေရှုနဲ့ ၁၄၄,၀၀၀ တို့ရဲ့ ညွှန်ကြားမှုအောက် ကမ္ဘာမြေကြီးကို ပရဒိသုအဖြစ် ပြောင်းလဲခွင့်ရတာ ဘယ်လောက် ဝမ်းသာစရာကောင်းလိုက်မလဲ။ ဖျားနာမှု၊ မသန်စွမ်းမှုမှန်သမျှ မရှိတော့မယ့်အချိန်၊ ချစ်ရသူတွေကို သင်္ချိုင်းမှာ ကြိုဆိုရမယ့်အချိန်၊ ဘုရားအသက်ရှင်စေချင်တဲ့အတိုင်း အသက်ရှင်ရမယ့်အချိန်ကို စောင့်မျှော်ရတာ ပီတိဖြစ်စရာပဲ။ ကျွန်တော်တို့ စုံလင်လာတာနဲ့အမျှ ပိုကြီးမားတဲ့ ဆုကျေးဇူးရဖို့ နီးသည်ထက် နီးလာမယ်။ အဲဒီဆုကျေးဇူးကတော့ ရောမ ၈:၂၁ မှာ ကတိပြုထားတဲ့ “ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ လွတ်လပ်မှု” ဖြစ်တယ်။
၂၁ သင့်မှာ အလွန်ကောင်းတဲ့ မျှော်လင့်ချက် ရှိထားတယ်။ သင်ဟာ “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာ” မယ့် “လူအုပ်ကြီး” အဝင် ဖြစ်မယ်ဆိုရင် မကြာခင် ရတော့မယ့် အသက်တာအကြောင်း စဉ်းစားကြည့်ပါ။ (၂၂ ယေဟောဝါဟာ သင် စိတ်ကူးလို့ ရနိုင်တာထက် သာလွန်တဲ့ လွတ်လပ်မှုမျိုး ရစေချင်တယ်။ အဲဒီလွတ်လပ်မှုမျိုး ရနိုင်ဖို့ နာခံမှု ရှိရမယ်။ အခုကစပြီး နေ့တိုင်း ယေဟောဝါကို နာခံမှုပြဖို့ အစွမ်းကုန် ကြိုးစားသင့်တယ် မဟုတ်လား။ ဒါကြောင့် သင်ဟာ ဘုရားရဲ့မေတ္တာကို အစဉ်ထာဝရ ခံစားရဖို့ အသန့်ရှင်းဆုံး ယုံကြည်ခြင်းကို ခိုင်ခံ့အောင် ဆက်တည်ဆောက်သွားပါ။
^ စာပိုဒ်၊ 12 ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ ခြေလက်အနေအထားကို အထူးသိရှိတဲ့အာရုံဟာ ဖွံ့ဖြိုးလာကြောင်း သိပ္ပံပညာရှင်တွေ ပြောတယ်။ ဥပမာ၊ ဒီအထူးအာရုံကြောင့် မျက်စိစုံမှိတ်ထားရင်တောင် လက်ခုပ်တီးနိုင်တယ်။ အဲဒီအာရုံ ပျက်စီးသွားတဲ့ လူနာဟာ မတ်တတ်ရပ်တာ၊ လမ်းလျှောက်တာ၊ ထိုင်တာကိုတောင် မလုပ်နိုင်တော့ဘူး။