ပညာအလိမ္မာ ၃:၁-၃၅

  • ပညာ​ရှိ​ပါ၊ ယေဟောဝါ​ကို ကိုး​စား​ပါ (၁-၁၂)

    • ယေဟောဝါ​ကို အဖိုး​တန်​ဥစ္စာတွေ​နဲ့ ဂုဏ်​တင်​ပါ ()

  • ဉာဏ်​ပညာ​က ပျော်​ရွှင်​စေ (၁၃-၁၈)

  • ဉာဏ်​ပညာ​က ဘေး​ကင်း​လုံ​ခြုံ​စေ (၁၉-၂၆)

  • သူ​တစ်ပါး​ကို အမူ​အကျင့်​ကောင်း​ပြ (၂၇-၃၅)

    • ကူညီ​နိုင်​စွမ်း​ရှိ​ရင် ကူညီ​ပါ (၂၇)

 ငါ့​သား၊ ငါ​သွန်သင်​ပေး​တာ​တွေ​ကို မမေ့​ပါ​နဲ့။ ငါ့​ပညတ်​ချက်​တွေ​ကို စိတ်​ပါ​လက်​ပါ လိုက်​နာ​တတ်​ပါ​စေ။  ၂  အဲ​ဒါ​တွေ​က မင်း​ရဲ့​နေ့​တွေ၊ နှစ်​တွေ၊ငြိမ်သက်​ခြင်း​တွေ​ကို တိုး​များ​စေ​မှာ ဖြစ်​လို့​ပဲ။+  ၃  ခိုင်​မြဲတဲ့​မေတ္တာ​နဲ့ အမှန်​တ​ရား​ကို မစွန့်​ပါ​နဲ့။+ လည်​မှာ ဆွဲ​ထား​ပါ။ နှလုံး​သား​ပေါ်​မှာ ရေး​ထား​ပါ။+  ၄  ဒါ​ဆို​ရင် ဘု​ရား​သခင်​ရှေ့၊ လူ​ရှေ့​မှာ မျက်​နှာ​သာ​ရ​ပြီးထိုး​ထွင်း​ဉာဏ် ရှိ​လာ​မယ်။+  ၅  ယေဟောဝါ​ကို စိတ်​နှလုံး​အကြွင်း​မဲ့ ယုံ​ကြည်​ကိုး​စား​ပါ။+ ကိုယ့်​ရဲ့​သိ​နား​လည်​နိုင်​စွမ်း​ကို အား​မကိုး​နဲ့။+  ၆  ဘာ​ပဲ​လုပ်​လုပ် ဘု​ရား​ကို ထည့်​စဉ်း​စား​ပါ။+ ဘု​ရား​က မင်း​ရဲ့​လမ်း​ခ​ရီးတွေ​ကို ဖြောင့်​ဖြူး​စေ​မယ်။+  ၇  ကိုယ့်​ကိုယ်​ကိုယ် ပညာ​ရှိ​တယ်​လို့ မထင်​နဲ့။+ ယေဟောဝါ​ကို ကြောက်​ရွံ့​ရို​သေပြီး မကောင်း​မှု​ကို ရှောင်​ပါ။  ၈  မင်း​ရဲ့​ခန္ဓာ* အနာ​ရော​ဂါ​ကင်း​ဝေး​ပြီးအရိုး​တွေ​လည်း အား​ပြည့်​နေ​လိမ့်​မယ်။  ၉  ကိုယ့်​မှာ​ရှိ​တဲ့ အဖိုး​တန်​ဥစ္စာတွေ၊ ရ​သမျှ သီး​ဦး​သီး​ဖျား​တွေ​ကို*+ ဆက်​သပြီးယေဟောဝါ​ကို ဂုဏ်​တင်​ပါ။+ ၁၀  ဒါ​ဆို​ရင် မင်း​ရဲ့​ကျီ​တွေ ပြည့်​နေ​လိမ့်​မယ်။+ မင်း​ရဲ့​စည်​တွေ​လည်း စ​ပျစ်​ဝိုင်​အသစ်​တွေ​နဲ့ လျှံ​နေ​လိမ့်​မယ်။ ၁၁  ငါ့​သား၊ ယေဟောဝါ​ဆုံးမ​တာ​ကို မငြင်း​ပယ်​ပါ​နဲ့။+ ဘု​ရား​ပဲ့​ပြင်​တာ​ကို မရွံ​ရှာ​ပါ​နဲ့။+ ၁၂  ဖခင်​က ချစ်​ရ​တဲ့​သား​ကို ပဲ့ပြင်​သလို+ယေဟောဝါ​က​လည်း ချစ်​ရ​တဲ့​သူ​တွေ​ကို ပဲ့​ပြင်​တတ်​တယ်။+ ၁၃  ဉာဏ်​ပညာ​ကို ရှာ​တွေ့​တဲ့​သူ​နဲ့ပိုင်း​ခြား​သိ​မြင်​နိုင်​စွမ်း​ကို ရ​ယူ​တဲ့​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ ၁၄  ဉာဏ်​ပညာ​ကို ရ​တာ​ဟာ ငွေ​ကို​ရတာ​ထက် ပို​သာ​တယ်။ ဉာဏ်​ပညာ​ကို အမြတ်ရ​တာ​ဟာ ရွှေ​ကို​ရ​တာ​ထက် ပို​သာ​တယ်။+ ၁၅  ဉာဏ်​ပညာ​ဟာ သန္တာ​ကျောက်​ထက်* အဖိုး​တန်​တယ်။ လို​ချင်​သမျှ​ထဲ​မှာ ဉာဏ်​ပညာ​နဲ့​ယှဉ်​နိုင်​တာ တစ်​ခု​မှ​မရှိ​ဘူး။ ၁၆  ဉာဏ်​ပညာ​ရဲ့ ညာ​လက်​မှာ အသက်​ရှည်​ခြင်း ရှိ​တယ်။ ဘယ်​လက်​မှာ စည်း​စိမ်​နဲ့​ဂုဏ်ကျက်​သရေ ရှိ​တယ်။ ၁၇  ဉာဏ်​ပညာ​ရဲ့ လမ်း​တွေ​ဟာ သာယာ​တယ်။ လမ်း​ခ​ရီးတွေ​ဟာ ငြိမ်း​ချမ်း​တယ်။+ ၁၈  ဉာဏ်​ပညာ​ဟာ ဆုပ်​ကိုင်​ထား​သူ​အတွက် အသက်​ပင်​ပဲ။ မလွှတ်​တမ်း ကိုင်​စွဲ​ထား​သူ​တွေ​ကို ပျော်​ရွှင်​ချမ်း​မြေ့သူ​တွေလို့ သတ်မှတ်​ကြ​လိမ့်​မယ်။+ ၁၉  ယေဟောဝါ​က ကမ္ဘာ​မြေကို ဉာဏ်​ပညာ​နဲ့ အုတ်​မြစ်​ချ​ခဲ့​တယ်။+ ကောင်း​ကင်​ကို ပိုင်း​ခြား​သိ​မြင်​မှု​နဲ့ အခိုင်​အမာ​တည်​ခဲ့​တယ်။+ ၂၀  ဘု​ရားရဲ့ အသိ​ပညာ​ကြောင့် ရေ​ထု​ကြီး အက်​ကွဲ​ပြီးအုံ့​မှိုင်း​တဲ့ ကောင်း​ကင်​က​နေ နှင်းတွေ တ​ဖွဲ​ဖွဲ​ကျ​လာ​တယ်။+ ၂၁  ငါ့​သား၊ အဲ​ဒါ​တွေ​ကို* မျက်​ခြည်​မပြတ်​စေ​နဲ့။ လက်​တွေ့​ကျ​ဉာဏ်​ပညာ​နဲ့ စဉ်းစား​ဆင်​ခြင်​နိုင်​စွမ်း​ကို ကာကွယ်​စောင့်​ရှောက်​ပါ။ ၂၂  အဲ​ဒါ​တွေ​ဟာ မင်း​ကို အသက်​ပေး​လိမ့်​မယ်။ မင်း​ရဲ့​လည်​မှာ​ဆွဲ​ထား​တဲ့ အဆင်​တန်​ဆာ ဖြစ်​လိမ့်​မယ်။ ၂၃  အဲဒီ​အခါ မင်း​ဟာ လမ်း​ခ​ရီး​မှာ ဘေး​ကင်း​လုံ​ခြုံ​စွာ လျှောက်​ရ​လိမ့်​မယ်။ ဘယ်​တော့​မှ ခ​လုတ်​တိုက်​လဲ​မှာ မဟုတ်​ဘူး။+ ၂၄  မင်း လဲ​လျောင်း​တဲ့​အခါ ဘာ​ကို​မှ ကြောက်​ရ​မှာ မဟုတ်​ဘူး။+ လဲ​လျောင်း​ပြီး နှစ်​နှစ်​ခြိုက်​ခြိုက် အိပ်​စက်​ရ​လိမ့်​မယ်။+ ၂၅  ရုတ်​တ​ရက်​ဖြစ်​ပေါ်​တဲ့ ထိတ်​လန့်​စရာ​တွေ​ကို ကြောက်​ရ​မှာ မဟုတ်​ဘူး။+ လူ​ဆိုး​တွေ​အပေါ် ကျ​ရောက်​တဲ့ မုန်တိုင်း​ကို​လည်း ကြောက်​ရ​မှာ မဟုတ်​ဘူး။+ ၂၆  ယေဟောဝါ​သာ​လျှင် မင်း ယုံကြည်​အား​ကိုး​နိုင်​တဲ့​အရှင် ဖြစ်​လိမ့်​မယ်။+ မင်း​ရဲ့​ခြေ​ကို ထောင်​ချောက်​မမိ​အောင် ကာ​ကွယ်​ပေး​လိမ့်​မယ်။+ ၂၇  လို​အပ်​နေ​သူ​တွေ​ကို ကူညီ​ပေး​နိုင်​စွမ်း​ရှိ​တယ်​ဆို​ရင်+ကူညီ​ဖို့ မတွန့်​ဆုတ်​ပါ​နဲ့။+ ၂၈  ကိုယ့်​အိမ်​နီး​ချင်း​ကို အခု​ပေး​နိုင်​လျက်​နဲ့“ပြန်​လိုက်​ဦး။ မနက်​ဖြန်​မှ လာခဲ့။ အဲဒီ​တော့​မှ ပေး​မယ်” လို့ မပြော​ပါ​နဲ့။ ၂၉  ကိုယ်​နဲ့​အတူ စိတ်​ချ​လက်​ချ နေထိုင်​တဲ့​သူ​ကိုအကောက်​ကြံ​ဖို့ မစဉ်း​စား​ပါ​နဲ့။+ ၃၀  ကိုယ့်​အပေါ် မကောင်း​တာ ဘာ​မှ​မလုပ်​တဲ့​သူ​ကို+အကြောင်း​မရှိ​ဘဲ အငြင်း​မပွား​ပါ​နဲ့။+ ၃၁  အကြမ်း​ဖက်​သူ​ကို အား​မကျ​ပါ​နဲ့။+ သူ့​လမ်း​စဉ်တွေ​ကို​လည်း မရွေး​ချယ်​ပါ​နဲ့။ ၃၂  ယေဟောဝါ​ဟာ စဉ်း​လဲ​သူ​ကို ရွံ​ရှာ​တယ်။+ ရိုး​ဖြောင့်​သူ​ကို​တော့ ခင်​မင်​ရင်း​နှီး​တယ်။+ ၃၃  ယေဟောဝါ​က လူ​ဆိုး​တွေရဲ့​အိမ်ကို ကျိန်​စာ​တိုက်​တယ်။+ ဖြောင့်​မတ်​သူ​တွေရဲ့ အိမ်​ကို​တော့ ကောင်း​ချီး​ပေး​တယ်။+ ၃၄  ကဲ့​ရဲ့​လှောင်​ပြောင်​သူ​တွေ​ကို လှောင်​ပြောင်​တယ်။+ စိတ်​နူး​ညံ့​သူ​တွေ​ကို​တော့ မျက်​နှာ​သာ​ပေး​တယ်။+ ၃၅  ဉာဏ်​ပညာ​ရှိ​သူ​တွေ​ဟာ ဂုဏ်​သိက္ခာ​ကို အမွေ​ရ​လိမ့်​မယ်။ လူ​မိုက်​တွေ​က​တော့ ဂုဏ်​သိက္ခာ​မရှိ​တာ​ကို​ပဲ အမွှမ်း​တင်​တတ်​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ချက်။”
ဒါ​မှ​မဟုတ်၊ “အကောင်း​ဆုံး​အရာတွေ​ကို။”
ခက်​ဆစ်​ကို​ကြည့်။
အထက်​ဖော်​ပြပါ ဘု​ရားရဲ့ အရည်​အသွေး​တွေ​ကို ဆိုလို​နိုင်။