၁ ပေတရု ၂:၁-၂၅

  • တ​ရား​စ​ကား​ကို အငမ်း​မရ​လို​ချင်​တဲ့​စိတ် ရှိ​ကြ​ပါ (၁-၃)

  • စွမ်း​အား​တော်​နဲ့ တည်​ဆောက်​တဲ့​အိမ်​တော်​ကို အသက်​ကျောက်​တွေ​နဲ့​ဆောက် (၄-၁၀)

  • ဒီ​လော​က​မှာ တိုင်း​တစ်​ပါး​သား​တွေ​ပါ (၁၁၊ ၁၂)

  • တော်​မှန်​တဲ့ လက်​အောက်​ခံ​ခြင်း (၁၃-၂၅)

    • ခ​ရစ်​တော်​ဟာ စံ​န​မူ​နာ (၂၁)

 ဆိုး​သွမ်း​တာ၊+ လှည့်​စား​တာ၊ သူ​တော်​ကောင်း ယောင်​ဆောင်​တာ၊ မနာ​လို မရှု​ဆိတ် ဖြစ်​တာ၊ အပုပ်​ချ​တာ​တွေ​ကို ရှောင်​ကြ​ပါ။ ၂  မိ​ခင်​နို့​ကို အငမ်း​မရ လို​ချင်​တဲ့ မွေး​ကင်း​စ ကလေး​လို+  ခင်​ဗျား​တို့​လည်း နို့​စစ်​နဲ့​တူ​တဲ့ တရား​စကား​ကို အငမ်း​မရ လို​ချင်​တဲ့​စိတ် ရှိ​ကြပါ။ ဒါ​ဆို​ရင် အဲ​ဒီ​နို့​စစ်​ကြောင့် ကြီး​ထွား​လာ​ပြီး ကယ်​တင်​ခြင်း ရ​လိမ့်​မယ်။+ ၃  သခင်​ဟာ သနား​ကြင်​နာ​တတ်​မှန်း ခင်​ဗျား​တို့ ကိုယ်​တိုင် မြည်း​စမ်း​ခဲ့​ကြ​ပြီပဲ။ ၄  လူ​တွေ ပယ်​ထား​ပေမယ့်+ ဘုရား​သခင်​အတွက် တန်​ဖိုး​ကြီး​လို့ ရွေး​ချယ်​ခံ​ခဲ့ရ​တဲ့ အသက်​ကျောက် ဖြစ်​တဲ့+ သခင်​ဆီ ခင်​ဗျား​တို့​ရောက်​လာ​ကြ​ပြီ။ ၅  အသက်​ကျောက်​တွေ ဖြစ်​တဲ့ ခင်​ဗျား​တို့​ဟာ ဘုရား​သခင့် စွမ်း​အား​တော်​နဲ့ တည်​ဆောက်​တဲ့ အိမ်​တော်​ပဲ။+ ဒါ​ကြောင့် သန့်​ရှင်း​တဲ့ ပု​ရော​ဟိတ်​အဖွဲ့ ဖြစ်​လာ​ပြီး ဘုရား​သခင် နှစ်​သက်​တဲ့ ပူဇော်​သက္ကာတွေ​ကို စွမ်း​အား​တော် လမ်း​ညွှန်​မှု​နဲ့​အညီ ယေရှု​ခရစ်​က​တစ်​ဆင့် ဆက်​သရ​လိမ့်​မယ်။+ ၆  “ရွေးချယ်​ခံ​ရ​တဲ့ ကျောက်၊ အဖိုး​တန် ထောင့်​ချုပ်​အုတ်​မြစ်​ကျောက်​ကို ဇိ​အုန်​မှာ ငါ​ချ​ထား​တယ်။ အဲ​ဒီ​ကျောက်​ကို ယုံ​ကြည်​သက်​ဝင်​သူ​ဟာ စိတ်​ပျက်​ရ​မှာ မဟုတ်​ဘူး”+ လို့ ကျမ်း​စာ​မှာ ရေး​ထား​တယ်။ ၇  ယုံ​ကြည်​သူ ခင်ဗျား​တို့​အတွက် သူ​ဟာ တန်​ဖိုး​ကြီး​လှ​ပေမဲ့ မယုံ​ကြည်​သူ​တွေ​အတွက်​တော့ “တိုက်​ကို တည်​ဆောက်​သူ​တွေ ပယ်​ထား​တဲ့ ကျောက်​ပဲ။+ ဒီ​ကျောက်​ဟာ ထိပ်​ဆုံး​က ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ပြီ။”+ ၈  “တိုက်​မိ​လဲ​စေ​တဲ့ ကျောက်၊ အတား​အဆီး ဖြစ်​စေ​တဲ့ ကျောက်​ဆောင်”+ လည်း ဖြစ်​လာ​ပြီ။ သူ​တို့​က တရား​စကား​ကို မနာ​ခံ​တဲ့​အတွက် တိုက်​မိ​လဲ​ကြ​တယ်။ သူ​တို့​လို​လူ​တွေ​ဟာ အဲ​ဒီ​လို​ပဲ ကြုံ​ရ​လိမ့်​မယ်။ ၉  ခင်​ဗျား​တို့​က​တော့ အမှောင်​ထဲ​က​နေ အံ့​ဖွယ်​အလင်း​ထဲ ခေါ်​ထုတ်​တဲ့ အရှင်​ရဲ့+ “မွန်မြတ်​တဲ့ ဂုဏ်​ရည်​တော်တွေ​ကို နေ​ရာ​အနှံ့ ဟော​ပြော​ဖို့+ ရွေး​ချယ်​ခံ​ရ​တဲ့ လူ​မျိုး၊ ပု​ရော​ဟိတ်​အဖြစ် အမှု​ထမ်း​မယ့် ဘုရင်​တွေ၊ သန့်​ရှင်း​တဲ့ လူ​မျိုး၊+ ဘု​ရား ပိုင်​ဆိုင်​တဲ့ လူ​မျိုး+ ဖြစ်​တယ်။” ၁၀  ခင်​ဗျား​တို့​ဟာ တစ်​ချိန်​တုန်း​က အဲ​ဒီ​လူ​မျိုး​အဝင် မဟုတ်​ဘူး။ အခု​တော့ ဘုရား​သခင်​ရဲ့ လူ​မျိုး ဖြစ်​ကြ​ပြီ။+ တစ်​ချိန်​တုန်း​က ကရု​ဏာ မခံ​စား​ရ​ပေမဲ့ အခု​တော့ က​ရု​ဏာ​ကို ခံ​စား​ရပြီ။+ ၁၁  ချစ်​ရ​သူ​တို့၊ ခင်​ဗျား​တို့​ဟာ ဒီ​လော​က​မှာ တိုင်း​တစ်​ပါး​သား​တွေ၊ ယာ​ယီ နေ​ထိုင်​သူ​တွေ​ပါ။+  ဒါ​ကြောင့် ခင်ဗျား​တို့​ကို ချုပ်​ကိုင်​ဖို့ တိုက်​ခိုက်​နေ​တဲ့+ အပြစ်​ရှိ​တဲ့ အလို​ဆန္ဒတွေ​ကို ရှောင်​ကြ​ဖို့+ ကျွန်​တော် တိုက်​တွန်း​ချင်​တယ်။ ၁၂  လော​က​မှာ​ရှိ​တဲ့ လူ​တွေ​ရှေ့​မှာ အမူ​အကျင့်​ကောင်း​တွေ ဆက်​ပြီး ပြကြ​ပါ။+ ဒါ​မှ လူ​တွေ​က ခင်​ဗျား​တို့​ကို လူ​ဆိုး​တွေလို့ စွပ်​စွဲ​ပြော​ဆို​တဲ့​အခါ ခင်​ဗျား​တို့​ရဲ့ ကောင်း​မွန်​တဲ့ အကျင့်​ကို မြင်​ထား​တဲ့​အတွက်+ ဘု​ရား​သခင် စစ်​ဆေး​မယ့်​နေ့​မှာ ဘု​ရား​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ​လိမ့်​မယ်။ ၁၃  သခင်​ကို ထောက်​ပြီး လူ့​အာ​ဏာ​ပိုင်​တွေ​ကို လက်​အောက်​ခံ​ကြ​ပါ။+ ကြီးမြတ်​တဲ့ ဘု​ရင်​ကို ဖြစ်​စေ၊+ ၁၄  ဘု​ရင် စေ​လွှတ်​လိုက်​တဲ့ ဘု​ရင်​ခံ​တွေ​ကို ဖြစ်​စေ လက်​အောက်​ခံ​ကြ​ပါ။ လူ​ဆိုး​တွေ​ကို ပြစ်​ဒဏ်​ပေး​ပြီး လူ​ကောင်း​တွေ​ကို ချီး​မွမ်း​ဖို့ အဲ​ဒီ​ဘု​ရင်​ခံ​ကို စေ​လွှတ်​ထား​တာ။+ ၁၅  ခင်​ဗျား​တို့​ရဲ့ ကောင်း​မွန်​တဲ့ အကျင့်​ကြောင့် ဆင်​ခြင်​ဉာဏ်​မဲ့​သူ​တွေရဲ့ မသိ​နား​မလည်​ဘဲ ပြော​တဲ့ စ​ကား​တွေ တိတ်​ဆိတ်​သွား​စေဖို့ ဘု​ရား​သခင် အလို​ရှိ​တယ်။+ ၁၆  လွတ်​လပ်​သူ​တွေ​လို ပြု​မူ​နေ​ထိုင်​ပါ။+ ဒါ​ပေမဲ့ ခင်​ဗျား​တို့​ရဲ့ လွတ်​လပ်​မှု​ကို မကောင်း​မှု ဖုံး​ကွယ်​တဲ့​အရာ​အဖြစ်* မသုံး​ကြ​ပါ​နဲ့။+ ဘု​ရား​သခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​သူ​တွေ​အဖြစ် ပြု​မူ​နေ​ထိုင်​ကြ​ပါ။+ ၁၇  လူ​အမျိုး​မျိုး​ကို လေး​စား​ကြ​ပါ။+ ညီ​အစ်​ကို​အသင်း​အပင်း တစ်​ရပ်​လုံး​ကို ချစ်​ကြ​ပါ။+ ဘု​ရား​သခင်​ကို ကြောက်​ရွံ့​ရို​သေပြီး+ ဘု​ရင်တွေ​ကို လေး​စား​ကြ​ပါ။+ ၁၈  အစေ​ခံ​တွေ​လည်း သခင်​ကို အ​ပြည့်​အဝ ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​နဲ့ လက်​အောက်​ခံ​ကြ​ပါ​စေ။+ သဘော​ကောင်း​ပြီး  အကျိုး​သင့်​အကြောင်း​သင့်​ရှိ​တဲ့ သခင်​ကို​သာ​မက အလို​မကျ​နိုင်​တဲ့ သခင်​ကို​ပါ လက်​အောက်​ခံ​ကြ​ပါ။ ၁၉  တစ်​စုံ​တစ်​ယောက်​က ဘု​ရား​သခင်​ရှေ့​မှာ အမှား​အမှန်​သိ​စိတ် ကြည်​လင်​ချင်​လို့+ အခက်​အခဲ​တွေ၊ မတရား​မှု​တွေ​ကို ခံ​ရပ်​မယ်​ဆို​ရင် ဘု​ရား​သခင်​ရဲ့ နှစ်​သက်​မှု​ကို ရ​လိမ့်​မယ်။ ၂၀  အပြစ်​လုပ်​လို့ ရိုက်​နှက်​ခံ​ရ​တယ်​ဆို​ရင် ဘာ​ချီး​မွမ်း​စ​ရာ ရှိ​လို့​လဲ။+ ကောင်း​မှု​ပြု​လို့ ဆင်း​ရဲ​ဒုက္ခ​ကို ခံ​ရပ်​နေ​ရ​တယ်​ဆို​ရင်​တော့ အဲ​ဒါ​ကို ဘု​ရား​သခင် နှစ်​သက်​တယ်။+ ၂၁  တ​ကယ်​တော့ အဲ​ဒီ​လမ်း​စဉ်​အတိုင်း လိုက်​ဖို့ ခင်​ဗျား​တို့​ကို ဘု​ရား​သခင် ရွေး​ချယ်​ထား​တာ​ပါ။  ခ​ရစ်​တော် ကိုယ်​တိုင် ခင်​ဗျား​တို့​အတွက် ဆင်း​ရဲ​ဒုက္ခ​ခံ​ပြီး+ သူ့​ခြေ​ရာ​ကို ထက်​ကြပ်​မကွာ လိုက်​လျှောက်​စေ​ဖို့ စံ​န​မူ​နာ ထား​ခဲ့​တယ်။+ ၂၂  ခ​ရစ်​တော်​ဟာ​ အပြစ်​မကျူး​လွန်​ခဲ့​ဘူး။+ လှည့်​စား​တဲ့ စ​ကား​တွေ မပြော​ခဲ့​ဘူး။+ ၂၃  စော်​ကား​ခံ​ရ​တဲ့​အခါ+ ပြန်​မစော်​ကား​ဘူး။+ ဆင်း​ရဲ​ဒုက္ခ ခံ​ရ​တဲ့​အခါ+ မခြိမ်း​ခြောက်​ဘူး။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ပေးမယ့် အရှင်​ရဲ့ လက်​ထဲ ကိုယ့်​ကိုယ်​ကိုယ် ပုံအပ်​ခဲ့​တယ်။+ ၂၄  ကျွန်​တော်​တို့​ရဲ့ အပြစ်​တွေ​ကို သူ့​ခ​န္ဓာ​ကိုယ်​မှာ သယ်​ဆောင်​ပြီး+ သစ်​တိုင်​ပေါ်​မှာ ကွပ်​မျက်​ခံ​ခဲ့​တယ်။+ ဒါ​ကြောင့် ကျွန်​တော်​တို့​ဟာ အပြစ်​နဲ့ မသက်​ဆိုင်​တော့​ဘဲ ဖြောင့်​မတ်​ရာ​ကို လုပ်​ဆောင်​ဖို့ အသက်​ရှင်​နေ​ကြ​ပြီ။ ဒါ့​အပြင် “သူ့​ဒဏ်​ရာ​တွေ​ကြောင့် ခင်ဗျား​တို့ အနာ​ရော​ဂါ ပျောက်​ကင်း​သွား​ပြီ။”+ ၂၅  ခင်​ဗျား​တို့​ဟာ လမ်း​လွဲ​တဲ့ သိုး​တွေ​လို ဖြစ်​ခဲ့​ကြ​ပေမဲ့+ အခု​တော့ ခင်​ဗျား​တို့​ရဲ့ သိုး​ထိန်း​ဆီ၊+ ကြီးကြပ်​မှူး​ဆီ ပြန်​လာ​ကြ​ပြီ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဆင်​ခြေ​ပေး​စ​ရာ​အဖြစ်။”