ဗျာဒိတ် ၇:၁-၁၇

  • ကောင်း​ကင်​တ​မန်​လေး​ပါး​က ဖျက်​ဆီး​ခြင်း​လေ​ကို ဆုပ်​ကိုင်​ထား (၁-၃)

  • ၁၄၄,၀၀၀ ကို တံ​ဆိပ်​ခတ် (၄-၈)

  • ဝတ်​လုံ​ဖြူ ဝတ်​ဆင်​ထား​တဲ့ လူ​အုပ်​ကြီး (၉-၁၇)

 ကောင်း​ကင်​တ​မန်​လေး​ပါး​က ကမ္ဘာ​မြေရဲ့ ထောင့်​လေး​ထောင့်​မှာ ရပ်​ပြီး အရပ်​လေး​မျက်​နှာ​က​နေ တိုက်​ခတ်​လာ​တဲ့ လေ​ကို တင်း​တင်း​ကျပ်​ကျပ် ဆုပ်​ကိုင်​ထား​တယ်။ မြေကြီး​ပေါ်၊ ပင်လယ်​ပေါ်၊ သစ်​ပင်​တွေ​ပေါ် လေ​တွေ လုံး​ဝ မတိုက်​ခတ်​စေ​ဖို့​ပဲ။ ၂  အဲ​ဒီ​နောက် အရှေ့​အရပ်​က​နေ ကောင်း​ကင်​တ​မန်​တစ်​ပါး တက်​လာ​တာ​ကို ကျွန်​တော် မြင်​တယ်။ သူ​က အသက်​ရှင်​တဲ့ ဘုရား​သခင်​ရဲ့ တံ​ဆိပ်​ကို ကိုင်​ထား​တယ်။ မြေကြီး​နဲ့ ပင်​လယ်​ကို ဖျက်​ဆီး​ခွင့်​ရ​ထား​တဲ့ ကောင်း​ကင်​တ​မန်​လေး​ပါး​ကို အသံ​ကျယ်​ကြီး​နဲ့ အော်​ခေါ်​ပြီး၊ ၃  “ဘု​ရား​သခင်​ရဲ့ ကျွန်​တွေ​ကို န​ဖူး​ပေါ်​မှာ ငါ​တို့ တံ​ဆိပ်​ခတ်​လို့ မပြီး​မချင်း+ မြေကြီး၊ ပင်​လယ်​နဲ့ သစ်​ပင်​တွေ​ကို မဖျက်​ဆီး​ပါ​နဲ့”+ လို့​ပြော​တယ်။ ၄  တံ​ဆိပ်​ခတ်​ခံ​ရ​သူ​တွေရဲ့ အရေ​အတွက်​ကို ကျွန်​တော် ကြား​သိ​ရ​တယ်။ အစ္စရေး​မျိုး​နွယ်​အသီး​သီး​ထဲ​က+ တံ​ဆိပ်​ခတ်​ခံ​ရ​သူ​ပေါင်း ၁၄၄,၀၀၀ ရှိ​တယ်။+ ၅  ယုဒ​အနွယ်​ထဲ​က ၁၂,၀၀၀ တံ​ဆိပ်​ခတ်​ခံ​ရ​တယ်။ရု​ဗင်​အနွယ်​ထဲ​က ၁၂,၀၀၀။ဂဒ်​အနွယ်​ထဲ​က ၁၂,၀၀၀။ ၆  အာ​ရှာ​အနွယ်​ထဲ​က ၁၂,၀၀၀။န​ဿလိ​အနွယ်​ထဲ​က ၁၂,၀၀၀။မနာ​ရှေ​အနွယ်​ထဲ​က+ ၁၂,၀၀၀။ ၇  ရှိ​မောင်​အနွယ်​ထဲ​က ၁၂,၀၀၀။လေ​ဝိအနွယ်​ထဲ​က ၁၂,၀၀၀။အိ​သခါ​အနွယ်​ထဲ​က ၁၂,၀၀၀။ ၈  ဇာ​ဗု​လုန်​အနွယ်​ထဲ​က ၁၂,၀၀၀။ယော​သပ်​အနွယ်​ထဲ​က ၁၂,၀၀၀။ဗင်​ယာ​မိန်​အနွယ်​ထဲ​က ၁၂,၀၀၀ တံဆိပ်​ခတ်​ခံ​ရ​တယ်။ ၉  အဲ​ဒီ​နောက် ကျွန်​တော်​ ကြည့်​လိုက်​တဲ့​အခါ မရေ​တွက်​နိုင်​အောင်​များ​တဲ့ လူ​အုပ်​ကြီး​တစ်​အုပ်​ကို မြင်​တယ်။ သူ​တို့​ဟာ လူ​မျိုး​တွေ၊ မျိုး​နွယ်​တွေ၊ လူ​စု​တွေ၊ ဘာ​သာ​စ​ကား​အမျိုး​မျိုး ပြော​ဆို​သူ​တွေ​ထဲ​က ထွက်​လာ​သူ​တွေ​ပဲ။+ ရာ​ဇ​ပလ္လင်​နဲ့ သိုး​သငယ်​ရှေ့​မှာ ရပ်​နေ​ပြီး ဝတ်​လုံ​ဖြူ ဝတ်​ဆင်​ထား​တယ်။+ စွန်​ပလွံ​ခက်​တွေ ကိုင်​ထား​တယ်။+ ၁၀  သူ​တို့​က “ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​နေ​တဲ့ ဘုရား​သခင်​နဲ့+ သိုး​သငယ်​ရဲ့ ကျေး​ဇူး​တော်​ကြောင့် ငါ​တို့ ကယ်​တင်​ခြင်း​ရ​တာ”+ ဆို​ပြီး တစ်​ခဲ​နက် ကြွေး​ကြော်​ကြ​တယ်။ ၁၁  ရာ​ဇ​ပလ္လင်​ပတ်​လည်​မှာ၊ အကြီး​အကဲ​တွေ​နဲ့+ သတ္တ​ဝါ​လေး​ပါး​ရဲ့ ပတ်​လည်​မှာ ရပ်​နေ​တဲ့ ကောင်း​ကင်​တ​မန်​အား​လုံး​က ပလ္လင်​ရှေ့​မှာ ပျပ်​ဝပ်​ပြီး ဘု​ရား​သခင်​ကို ကိုး​ကွယ်​ကြ​တယ်။ ၁၂  “အာ​မင်၊* ဘု​ရား​သခင်​က ချီး​မွမ်း​ခြင်း၊ ဘုန်း​အသရေ၊ ဉာဏ်​ပညာ၊ ကျေး​ဇူး​တော်​ ချီး​မွမ်း​ခြင်း၊ ဂုဏ်​အသရေ၊ အစွမ်း​ခွန်​အား​နဲ့ အစွမ်း​သတ္တိ​ကို အစဉ်​ထာ​ဝ​ရ ရ​ရှိ​ပါ​စေ။+ အာ​မင်” လို့ ပြော​ဆို​ကြ​တယ်။ ၁၃  အကြီး​အကဲ​တွေ​ထဲ​က တစ်​ယောက်​က “ဝတ်​လုံ​ဖြူ ဝတ်​ဆင်​ထား​တဲ့ အဲ​ဒီ​လူ​တွေ​ဟာ+ ဘယ်​သူ​တွေ​လဲ။ ဘယ်​က လာ​ကြ​တာ​လဲ” လို့​မေး​တော့၊ ၁၄  ကျွန်​တော်​က “သခင် သိ​ပါ​တယ်”​ လို့​ ချက်​ချင်း​ပဲ​ ဖြေလိုက်​တယ်။ အဲဒီ​အခါ သူ​က “ဒီ​လူ​တွေ​ဟာ ကြီး​စွာ​သော​ဒုက္ခ​က​နေ+ လွတ်​မြောက်​လာ​သူ​တွေ​ပဲ။ သူ​တို့​ရဲ့​ဝတ်​လုံ​ကို သိုး​သငယ်​ရဲ့​သွေး​နဲ့ ဖြူ​အောင် လျှော်​ဖွပ်​ခဲ့​ကြ​ပြီ။+ ၁၅  ဒါ​ကြောင့် ဘု​ရား​သခင်​ရဲ့ ရာ​ဇ​ပလ္လင်​ရှေ့​မှာ သူ​တို့ ရောက်​နေ​တာ။ ဗိမာန်​တော်​မှာ ဘု​ရား​သခင်​အ​တွက် နေ့​ည​မပြတ် အမှု​ဆောင်​နေ​ကြ​တာ။ ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​နေ​တဲ့​အရှင်​က+ သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​လိမ့်​မယ်။*+ ၁၆  သူ​တို့ ဘယ်​တော့​မှ ဆာ​လောင်​မှာ၊ ရေ​ငတ်​မှာ မဟုတ်​ဘူး။ ချစ်​ချစ်​တောက် အပူ​ဒဏ်​နဲ့ နေ​ဒဏ်​ကို ခံ​ရ​မှာ မဟုတ်​ဘူး။+ ၁၇  ရာ​ဇ​ပလ္လင်​နား​မှာ​ ရှိ​နေ​တဲ့ သိုး​သငယ်​က+ သူ​တို့​ကို ထိန်း​ကျောင်း​ပြီး+ အသက်​စမ်း​ရေ​ဆီ+ ပို့​ဆောင်​ပေး​မှာ ဖြစ်​လို့​ပဲ။ ဘု​ရား​သခင်​က သူ​တို့​ရဲ့ မျက်​ရည်တွေ​ကို သုတ်​ပေး​လိမ့်​မယ်”+ ဆို​ပြီး ကျွန်​တော့်​ကို​ ပြော​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
ဒါ​မှ​မဟုတ်၊ “မိမိ​ရဲ့​တဲ​ကို သူ​တို့​အပေါ် ဖြန့်​မိုး​လိမ့်​မယ်။”