မဿဲ ၂၈:၁-၂၀

  • ယေရှု ရှင်​ပြန်​ထ​မြောက် (၁-၁၀)

  • လိမ်​ညာ​ပြော​ဖို့ စစ်​သား​တွေ​ကို လာဘ်​ထိုး (၁၁-၁၅)

  • တ​ပည့်​ဖြစ်​စေ​ဖို့ တာဝန်​ပေး (၁၆-၂၀)

၂၈  ​ဥပုသ်​နေ့​အကုန် သီတင်း​ပတ်​ရဲ့ ပထမ​နေ့ မိုး​လင်း​ခါ​စ​မှာ မာရိ​နဲ့ မာဂဒလ​မာရိ​က သင်္ချိုင်း​ဂူ​ကို သွား​ကြည့်​တယ်။+ ၂  အဲဒီ​အချိန်​မှာ အကြီး​အကျယ် ငလျင်​လှုပ်​တယ်။ ယေဟောဝါ​ရဲ့* ကောင်းကင်​တမန်​က ကောင်းကင်​က​နေ ဆင်း​လာ​တယ်။ ဂူဝ​မှာ ပိတ်​နေ​တဲ့ ကျောက်​တုံး​ကြီး​ကို လှိမ့်​ဖယ်​ပြီး အဲဒီ​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​တယ်။+ ၃  သူ့​ပုံစံ​က လျှပ်​စီး​လက်​သလို တောက်​ပနေ​တယ်။ အဝတ်​ဟာ နှင်း​လို ဖြူ​ဖွေး​နေ​တယ်။+ ၄  အစောင့်​စစ်သည်​တွေ ကြောက်​ဒူး​တုန်​ပြီး ကြက်သေ​သေ​နေ​ကြ​တယ်။ ၅  ကောင်းကင်​တမန်​က အမျိုး​သမီး​တွေ​ကို “မကြောက်​ပါ​နဲ့။ သစ်​တိုင်​ပေါ်​မှာ ကွပ်​မျက်​ခံ​ရ​တဲ့ ယေရှု​ကို ခင်ဗျား​တို့ ရှာ​နေ​မှန်း ကျွန်တော် သိ​တယ်။+ ၆  သူ ဒီ​နေ​ရာ​မှာ မရှိ​ဘူး။ သူ​ပြော​ခဲ့​တဲ့​အတိုင်း​ပဲ အသက်​ပြန်​ရှင်​လာ​ပြီ။+ အလောင်း​ထား​တဲ့​နေ​ရာ​ကို လာ​ကြည့်​ပါ။ ၇  ‘သူ သေ​ရာ​က​နေ အသက်​ပြန်​ရှင်​လာ​ပြီ။ ဂါလိလဲ​နယ်​ကို အရင် သွား​နှင့်​ပြီ။+ အဲဒီ​မှာ သူ့​ကို တွေ့​ရ​လိမ့်​မယ်’ ဆို​ပြီး တပည့်တွေ​ကို အမြန် သွား​ပြော​လိုက်။ ဒီ​အကြောင်း ပြော​ဖို့ ကျွန်တော် လာခဲ့​တာ” လို့ ပြော​တယ်။+ ၈  အမျိုး​သမီး​တွေ​က သင်္ချိုင်း​ဂူ​က​နေ အမြန် ထွက်​သွား​တယ်။ သူတို့ ကြောက်​နေ​ပေမဲ့ တပည့်တွေ​ကို ပြော​ပြဖို့ ဝမ်းသာ​အားရ ပြေး​သွား​တယ်။+ ၉  သူတို့​ကို တွေ့​တဲ့​အခါ ယေရှု​က “မင်္ဂလာ​ပါ” လို့ နှုတ်​ဆက်​တယ်။ သူတို့​လည်း ယေရှု​အနား​ကို သွား၊ ခြေ​ထောက်​ကို ဖက်​ပြီး ဦး​ညွှတ်​ကြ​တယ်။ ၁၀  ယေရှု​က “မကြောက်​ပါ​နဲ့။ ဂါလိလဲ​နယ်​ကို သွား​ဖို့ ကျွန်တော့်​ညီ​အစ်ကို​တွေ​ကို ပြော​လိုက်​ပါ။ အဲဒီ​မှာ ကျွန်​တော့်​ကို တွေ့​ရ​လိမ့်​မယ်” လို့ ပြော​တယ်။ ၁၁  အဲဒီ​အမျိုး​သမီး​တွေ သွား​နေ​တုန်း အစောင့်​စစ်​သည်​တချို့​က+ မြို့​ထဲ ဝင်​ပြီး ပုရော​ဟိတ်​ကြီး​တွေ​ကို ဖြစ်​ကြောင်း​ကုန်​စင် ပြော​ပြတယ်။ ၁၂  ပုရော​ဟိတ်​ကြီး​တွေ​က အကြီး​အကဲ​တွေ​နဲ့ တိုင်ပင်​တယ်။ အဲဒီ​နောက် စစ်​သည်​တွေ​ကို ငွေ​တွေ ပုံ​ပေး​ပြီး၊ ၁၃  “‘ည​မှာ ကျွန်တော်​တို့ အိပ်​ပျော်​နေ​တုန်း သူ့​တပည့်တွေ အလောင်း​ကို လာ​ခိုး​သွား​တယ်’+ လို့ ပြော​ကြ။ ၁၄  ဒီ​သတင်း ဘုရင်​ခံ​နား​ထဲ ပေါက်​ကြား​သွား​ရင် မင်းတို့ အမှု​မပတ်​အောင် ကျုပ်​တို့ ကြည့်​ပြော​ပေး​မယ်” လို့ မှာ​တယ်။ ၁၅  စစ်​သည်​တွေ​လည်း ငွေ​ကို ယူ​ပြီး မှာ​ထား​တဲ့​အတိုင်း ပြော​ကြ​တယ်။ ဂျူး​တွေ​အလယ်​မှာ အဲဒီ​သတင်း ပျံ့​သွား​တာ ဒီနေ့​အထိ​ပဲ။ ၁၆  တပည့် ၁၁ ယောက်​က​တော့ ယေရှု ချိန်း​ထား​တဲ့​အတိုင်း ဂါလိလဲ​နယ်​မှာ​ရှိ​တဲ့+ တောင်​ပေါ်​ကို သွား​ကြ​တယ်။+ ၁၇  ယေရှု​ကို တွေ့​တဲ့​အခါ တပည့်တွေ ဦး​ညွှတ်​ကြ​တယ်။ တချို့​က​တော့ သံသယ​ဝင်​နေ​တယ်။ ၁၈  ယေရှု​က တပည့်တွေ​အနား သွား​ပြီး “ကောင်းကင်​မှာ​ရော မြေကြီး​မှာ​ပါ အခွင့်​အာဏာ ရှိ​သမျှ​ကို ကျွန်တော့်​ကို ပေး​ထား​ပြီ။+ ၁၉  ဒါ​ကြောင့် လူမျိုး​တကာ​ဆီ+ သွား​ပြီး လူ​တွေ​ကို ကျွန်​တော့်​တပည့် ဖြစ်​လာ​အောင် သွန်သင်​ပေး​ကြ​ပါ။ အဖဘုရားရဲ့ နာမည်၊ သား​တော်ရဲ့ နာမည်၊ သန့်​ရှင်း​သော စွမ်းအား​တော်ရဲ့ နာမည်​နဲ့ နှစ်ခြင်း​ပေး​ကြ​ပါ။+ ၂၀  ကျွန်တော် မိန့်မှာ​ထား​သမျှ​ကို လိုက်​နာ​ဖို့ သွန်သင်​ပေး​ကြ​ပါ။+ လောက​စနစ်​နိ​ဂုံး​ပိုင်း*+ အထိ ခင်ဗျား​တို့​နဲ့​အတူ ကျွန်​တော် အမြဲ ရှိ​နေ​မယ်” လို့ ပြော​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။