နောက်ဆက်တွဲ
သွေးအပိုင်းအစတွေနဲ့ ခွဲစိတ်ကုသနည်းတွေ
သွေးအပိုင်းအစတွေ။ သွေးအပိုင်းအစတွေဟာ အဓိက သွေးအစိတ်အပိုင်း လေးခုဖြစ်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား၊ သွေးရည်ကြည်ကနေ ထုတ်ယူထားတာ ဖြစ်တယ်။ ဥပမာ၊ သွေးနီဥထဲမှာ ပရိုတင်းဟီမိုဂလိုဗင် ပါဝင်တယ်။ လူနဲ့ တိရစ္ဆာန်ရဲ့ ဟီမိုဂလိုဗင်ကနေ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ပြင်းထန်တဲ့ သွေးအားနည်းရောဂါသည်တွေ ဒါမှမဟုတ် သွေးအမြောက်အမြား ဆုံးၡုံးသူတွေကို ကုသရာမှာ အသုံးပြုတယ်။
ရေ ၉၀ ရာခိုင်နှုန်း ပါဝင်တဲ့ သွေးရည်ကြည်ဟာ သတ္တုဓာတ်နဲ့ သကြားဓာတ်အပါအဝင် ဟော်မုန်း၊ အဇီဝမူလဆား၊ အင်ဇိုင်း၊ အာဟာရဓာတ် အမြောက်အမြားကို သယ်ဆောင်ပေးတယ်။ သွေးရည်ကြည်ဟာ သွေးခဲစေတဲ့ ပစ္စည်းတွေ၊ ရောဂါတိုက်ထုတ်ပေးတဲ့ ပဋိပစ္စည်းတွေ၊ အယ်လဗျူမင်လိုမျိုး ပရိုတင်းတွေကိုလည်း သယ်ဆောင်ပေးတယ်။ လူတစ်ဦး ရောဂါကူးစက်ခံရရင် ဆရာဝန်တွေက ရောဂါပြီးသူတွေရဲ့ သွေးရည်ကြည်ကနေ ထုတ်ယူထားတဲ့ ဂမ္မာဂလိုဗျူလင်ကို ထိုးဖို့ ညွှန်ကြားမယ်။ သွေးဖြူဥကနေ ဗိုင်းရပ်စ်ကြီးထွားမှုကို ဟန့်တားတဲ့ ပစ္စည်းတွေ၊ သွေးဆဲလ်ထုတ်လုပ်ခြင်းနဲ့ ရောဂါပြီးခြင်းလုပ်ငန်းတချို့ကို ထိန်းချုပ်တဲ့ ပရိုတင်းတွေ ထုတ်ယူနိုင်ပြီး ဗိုင်းရပ်စ်ကူးစက်ရောဂါနဲ့ ကင်ဆာရောဂါတချို့ကို ကုသဖို့ သုံးကြတယ်။
သွေးအပိုင်းအစတွေ ပါဝင်တဲ့ ဆေးကုထုံးတွေကို ခရစ်ယာန်တွေ လက်ခံသင့်သလား။ ဒါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ တိတိကျကျ မဖော်ပြထားတဲ့အတွက် တစ်ဦးစီဟာ ကိုယ့်ရဲ့ အမှားအမှန်သိစိတ်နဲ့အညီ ဘုရားရှေ့ ဆုံးဖြတ်ချက် ချရမယ်။ တချို့က အစ္စရေးလူမျိုးကို ဘုရားပေးတဲ့ပညတ်မှာ တိရစ္ဆာန်ရဲ့သွေးကို “မြေပေါ် သွန်ပစ်ပါ” လို့ တောင်းဆိုထားတာတရားဟောရာ ၁၂:၂၂-၂၄) တချို့ကတော့ ပကတိသွေးနဲ့ အဓိက သွေးအစိတ်အပိုင်းတွေ သွင်းတာကို ငြင်းပယ်ပေမဲ့ အပိုင်းအစတစ်ခု ပါဝင်တဲ့ ကုထုံးကို လက်ခံမယ်။ သွေးကနေ ထုတ်ယူတဲ့ သွေးအပိုင်းအစတွေဟာ သွေးထုတ်ယူလိုက်တဲ့ သတ္တဝါရဲ့အသက်ကို ကိုယ်စားမပြုတော့ဘူးလို့ သူတို့ ဆင်ခြင်ကြမယ်။
ကို သုံးသပ်ပြီး သွေးအပိုင်းအစအားလုံးကို ငြင်းပယ်မယ်။ (သွေးအပိုင်းအစတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရာမှာ အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ– သွေးအပိုင်းအစအားလုံးကို ငြင်းပယ်တာဟာ ရောဂါတိုက်ဖျက်ရေးပစ္စည်းတွေ ပါဝင်တဲ့ဆေးတွေ ဒါမှမဟုတ် သွေးတိတ်စေဖို့ သွေးခဲစေတဲ့ဆေးတွေကိုလည်း ငြင်းပယ်ရာရောက်မှန်း ငါ သဘောပေါက်သလား။ သွေးအပိုင်းအစတစ်ခု ဒါမှမဟုတ် တချို့ အသုံးပြုခြင်းကို ဘာကြောင့် လက်မခံကြောင်း ဒါမှမဟုတ် လက်ခံကြောင်း ဆရာဝန်ကို ငါ ရှင်းပြနိုင်သလား။
ခွဲစိတ်ကုသနည်းတွေ။ သွေးကျဲစေခြင်းနဲ့ ဆဲလ်ဆယ်ထုတ်ခြင်းတို့ ပါဝင်တယ်။ သွေးကျဲစေခြင်းမှာ သွေးကို ခန္ဓာကိုယ်ကနေ လွှဲပေးထားပြီး သွေးထုထည်ချဲ့ ဆေးရည် ထည့်ပေးတယ်။ ပြီးတော့ လွှဲထားတဲ့သွေးကို လူနာဆီ ပြန်သွင်းပေးတယ်။ ဆဲလ်ဆယ်ထုတ်ခြင်းမှာ ခွဲစိတ်နေချိန် ထွက်လာတဲ့သွေးကို သိမ်းထားပြီး ပြန်သွင်းပေးတာ ဖြစ်တယ်။ ဒဏ်ရာ ဒါမှမဟုတ် ကိုယ်ခန္ဓာကနေ ထွက်တဲ့သွေးကို သန့်စင်စစ်ထုတ်ပြီးနောက် လူနာဆီ ပြန်သွင်းပေးတယ်။ ဒီနည်းတွေသုံးပြီး ကုသရာမှာ ဆရာဝန်တစ်ဦးနဲ့ တစ်ဦး မတူနိုင်တဲ့အတွက် ခရစ်ယာန်တစ်ဦးဟာ မိမိရဲ့ဆရာဝန် ဘယ်လို လုပ်ဆောင်မယ်ဆိုတာ သိထားသင့်တယ်။
ဒီကုထုံးတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာမှာ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့သွေးတချို့ကို ခန္ဓာကိုယ်ပြင်ပ လွှဲပြောင်းထားပြီး သွေးလည်ပတ်မှု တစ်ခဏ ရပ်တန့်နေတရားဟောရာ ၁၂:၂၃၊ ၂၄) ‘ကုသနေချိန်အတွင်း ငါ့သွေးတချို့ကို ထုတ်ယူ၊ ပြုပြင်မွမ်းမံပြီး ခန္ဓာကိုယ်ထဲ ပြန်စီးဝင်စေမယ်ဆိုရင် ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ကို အနှောင့်အယှက်ဖြစ်စေမလား။ ငါ့သွေးကို အသုံးပြုတဲ့ ဆေးကုထုံးအားလုံးကို ငြင်းပယ်တာဟာ သွေးစစ်ခြင်း၊ ဟီမိုဒိုင်ယာလစ်စစ် (သွေးကို စက်အတွင်း လည်ပတ်သန့်စင်ပြီး ကျောက်ကပ်ဆေးခြင်း)၊ နှလုံး-အဆုတ်စက်ကို အသုံးပြုခြင်း စတဲ့ ကုထုံးတွေကိုလည်း ငြင်းပယ်တာဖြစ်ကြောင်း သဘောပေါက်သလား။’
မယ်ဆိုရင်တောင် အဲဒီသွေးဟာ ငါ့အစိတ်အပိုင်း ဖြစ်နေသေးတယ်၊ “မြေပေါ်မှာ သွန်” ဖို့ မလိုအပ်ဘူးလို့ ငါ့ရဲ့ အမှားအမှန်သိစိတ်က ခွင့်ပြုမလား။’ (ခရစ်ယာန်တစ်ဦးဟာ ခွဲစိတ်ကုသမှု ခံယူနေချိန်မှာ မိမိသွေးကို ဘယ်လိုလုပ်ဆောင်ဖို့ ခွင့်ပြုမယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ ဆေးစစ်မှုတွေ၊ မိမိရဲ့သွေးအနည်းငယ်ကို ထုတ်ယူ၊ ပြုပြင်သန့်စင်ပြီး ပြန်သွင်းပေးခြင်း ပါဝင်တဲ့ လက်ရှိကုထုံးတွေနဲ့ပတ်သက်ရင်လည်း အလားတူပဲ။