မာတိကာဆီ ကျော်သွား

သွေးသွင်း​ခြင်းနဲ့​ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘယ်လို​ဖော်ပြ​ထားသလဲ

သွေးသွင်း​ခြင်းနဲ့​ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘယ်လို​ဖော်ပြ​ထားသလဲ

သမ္မာကျမ်းစာ​ဖြေဆို​ရာ

သမ္မာကျမ်းစာမှာ သွေး​မစားဖို့ ပညတ်​ပေးထား​ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ပကတိ​သွေး​နဲ့ သွေးရဲ့​အဓိက​အစိတ်အပိုင်း​တွေကို စားတာ​ပဲ​ဖြစ်ဖြစ်၊ သွင်း​တာ​ပဲ​ဖြစ်ဖြစ် လက်မခံကြ​ပါဘူး။ အောက်ပါ ကျမ်းချက်တွေကို သုံးသပ်​ကြည့်ပါ။

  • ကမ္ဘာဦး ၉:၄ဘုရားသခင်ဟာ ရေလွှမ်းမိုး​ပြီးတဲ့နောက်မှာ တိရစ္ဆာန်ရဲ့​အသားကို အစားအစာ​အဖြစ်​စားဖို့ နောဧ​နဲ့​သူ့​မိသားစုကို ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင် နောဧကို ဒီလို​ပြောတယ်- “အသက်​တည်းဟူသော​အသွေး​နှင့်​တကွ အသားကို​မစား​ရ။” အဲဒီ​အချိန်​က​စပြီး ဒီ​ပညတ်​က လူသား​အားလုံး​နဲ့ သက်ဆိုင်​လာ​ပါတယ်။ ဘာကြောင့်လဲ​ဆိုတော့ ကျွန်ုပ်တို့အား​လုံး​ဟာ နောဧ​ဆီက ဆင်းသက်​လာတဲ့​အတွက်​ဖြစ်တယ်။

  • ဝတ်ပြုရာ ၁၇:၁၄“သင်တို့သည် တစ်စုံတစ်ခု​သော ကိုယ်ခန္ဓာ​၏​အသွေးကို မစား​ရ​ဟု အစ္စရေး​အမျိုးသား​တို့အား ငါ​အမိန့်တော်​ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာ​အသက်သည် အသွေး​၌​တည်​သောကြောင့် အသွေးကို​စား​သောသူ​မည်​သည်​ကား ပယ်ရှားခြင်း​ကို​ခံရမည်။” အသက်​က သွေး​ဖြစ်တယ်၊ ကိုယ်တော်နဲ့​ပဲ ဆိုင်တဲ့​အရာ​ဖြစ်တယ်လို့ ဘုရားသခင် ရှုမြင်တယ်။ ဒီ​ပညတ်​က အစ္စရေး​လူမျိုးကို​ပဲ ပေးခဲ့တဲ့ ပညတ်​ဆိုပေမဲ့ သွေး​စားတာ​ကို တားမြစ်​တဲ့​ပညတ်​နဲ့​ပတ်သက်ပြီး ဘုရားသခင် ဘယ်လောက် အလေးအနက်​ထားတယ်​ဆိုတာ ပေါ်လွင်​နေပါတယ်။

  • တမန်တော် ၁၅:၂၀ခ​မ။ “သွေး​စားသုံးခြင်း​ကို ရှောင်ရှား​ကြ။” ဘုရားသခင်ဟာ ခရစ်ယာန်တွေကို နောဧကို​ပေးခဲ့တဲ့​ပညတ်ကို​ပဲ ပြန်ပေး​ပါတယ်။ ကနဦး​ခရစ်ယာန်တွေဟာ သွေး​စားဖို့၊ သွေး​ကို ဆေး​အဖြစ်​သုံးဖို့ ငြင်းဆို​ခဲ့​ကြတယ်​ဆိုတဲ့ သမိုင်း​အထောက်အထား​တွေ ရှိပါတယ်။

သွေး​ကို​ကြ​ဉ်​ရှောင်​ဖို့ ဘုရားသခင်က ကျွန်ုပ်တို့ကို ဘာကြောင့်​ပညတ်​ပေးတာလဲ

သွေးသွင်း​ခြင်းက ကျန်းမာရေး​ကို​ထိခိုက်​နိုင်တယ်​ဆိုတဲ့ ဆေး​ဘက်​ဆိုင်ရာ အထောက်အထား​တွေ ရှိပါတယ်။ ပို​အရေးကြီးတာက သွေးဟာ ဘုရားသခင်အတွက် သန့်ရှင်း​မြင့်မြတ်တဲ့​အရာကို ကိုယ်စား​ပြုလို့ ဖြစ်တယ်။ ဒါကြောင့် ကိုယ်တော်​က သွေး​ကို​ကြ​ဉ်​ရှောင်​ဖို့ မိန့်မှာ​ခြင်း ဖြစ်တယ်။–ဝတ်ပြုရာ ၁၇:၁၁; ကောလောသဲ ၁:၂၀