ဧဖက် ၂:၁-၂၂

  • ခ​ရစ်​တော်​နဲ့​အတူ အသက်​ရှင်​စေ (၁-၁၀)

  • ခြား​ထား​တဲ့ တံ​တိုင်း​ကို ဖြို​ဖျက် (၁၁-၂၂)

 အဲဒီ​အပြင် ကျူး​လွန်​မှု​တွေ၊ အပြစ်​တွေ​ကြောင့် လူ​သေတွေ​လို ဖြစ်​ခဲ့​တဲ့ ခင်​ဗျား​တို့​ကို ဘု​ရား​သခင် အသက်​ရှင်​စေ​တယ်။+ ၂  ခင်​ဗျား​တို့​ဟာ တစ်​ချိန်​က ဒီ​လော​က​စ​နစ်​ရဲ့ လမ်း​စဉ်​အတိုင်း၊+ လေ​လို​ပျံ့​နေ​တဲ့ စိတ်​ဓာတ်​ကို ထိန်း​ချုပ်​ထား​သူ​ရဲ့+ အလို​ဆန္ဒ​အတိုင်း လျှောက်​လှမ်း​ခဲ့​ကြ​တယ်။ အဲ​ဒီ​စိတ်​ဓာတ်​ဟာ+ နာ​ခံ​မှု​မရှိ​သူ​တွေ​ဆီ​မှာ ရှင်​သန်​လှုပ်​ရှား​နေ​တယ်။ ၃  ကျွန်​တော်​တို့​အား​လုံး​လည်း သူ​တို့​လို​ပဲ တစ်​ချိန်​က အပြစ်​ရှိ​တဲ့ အလို​ဆန္ဒ​အတိုင်း ကျင့်​ကြံ​ပြု​မူ​ခဲ့​ကြ​တယ်။+ ကိုယ့်​အလို​ဆန္ဒ​အတိုင်း၊ ကိုယ့်​အထင်​အတိုင်း လုပ်​ခဲ့​ကြ​တယ်။+ ကျွန်​တော်​တို့​ဟာ မွေး​လာ​က​တည်း​က တ​ခြား​သူ​တွေ​လို​ အမျက်​တော်​ခံ​ရ​မယ့်  သား​သမီး​တွေ​ပဲ။+ ၄  ဒါ​ပေမဲ့  က​ရု​ဏာ​ကြီး​မား​လှ​တဲ့ ဘုရား​သခင်​က+ ကျွန်​တော်​တို့​ကို သိပ်​ချစ်​တဲ့​အတွက်၊+ ၅  ပြစ်​မှား​မှု​တွေ​ကြောင့် လူ​သေတွေ​လို ကျွန်​တော်​တို့ ဖြစ်​နေ​ချိန်​မှာ​တောင် ခ​ရစ်​တော်​နဲ့​အတူ အသက်​ရှင်​စေ​ပြီ။+  မဟာ​က​ရု​ဏာ​တော်​ကြောင့် ခင်​ဗျား​တို့ ကယ်​တင်​ခံ​ရ​ပြီ။ ၆  အဲ​ဒီ​အပြင် ခ​ရစ်​တော်​ယေရှု​နဲ့ ကျွန်​တော်​တို့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​နေ​လို့ ဘု​ရား​သခင်​က ကျွန်​တော်​တို့​ကို အသက်​ရှင်​စေ​ပြီး​နောက် ကောင်း​ကင်​မှာ ခ​ရစ်​တော်​နဲ့​အတူ နေ​ရာ​ပေး​တယ်။+ ၇  အဲ​ဒီ​လို​လုပ်​တာ​က ခ​ရစ်​တော်​ယေရှု​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​နေ​တဲ့ ကျွန်​တော်​တို့​ကို နောင်​လာ​မယ့် လော​က​စ​နစ်​တွေ* ကျ​ရင် မျက်​နှာ​သာ​ပေး​ပြီး  မဟာ​က​ရု​ဏာ​တော်​ကို ရက်ရက်ရောရော ပြနိုင်​ဖို့​ပဲ။ ၈  အဲ​ဒီ​မဟာ​က​ရု​ဏာ​တော်​ကြောင့် ခင်​ဗျား​တို့​ဟာ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခံ​ရ​ပြီ။+ ဒါ​ဟာ ကိုယ်​လုပ်​လို့  ကိုယ်​ရ​တဲ့​အရာ  မဟုတ်​ဘူး။ ဘုရား​သခင်​ပေး​တဲ့  ဆု​လက်​ဆောင်​ပဲ။ ၉  ကိုယ်​လုပ်​လို့ ကိုယ်​ရ​တဲ့​အရာ မဟုတ်​တဲ့​အတွက်+ ဘယ်​သူ​မှ ဝါ​ကြွား​စ​ရာ​အကြောင်း မရှိ​ဘူး။ ၁၀  ကျွန်​တော်​တို့​ဟာ ဘု​ရား​သခင့်​လက်​ရာ​ပဲ။ ဘု​ရား​သခင်​က ခ​ရစ်​တော်​ယေရှု​ရဲ့ တ​ပည့်တွေ​ဖြစ်​တဲ့+ ကျွန်​တော်​တို့​ကို ကောင်း​မှု​တွေ​လုပ်​ဖို့ ဖန်​ဆင်း​ခဲ့​တယ်။+ ကျွန်​တော်​တို့​လုပ်​ရ​မယ့် အဲ​ဒီ​ကောင်း​မှု​တွေ​ကို ကြို​တင်​သတ်​မှတ်​ထား​တယ်။ ၁၁  ဒါ​ကြောင့်  တစ်​ချိန်​တုန်း​က ခင်ဗျား​တို့​ဟာ  လူ​မျိုး​ခြား​တွေ​အဖြစ် မွေး​ဖွား​လာ​မှန်း၊ ပက​တိ “အရေ​ဖျား​ဖြတ်​ထား​သူ​တွေ”  က  ခင်​ဗျား​တို့​ကို “အရေ​ဖျား​မဖြတ်​သူ​တွေ” လို့​ခေါ်​ ခဲ့​မှန်း အမှတ်​ရ​ကြ​ပါ။ ၁၂  အဲ​ဒီ​တုန်း​က ခင်ဗျား​တို့​ဟာ ခ​ရစ်​တော်​ကို မသိ​တဲ့​သူ​တွေ၊ အစ္စရေး​လူ​မျိုး​နဲ့ ကင်း​ကွာ​သူ​တွေ၊ က​တိ​ထား​ရာ​ပဋိ​ညာဉ်​နဲ့ မသက်​ဆိုင်​သူ​တွေ၊+ လော​က​မှာ မျှော်​လင့်​ချက်​မဲ့​ပြီး  ဘု​ရား​သခင်​ကို မသိ​တဲ့​သူ​တွေ ဖြစ်​ခဲ့​တယ်။+ ၁၃  တစ်​ချိန်​တုန်း​က ဘု​ရား​သခင်​နဲ့ ဝေး​ကွာ​နေ​တဲ့ ခင်​ဗျား​တို့​ဟာ အခု​တော့ ခ​ရစ်​တော်​ယေရှု​ရဲ့ သွေး​အား​ဖြင့် ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​လာ​ပြီး ဘု​ရား​သခင်​နဲ့ နီး​လာ​ကြ​ပြီ။ ၁၄  ခ​ရစ်​တော်​ဟာ ကျွန်​တော်​တို့​ကို သင့်မြတ်​စေ​တဲ့​သူ​ပါ။+ လူ​နှစ်​စု​ကို​ခြား​ထား​တဲ့ တံ​တိုင်း​ကို ဖြို​ဖျက်​ပြီး+  တစ်​စု​တည်း​ဖြစ်​အောင်+  သူ လုပ်​ပေး​ခဲ့​တယ်။ ၁၅  ခ​ရစ်​တော်​က လူ​နှစ်​စု​ကို  လူ​စု​သစ်​တစ်​စု​တည်း* ဖြစ်​ပြီး  သင့်မြတ်​လာ​အောင်၊  သူ​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​အောင်+ ခ​န္ဓာ​ကိုယ်​ကို ဆက်​သခြင်း​အား​ဖြင့် ရန်​ငြိုး​ကို ပယ်​ဖျက်​လိုက်​ပြီ။ အဲ​ဒီ​ရန်​ငြိုး​ဟာ  မိန့်မှာ​ချက်​တွေ၊   ပညတ်​ချက်​တွေ​ပါ​ဝင်​တဲ့ မောရှေ​ရဲ့​ပညတ်​တ​ရား​ပဲ။ ၁၆  အဲဒီ​ရန်​ငြိုး​ကို+ ခ​ရစ်​တော်​ကိုယ်​တိုင် ပယ်​ဖျက်​လိုက်​ပြီ။ ဒါ​ကြောင့် ဒုက္ခ​သစ်​တိုင်​မှာ+ အသေခံ​ခြင်း​အား​ဖြင့် လူ​နှစ်​စု​ကို ခန္ဓာ​ကိုယ်​တစ်​ခု​တည်း ဖြစ်​စေ​ပြီး ဘု​ရား​သခင်​နဲ့ ပြန်​သင့်မြတ်​စေ​ပြီ။ ၁၇  ခရစ်​တော်​က ရောက်​လာ​ပြီး ဘု​ရား​သခင်​နဲ့ ဝေး​ကွာ​နေ​တဲ့ ခင်​ဗျား​တို့​ကို​ရော၊ ဘု​ရား​သခင်​နဲ့ နီး​တဲ့​သူ​တွေ​ကို​ပါ ငြိမ်​သက်​ခြင်း​သတင်း​ကောင်း ဟော​ပြော​ခဲ့​တယ်။ ၁၈  လူ​စု​နှစ်​စု​ဖြစ်​တဲ့ ကျွန်​တော်​တို့​ဟာ စွမ်း​အား​တော်​တစ်​မျိုး​တည်း​ကို ရ​ထား​တဲ့​အတွက် ခ​ရစ်​တော်​က​တစ်​ဆင့် အဖဘု​ရား​ဆီ အတား​အဆီး​မရှိ ဆု​တောင်း​နိုင်​ကြ​ပြီ။ ၁၉  ဒါ​ကြောင့် ခင်​ဗျား​တို့​ဟာ သူ​စိမ်း​တွေ၊ တိုင်း​တစ်​ပါး​သား​တွေ မဟုတ်​တော့​ဘူး။+ သန့်​ရှင်း​သူ​တွေ​လို​ပဲ နိုင်​ငံ​သား​တွေ၊+ ဘု​ရား​သခင်​ရဲ့ မိ​သား​စု​ဝင်​တွေ ဖြစ်​သွား​ပြီ။+ ၂၀  ခင်​ဗျား​တို့​ကို တမန်​တော်တွေ၊ ပရော​ဖက်​တွေ​ဖြစ်​တဲ့+ အုတ်​မြစ်​ပေါ်​မှာ တည်​ဆောက်​ထား​တယ်။  ထောင့်​ချုပ်  အုတ်​မြစ်​ကျောက်​က​တော့ ခ​ရစ်​တော်​ယေရှု​ပဲ။+ ၂၁  ခ​ရစ်​တော်​နဲ့  တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ပြီး လိုက်​ဖက်​စွာ ပေါင်း​စည်း​နေ​တဲ့ အဆောက်​အအုံ​တစ်​ခု​လုံး​ဟာ+ ယေဟောဝါ​ရဲ့* သန့်​ရှင်း​တဲ့​ဗိ​မာန်​တော် ဖြစ်​လာ​တယ်။+ ၂၂  ခင်​ဗျား​တို့​ဟာ ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တစ်​ဝမ်း​တည်း ဖြစ်​တဲ့​အတွက် ဘု​ရား​သခင်​က စွမ်း​အား​တော်​တည်​ရှိ​တဲ့ စံ​မြန်း​ရာ​အိမ်​တော်​မှာ တ​ခြား​သူ​တွေ​နဲ့​အတူ ခင်​ဗျား​တို့​ကို​ပါ တည်​ဆောက်​ထား​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
မူ​ရင်း၊ “လူ​သစ်​တစ်​ယောက်။”