မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော

အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော

အံ့ဖွယ်အမှု​များအဖြစ်မှန်​လော၊ လုပ်ကြံ​ဖန်တီးမှု​လော

လူတစ်ဦး​သည် ဖြတ်သွား​သည့်​ကား​တစ်စီး​တွင် “အံ့ဖွယ်အမှု​များ ဖြစ်ပျက်​နေ—ကောင်းကင်တမန်​များ​ကို​သာ မေးလိုက်​ပါ​လေ” ဟူ​သည့် ဘ​န်​ပါ​ကပ်ခွာ​တစ်ခု​ကို ချက်ချင်း သတိပြုမိ​လိုက်​သည်။ သူသည် ဘာသာရေး​ကိုင်းရှိုင်း​သူ​ဖြစ်သော်လည်း အဘယ်အရာကို​ဆိုလို​မှန်း သေချာ​မသိ​ပေ။ ယင်း​စာတန်း​က ယာဉ်မောင်း​သည် အံ့ဖွယ်အမှု​များ​ကို​ယုံကြည်​သည်​ဟု ဆိုလို​နေခြင်း​လော။ သို့​မဟုတ် အံ့ဖွယ်အမှု​နှင့် ကောင်းကင်တမန်​နှစ်မျိုး​စ​လုံး​ကို မယုံကြည်​ကြောင်း ထေ့ငေါ့​ဖော်ပြ​နေခြင်း​လော။

အံ့ဖွယ်အမှု​ဟူ​သည့်​စကားလုံး​က စာရှုသူ​များ​ကို စိတ်​လွန်ဆွဲ​စေ​သည်” ဟူသော ဂျာမန်​စာရေး​ဆရာ မ​န်​ဖရက် ဘာ​သဲ​လ်​၏​ထင်မြင်ချက်​ကို သင်​စိတ်ဝင်စား​ပေ​လိမ့်​မည်။ အံ့ဖွယ်အမှု​များ​ကို​ယုံကြည်သူ​တို့​က အံ့ဖွယ်အမှု​များ​ဖြစ်ပျက်​နေကြောင်း​နှင့် မကြာခဏ​ဖြစ်ပျက်​တတ်​ကြောင်း ယုံကြည်​ကြသည်။ * ဥပမာ၊ အံ့ဖွယ်အမှု​များ​ကို​ယုံကြည်သူ​တို့​က မကြာသေးမီ​နှစ်များ​အတွင်း ဂရိ​နိုင်ငံ​တွင် အံ့ဖွယ်အမှု​များ တစ်လ​လျှင်​တစ်ကြိမ်​နီးပါး ဖြစ်ပျက်​နေသည်​ဟု အခိုင်အမာ​ပြောဆို​ကြ​ကြောင်း သတင်းပို့​သည်။ ယင်းကြောင့် ဂရိ​သြသဒေါက်စ်ချာ့ခ်ျ​၏​ဂိုဏ်းအုပ်​တစ်ဦး​က ဤသို့​သတိပေး​ခဲ့​သည်– “အံ့ဖွယ်​အမှုကို​ယုံကြည်သူ​သည် ဘုရားသခင်၊ မာရိနှင့် သူတော်စင်​တို့ကို လူသားများ​ပ​မာ ဖြစ်စေ​သည်။ ယုံကြည်သူ​တို့သည် ယင်း​ကိစ္စ​ကို ပုံ​ကြီး​မ​ချဲ့​သင့်​ပေ။”

အံ့ဖွယ်အမှု​များ​၌ ယုံကြည်ခြင်းကို အချို့​နိုင်ငံ​များ​တွင် အနှံ့အပြား​မ​တွေ့ရ​ပေ။ ၂၀၀၂ ခုနှစ်​က ဂျာမနီ​နိုင်ငံ​တွင် ထုတ်ပြန်ခဲ့​သော အ​လန်း​စ်​ဘတ်​ဆန္ဒ​မဲ​ကောက်ယူ​မှု​အရ မြို့သား ၇၁ ရာခိုင်နှုန်း​က အံ့ဖွယ်အမှု​များသည် အဖြစ်မှန်​မဟုတ်၊ လုပ်ကြံ​ဖန်တီးမှု​များ​ဖြစ်သည်ဟု ယူဆကြ​သည်။ အံ့ဖွယ်​အမှုကို​ယုံကြည်သူ သုံးပုံတစ်ပုံ​ပင်မ​ရှိသူတို့​မှ အမျိုးသမီး​သုံးဦးသည် အပျိုစင်​မာရိထံမှ သတင်းရ​ရှိကြောင်း အခိုင်အမာ​ပြောဆို​ခဲ့​သည်။ ကောင်းကင်တမန်​များနှင့် ချိုးငှက်​ခြံရံ​လျက် သူတို့အား မာရိ ကိုယ်ယောင်​ထင်ရှားပြ​သည်​ဟု​ဆိုပြီး​နောက် လအနည်းငယ်​အကြာတွင် ဝက်​စ်ဖာ​လ​န်​ပို့​စ် ဂျာမန်​သတင်းစာ​က ဤသို့​ဖော်ပြ​ခဲ့​၏– “ယခု​အချိန်အထိ ရောဂါ​ကုသ​ခံ​လို​သူ ဘုရားဖူး ၅၀,၀၀၀ ခန့်​အပြင် စပ်စု​သူတို့သည် ဤ​အမျိုးသမီးများ​တွေ့ မြင်ခဲ့​ရာ​ကို အလွန်​စိတ်ဝင်စားမှု​ပြ​ခဲ့​ကြသည်။” နောက်ထပ်​ကိုယ်ယောင်​ထင်ရှားပြ​ခြင်း​ကို တွေ့မြင်​လို​သူ လူ ၁၀,၀၀၀ တို့သည် ထို​ရွာ​သို့ တဖွဲဖွဲ​ရောက်လာ​ကြလိမ့်မည်​ဟု ခန့်မှန်း​သည်။ ၁၈၅၈ ခုနှစ်​တွင် ပြင်သစ်​နိုင်ငံ၊ လော​ဒိစ်​မြို့​နှင့် ၁၉၁၇ ခုနှစ်​တွင် ပေါ်တူဂီ​နိုင်ငံ၊ ဖက်တီမာ​မြို့​တို့​တွင် အပျိုစင်​မာရိ ထပ်တူ​ကိုယ်ယောင်​ထင်ရှားပြ​ခဲ့​သည်​ဟု ဆို​ကြသည်။

ခရစ်ယာန်​မဟုတ်သည့် ဝတ်ပြုရေး​များ​ကော အသို့နည်း

အံ့ဖွယ်အမှု​များ​၌ ယုံကြည်ခြင်းကို ဘာသာ​တိုင်း​လို​လို​တွင် တွေ့ရှိ​ရသည်။ ဘာသာ​တရား​ဆိုင်ရာ​စွယ်စုံ​ကျမ်း​က၊ ခရစ်ယာန်၊ တို့ကို တည်ထောင်​ခဲ့​သူများ​သည် အံ့ဖွယ်အမှု​နှင့်​ပတ်သက်​၍ ရှုမြင်ပုံ​အမျိုးမျိုး​ရှိခဲ့​ကြောင်း​ရှင်းပြ​ပြီး ဤသို့​သတိပြု​စေ​သည်– “အံ့ဖွယ်အမှု​များနှင့် အံ့ဖွယ်​ဖြစ်ရပ်​များသည် လူ့​ဘာသာရေး​လောကတွင် မရှိမဖြစ်​ကြောင်း ဤ​ဘာသာရေး​တို့၏​သမိုင်းကြောင်း​က အထင်အရှား​ဖော်ပြ​နေသည်။” “ကိုယ်တော်တိုင် တစ်ခါတစ်ရံ အံ့ဖွယ်အမှု​များ​ပြုလုပ်​ခဲ့​ရသည်” ဟု ဤ​ကိုးကားချက်​က​ဆို​သည်။ နောက်ပိုင်း​တွင် ‘တရုတ်​နိုင်ငံ​သို့ တရား​ရောက်ရှိ​သွား​သည့်​အခါ ယင်း​၏​သာသနာပြု​များသည် အံ့ဖွယ်​တန်ခိုး​များ​ကို မကြာခဏ​ပြ​ခဲ့​ကြသည်။’

အဆိုပါ​အံ့ဖွယ်အမှု​များစွာကို ရည်ညွှန်း​ပြီး​နောက် ထို​စွယ်စုံ​ကျမ်း​က ဤသို့​ကောက်ချက်​ချ​၏– “ဘာသာရေး​အတ္ထုပ္ပတ္တိ​ရေးသူ​များ​ဖော်ပြ​သည့် အံ့ဖွယ်​ဇာတ်လမ်း​အားလုံး​တို့ကို လူ​တို့​မယုံနိုင်​ကြသော်လည်း မိမိ​အား ကြည်ညို​သူများကို အဆိုပါ​အံ့ဖွယ်​တန်ခိုး​များ​ပြုလုပ်နိုင်စွမ်း​ပေး​သော . . . အား ဂုဏ်တင်​ရန် ရည်စူး​ပြီး ဖန်တီး​ထား​ကြောင်း ထင်ရှား​သည်။” အဆိုပါ​အထောက်အထား​က . . . ဤသို့​ဆို​သည်– “. . . အသိုင်းအဝိုင်း​တွင် အံ့ဖွယ်အမှု​များ​ကို မျှော်လင့်​မြဲ​မျှော်လင့်​နေကြ​သည်။ . . . သည် လူအများရှေ့​တွင် အံ့ဖွယ်အမှု​များ​ပြု​ခဲ့​သည်​ဟု ထုံးတမ်း​စဉ်​လာ (ဟ​ဒိသ်) ကျမ်း​တွင် ဖော်ပြ​ထား​သည်။ . . . သူတော်စင်​များသည် သေဆုံး​ပြီး​နောက်​၌​ပင် တည်ကြည်သူ​များ​အတွက် ၎င်းတို့၏​သင်္ချိုင်း​များ​တွင် အံ့ဖွယ်အမှု​များ​ပြုလုပ်​ခဲ့​ကြသည်​ဟု​ဆိုပြီး သူတို့၏​မစမှု​ကို တောင်းဆို​တတ်ကြ​သည်။”

ခရစ်ယာန်​တို့၏​အံ့ဖွယ်အမှု​များ​ကော အသို့နည်း

ခရစ်ယာန်​ဘာသာဝင်​အများ​၏ ယူဆချက် ကွဲလွဲ​နေကြ​သည်။ အချို့​က ယေရှု​ခရစ် သို့​မဟုတ် ခရစ်ယာန်​ခေတ်​မတိုင်မီ​က ဘုရားသခင့်​ကျေးကျွန်​များ​ပြု​ခဲ့​သော အံ့ဖွယ်အမှု​ကျမ်းစာ​မှတ်တမ်းများ​ကို အဖြစ်မှန်​ဟု ခံယူ​ကြသည်။ သို့​တိုင် ပရိုတက်စတင့်​ပြုပြင်​ပြောင်းလဲရေး​သ​မား မာတင်​လူသာ​နှင့် သဘော​တိုက်ဆိုင်​သူ​အများ​ရှိသည်။ ကျမ်းစာ​ဆိုင်ရာ​စွယ်စုံ​ကျမ်း​က သူ့​အကြောင်း ဤသို့​ဆို​သည်– “အံ့ဖွယ်အမှု​များ​ခေတ်​ကုန်ပြီ၊ ဖြစ်ပျက်​တော့​မည်​မဟုတ်​ဟု လူသာ​နှင့် ကယ်​ဗင်​တို့​ရေးသားခဲ့​သည်။” ကက်သလစ်​ချာ့ခ်ျ​သည် အံ့ဖွယ်အမှု​များ “မည်သို့​ဖြစ်ပျက်​ကြောင်း ကျိုးကြောင်း​ရှင်းပြ​ခြင်း​မရှိဘဲ” ယုံကြည်​မြဲ​ယုံကြည်​သည်​ဟု ဤ​ကိုးကားချက်​က​ဆို​သည်။ သို့သော် ပရိုတက်စတင့်​အသိုင်းအဝိုင်း​က ခရစ်ယာန်​အယူဝါဒ​၏​အကျင့်ဓလေ့​သည် အများအားဖြင့် အကျင့်​စာရိတ္တ​အကြောင်း​ဖြစ်​ကာ ဘုရားသခင်​ဖြစ်စေ၊ နာမ်​ဝိညာဉ်​သားများ​ဖြစ်စေ လူ​တို့​နှင့်​ဆက်သွယ်ခြင်း၊ ဩဇာ​လွှမ်းမိုးခြင်း​မရှိ​လှ​ချေ​ဟု ယုံကြည်​လာ​ကြသည်။”

ခရစ်ယာန်​ဓမ္မ​ဆရာ​တချို့​အပါအဝင် ခရစ်ယာန်​အမည်ခံ​အချို့​က ကျမ်းစာ​ပါ​အံ့ဖွယ်အမှု​များ​ကို ဖြစ်ရပ်မှန်များ​အဖြစ် မယုံကြ​ချေ။ ဥပမာ၊ ထွက်မြောက်ရာ ၃:၁-၅ ပါ ကျမ်းစာ​မှတ်တမ်း​မှ ချုံပုတ်​မီးလောင်ခြင်း​ဖြစ်ရပ်​ကို သုံးသပ်ကြည့်​ပါ။ ဂျာမန်​အတွေးအခေါ်​ပညာရှင်​အများ​သည် ယင်းကို ပကတိ​အံ့ဖွယ်အမှု​အဖြစ် မယူဆ​ကြ​ကြောင်း ကျမ်းစာ​အမှန်​ဆို​ထား​ရာ​စာအုပ်​က ဖော်ပြ​သည်။ ယင်းအစား “မောရှေ၏​စိတ်​စူးရှ​နာကျင်ခြင်း​နှင့် အလွန်​စိတ်ဖိစီး​ခံရ​ခြင်း​လက္ခဏာ​တစ်ရပ်” ဟု သူတို့​အဓိပ္ပာယ်​ဖွင့်ကြ​သည်။ “မီးတောက်များ​မှာ ဘုရားသခင့်​မျက်မှောက်​တော် နေရောင်အောက် ရုတ်တရက်​ပွင့်လန်း​လာ​သည့် ပန်း​များ​ဖြစ်သည်ဟု သဘောပေါက်​နိုင်​ကြောင်း” ထို​စာအုပ်​က ထပ်ဆင့်​ဆို​သည်။

အဆိုပါ​ရှင်းပြချက်​သည် စိတ်​ကျေနပ်စရာ ဖြစ်ချင်​မှ​ဖြစ်​မည်။ သို့​ဆိုလျှင် အဘယ်အရာကို ယုံကြည်​သင့်​သနည်း။ အံ့ဖွယ်အမှု​များ ဖြစ်ပျက်​ခဲ့​ဖူး​သည်​ဟု ယုံကြည်ခြင်း​သည် လက်တွေ့ကျပါ​သလော။ မျက်မှောက်ခေတ် အံ့ဖွယ်အမှု​များ​ကော အသို့နည်း။ ကောင်းကင်တမန်​များ​ကို မ​မေးမြန်း​နိုင်သော​ကြောင့် အဘယ်သူ​ကို မေးမြန်း​ရမည်​နည်း။

ကျမ်းစာ​ရှုထောင့်

ဘုရားသခင်​သည် လူမတတ်နိုင်​ရာ​များ​ကို အတိတ်​ကာလ​က ကြားဝင်​လုပ်ဆောင်ခဲ့ကြောင်း ကျမ်းစာ​က မှတ်တမ်း​တင်ထား​သည်ကို မည်သူမျှ မငြင်းဆို​နိုင်​ချေ။ ကိုယ်တော်​အကြောင်း ကျွန်ုပ်​တို့ ဤသို့​ဖတ်ရှု​ရ၏– “နိမိတ်​လက္ခဏာ အံ့ဖွယ်သော​အမှုတို့​ကို​ပြ​လျက် အား​ကြီးသော​လက်၊ ဆန့်​တော်​မူ​သော​လက်ရုံး၊ အလွန်​ကြောက်မက်​ဖွယ်​သော အခြင်းအရာ​နှင့်​တကွ ကိုယ်တော်​၏​ဣသရေလလူ​တို့ကို အဲဂုတ္တု​ပြည်​မှ နုတ်ဆောင်​တော်​မူ” သည်။ (ယေရမိ ၃၂:၂၁) မောရှေ​အချိန်​က အင်အား​အကြီးဆုံး​နိုင်ငံ​သည် ၎င်း​၏​သားဦး​သေဆုံး​ခြင်း​အပါအဝင် ကပ်​ကြီး​ဆယ်ပါး​ဆိုက်ရောက်​ခြင်း​ကြောင့် ဒူးထောက်​အညံ့​ခံ​လိုက်ရ​သည်ကို မြင်ယောင်​ကြည့်​ပါ။ အံ့ဖွယ်အမှု​ကြီး​များ​ပါ​တကား!—ထွက်မြောက်ရာ အခန်းကြီး ၇ မှ ၁၄

ရာစုနှစ်များစွာ​အကြာတွင် ယေရှု​ပြုလုပ်​ခဲ့​သော​အံ့ဖွယ်အမှု ၃၅ ခု​ခန့်​ကို ခရစ်ဝင်​ကျမ်း​ရေးသူ လေးဦး​က ဖော်ပြ​ခဲ့​သည်။ အမှန်​မှာ သူတို့​မှတ်တမ်း​တင်ထား​သည်ထက် ပို​၍​အံ့သြဖွယ်​ကောင်းသော​အမှု​များ​ကို ကိုယ်တော်​ပြုလုပ်​ခဲ့​ကြောင်း သူတို့၏​စကား​များ​က ဖော်ပြ​နေသည်။ ဤ​မှတ်တမ်းများ​သည် ဖြစ်ရပ်မှန်​လော၊ လုပ်ကြံ​ဖန်တီးမှု​များ​လော။ *မဿဲ ၉:၃၅; လုကာ ၉:၁၁

ဘုရားသခင့်​နှုတ်မြွက်​အမှန်တရား​ဖြစ်သည်ဟု ကျမ်းစာ​က အခိုင်အမာ​ဆို​သည့်​အတိုင်း​ဖြစ်​လျှင် ယင်းက​မိန့်မြွက်​ထားသော အံ့ဖွယ်အမှု​များ​ကို ယုံကြည်​ရန် အကြောင်းရင်း​ခိုင်လုံ​သည်။ အတိတ်​ကာလ​က အံ့ဖွယ်​နည်းဖြင့်​ရောဂါ​ကုသမှု​များ၊ ရှင်ပြန်ထမြောက်ခြင်း​များ အစ​ရှိသည့် အံ့ဖွယ်အမှု​များ​ဖြစ်ပျက်​ခဲ့​ကြောင်း ကျမ်းစာ​က ရှင်းလင်းစွာ မှတ်တမ်း​တင်ထား​သည့်​နည်းတူ အဆိုပါ​အံ့ဖွယ်အမှု​များ နောက်​တစ်ဖန်​မဖြစ်​ပျက်​တော့​ကြောင်း အတိအလင်း​ဖော်ပြ​သည်။ (စာမျက်နှာ ၄ မှ “အံ့ဖွယ်အမှု​များ အဘယ်ကြောင့်​မဖြစ်​တော့” လေးထောင့်ကွက်​ကို​ရှု။) ထို့​ကြောင့် သမ္မာကျမ်းစာ​ကို ယုံကြည်သူများ​ပင် မျက်မှောက်ခေတ်​အံ့ဖွယ်အမှု​များ​ကို မယုံကြည်​ဟု ဆိုလို​ပါသလော။ နောက်​ဆောင်းပါး​က ဖြေဆိုပါ​လေ​စေ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 ဤ​ဆောင်းပါး​တွင်​အသုံးပြု​ထားသော “အံ့ဖွယ်အမှု​များ” ဟူ​သည့်​စကားလုံး​က ကျမ်းစာ​အဘိဓာန်​တစ်ခု ဤသို့​အဓိပ္ပာယ်​ဖွင့်ဆို​ထား​သည့်​အတိုင်း​ဖြစ်၏– “လူ​တို့​သိ​နားလည်​ထား​ရာ သို့​မဟုတ် သဘာဝ​စွမ်းအား​များ​အားလုံး​တို့​ထက် သာလွန်​သော ရူပ​လောက သက်ရောက်မှု​များ​ဖြစ်သော​ကြောင့် သဘာဝလွန်​တန်ခိုး​၏​ဆောင်ကြဉ်း​ပေး​မှု​ဖြစ်သည်” ဟု​ဆို​၏။

^ အပိုဒ်၊ 14 သမ္မာကျမ်းစာ​သည် ယုံကြည်ထိုက်​ကြောင်း အထောက်အထား​ကို သုံးသပ်ကြည့်​နိုင်​သည်။ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ထား​သည့် သမ္မာကျမ်းစာ—ဘုရားသခင့်​နှုတ်မြွက်​လော၊ လူ့​နှုတ်ထွက်​လော စာအုပ်​တွင် အဆိုပါ​အထောက်အထား​ကို တွေ့ရှိ​နိုင်​သည်။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

အံ့ဖွယ်အမှု​များ အဘယ်ကြောင့်​မဖြစ်​တော့

ကျမ်းစာ​တွင် အံ့ဖွယ်အမှု​အမျိုးမျိုး​အကြောင်း ဖော်ပြ​ထား​သည်။ (ထွက်မြောက်ရာ ၇:၁၉-၂၁; ၃ ဓမ္မ​ရာဇဝင် ၁၇:၁-၇; ၁၈:၂၂-၃၈; ၄ ဓမ္မ​ရာဇဝင် ၅:၁-၁၄; မဿဲ ၈:၂၄-၂၇; လုကာ ၁၇:၁၁-၁၉; ယောဟန် ၂:၁-၁၁; ၉:၁-၇) ယင်း​အံ့ဖွယ်အမှု​များစွာက ယေရှု​အား မေရှိယ​အဖြစ် ခွဲခြား​သိမြင်​စေပြီး ကိုယ်တော်​သည် ဘုရားသခင်​၏​ကျော​ထောက်​နောက်ခံ​မှု ရရှိ​ထား​ကြောင်း သက်သေထူ​သည်။ ယေရှု၏ ကနဦး​နောက်လိုက်​များသည် ဘာသာ​စကား​အမျိုးမျိုး​ပြောဆိုခြင်း၊ မှုတ်သွင်းခံ​နှုတ်ထွက်​စကား​များ​ကို ပိုင်းခြား​သိနိုင်​ခြင်း​အစ​ရှိသည့် အံ့ဖွယ်ဆု​ကျေးဇူးများ ပြသ​ခဲ့​ကြသည်။ (တမန်​တော် ၂:၅-၁၂; ၁ ကောရိန္သု ၁၂:၂၈-၃၁) ခရစ်ယာန်​အသင်းတော် တည်ထောင်​ခါ​စ​အချိန်အတွင်း အဆိုပါ​အံ့ဖွယ်ဆု​ကျေးဇူးများ​သည် အလွန်​အကျိုးပြု​ခဲ့​၏။ မည်သို့​အားဖြင့်​နည်း။

တစ်​ကြောင်း​မှာ ကျမ်း​စာစောင်​များ နည်း​နေခြင်း​ကြောင့်​ဖြစ်သည်။ လူကုံထံ​တို့​သာ ကျမ်းလိပ်​နှင့် စာအုပ်​များ ပိုင်ဆိုင်​လေ့​ရှိသည်။ ခရစ်ယာန်​မဟုတ်သည့်​ဒေသ​များ​တွင် သမ္မာကျမ်းစာ​နှင့် ယင်း​၏​အာဘော်ရှင် ယေဟောဝါ​ကို မသိကြ​ချေ။ ခရစ်ယာန်​သွန်သင်ချက်​ကို နှုတ်ဖြင့်သာ ဖြန့်ဝေ​ခဲ့​ရ၏။ ထို့​ကြောင့် အံ့ဖွယ်ဆု​ကျေးဇူးများ​သည် ခရစ်ယာန်​အသင်းတော်ကို ဘုရားသခင်​အသုံးပြု​နေကြောင်း သိရှိ​စေ​သည်။

ယင်း​ဆုကျေးဇူး​များ မလို​အပ်​တော့​သည့်​အခါ ပျောက်ကွယ်​သွား​မည်​ဟု ပေါလု ဖော်ပြ​ခဲ့​သည်။ “မေတ္တာသည် ဖောက်ပြန်​ခြင်း​သဘော​နှင့် အစဉ်​ကင်းလွတ်​၏။ ပရောဖက်​ဉာဏ်​သော်လည်း​ကောင်း၊ အမျိုးမျိုးသော​ဘာသာ​စကား​ကို​ပြော​နိုင်သော အခွင့်​သော်လည်း​ကောင်း၊ သိပ္ပံ​အတတ်​သော်လည်း​ကောင်း ကွယ်ပျောက်​လိမ့်​မည်။ ယခု​မူ​ကား ငါ​တို့သည် မစုံမလင်​သိ​တတ်ကြ​၏။ ပရောဖက်​ဉာဏ်​နှင့် မစုံမလင်​ဟော​တတ်ကြ​၏။ စုံလင်ခြင်း​သို့​ရောက်​သောအခါ​မူ​ကား မစုံလင်​သမျှ​တို့သည် ကွယ်ပျောက်​ကြလိမ့်မည်။”—၁ ကောရိန္သု ၁၃:၈-၁၀

ယနေ့၊ လူ​တို့​တွင် သမ္မာကျမ်းစာ​အပြင် ကျမ်းပြိုင်​များနှင့် စွယ်စုံ​ကျမ်း​များလည်း ရရှိ​ထား​သည်။ လေ့ကျင့်မှု​ရထား​သည့် ခရစ်ယာန် ခြောက်​သန်း​ကျော်​သည် အခြား​သူများကို ကျမ်းစာ​အခြေပြု ဘုရားသခင်​ရေးရာ​အသိပညာ သွန်သင်ပေး​နေကြ​သည်။ ထို့​ကြောင့် ယေရှု​ခရစ်​သည် ဘုရားသခင့်​ခန့်အပ်​ခံ ကယ်တင်ရှင်​ဖြစ်​ကြောင်း၊ ယေဟောဝါ​၏​ကျေးကျွန်​များ​ကို ကိုယ်တော် ကျော​ထောက်​နောက်ခံ​နေကြောင်း သက်သေထူ​ရန် အံ့ဖွယ်အမှု​များ မလို​အပ်​တော့​ချေ။