လုကာ ၁၇:၁-၃၇

  • တိုက်​မိ​လဲ​ခြင်း၊ ခွင့်​လွှတ်​ခြင်း၊ ယုံ​ကြည်​ခြင်း (၁-၆)

  • အကျိုး​မပေး​တဲ့ ကျွန်​တွေ (၇-၁၀)

  • အနာ​ကြီး​ရော​ဂါသ​ည် ဆယ်​ယောက် ပြန်​ကောင်း​သွား (၁၁-၁၉)

  • ဘု​ရား​သခင့်​နိုင်​ငံ​တော် လာ​ပြီ (၂၀-၃၇)

    • ဘု​ရား​သခင်​ရဲ့ နိုင်​ငံ​တော်​က “ခင်​ဗျား​တို့​အလယ်​မှာ” ရှိ (၂၁)

    • “လော​တ​ရဲ့​ဇနီး​ကို သတိ​ရ​ကြ​ပါ” (၃၂)

၁၇  ယေရှု​က “တိုက်​မိ​လဲ​စ​ရာတွေ​ကို​တော့ ရှောင်​လွှဲ​လို့ရ​မှာ​မ​ဟုတ်​ဘူး။ ဒါ​ပေမဲ့ သူ​တစ်ပါး​ကို တိုက်​မိ​လဲ​စေ​သူ​ဟာ အဖြစ်​ဆိုး​ကြုံ​ရ​လိမ့်​မယ်။ ၂  က​လေး​ငယ်​နဲ့​တူ​တဲ့ ဟော​ဒီ​လူ​တွေ​ကို လဲ​ကျ​အောင် လုပ်​တာ​ထက် ကြိတ်​ဆုံ​ကျောက်​ကို လည်​မှာ​ဆွဲ​ပြီး ပင်လယ်​ထဲ ပစ်​ချ​ခံ​ရ​တာ​က​မှ ခံ​သာ​ဦး​မယ်။+ ၃  ခင်​ဗျား​တို့​လည်း သတိ​ထား​ကြ။ ညီ​အစ်​ကို​တစ်​ယောက် အပြစ်​တစ်​ခု​ခု​လုပ်​ရင် သူ့​ကို ဆုံးမ​ပါ။+ သူ​နောင်​တ​ရရင် ခွင့်​လွှတ်​လိုက်​ပါ။+ ၄  တစ်​နေ့​တည်း​မှာ ကိုယ့်​ကို ခု​နစ်​ကြိမ် ပြစ်​မှား​ပေမဲ့ ‘ကျွန်​တော့်​ကို ခွင့်​လွှတ်​ပါ’ ဆို​ပြီး ခု​နစ်​ကြိမ် လာ​တောင်း​ပန်​ရင် သူ့​ကို ခွင့်​လွှတ်​လိုက်​ပါ”+ လို့ တ​ပည့်တွေ​ကို မှာ​တယ်။ ၅  တမန်​တော်တွေ​က “ကျွန်​တော်​တို့​ကို ယုံ​ကြည်​ခြင်း တိုး​များ​အောင် လုပ်​ပေး​ပါ”+ လို့​ ပြော​တော့၊ ၆  သခင်​ယေရှု​က “ခင်​ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း​သာ မုန်​ညင်း​စေ့​လောက်​ရှိ​ရင် ဒီ​ပိုး​စာ​ပင်​ကို ‘အမြစ်​ပါ ကျွတ်​ထွက်​ပြီး ပင်လယ်​မှာ ပေါက်​ပါ​စေ’ လို့​ပြော​ရင် အဲဒီ​အတိုင်း ဖြစ်​လိမ့်​မယ်။+ ၇  “လယ်​ထွန်​ရာ​က​ဖြစ်​စေ၊ သိုး​ကျောင်း​ရာ​က​ဖြစ်​စေ ပြန်​ရောက်​လာ​တဲ့ ကျွန်​ကို ‘လာခဲ့၊ စား​ပွဲ​မှာ တစ်​ခါ​တည်း​သာ ဝင်​စား​လိုက်’ လို့​ပြော​မယ့်​သူ ခင်​ဗျား​တို့​ထဲ​မှာ ရှိ​သလား။ ၈  တ​ကယ်​တော့ ‘ငါ့​အတွက် ည​စာ​ပြင်​ပေး​စမ်း။ ငါ​စား​သောက်​ပြီး​တဲ့​အထိ ခါး​စည်း​စည်း​ပြီး လို​သမျှ လုပ်​ပေး။ ပြီး​မှ​ပဲ မင်း စား​တော့’ လို့​ပြော​တတ်​ကြ​တယ် မဟုတ်​လား။ ၉  ခိုင်း​တဲ့​အတိုင်း​လုပ်​တဲ့ ကျွန်​ကို သခင်​က ကျေး​ဇူး​တင်​စ​ရာ​အကြောင်း ဘာ​မှ​မရှိ​ဘူး။ ၁၀  အဲဒီ​လို​ပဲ၊ ခင်​ဗျား​တို့​လည်း ခိုင်း​ထား​သမျှ လုပ်​ပြီး​သွား​တဲ့​အခါ ‘ကျွန်​တော်​တို့​ဟာ ဘာ​မှ​အကျိုး​မပေး​တဲ့ ကျွန်​တွေ​ပါ။ လုပ်​ရ​မယ့် ဝတ္တရား​ကို လုပ်​ခဲ့​ရုံ​လေး​ပါ​ပဲ’ လို့​ပြော​ကြ​ပါ” ဆို​ပြီး သင်​ပေး​တယ်။+ ၁၁  ယေရှု​က ဂျေရု​ဆ​လင်​မြို့​ကို သွား​တဲ့​အခါ ရှ​မာ​ရိ​ပြည်​နဲ့ ဂါ​လိ​လဲ​ပြည်​တွေ​ကို​လည်း ဖြတ်​သွား​တယ်။ ၁၂  ရွာ​တစ်​ရွာ​ကို ရောက်​တဲ့​အခါ အနာ​ကြီး​ရော​ဂါသ​ည် ဆယ်​ယောက်​က ယေရှုကို​မြင်​ပြီး ခပ်​လှမ်း​လှမ်း​မှာ ရပ်​နေတယ်။+ ၁၃  ပြီး​တော့​“ဆ​ရာ​ယေရှု၊​ ကျွန်​တော်​တို့​ကို သနား​ပါ​ဦး” လို့အော်​ပြော​ကြ​တယ်။ ၁၄  ယေရှု​က သူတို့​ကို လှမ်း​ကြည့်​ပြီး “ပု​ရော​ဟိတ်​တွေ​ဆီ ကိုယ်​ကို သွား​ပြကြ​ပါ”+ လို့​ပြော​တယ်။ သူတို့ သွား​နေ​တုန်း​မှာ​ပဲ ရော​ဂါ​ပျောက်​သွား​တယ်။+ ၁၅  သူတို့​ထဲ​က တစ်​ယောက်​က ရော​ဂါ​ပျောက်​သွား​မှန်း​လည်း သိ​ရော ပြန်​လှည့်​လာ​ပြီး ဘုရား​သခင်​ကို အကျယ်​ကြီး ဂုဏ်​တင်​ချီး​မွမ်း​တယ်။ ၁၆  ပြီး​တော့ ယေရှု​ရဲ့​ခြေ​ရင်း​မှာ ဒူး​ထောက်​ပြီး ကျေး​ဇူး​တင်​စကား​ပြော​တယ်။ တ​ကယ်​တော့ သူ​ဟာ ရှ​မာ​ရိ​လူ​ပါ။+ ၁၇  ယေရှု​က “ဆယ်​ယောက်​စ​လုံး ရော​ဂါ​ပျောက်​သွား​တာ မဟုတ်​လား။ ကျန်​တဲ့​ကိုး​ယောက်​က ဘယ်​မှာ​လဲ။ ၁၈  ဒီ​လူမျိုး​ခြား​တစ်​ယောက်​ပဲ ဘုရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​ဖို့ ပြန်​လာ​တာ​လား” ဆို​ပြီး၊ ၁၉  အဲ​ဒီ​လူ​ကို “ကဲ၊ ထ​ပြီး အိမ်​ပြန်​ပါ။ ခင်​ဗျားရဲ့​ယုံ​ကြည်​ခြင်း​က ပြန်​ကျန်း​မာ​စေ​ပြီ”+ လို့​ပြော​လိုက်​တယ်။ ၂၀  ဘုရား​သခင်​ရဲ့ နိုင်​ငံ​တော် ဘယ်​အချိန်​မှာ လာ​မလဲ​ဆို​ပြီး+ ဖာ​ရိ​ရှဲ​တွေ မေး​တဲ့​အခါ ယေရှု​က “ဘုရား​သခင်​ရဲ့ နိုင်​ငံ​တော်​ဟာ ထင်​ရှား​မြင်​သာ​တဲ့​နည်း​နဲ့ လာ​မှာ​မဟုတ်​ဘူး။ ၂၁  ‘ဒီ​မှာ’ ‘ဟို​မှာ’ ဆို​ပြီး လူ​တွေ​ပြော​ကြ​မှာ မဟုတ်​ဘူး။ တ​ကယ်​တော့ ဘုရား​သခင်​ရဲ့ နိုင်ငံ​တော်​ဟာ ခင်​ဗျား​တို့​အလယ်​မှာ ရှိ​နေ​တယ်” လို့​ဖြေတယ်။+ ၂၂  ယေရှု​က တ​ပည့်တွေ​ကို ပြော​တယ်– “လူ​သား​ကို ခင်​ဗျား​တို့​နဲ့​အတူ ရှိ​စေ​ချင်​တဲ့​နေ့​တွေ ရောက်​လာ​လိမ့်​မယ်။ ဒါ​ပေမဲ့ အဲဒီ​နေ့​တွေ​ကို ကြုံ​ရ​မှာ​မ​ဟုတ်​ဘူး။ ၂၃  လူ​တွေ​က ‘ဒီ​မှာ​ရှိ​တယ်’ ‘ဟို​မှာ​ရှိ​တယ်’ လို့​ပြော​ရင် သူတို့​နောက် လိုက်​မသွား​ပါ​နဲ့။+ ၂၄  လျှပ်​စီး​လက်​တဲ့​အခါ ကောင်း​ကင် ဒီ​ဘက်​စွန်း​က​နေ ဟို​ဘက်​စွန်း​အထိ လင်း​လက်​သွား​သလို လူ​သား+ ပေါ်​ထွန်း​တဲ့​အခါ ဖြစ်​လိမ့်​မယ်။+ ၂၅  အရင်​ဆုံး၊ လူ​သား​ဟာ ဝေဒ​နာ​အများ​ကြီး ခံစား​ရ​မယ်။​ ဒီလူမျိုး​ဆက် ငြင်း​ပယ်​တာ​ကို​လည်း ခံ​ရ​မယ်။+ ၂၆  အဲဒီ​အပြင် နော​ဧ​လက်​ထက်​မှာ ဖြစ်​သလို+ လူ​သား​ပေါ်​ထွန်း​ချိန်​မှာ ဖြစ်​လိမ့်​မယ်။+ ၂၇  လူ​တွေ​ဟာ နော​ဧ သင်္ဘော​ထဲ ဝင်​တဲ့​နေ့​အထိ+ စား​သောက်​လိုက်၊ ထိမ်း​မြား​ပေး​စား​လိုက် လုပ်​နေ​ကြ​တယ်။ ရေ​လွှမ်း​မိုး​ဘေး​လည်း ရောက်​လာရော သူတို့​အား​လုံး ပျက်​စီး​သွား​တယ်။+ ၂၈  လော​တ​လက်​ထက်​မှာ​လည်း+ လူ​တွေ​က စား​သောက်​လိုက်၊ ရောင်း​ဝယ်​လိုက်၊ စိုက်​ပျိုး​လိုက်၊ အိမ်​ဆောက်​လိုက် လုပ်​နေ​ကြ​တယ်။ ၂၉  သော​ဒုံ​မြို့​က​နေ လောတ​ထွက်​သွား​တဲ့​နေ့​မှာ ကောင်း​ကင်​က​နေ ကန့်​နဲ့​မီး ရွာ​ကျ​ပြီး သူတို့​အားလုံး ပျက်​စီး​သွား​တယ်။+ ၃၀  လူ​သား​ပေါ်​ထွန်း​ချိန်​မှာ​လည်း အဲဒီ​လို​ပဲ ဖြစ်​လိမ့်​မယ်။+ ၃၁  “အဲဒီ​အချိန်​ရောက်ရင် အိမ်​မိုး​ပေါ်​မှာ​ရှိ​တဲ့​သူ​က အိမ်​ထဲ​က​ပစ္စည်းတွေ​ယူ​ဖို့ မဆင်း​လာ​နဲ့။ လယ်​ထဲ​ရောက်​နေ​တဲ့​သူ​လည်း ပစ္စည်းတွေ​ယူ​ဖို့ အိမ်​မပြန်​နဲ့။ ၃၂  လော​တ​ရဲ့​ဇနီး​ကို သတိ​ရ​ကြ​ပါ။+ ၃၃  ကိုယ့်​အသက်​ကို​ကယ်​ဖို့ ကြိုး​စား​သူ​ဟာ အသက်​ဆုံး​ရ​လိမ့်​မယ်။ အသက်​ဆုံး​တဲ့​သူ​က​တော့ အသက်​ပြန်​ရှင်​ရ​လိမ့်​မယ်။+ ၃၄  ကျွန်​တော်​ပြော​မယ်။ အဲဒီ​ည​မှာ အိပ်​ရာ​ထဲ နှစ်​ယောက်​အတူ အိပ်​နေ​ရင် တစ်​ယောက်​ကို ခေါ်​သွား​ပြီး တစ်​ယောက်​ကို ထား​ရစ်ခဲ့​လိမ့်​မယ်။+ ၃၅  အမျိုး​သမီး​နှစ်​ယောက် ကြိတ်​ဆုံ​ကြိတ်​နေ​ရင် တစ်​ယောက်​ကို ခေါ်​သွား​ပြီး တစ်​ယောက်​ကို​တော့ ထား​ခဲ့​လိမ့်​မယ်။” ၃၆  * ၃၇  အဲဒီ​အခါ တ​ပည့်တွေ​က “သခင်၊ ဘယ်​နေ​ရာ​မှာ အဲဒီ​လို​ဖြစ်​မှာ​လဲ” လို့​မေး​တော့ ယေရှု​က “အသေကောင်​ရှိ​တဲ့​နေ​ရာ​မှာ လင်း​ယုန်​ငှက်​တွေ စု​ဝေး​ကြ​လိမ့်​မယ်”+ လို့​ဖြေတယ်။

အောက်ခြေမှတ်ချက်များ