မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရား

ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရား

“ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ” လို့ ဆုတောင်းဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။ နိုင်ငံတော်က ဘာလုပ်ပေးမလဲ။ နိုင်ငံတော်အတွက် ဘာကြောင့် ဆုတောင်းသင့်သလဲ။

ယေရှုဟာ ဘုရားသခင့်နိုင်ငံတော် ဘုရင် ဖြစ်တယ်။

လုကာ ၁:၃၁-၃၃ “အဲဒီသားကို ယေရှုလို့ နာမည်ပေးရမယ်။ အဲဒီသားဟာ အရေးပါသူ ဖြစ်လိမ့်မယ်။ အမြင့်ဆုံးအရှင်ရဲ့ သားလို့ အခေါ်ခံရလိမ့်မယ်။ ယေဟောဝါ ဘုရားက သူ့ကို ဖခင်ဒါဝိဒ်ရဲ့ ရာဇပလ္လင် အပ်နှင်းလိမ့်မယ်။ သူက ယာကုပ်အမျိုးကို ထာဝစဉ် အုပ်စိုးလိမ့်မယ်။ သူ့ရဲ့အုပ်ချုပ်မှုဟာ အဆုံးတိုင်မှာ မဟုတ်ဘူး။”

နိုင်ငံတော်အကြောင်း ယေရှု အဓိက ဟောပြောခဲ့တယ်။

မဿဲ ၉:၃၅ “ယေရှုက မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး တရားဇရပ်တွေမှာ သွန်သင်တယ်၊ နိုင်ငံတော်သတင်းကောင်း ဟောတယ်၊ ရောဂါဝေဒနာ အမျိုးမျိုးကို ကုသပေးတယ်။”

နိုင်ငံတော် လာခါနီးပြီဆိုတာ သိနိုင်မယ့် နိမိတ်အကြောင်း တပည့်တွေကို ယေရှု ပြောခဲ့တယ်။

မဿဲ ၂၄:၇ “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”

အခု ယေရှုရဲ့တပည့်တွေဟာ နိုင်ငံတော်အကြောင်းကို ကမ္ဘာအနှံ့မှာ ဟောပြောနေကြတယ်။

မဿဲ ၂၄:၁၄ “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်။”