မာကု ၄:၁-၄၁

  • နိုင်​ငံ​တော်​အကြောင်း ပုံ​ဥပမာ​များ (၁-၃၄)

    • မျိုး​ကြဲ​သူ (၁-၉)

    • ပုံ​ဥပမာ​တွေ ယေရှု​ဘာ​ကြောင့်​သုံး (၁၀-၁၂)

    • မျိုး​ကြဲ​သူ ပုံ​ဥပမာ​ကို ရှင်း​ပြ (၁၃-၂၀)

    • မီး​ခွက်​ကို တောင်း​နဲ့ မအုပ်​ထား (၂၁-၂၃)

    • အာ​ရုံ​စိုက်​သလောက် နား​လည်​ခွင့်​ရ (၂၄၊ ၂၅)

    • ည​မှာ​အိပ်​စက်​တဲ့ မျိုး​ကြဲ​သူ (၂၆-၂၉)

    • မုန်​ညင်း​စေ့ (၃၀-၃၂)

    • ပုံ​ဥပမာ​ကို အသုံး​ပြု (၃၃၊ ၃၄)

  • ယေရှု မုန်​တိုင်း​စဲ​စေ (၃၅-၄၁)

 ဒီတစ်​ခါ​လည်း ယေရှု​က အိုင်​နား​မှာ လူ​တွေ​ကို သွန်သင်​ပေး​တယ်။ လူ​တွေ အုပ်​လိုက်​ကြီး ရောက်​လာ​တဲ့​အတွက် လှေ​ပေါ်​တက်​ထိုင်​ပြီး ကမ်း​က​နေ အနည်း​ငယ် ခွာ​လိုက်​တယ်။ လူ​အုပ်​က​တော့ အိုင်​ကမ်း​ခြေ​မှာ ရှိ​နေ​တယ်။+ ၂  အဲဒီ​နောက် အကြောင်း​အရာ အတော်​များ​များ​ကို ပုံ​ဥပမာ​တွေ​နဲ့+ အခု​လို​သွန်သင်​တယ်–+ ၃  “နား​ထောင်​ကြ​ပါ။ တစ်​ခါ​က မျိုး​ကြဲ​သူ​တစ်​ယောက် မျိုး​စေ့​ကြဲ​ဖို့ ထွက်​သွား​တယ်။+ ၄  မျိုး​ကြဲ​တဲ့​အခါ မျိုး​စေ့​တ​ချို့ လမ်း​ပေါ်​ကျ​ပြီး ငှက်​တွေ လာ​ကောက်​စား​သွား​တယ်။ ၅  မျိုး​စေ့​တ​ချို့​က မြေဆီ​လွှာ​ပါး​တဲ့ ကျောက်​ခံ​မြေပေါ် ကျ​တယ်။ မြေသား​တိမ်​တော့ ချက်​ချင်း အပင်​ပေါက်​လာ​တယ်။+ ၆  ဒါ​ပေမဲ့ နေ​မြင့်​လာ​တဲ့​အခါ အပင်​ဟာ နေ​လောင်​ပြီး အမြစ်​လည်း မစွဲ​တဲ့​အတွက် ညှိုး​နွမ်း​သွား​တယ်။ ၇  မျိုး​စေ့​တ​ချို့​က ဆူး​ပင်​တွေ​ကြား​ထဲ ကျ​တယ်။ ဆူး​ပင်​တွေ ကြီး​ထွား​လာ​ပြီး လွှမ်း​မိုး​ပိတ်​ဆို့​သွား​တဲ့​အတွက် အသီး​မသီး​နိုင်​ဘူး။+ ၈  မျိုး​စေ့​တ​ချို့​က​တော့ ကောင်း​တဲ့​မြေပေါ် ကျ​တယ်။ အပင်​ပေါက်​ပြီး ကြီး​ထွား​လာ​တဲ့​အခါ အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ သီး​ပွင့်​ဖြစ်​ထွန်း​တယ်။”+ ၉  “နား​ရှိ​တဲ့​သူ ကြား​ပါ​စေ”+ လို့​ဆက်​ပြော​တယ်။ ၁၀  ယေရှု​တစ်​ယောက်​တည်း ရှိ​နေ​ချိန်​မှာ တမန်​တော် ၁၂ ယောက်​နဲ့ အပေါင်း​ပါ​တွေ​က ပုံ​ဥပမာ​တွေရဲ့​ အဓိပ္ပာယ်​ကို​ လာ​မေး​တော့၊+ ၁၁  ယေရှု​က “ခင်​ဗျား​တို့​ဟာ ဘု​ရား​သခင့်​နိုင်​ငံ​တော်​နဲ့​ပတ်​သက်​တဲ့ မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​အကြောင်း+ နား​လည်​ခွင့်​ရ​တယ်။ တ​ခြား​သူ​တွေ​အတွက်​က​တော့ ဒါ​ဟာ ပုံ​ဥပမာ​သက်​သက်​ပဲ။+ ၁၂  သူတို့​က ကြည့်​လျက်​နဲ့ မမြင်​ဘူး။ ကြား​လျက်​နဲ့ ဆိုလို​ရင်း​ကို သဘော​မပေါက်​ဘူး။ ပြန်​မလှည့်​လာ​တဲ့​အတွက် သူတို့ ခွင့်​လွှတ်​ခံ​ရ​မှာ မဟုတ်​ဘူး”+ လို့​ဖြေတယ်။ ၁၃  ပြီး​တော့ ယေရှု​ဆက်​ပြော​တယ်– “ဒီ​ပုံ​ဥပမာ​ကို ခင်​ဗျား​တို့ နား​မလည်​ဘူး​ဆို​ရင် တ​ခြား​ပုံ​ဥပမာ​တွေ​ကို​လည်း နား​လည်​မှာ မဟုတ်​ဘူး။ ၁၄  “မျိုး​ကြဲ​သူ​ဆို​တာ​က တ​ရား​စကား ကြဲ​တဲ့​သူ​ကို ဆိုလို​တယ်။+ ၁၅  လမ်း​ပေါ် မျိုး​စေ့​ကျ​တယ်​ဆို​တာ​က တ​ရား​စကား​ကို ကြား​တာ​နဲ့ စာတန်​လာ​ပြီး+ စိတ်​နှလုံး​ထဲ​က တရား​စကား နုတ်​ယူ​သွား​တာ​ကို ဆိုလို​တယ်။+ ၁၆  ကျောက်​ခံ​မြေပေါ် မျိုး​စေ့​ကျ​တယ်​ဆို​တာ​က တ​ရား​စကား​ကို ကြား​တာ​နဲ့ ဝမ်း​သာ​အား​ရ လက်ခံ​တယ်။+ ၁၇  ဒါ​ပေမဲ့ စိတ်​နှလုံး​ထဲ​မှာ အမြစ်​မစွဲ​တဲ့​အတွက် တစ်​ခ​ဏ​ပဲ ခံ​တယ်။ တ​ရား​စကား​ကြောင့် ဒုက္ခရောက်​တဲ့​အခါ၊ ညှဉ်း​ဆဲ​ ခံ​ရ​တဲ့​အခါ ချက်​ချင်း​ပဲ ကျ​ရှုံး​သွား​တာ​ကို ဆိုလို​တယ်။ ၁၈  ဆူး​ပင်​တွေ​ကြား​မှာ မျိုး​စေ့​ကျ​တယ်​ဆို​တာ​က တ​ရား​စကား​ကို ကြား​ပေမဲ့၊+ ၁၉  ဒီ​လော​က​စ​နစ်​ရဲ့* စိုး​ရိမ်​ပူ​ပန်​စ​ရာတွေ၊+ စည်း​စိမ်​ရဲ့​လှည့်​စား​မှု​တွေ၊+ လို​ချင်​တပ်​မက်​စိတ်​တွေ+ ဝင်​လာ​တဲ့​အခါ တ​ရား​စကား​ကို လွှမ်း​မိုး​ပိတ်​ဆို့​သွား​တဲ့​အတွက် မသီး​ပွင့်​နိုင်​တာ​ကို ဆိုလို​တယ်။ ၂၀  ကောင်း​တဲ့​မြေမှာ မျိုး​စေ့​ကျ​တယ်​ဆို​တာ​က တ​ရား​စကား​ကို ကြား​နာ​ပြီး ဝမ်း​သာ​အား​ရ လက်ခံ​တဲ့​အတွက် အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ သီး​ပွင့်​ဖြစ်​ထွန်း​တာ​ကို ဆိုလို​တယ်။”+ ၂၁  ယေရှု ဆက်​ပြော​တယ်– “မီး​ခွက်​ကို​ထွန်း​ပြီး တောင်း​နဲ့ အုပ်​ထား​လေ့​မရှိ​ဘူး။ ခု​တင်​အောက်​မှာ ထား​လေ့​မရှိ​ဘူး။ ဆီ​မီး​တိုင်​ပေါ်​မှာ တင်​ထား​မယ် မဟုတ်​လား။+ ၂၂  ဖုံး​ကွယ်​ထား​သမျှ ပေါ်​လာရ​လိမ့်​မယ်။ အသေအချာ လျှို့ဝှက်​ထား​သမျှ​လည်း ထင်​ရှား​လာရ​လိမ့်​မယ်။+ ၂၃  နား​ရှိ​တဲ့​သူ ကြား​ပါ​စေ။”+ ၂၄  ယေရှု ဆက်​ပြော​တယ်– “ကြား​တဲ့​အရာ​ကို အာ​ရုံ​စိုက်​နား​ထောင်​ပါ။+ အာ​ရုံ​စိုက် နား​ထောင်​သလောက် နား​လည်​ခွင့် ရ​ကြ​လိမ့်​မယ်။ အဲဒီ​လို​နား​ထောင်​ရင် ပို​ပြီး နား​လည်​လာ​ပါ​လိမ့်​မယ်။ ၂၅  ရှိ​တဲ့​သူ​က ထပ်​ပြီး​ရ​လိမ့်​မယ်။+ မရှိ​တဲ့​သူ​က​တော့ ရှိ​ထား​တာ​လေး​တောင် အသိမ်း​ခံ​ရ​လိမ့်​မယ်။”+ ၂၆  ယေရှု ဆက်​ပြော​တယ်– “ဘုရား​သခင့်​နိုင်​ငံ​တော်​ကို လူ​တစ်​ယောက် လယ်​မှာ မျိုး​စေ့​ကြဲ​တာ​နဲ့ ခိုင်း​နှိုင်း​နိုင်​တယ်။ ၂၇  သူ​က ည​မှာ​အိပ်​စက်​လိုက်၊ နေ့​မှာ နိုး​ထ​လိုက်​နဲ့ အဲဒီ​အတော​အတွင်း မျိုး​စေ့​တွေ ဘယ်​လို အပင်​ပေါက်​ပြီး ကြီး​ထွား​လာ​မှန်း မသိ​လိုက်​ဘူး။ ၂၈  မြေကြီး​က သူ့​အလို​လို တ​ဖြည်း​ဖြည်း အသီး​သီး​စေ​တယ်။ ဦး​ဆုံး၊ အညှောက်​ပေါက်​လာ​တယ်။ ပြီး​တော့ အနှံ​ထွက်​လာ​တယ်။ နောက်​ဆုံး​မှာ အဆန်​အောင်​သွား​တယ်။ ၂၉  ကောက်​နှံ​ရင့်​မှည့်​လာ​ပြီး ရိတ်​သိမ်း​ချိန် ရောက်​တဲ့​အခါ သူ တံ​စဉ်​ကို​ယူ​ပြီး ရိတ်​သိမ်း​တယ်။” ၃၀  ယေရှု ဆက်​ပြော​တယ်– “ဘုရား​သခင့်​နိုင်​ငံ​တော်​ကို ဘာ​နဲ့​ခိုင်း​နှိုင်း​ရ​မလဲ။ ဘယ်​ပုံ​ဥပမာ​နဲ့ ရှင်း​ပြရ​မလဲ။ ၃၁  ဘု​ရား​သခင့် နိုင်​ငံ​တော်​ဟာ မုန်​ညင်း​စေ့​နဲ့​တူ​တယ်။ မုန်​ညင်း​စေ့​ဟာ စိုက်​တုန်း​က​တော့ မျိုး​စေ့​တွေ​ထဲ​မှာ အသေး​ဆုံး​ပဲ။+ ၃၂  ဒါ​ပေမဲ့ အပင်​ပေါက်​လာ​တဲ့​အခါ ဟင်း​သီး​ဟင်း​ရွက်​ပင်​တွေ​ထက် ကြီး​ထွား​ပြီး အကိုင်း​အခက်​ကြီး​တွေ ထွက်​လာ​တယ်။ အဲဒီ​အပင်​ဟာ ပျံ​သန်း​တဲ့​ငှက်​တွေ နား​ခို​နိုင်​တဲ့​အထိ ဖြစ်​လာ​တယ်။” ၃၃  ယေရှု​က အဲဒီ​လို​ပုံ​ဥပမာ​တွေ​နဲ့+ သူတို့ နား​လည်​နိုင်​သလောက်​ပဲ သွန်သင်​ပေး​တယ်။ ၃၄  ပုံ​ဥပမာ​မပါ​ဘဲ သူ မဟော​ဘူး။ တ​ပည့်တွေ​ကို​တော့ ပုံဥပ​မာ​အားလုံး​ကို သီး​သန့်​ရှင်း​ပြတယ်။+ ၃၅  အဲဒီ​နေ့ ည​နေ​ပိုင်း​မှာ ယေရှု​က “အိုင်​တစ်​ဖက်​ကမ်း​ကို ကူး​ရ​အောင်” လို့​တ​ပည့်တွေ​ကို ပြော​တယ်။+ ၃၆  တပည့်​တွေ​က လူ​အုပ်​ကို ပြန်​ခိုင်း​ပြီး​နောက် ယေရှု​ရှိ​နေ​တဲ့ လှေ​ပေါ်​တက်​ပြီး တစ်​ဖက်​ကမ်း​ကို ကူး​ကြ​တယ်။ တ​ခြား​လှေ​တွေ​လည်း လိုက်​ပါ​လာ​တယ်။+ ၃၇  အဲဒီ​အခါ လေ​ပြင်း​မုန်​တိုင်း​ကျ​လာ​ပြီး လှိုင်း​တွေ​ရိုက်​ခတ်​တဲ့​အတွက် လှေ​နစ်​လု​မတတ် ဖြစ်​နေ​တယ်။+ ၃၈  ယေရှု​က​တော့ လှေ​ပဲ့​ပိုင်း​မှာ ခေါင်း​အုံး​အုံး​ပြီး အိပ်​နေ​တယ်။ တပည့်​တွေ​က လာနှိုး​ပြီး “ဆရာ၊ ကျွန်​တော်​တို့ သေတော့​မယ်။ ဒီ​အ​တိုင်း ကြည့်​နေ​မှာ​လား” လို့​ပြော​တော့၊ ၃၉  ယေရှု ထ​ပြီး လှိုင်း​နဲ့​လေ​ကို “တိတ်​ဆိတ်​ငြိမ်သက်​စေ”+ လို့ အမိန့်​ပေး​လိုက်​တဲ့​အခါ မုန်​တိုင်း​စဲ​ပြီး ငြိမ်သက်​သွား​တယ်။ ၄၀  ယေရှု​က “ခင်​ဗျား​တို့ ဘာ​လို့ ဒီ​လောက်​ကြောက်​နေ​တာ​လဲ။ ယုံ​ကြည်​ခြင်း နည်း​နည်း​လေး​တောင် မရှိ​ဘူး​လား” လို့​ပြော​တယ်။ ၄၁  သူတို့ သိပ်​ကြောက်​သွား​ပြီး “ဘယ်​လို​လူ​ပါ​လိမ့်။ လှိုင်း​နဲ့​လေ​တောင် သူ့​စကား​ကို နား​ထောင်​ပါ​လား” လို့​ပြော​ကြ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။