မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မည်သို့ဖြေဆိုမည်နည်း

သင်မည်သို့ဖြေဆိုမည်နည်း

သင်​မည်သို့​ဖြေဆို​မည်​နည်း

ဤ​စကား​များ​ကို မည်သူ​ပြော​ခဲ့​သနည်း

ဤ​စကားပြော​ခဲ့​သည့်​ပုဂ္ဂိုလ်​ထံ မျဉ်း​ကြောင်း​ဆွဲ​ပါ။

မောရှေ

ပေတရု

ယောဟန်

အာဒံ

၁။ ‘ချစ်​သားတို့၊ ရုပ်ပုံကို​ကြ​ဉ်​ရှောင်​ကြလော့။’

၂။ ‘ဤ​သူသည် ငါ့​အရိုး​ထဲ​က အရိုး​ဖြစ်၏။’

၃။ ‘သင်၏​ရန်သူ​တည်း​ဟူသော စာတန်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ အဘယ်သူ​ကို မြို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ​လျက်​ရှိ၏။’

၄။ “ကိုယ်တော်​သည် ရှေး​ကမ္ဘာ​အဆက်ဆက်​မှ​စ၍ နောက်​ကမ္ဘာ​အဆက်ဆက်​တိုင်အောင် ဘုရားသခင်​ဖြစ်​တော်​မူ​၏။”

ဆွေးနွေး​ရန်– ဤ​ကျမ်းစာ​ဇာတ်ကောင်​တစ်ဦးစီ​နှင့်​ပတ်သက်​၍ အခြား​အဘယ်​အချက်​တစ်ချက်​ကို သင်​သိ​သနည်း။

သမိုင်း​တွင် အဘယ်​အချိန်၌ ဖြစ်ပျက်​ခဲ့​သနည်း

အောက်ပါ​ကျမ်းစောင်​များ​၏ ကျမ်း​ရေးသူ​အမည်(များ)ကို​ဖော်ပြ​ပြီး ကျမ်းစောင်​မှ ယင်း​ရေးသား​ပြီးစီး​သည့် အနီးစပ်ဆုံး​နှစ်​သို့ မျဉ်း​ကြောင်း​ဆွဲ​ပါ။

ဘီစီ ၁၄၅၀ ဘီစီ ၈၄၄ ဘီစီ ၅၃၆ အေဒီ ၅၆ အေဒီ ၆၁

၅။ ဒံယေလ

၆။ ယောန

၇။ ဟေဗြဲ

ကျွန်ုပ်​မည်သူ​နည်း

၈။ ကျွန်ုပ်​သည် အံ့ဖွယ်အမှု​တစ်ခု​ကြောင့် ဒူး​တုန်​ခဲ့​၏။

ကျွန်ုပ်​မည်သူ​နည်း

၉။ ကျွန်ုပ်​သည် သခင်​ထံ​မှ ထွက်ပြေး​ခဲ့​သော်လည်း ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​သောအခါ သခင့်​ထံ​သို့ ပြန်သွား​ခဲ့​သည်။

ဤ​စာစောင်​မှ

မေးခွန်းများကို​ဖြေဆို​ပြီး လ​ပ်​နေသော​ကျမ်းစာ​အခန်းငယ်(များ) ကို ဖြည့်ပါ။

စာမျက်နှာ ၅ ဉာဏ်​တိမ်​သူသည် အဘယ်အရာ​ပြုလုပ်​သနည်း။ (သု. ၁၄:—)

စာမျက်နှာ ၁၁ စည်းလုံး​သော​အနှောင်အဖွဲ့​၏ အရည်အသွေး​တစ်ခု​ကား အဘယ်နည်း။ (ကောလောသဲ ၃:—)

စာမျက်နှာ ၁၅ ကျွန်ုပ်​တို့​ရှိသမျှသည် အများအားဖြင့် အဘယ်​သို့ ဖြစ်တတ်​ကြ​သနည်း။ (ယာကုပ် ၃:—)

စာမျက်နှာ ၁၉ လူအပေါင်း​တို့သည် အဘယ်ကြောင့် သေခြင်း​သို့​ရောက်​ရ​ကြ​သနည်း။ (ရောမ ၅:—)

ကလေး​များ​၏ ရုပ်ပုံ​ရှာဖွေမှု

ဤ​စာစောင်​တွင် ဤ​ရုပ်ပုံများ​ကို ရှာတွေ့နိုင်​သလော။ ရုပ်ပုံ​တစ်​ပုံ​စီ​တွင် အဘယ်အရာ​ဖြစ်ပျက်​နေသည်​ကို သင့်ကိုယ်​ပိုင်​စကား​ဖြင့် ဖော်ပြ​ပါ။

(စာမျက်နှာ ၁၇ တွင်​အဖြေ​များ​ရှိသည်)

စာမျက်နှာ ၂၃ မှ​အဖြေ​များ

၁။ ယောဟန်။—၁ ယောဟန် ၅:၂၁

၂။ အာဒံ။—ကမ္ဘာဦး ၂:၂၃

၃။ ပေတရု။—၁ ပေတရု ၅:၈

၄။ မောရှေ။—ဆာလံ ၉၀:၂

၅။ ဒံယေလ၊ ဘီစီ ၅၃၆။

၆။ ယောန၊ ဘီစီ ၈၄၄။

၇။ ပေါလု၊ အေဒီ ၆၁။

၈။ ဗေလရှာဇာ။—ဒံယေလ ၅:၁၊ ၅၊ ၆

၉။ ဩ​နေ​သိ​မ်။—ဖိလေမုန် ၁၀-၁၆