မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”

“ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”

“ကျေးဇူးတော်​ကို​သိသောစိတ် ရှိကြလော့”

▪ ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဖော်ပြ​ကြ​ရန် ဘုရားသခင်​အား​ဝတ်ပြုသူ​များ​ကို သမ္မာကျမ်းစာ​က ထပ်တလဲလဲ အားပေးထား​သည်။ ဆာလံ ၉၂:၁၊ ၃ တွင် ‘ယေဟောဝါ​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ခြင်း​သည် လျောက်ပတ်​ပေ​၏’ ဟု​ဖော်ပြ​ထား​သည်။ အလားတူ တမန်​တော်​ပေါလု​က​လည်း “ကျေးဇူးတော်​ကို​သိသောစိတ် ရှိကြလော့” ဟု​သတိပေး​သည်။—ကောလောသဲ ၃:၁၅

ကျေးဇူး​တင်​လေးမြတ်​ရန် အကြောင်းကောင်း​ရှိ၏။ ဒေးဗစ်​မြို့ရှိ ကယ်လီဖိုးနီးယား​တက္ကသိုလ်​မှ ပါမောက္ခ ရောဘတ်​အဲ​မ်​မ​န်စ်​က ဤသို့​ပြော​ခဲ့​သည်– “ကျေးဇူး​တင်​လေးမြတ်မှု​အကြောင်း သုတေသန​ပြုသူ​များ​က ကျေးဇူး​သိတတ်သော​သဘောထား​သည် နေ့စဉ်​ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်း​ရာ​တွင်၊ အထူးသဖြင့် ဖိစီးမှုများ​ကို ကိုင်တွယ်​ဖြေရှင်း​ရာ​တွင်​နှင့် ကိုယ့်​ကိုယ်ကို​တန်ဖိုး​ထား​သည့်​သဘော မွေးမြူ​ရာ​တွင် လူ​တို့အား အံ့ဖွယ်ကောင်း​လောက်​အောင် အကျိုးပြု​သည်​ဟု စတင်​ပြောဆို​နေကြပြီ။”

တိုင်းမ် မဂ္ဂဇင်းက​လည်း အခြား​အကျိုးကျေးဇူးများ​ကို ထောက်ပြ​သည်– “ကျေးဇူး​တင်​လေးမြတ်​သော​သဘော​ရှိကြောင်း တင်ပြ​သူများ​သည် . . . စွမ်းဆောင်ရည်​ပို​မြင့်မား​ကြ​ပြီး ပို​၍​အကောင်းမြင်​တတ်ကြ​သည်။ အခြားသူများ​ထက် ဖိစီးမှု​လျော့နည်း​ပြီး ပြင်းထန်​သည့်​စိတ်ကျ​ဝေဒနာ​ဖြစ်စရာ​အကြောင်း ပို​နည်းပါး​သည်။”

သို့သော်၊ ဝမ်းနည်းစရာမှာ ‘နောက်ဆုံးသော​ကာလ​တွင်’ လူအများသည် “မိမိကိုယ်ကို​ချစ်သော​သူ” နှင့် “ကျေးဇူး​မရှိသော​သူ” များ​ဖြစ်​ကြောင်း ပြသ​ကြလိမ့်မည်​ဟု သမ္မာကျမ်းစာ​က ကြို​ဟောခဲ့​သည်။ (၂ တိမောသေ ၃:၁-၅) ခရစ်ယာန်စစ်​များသည် ဤ​သဘောထားမျိုး ကူးစက်​မခံရ​စေရန် မည်သို့​ရှောင်နိုင်​သနည်း။ သမ္မာကျမ်းစာ​၏​အာဘော်ရှင်​က ဤသို့​မိန့်တော်မူသည်– ‘ယေဟောဝါ မိန့်တော်မူသည်​ကား ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင်​ဖြစ်၏။’ (ဟေရှာယ ၄၈:၁၇) ကျွန်ုပ်​တို့သည် ဘုရားသခင့်​ပညတ်​များ​ကို လိုက်နာခြင်း​ဖြင့် ကိုယ်ကျိုးရှာ​လမ်းစဉ်​လိုက်စားသူ​များ​ခံစားရ​သည့် စိတ်​ဆင်းရဲ​စ​ရာ​များစွာကို ရှောင်ရှား​နိုင်​ပါ​သည်။ ထို့ ပြင် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ကြိုးစား​လုပ်ဆောင်မှုများ​ကို တွေ့ မြင်တော်မူ​ပြီး ယင်း​နှင့်​အညီ​ဆုချ​မည်​ဟူသော အာမခံချက်ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြသည်။ (ဟေဗြဲ ၆:၁၀) ဤသို့​သော​အကျိုးကျေးဇူးများ​က ‘ယေဟောဝါ​၏​ဂုဏ်​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ’ ရန်​ကျွန်ုပ်​တို့အား လှုံ့ဆော်ပေး​ပါ​သည်။—ဆာလံ ၁၀၇:၈