မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၁၀

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို တက်ဖူးပါသလား။ မတက်ဖူးသေးဘူးဆိုရင် ပထမဆုံးအကြိမ် အစည်းအဝေးတက်ဖို့ မဝံ့မရဲဖြစ်နေမှာပဲ။ ‘အစည်းအဝေးတွေမှာ ဘာလုပ်ကြသလဲ။ အစည်းအဝေးတွေက ဘာကြောင့် အရေးကြီးသလဲ။ ဘာကြောင့် အစည်းအဝေး တက်သင့်သလဲ’ ဆိုပြီး တွေးမိပါလိမ့်မယ်။ တခြားသူတွေနဲ့ စုဆုံတာက ဘုရားသခင်နဲ့ ပိုရင်းနှီးစေနိုင်ပြီး သင့်အတွက် အကူအညီ ဖြစ်စေကြောင်း ဒီသင်ခန်းစာမှာ ဆွေးနွေးပါမယ်။

၁။ အတူစုဆုံရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။

တခြားသူတွေနဲ့ စုဆုံရတဲ့ အဓိကအကြောင်းရင်းကို ကျမ်းရေးသူတစ်ဦး အခုလို ပြောတယ်– “လူစုလူဝေးကြီးအလယ်မှာ ယေဟောဝါကို ချီးမွမ်းမယ်။” (ဆာလံ ၂၆:၁၂) ယေဟောဝါသက်သေတွေလည်း အတူစုဆုံရလို့ ဝမ်းသာကြတယ်။ ကမ္ဘာတစ်ဝန်းမှာ ဘုရားသခင်ကို ဝတ်ပြုဖို့၊ ချီးမွမ်းသီချင်း သီဆိုဖို့၊ ဆုတောင်းဖို့ ပတ်စဉ် စုဆုံကြတယ်။ ဝတ်ပြုဖို့ စုဆုံပွဲကြီးတွေလည်း နှစ်တိုင်း ရှိတယ်။

၂။ အစည်းအဝေးတွေမှာ ဘာတွေကို လေ့လာသိရှိနိုင်မလဲ။

အစည်းအဝေးတွေမှာ ကျမ်းစာကို အဓိကထား သွန်သင်တယ်၊ ကျမ်းစာရဲ့ “အနက်အဓိပ္ပာယ်ကို ရှင်းပြတယ်။” (နေဟမိ ၈:၈ ကို ဖတ်ပါ။) အစည်းအဝေးတွေ တက်မယ်ဆိုရင် ယေဟောဝါနဲ့ ယေဟောဝါရဲ့ အရည်အသွေးကောင်းတွေအကြောင်း သိလာမယ်။ သင့်အပေါ်ထားတဲ့ ဘုရားရဲ့ မေတ္တာကို သိလာတဲ့အခါ ဘုရားနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ ကျေနပ်စရာအသက်တာ ပိုင်ဆိုင်နိုင်ဖို့ ဘုရား ကူညီပေးပုံကိုလည်း သိလာပါလိမ့်မယ်။​—ဟေရှာယ ၄၈:​၁၇၊ ၁၈

၃။ အစည်းအဝေးတွေမှာ တခြားသူတွေနဲ့ ပေါင်းသင်းတဲ့အခါ ဘယ်လို အကျိုးခံစားရနိုင်သလဲ။

‘မေတ္တာစိတ်ရှိစေဖို့၊ အကျင့်ကောင်းတွေ ကျင့်စေဖို့ တိုက်တွန်းအားပေးပြီး အတူတကွ စည်းဝေးတာကို လျစ်လျူမရှုဖို့’ ယေဟောဝါ မိန့်မှာတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) အစည်းအဝေးတွေမှာ အချင်းချင်း တကယ် ဂရုစိုက်သူတွေ၊ ကိုယ့်လိုပဲ ဘုရားအကြောင်း သင်ယူချင်သူတွေနဲ့ ဆုံတွေ့ရပါလိမ့်မယ်။ ကျမ်းစာထဲက အားရှိစရာစကားတွေကိုလည်း ကြားရမယ်။ (ရောမ ၁:​၁၁၊ ၁၂ ကို ဖတ်ပါ။) ပြဿနာတွေကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သူတွေနဲ့ သိကျွမ်းခွင့်ရပါလိမ့်မယ်။ ဒါတွေဟာ ယေဟောဝါ ကျွန်တော်တို့ကို အတူစုဆုံစေချင်တဲ့ အကြောင်းရင်းတွေထဲက တချို့ပဲ ရှိပါသေးတယ်။

ရှာဖွေလေ တွေ့ရှိလေ

ယေဟောဝါသက်သေများရဲ့ အစည်းအဝေးတွေက ဘယ်လိုမျိုးလဲ၊ အစည်းအဝေး ကြိုးစားတက်ရောက်တာက ဘာကြောင့် အကျိုးရှိသလဲ လေ့လာကြည့်ပါ။

၄။ ယေဟောဝါသက်သေများရဲ့ အစည်းအဝေး

ပထမရာစု ခရစ်ယာန်တွေဟာ ယေဟောဝါကို ဝတ်ပြုဖို့ ပုံမှန် စုဆုံကြတယ်။ (ရောမ ၁၆:​၃-၅) ကောလောသဲ ၃:၁၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ပထမရာစု ခရစ်ယာန်တွေ ယေဟောဝါကို ဘယ်လို ဝတ်ပြုခဲ့ကြသလဲ။

အခုအချိန်မှာ သက်သေခံတွေဟာ ဝတ်ပြုရာနေရာတွေမှာ ပုံမှန် စုဆုံကြတယ်။ သူတို့ရဲ့ အစည်းအဝေးတွေဟာ ဘယ်လိုမျိုးလဲဆိုတာ သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အသင်းတော် အစည်းအဝေး ကျင်းပနေတဲ့ပုံကို ကြည့်ပြီး ဒီမေးခွန်းတွေ သုံးသပ်ပါ။

  • နိုင်ငံတော်ခန်းမမှာ လုပ်ဆောင်နေတာနဲ့ ကောလောသဲ ၃:၁၆ ကို ဖတ်ကြည့်တဲ့အခါ ဘာဆင်တူချက်တွေ သတိထားမိသလဲ။

  • ဗီဒီယိုမှာ၊ ဒါမှမဟုတ် ပုံမှာ အစည်းအဝေးတွေနဲ့ပတ်သက်ပြီး ဘယ်အချက်တွေကို ကြိုက်ပါသလဲ။

၂ ကောရိန္သု ၉:၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးမှာ ဘာကြောင့် ငွေမကောက်ခံသလဲ။

ဒီအပတ် အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမယ်ဆိုတာ သင့်ကို ကျမ်းစာသင်ပေးသူနဲ့အတူ သုံးသပ်ပါ။

  • အစည်းအဝေးရဲ့ ဘယ်အပိုင်းက သင့်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး၊ အကျိုးအရှိဆုံးလဲ။

စိတ်ဝင်စားစရာအချက်

ကမ္ဘာတစ်ဝန်း အစည်းအဝေးတွေ ကျင်းပတဲ့နေရာနဲ့ အချိန်ကို jw.org မှာ ရှာကြည့်နိုင်တယ်။

  1. (က) အစည်းအဝေးတွေမှာ ဟောပြောချက်၊ သရုပ်ပြခန်း၊ ဗီဒီယိုတွေ ပါတယ်။ အစည်းအဝေး အစနဲ့ အဆုံးမှာ သီချင်းဆို ဆုတောင်းပါတယ်

  2. (ခ) အစီအစဉ်အပိုင်းတချို့မှာ ပရိသတ်က မှတ်ချက် ပေးကြတယ်

  3. (ဂ) မိသားစု၊ တစ်ကိုယ်ရေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေပါမကျန် အားလုံးကို ကြိုဆိုပါတယ်

  4. (ဃ) အစည်းအဝေးတွေကို အခမဲ့ တက်ရောက်နိုင်တယ်။ ဝင်ကြေး မကောက်ပါဘူး

၅။ အစည်းအဝေးတွေ တက်ဖို့ အားထုတ်ရ

ယေရှုရဲ့ မိသားစုအကြောင်း သုံးသပ်ကြည့်ပါ။ နှစ်စဉ်ကျင်းပတဲ့ ပွဲတော်တစ်ခု တက်နိုင်ဖို့ နာဇရက်မြို့ကနေ ဂျေရုဆလင်အထိ တောင်ပေါ်ခရီးကို သုံးရက်လောက် လမ်းလျှောက်သွားခဲ့ရတယ်။ လုကာ ၂:​၃၉-၄၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဂျေရုဆလင်ကို သွားတဲ့ခရီးဟာ အားထုတ်ဖို့လိုတယ်လို့ ထင်ပါသလား။

  • အစည်းအဝေးတွေ တက်ဖို့ ဘာကြောင့် အားထုတ်မှု လိုသလဲ။

  • အားထုတ်ရကျိုးနပ်မယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။

ဝတ်ပြုမှုအတွက် စုဆုံစည်းဝေးဖို့ အလွန် အရေးကြီးတယ်လို့ ကျမ်းစာက ဆိုတယ်။ ဟီဘရူး ၁၀:​၂၄၊ ၂၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အစည်းအဝေးတွေကို ဘာကြောင့် မှန်မှန် တက်သင့်သလဲ။

လူတချို့ အဆို။ “တခြားသူတွေနဲ့ စုဆုံစရာ မလိုပါဘူး။ ကိုယ့်ဘာသာ အိမ်မှာ ကျမ်းစာဖတ်လည်း ရတာပဲ။”

  • ယေဟောဝါ ဖြစ်စေချင်တာကို ဘယ်ကျမ်းပိုဒ်၊ ဘယ်ကျမ်းစာနမူနာက ဖော်ပြသလဲ။

အနှစ်ချုပ်

အစည်းအဝေးတွေ တက်တာက ယေဟောဝါအကြောင်း ပိုသိနိုင်ဖို့၊ ဘုရားနဲ့ ပိုရင်းနှီးလာဖို့၊ တခြားသူတွေနဲ့အတူ ဘုရားကို ဝတ်ပြုနိုင်ဖို့ ကူညီပေးတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ကျွန်တော်တို့ အတူစုဆုံဖို့ ယေဟောဝါ ဘာကြောင့် တိုက်တွန်းသလဲ။

  • ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးမှာ ဘာတွေ လေ့လာသိရှိရမလဲ။

  • အစည်းအဝေးတွေ တက်ရင် တခြား ဘာအကျိုးကျေးဇူးရမယ်လို့ သင် ထင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

အစည်းအဝေး တက်ဖို့ မဝံ့မရဲ ဖြစ်နေမယ် ဆိုရင်ကော။ အဲဒီလို ခံစားရသူတစ်ဦး အစည်းအဝေး တက်ရတာ ကြိုက်သွားပုံကို ကြည့်လိုက်ပါ။

နှုတ်ဆက်တာကို ဘယ်တော့မှ မမေ့ဘူး (၄:၁၆)

လူငယ်တစ်ဦး အစည်းအဝေး တက်ရတာကို ကြိုက်သွားလို့ ဆက်တက်ဖို့ ဘာတွေ လုပ်ဆောင်ခဲ့သလဲ ကြည့်လိုက်ပါ။

အစည်းအဝေးတွေကို သိပ်ကြိုက်တာပဲ (၄:၃၃)

အကြမ်းဖက် ဒုစရိုက်ဂိုဏ်းဝင်တစ်ဦး ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို တက်ပြီးနောက် ဘဝပုံစံပြောင်းလဲသွားပုံကို လေ့လာကြည့်ပါ။

“သေနတ်မပါဘဲ ကျွန်တော် ဘယ်မှမသွားဘူး” (ကင်းမျှော်စင် ဇူလိုင် ၁၊ ၂၀၁၄)