ရောမ ၁:၁-၃၂

  • နှုတ်​ခွန်း​ဆက်​စ​ကား(၁-၇)

  • ရော​မကို ပေါ​လု သွား​ရောက်​လို (၈-၁၅)

  • ဖြောင့်​မတ်​သူ​ဟာ ယုံ​ကြည်​ခြင်း​ကြောင့် အသက်ရှင် (၁၆၊ ၁၇)

  • ဘု​ရား​တ​ရား​မဲ့​သူ​များ ဆင်​ခြေ​ပေး​လို့​မရ (၁၈-၃၂)

    • ဖန်​ဆင်း​ထား​ရာ​တွေ​ကို​ကြည့်​ပြီး ဘု​ရား​သခင်​ရဲ့ အရည်​အသွေး​များ​ကို သိ​မြင်​နိုင် (၂၀)

 ဘုရား​သခင်​ရဲ့ သတင်း​ကောင်း​ကို ကြေ​ညာ​ဖို့ သီး​သန့်​ဖယ်​ထား​ခံ​ရ​သူ၊  တမန်​တော်​အဖြစ် ရွေး​ချယ်​ခံ​ရ​သူ၊+ ယေရှု​ခ​ရစ်ရဲ့​ ကျွန်​ဖြစ်​သူ ကျွန်​တော်​ပေါ​လု  စာ​ရေး​လိုက်​ပါ​တယ်။ ၂  အဲ​ဒီ​သတင်း​ကောင်း​နဲ့​ ပတ်​သက်​ပြီး ဘု​ရား​သခင်​က  ပရော​ဖက်​တွေ​က​တစ်ဆင့်​ သမ္မာကျမ်း​စာမှာ​ ဟိုး​အရင်​ကတည်းက   က​တိ​ ပေး​ထား​တယ်။ ၃  အဲ​ဒီ​သတင်း​ကောင်း​ဟာ ဒါ​ဝိဒ်​မျိုး​နွယ်​က​နေ+ လူ​သား​အဖြစ် မွေး​ဖွား​လာ​တဲ့ သား​တော်​နဲ့​ဆိုင်​တယ်။ ၄  သား​တော်​ဟာ ကျွန်​တော်​တို့​ရဲ့​သခင် ယေရှု​ခရစ်​ပဲ။ သူ သေရာ​က​နေ ရှင်​ပြန်​ထ​မြောက်​လာ​ချိန်​မှာ+ ဘု​ရား​သခင်​ရဲ့ သား​ဖြစ်​ကြောင်း+ သန့်​ရှင်း​သော စွမ်း​အား​တော်ရဲ့ တန်​ခိုး​အား​ဖြင့် ထင်​ရှား​လာ​တယ်။ ၅  သူ​က​တစ်​ဆင့် မဟာ​က​ရု​ဏာ​တော်​နဲ့ တမန်​တော်​တာ​ဝန်​ကို ကျွန်​တော်​တို့ ရ​ရှိ​ကြ​တယ်။+ လူ​မျိုး​အပေါင်း ယုံ​ကြည်​ပြီး+ နာ​ခံ​ခြင်း​အား​ဖြင့်  သူ့​ရဲ့​နာမည်​ကို ဂုဏ်​တင်​လာ​ကြ​ဖို့​ပဲ။ ၆  ခင်​ဗျား​တို့​လည်း အဲ​ဒီ​လူ​မျိုး​အ​ပေါင်း​ထဲ​မှာ ပါ​ဝင်​တဲ့​အတွက် ယေရှု​ခ​ရစ်ရဲ့ နောက်​လိုက်​တွေ ဖြစ်​လာ​ဖို့ ဘု​ရား​သခင် ရွေး​ချယ်​တဲ့​သူ​တွေ ဖြစ်​တယ်။ ၇  ရော​မမြို့​မှာ​ရှိ​တဲ့ ဘု​ရား​သခင် ချစ်မြတ်​နိုး​သူ၊ သန့်​ရှင်း​သူ​အဖြစ် ရွေး​ချယ်​ခံ​ရ​သူ အား​လုံး​ဆီ ကျွန်​တော် စာ​ရေး​လိုက်​ပါ​တယ်– အဖဘု​ရား​သခင်​နဲ့ သခင်​ယေရှု​ခ​ရစ်​ဆီ​က မဟာ​က​ရု​ဏာ​တော်​နဲ့ ငြိမ်​သက်​ခြင်း​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၈  ဦး​ဆုံး၊ ခင်​ဗျား​တို့​နဲ့​ပတ်​သက်​ပြီး ယေရှု​ခ​ရစ်​က​တစ်​ဆင့် ဘု​ရား​သခင်​ကို ကျွန်​တော် ကျေး​ဇူး​တင်​ချီး​မွမ်း​ပါ​တယ်။ ဘာ​လို့​လဲ​ဆို​တော့ တစ်​လော​က​လုံး​မှာ​ရှိ​တဲ့ လူ​တွေ​က ခင်​ဗျား​တို့​ရဲ့ ယုံ​ကြည်​ခြင်း​အကြောင်း  ပြော​ဆို​နေ​ကြ​လို့​ပဲ။ ၉  ကျွန်​တော်​ဟာ သား​တော်​နဲ့​ဆိုင်​တဲ့ သတင်း​ကောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့် ဘု​ရား​သခင်​ကို စိတ်​နှ​လုံး​အကြွင်း​မဲ့ ဝတ်​ပြု​ပါ​တယ်။ ကျွန်​တော် ဆု​တောင်း​တဲ့​အခါ​တိုင်း ခင်​ဗျား​တို့​အတွက် အမြဲတောင်း​ပေး​မှန်း ဘု​ရား​သခင်​ဟာ သက်​သေပဲ။+ ၁၀  ဘု​ရား​သခင်​အလို​ရှိ​ရင် မကြာ​မီ ခင်​ဗျား​တို့​ဆီ တစ်​နည်း​နည်း​နဲ့ လာ​ခွင့်​ရ​ဖို့ ဆု​တောင်း​နေ​တယ်။ ၁၁  ခင်​ဗျား​တို့​ကို သိပ်​တွေ့​ချင်​တယ်။ ဘု​ရား​သခင်​ဆီ​က ဆု​ကျေး​ဇူး​ကို ဝေ​မျှ​ပေး​ပြီး ခင်​ဗျား​တို့​ကို မြဲမြံ​ခိုင်​ခံ့​စေ​ချင်​လို့​ပါ။ ၁၂  တစ်​နည်း​အား​ဖြင့် ခင်​ဗျား​တို့​ရော ကျွန်​တော်​ပါ ကိုယ့်​ရဲ့​ယုံ​ကြည်​ခြင်း​အား​ဖြင့် အပြန်​အလှန် အား​ပေး​ခွင့်​ရ​ချင်​လို့​ပါ။+ ၁၃  ညီ​အစ်​ကို​တို့၊ လူ​မျိုး​ခြား​တွေ​ဆီမှာ ကျွန်​တော် ဟော​ပြော​တဲ့​အခါ ရလဒ်​ကောင်း​တွေ ရခဲ့​သလို ခင်​ဗျား​တို့​ဆီ​မှာ​လည်း  ရ​လ​ဒ်​ကောင်း​တွေ ရချင်​လို့ ခင်ဗျား​တို့​ဆီ​လာ​ဖို့ အကြိမ်​ကြိမ် ကြိုး​စား​ခဲ့​တယ်​ဆို​တာ သိ​စေ​ချင်​တယ်။  အခု​ချိန်​ထိ​တော့  ကျွန်​တော်​လာလို့ မရ​သေး​ဘူး။ ၁၄  ဂရိ​လူ​မျိုး၊  တိုင်း​တစ်​ပါး​သား၊ ဉာဏ်​ပညာ​ရှိ​သူ၊ အသိ​ဉာဏ်​မဲ့​သူ အား​လုံး​ကို ကျွန်​တော် အကြွေး​တင်​နေ​တယ်။ ၁၅  ဒါ​ကြောင့် ရော​မမြို့​မှာ​ရှိ​တဲ့  ခင်​ဗျား​တို့​ကို​လည်း  သတင်း​ကောင်း သိပ်​ပြော​ပြချင်​တယ်။+ ၁၆  သတင်း​ကောင်း​အတွက် ကျွန်​တော်  မရှက်​ပါ​ဘူး။+  သတင်း​ကောင်း​ဟာ ယုံ​ကြည်​ခြင်း​ရှိ​သူ​တိုင်း​ကို+ ကယ်​တင်​ခြင်း​ရ​စေ​တဲ့ ဘု​ရား​သခင်​ရဲ့ တန်​ခိုး​တော်​ပဲ။ ဦး​ဆုံး ဂျူး​လူ​မျိုး၊+ ပြီး​တဲ့​နောက် ဂရိ​လူ​မျိုး​ပါ+ သတင်း​ကောင်း ကြား​ခဲ့ရ​တယ်။ ၁၇  ယုံ​ကြည်​ခြင်း​ရှိ​သူ​တွေ​ဟာ သတင်း​ကောင်း​အား​ဖြင့် ဘုရား​သခင်​ရဲ့ ဖြောင့်​မတ်​ခြင်း ထင်​ရှား​လာ​တာ​ကို မြင်​တွေ့ ​ပြီး ယုံ​ကြည်​ခြင်း ပို​ခိုင်​မာ​လာ​တယ်။+ “ဖြောင့်​မတ်​သူ​ဟာ ယုံ​ကြည်​ခြင်း​ကြောင့် အသက်​ရှင်​လိမ့်​မယ်”+ ဆို​ပြီး ကျမ်း​စာ​မှာ ရေး​ထား​တဲ့​အတိုင်း​ပါ​ပဲ။ ၁၈  အမှန်​တ​ရား​ကို မတ​ရား​နည်း​နဲ့  ဖိ​နှိပ်​တား​ဆီး​သူ​တွေရဲ့+  ဘု​ရား​တရား​မဲ့​မှု၊ မဖြောင့်​မတ်​မှု​အား​လုံး​အ​ပေါ်​ ကောင်း​ကင်​က​နေ ဘု​ရား​သခင်​ရဲ့ အမျက်​တော်+ သက်​ရောက်​လိမ့်​မယ်။ ၁၉  ဘု​ရား​သခင်​က မိမိ​အကြောင်း​ကို ရှင်း​လင်း​စွာ ဖော်​ပြခဲ့​တဲ့​အတွက် ဘုရား​သခင့်​အကြောင်း သိ​သင့်​သမျှ သူ​တို့​သိ​ထား​တယ်။+ ၂၀  ဘု​ရား​သခင်​ကို မမြင်​ရ​ပေမဲ့ ဖန်​ဆင်း​ထား​ရာတွေ​ကို ကြည့်​ပြီး+ ဘု​ရား​သခင်​ရဲ့ ထာ​ဝ​ရ​တန်​ခိုး​တော်​နဲ့+ အရည်​အသွေး​တွေ​အပြင် ကိုယ်​တော်​ဟာ ဘု​ရား​သခင်​ဖြစ်​ကြောင်း+ လော​က​ကို ဖန်​ဆင်း​ချိန်​ကတည်း​က အထင်​အရှား သိ​မြင်​နိုင်​တယ်။ ဒါ​ကြောင့် သူ​တို့ ဆင်​ခြေ​ပေး​လို့​မရ​ဘူး။ ၂၁  သူ​တို့​က ဘု​ရား​သခင်​ကို သိ​ပေမဲ့ ဘု​ရား​အဖြစ် ဘုန်း​တော်​ကို မချီး​မွမ်း​ဘူး၊ ကျေး​ဇူး​လည်း မတင်​ကြ​ဘူး။ သူ​တို့​ရဲ့ တွေး​တော​ဆင်​ခြင်​မှု​တွေ​ဟာ အချည်း​နှီး​ဖြစ်​သွား​ပြီး အသိ​ဉာဏ်​မဲ့​တဲ့ စိတ်​နှ​လုံး​က​လည်း အမှောင်​ဖုံး​သွား​တယ်။+ ၂၂  ဉာဏ်​ပညာ​ရှိ​သူ​တွေ​ပါ​လို့ သူ​တို့​ပြော​နေ​ပေမဲ့ မိုက်​မဲ​သူ​တွေ ဖြစ်​သွား​တယ်။ ၂၃  မဖောက်​ပြန်​မပျက်​စီး​နိုင်​တဲ့ ဘု​ရား​သခင်​ကို ဂုဏ်​တင်​ချီး​မွမ်း​မယ့်​အစား ဖောက်​ပြန်​ပျက်​စီး​တတ်​တဲ့ လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ တွား​သွား​သတ္တ​ဝါ​တွေရဲ့ ရုပ်​တု​တွေ​ကို ဂုဏ်​တင်​ချီး​မွမ်း​ကြ​တယ်။+ ၂၄  ဒါ​ကြောင့် ဘု​ရား​သခင်​က စိတ်​အလို​နောက်​ကို​ပဲ လိုက်​ချင်​နေ​တဲ့ သူ​တို့​ကို စွန့်​ပစ်​ပြီး ညစ်​ညူး​တဲ့​အရာတွေ၊ ကိုယ်​ခ​န္ဓာ အရှက်​ရ​စေ​တဲ့​အရာတွေ ပြု​ကျင့်​ဖို့ ခွင့်​ပြု​လိုက်​တယ်။ ၂၅  သူ​တို့​က ဘုရား​သခင်​နဲ့​ပတ်​သက်​တဲ့ အမှန်​တ​ရား​ကို မဟုတ်​ဘဲ အလိမ်​အညာ​စ​ကား​တွေ​ကို ယုံ​ကြည်​ဖို့ ရွေး​ချယ်​ကြ​တယ်။ ထာ​ဝ​စဉ်​ချီး​မွမ်း​ရ​မယ့် ဖန်​ဆင်း​ရှင်​ကို မဟုတ်​ဘဲ ဖန်​ဆင်း​ခံ​ရ​တဲ့​အရာတွေ​ကို ကြည်​ညို​ပြီး ဝတ်​ပြု​ကြ​တယ်။ အာမင်။* ၂၆  ဒါ​ကြောင့် ဘု​ရား​သခင်​က သူ​တို့​ကို စွန့်​ပစ်​ပြီး အထိန်း​အကွပ်​မဲ့​တဲ့ ရမ္မက်​အလို​အတိုင်း+ အကျင့်​ပျက်​ပြား​ဖို့ ခွင့်​ပြု​လိုက်​တယ်။ မိန်း​မတွေ​က သဘာ​ဝ​ကို လွန်​ဆန်​ပြီး သဘာ​ဝ​နဲ့ ဆန့်​ကျင်​တဲ့​အကျင့်​တွေ​ကို  ကျင့်​ကြ​တယ်။+ ၂၇  ယောက်ျားတွေ​က​လည်း သဘာ​ဝ​အတိုင်း မိန်း​မနဲ့​ဆက်​ဆံ​တာ​ကို စွန့်​လွှတ်​ကြ​တယ်။ ရာ​ဂမီး​တောက်​လောင်​ပြီး ညစ်​ညမ်း​တဲ့​အကျင့်​တွေ​ကို ယောက်ျား​အချင်း​ချင်း  ပြု​ကျင့်​ကြ​တယ်။+ ဒါ​ကြောင့် အပြစ်​အတွက် ထိုက်​သင့်​တဲ့​အပြစ်​ဒဏ်​ကို သူ​တို့ အပြည့်​အဝ ခံ​ရ​တယ်။+ ၂၈  ဘု​ရား​သခင်​ကို သူ​တို့ အသိ​အ​မှတ် မပြု​ချင်​တဲ့​အတွက် ဘု​ရား​သ​ခင်​က​လည်း သူ​တို့​ကို စွန့်​ပစ်​ပြီး ယုတ်​ညံ့​တဲ့  အတွေး​တွေ​အတိုင်း လုပ်​ဆောင်​ဖို့ ခွင့်​ပြု​လိုက်​တယ်။ ဒါ​ကြောင့် မသင့်​လျော်​တဲ့​အရာတွေ​ကို  သူ​တို့  ပြု​ကျင့်​ကြ​တယ်။+ ၂၉  သူ​တို့​ဆီ​မှာ မဖြောင့်​မတ်​ခြင်း၊+ ဆိုး​ညစ်​ခြင်း၊ လော​ဘ​ကြီး​ခြင်း​အပြင်+ မကောင်း​မှု​အမျိုး​မျိုး​နဲ့​လည်း ပြည့်​နေ​တယ်။ မနာ​လို​စိတ်​များ​သူ၊+ လူ့​အသက်​သတ်​သူ၊+ ခိုက်​ရန်​ဖြစ်​သူ၊  လှည့်​စား​သူ၊+  အငြိုး​အတေး​ကြီး​သူ၊+ အတင်း​အဖျင်း​ပြော​သူ၊ ၃၀  နောက်​ကွယ်​မှာ အပုပ်​ချ​သူ၊+ ဘု​ရား​သခင်​ကို မုန်း​တီး​သူ၊ ရိုင်း​စိုင်း​သူ၊ မာ​န​ကြီး​သူ၊ ဝါ​ကြွား​သူ၊ နစ်​နာ​စေ​တဲ့​အရာ​ကို ကြံ​စည်​သူ၊ မိ​ဘ​စကား နား​မထောင်​သူ၊+ ၃၁  အသိ​တ​ရား​မရှိ​သူ၊+ က​တိ​မတည်​သူ၊ ချစ်​ခင်​တွယ်​တာ​စိတ်  မရှိ​သူ၊  အကြင်​နာ​တ​ရား ကင်း​မဲ့​သူ​တွေ​ပဲ။ ၃၂  အဲ​ဒီ​လို​ပြု​ကျင့်​နေ​သူ​တွေ သေဒဏ်​ခံ​ထိုက်​တယ်​ဆို​တဲ့+ ဘု​ရား​သခင်​ရဲ့ ဖြောင့်​မတ်​တဲ့ စီ​ရင်​ချက်​ကို ကောင်း​ကောင်း​သိ​ထား​လျက်​နဲ့ သူ​တို့​ဟာ ကိုယ်​တိုင်​ပြု​ကျင့်​နေ​ရုံ​မက အဲ​ဒီ​လို​ပြု​ကျင့်​နေ​သူ​တွေ​ကို​လည်း သဘော​ကျ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”