၂ ကောရိန္သု ၉:၁-၁၅

  • ပေး​ကမ်း​ရန် လှုံ့​ဆော်​ချက် (၁-၁၅)

    • စေ​တ​နာ​စိတ်​နဲ့ လှူ​ဒါန်း​သူ​ကို ဘု​ရား​သခင် ချစ်မြတ်​နိုး ()

 သန့်​ရှင်း​သူ​တွေ​ကို ကူ​ညီ​ထောက်​ပံ့​တာ​နဲ့​ပတ်​သက်​ပြီး+ တ​ကယ်​တော့ ခင်​ဗျား​တို့​ဆီ စာ​ရေး​နေ​စ​ရာ မလို​ပါ​ဘူး။ ၂  ခင်​ဗျား​တို့​ရဲ့ စေ​တ​နာ​စိတ်​ကို ကျွန်​တော်​သိ​နေ​လို့​ပါ။ ခင်​ဗျား​တို့ အခါ​ယ​ပြည်​သား​တွေ​က ကူ​ညီ​ဖို့ အသင့်​ရှိ​နေ​တာ  တစ်​နှစ်​တောင် ရှိ​နေ​ပြီဆို​ပြီး မက်​ဆီ​ဒိုး​နီး​ယား​ပြည်​သား​တွေ​ဆီ​မှာ ဂုဏ်​ယူ​ဝင့်​ကြွား​စွာ​နဲ့ ကျွန်​တော် ပြော​ပြတယ်။ ခင်​ဗျား​တို့​ရဲ့ စိတ်​ထက်​သန်​မှု​ကြောင့် သူ​တို့​လည်း စေ​တ​နာ​ထက်​သန်​လာ​ကြ​ပြီ။ ၃  ခင်​ဗျား​တို့​အကြောင်း ကျွန်​တော်​တို့ ဂုဏ်​ယူ​ဝင့်​ကြွား​စွာ ပြော​ခဲ့​တာ​တွေ​ဟာ အမှန်​ပဲ​ဆို​တာ လူ​တွေ​သိ​နိုင်​ဖို့၊ ကျွန်​တော်​ပြော​ခဲ့​သလို ခင်​ဗျား​တို့ တ​ကယ်​အသင့်​ဖြစ်​နေ​နိုင်​ဖို့ ဒီ​ညီ​အစ်​ကို​တွေ​ကို လွှတ်​လိုက်​တယ်။ ၄  ကျွန်​တော်​နဲ့​အတူ မက်​ဆီ​ဒိုး​နီး​ယား​ပြည်​သား​တွေ ရောက်​လာလို့ ခင်​ဗျား​တို့ အသင့်​ဖြစ်​မနေ​တာ​ကို တွေ့​သွား​ရင် ခင်​ဗျား​တို့​ပဲ အရှက်​ရ​မှာ မဟုတ်​ဘူး၊ ခင်​ဗျား​တို့​ကို ယုံ​ကြည်​စိတ်​ချ​ခဲ့​တဲ့ ကျွန်​တော်​တို့​ပါ အရှက်​ရ​မှာ။ ၅  ဒါ​ကြောင့် ခင်​ဗျား​တို့  က​တိ​ပေး​ထား​တဲ့  ရက်ရော​တဲ့​အလှူ​ကို ကြို​တင်​ကောက်​ခံ​နိုင်​ဖို့ ဒီ​ညီ​အစ်​ကို​တွေ အရင်​သွား​နှင့်​မှ​ဖြစ်​မယ်​လို့ ကျွန်​တော်​ယူ​ဆ​တယ်။ ဒါ​မှ ကျွန်​တော်​တို့ ရောက်​လာ​တဲ့​အခါ​ အဆင်​သင့်​ဖြစ်​နေ​တဲ့​အတွက် မရ​မက တောင်း​ခံ​ထား​တဲ့ အလှူ​မဖြစ်​ဘဲ ရက်ရက်ရောရော​ပေး​တဲ့ အလှူ​ဖြစ်​နိုင်​လိမ့်​မယ်။ ၆  ဒီ​ကိစ္စ​မှာ နည်း​နည်း​ပဲ ကြဲ​တဲ့​သူ​ဟာ နည်း​နည်း​ပဲ ရိတ်​သိမ်း​ရ​လိမ့်​မယ်။ များ​များ​ကြဲ​တဲ့​သူ​က​တော့ များ​များ​ရိတ်​သိမ်း​ရ​လိမ့်​မယ်။+ ၇  လူ​တိုင်း စိတ်​ဆုံး​ဖြတ်​ထား​တဲ့​အတိုင်း လှူ​ဒါန်း​ကြ​ပါ။ နှ​မြော​တဲ့​စိတ်၊ မလှူ​မနေ​ရ ဆို​တဲ့​စိတ်​နဲ့  မလှူ​ပါ​စေ​နဲ့။+ စေ​တ​နာ​စိတ်​နဲ့ လှူ​ဒါန်း​တဲ့​သူ​ကို​ပဲ  ဘု​ရား​သခင်  ချစ်မြတ်​နိုးတယ်။+ ၈  ဒါ့​အပြင် ဘု​ရား​သခင်​က ခင်​ဗျား​တို့​ကို မဟာ​က​ရု​ဏာ အလျှံ​ပယ် ခံ​စား​စေ​နိုင်​တယ်။ ဒါ​ကြောင့် ကောင်း​မှု​အမျိုး​မျိုး​ပြု​နိုင်​ဖို့ လို​အပ်​ရာ​မှန်​သမျှ​ကို ခင်​ဗျား​တို့ လို​လေ​သေး​မရှိ အလျှံ​ပယ် ရ​လိမ့်​မယ်။+ ၉  (“သူ​က ရက်ရက်ရောရော ဝေ​မျှ​တယ်။ နွမ်း​ပါး​သူ​တွေ​ကို ပေး​ကမ်း​စွန့်​ကြဲ​တယ်။ သူ့​ရဲ့​ဖြောင့်​မတ်​မှု​ဟာ ထာ​ဝ​စဉ်​တည်​မြဲတယ်”+ ဆို​ပြီး  ကျမ်း​စာ​မှာ ရေး​ထား​တဲ့​အတိုင်း​ပေါ့။ ၁၀  ဘု​ရား​သခင်​က မျိုး​စေ့​ကြဲ​သူ​အတွက်  မျိုး​စေ့​တွေ၊  လူ​တွေ​အတွက် အစား​အစာ​တွေ အလျှံ​ပယ်​ပေး​တယ်။ ခင်​ဗျား​တို့​ကို​လည်း ကြဲ​စ​ရာ​မျိုး​စေ့​တွေ  ပေး​ပြီး ပွား​များ​စေ​မယ်။ ဖြောင့်​မတ်​တဲ့​လုပ်​ရပ်ရဲ့ အသီး​အပွင့်​တွေ​ကို ခင်​ဗျား​တို့ ရိတ်​သိမ်း​ရ​မယ်။) ၁၁  ခင်​ဗျား​တို့​ဟာ အရာရာ​မှာ ကောင်း​ချီး​ရ​ထား​တဲ့​အတွက် နည်း​မျိုး​စုံ​နဲ့ ရက်ရက်ရောရော ပေး​ကမ်း​နိုင်​ကြ​တယ်။ ဒီ​နည်း​နဲ့ ကျွန်​တော်​တို့​ကြောင့် ဘု​ရား​သခင်​ကို ကျေး​ဇူး​တင် ချီး​မွမ်း​စ​ရာ​ဖြစ်​စေ​မယ်။ ၁၂  အများ​အကျိုး​ဆောင်​တဲ့ ဒီ​လုပ်​ငန်း​က သန့်​ရှင်း​သူ​တွေရဲ့ လို​အပ်​ချက်​ကို ကောင်း​ကောင်း​ဖြည့်​ဆည်း​ပေး​တဲ့​အပြင်+ ဘု​ရား​သခင်​ကို လူ​အများ ကျေး​ဇူး​တင်​ချီး​မွမ်း​စ​ရာ ဖြစ်​စေ​တယ်။ ၁၃  ဒီ​ကယ်​ဆယ်​ရေး​လုပ်​ငန်း​က ခင်ဗျား​တို့ ဘယ်​လို​လူ​စား​မျိုး​လဲ​ဆို​တာ ဖော်​ပြတယ်။ ခင်​ဗျား​တို့​က ခရစ်​တော်​နဲ့​ပတ်​သက်​ပြီး  ဟော​နေ​တဲ့  သတင်း​ကောင်း​နဲ့​အညီ  ပြု​မူ​တဲ့​အတွက်၊ သန့်​ရှင်း​သူ​တွေ​ကို​ရော လူ​အား​လုံး​ကို​ပါ ရက်ရော​တဲ့​အတွက် ဘု​ရား​သခင်​ကို လူ​တွေ  ဂုဏ်​တင်​ချီး​မွမ်း​ကြ​တယ်။+ ၁၄  ဘုရား​သခင်​ရဲ့  မဟာ​က​ရု​ဏာ​တော်​ကို ခင်​ဗျား​တို့ ကြွယ်​ဝ​စွာ​ခံ​စား​ရ​တဲ့​အတွက် သူ​တို့​က ချစ်​ခင်မြတ်​နိုး​တဲ့​စိတ်​နဲ့ တိုး​လျှိုး​အသနား​ခံ​ပေး​နေ​တယ်။ ၁၅  မပြော​ပြ​တတ်​လောက်​အောင်​ ကောင်းမြတ်​တဲ့ ဆု​လက်​ဆောင်​အ​တွက် ဘု​ရား​သခင်​ကို ကျေး​ဇူး​တင်​ပါ​တယ်။

အောက်ခြေမှတ်ချက်များ