ရောမ ၁၆:၁-၂၇

  • အသင်း​တော်​ကို အလုပ်​အကျွေး​ပြု​သူ ညီ​အစ်​မ ဖိဗေကို​ ပေါ​လု​မိတ်ဆက်ပေး (၁၊ ၂)

  • ရော​မအသင်း​တော်​က ခ​ရစ်​ယာန်တွေ​ကို နှုတ်ခွန်းဆက် (၃-၁၆)

  • စိတ်​ဝမ်း​မကွဲ​ဖို့ သတိ​ပေး​ချက် (၁၇-၂၀)

  • လုပ်​ဖော်​ဆောင်​ဖက်​တွေ​ဆီ​က နှုတ်​ခွန်း​ဆက်​စကား (၂၁-၂၄)

  • မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​ကို ဖော်​ပြ (၂၅-၂၇)

၁၆  ကင်​ခြေ​မြို့​မှာ​ရှိ​တဲ့+ အသင်း​တော်​ကို အလုပ်​အကျွေး​ပြု​သူ ညီ​အစ်​မဖိ​ဗေ​ကို ခင်​ဗျား​တို့​နဲ့ မိတ်​ဆက်​ပေး​ပါ​တယ်။ ၂  သန့်​ရှင်း​သူ​တွေ​ကို ကြို​ဆို​သင့်​တဲ့​အတိုင်း သခင်​ကို​ယုံ​ကြည်​သူ​အဖြစ် သူ့​ကို ကြို​ဆို​လက်​ခံ​ပေး​ကြ​ပါ။ သူ​လို​အပ်​သမျှ​ကို ကူ​ညီ​ပေး​ကြ​ပါ။+ သူ​က ကျွန်​တော့်​ကို​ရော လူ​များ​စွာ​ကို​ပါ ကူညီ​ပေး​ခဲ့​တယ်။ ၃  ခ​ရစ်​တော်​ယေရှု​ရဲ့  အလုပ်​ကို ကျွန်​တော်​နဲ့​အတူ လုပ်​ဆောင်​ခဲ့​တဲ့ ပြစ်​က* နဲ့ အာ​ကု​လ​ကို+ နှုတ်​ဆက်​ပေး​ပါ။ ၄  သူ​တို့​ဟာ ကျွန်​တော့်​အတွက် လည်​စင်း​ခံ​ဝံ့​သူ​တွေ​ပဲ။+  ကျွန်​တော်​သာ​မက လူ​မျိုး​ခြား​အသင်း​တော် အား​လုံး​က သူ​တို့​ကို ကျေး​ဇူး​တင်​ကြ​တယ်။ ၅  သူ​တို့​အိမ်​မှာ​စု​ဝေး​တဲ့ အသင်း​တော်​ကို​လည်း နှုတ်​ဆက်​ပေး​ပါ။+ အာ​ရှ​နယ်​မှာ ခ​ရစ်​တော်ရဲ့​တ​ပည့် ဦး​ဆုံး​ဖြစ်​လာ​သူ ချစ်​ရ​တဲ့​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ပေး​ပါ။ ၆  ခင်​ဗျား​တို့​အတွက် ကြိုး​ကြိုး​စား​စား လုပ်​ဆောင်​ပေး​တဲ့ မာရိ​ကို နှုတ်​ဆက်​ပေး​ပါ။ ၇  ကျွန်​တော့်​ဆွေ​မျိုး​တွေ၊+ အတူ​အကျဉ်း​ကျ​ခဲ့​သူ​တွေ​ဖြစ်​တဲ့ အန္ဒြောနိတ်​နဲ့ ယု​နိ​ကို နှုတ်​ဆက်​ပေး​ပါ။ သူ​တို့​ဟာ တမန်​တော်တွေရဲ့ နှစ်​သက်​လက်​ခံ​မှု​ကို ရ​တဲ့​သူ​တွေ၊ ကျွန်​တော့်​ထက်​အရင် ခ​ရစ်​တော်​နဲ့ တစ်​စိတ်​တ​ဝမ်း​တည်း ဖြစ်​ခဲ့​သူ​တွေ​ပဲ။ ၈  ချစ်​ရ​တဲ့ အမ်​ပလိ​အာ​တု​ကို နှုတ်​ဆက်​ပေး​ပါ၊ သူ​လည်း သခင့်​နောက်​လိုက်​ပါ​ပဲ။ ၉  ခ​ရစ်​တော်ရဲ့​အလုပ်​ကို ကျွန်​တော်​တို့​နဲ့​အတူ လုပ်​ဆောင်​ခဲ့​တဲ့ ဥရ​ဗန်​ကို​ရော ချစ်​ရ​တဲ့ သတာ​ခု​ကို​ပါ နှုတ်​ဆက်​ပေး​ပါ။ ၁၀  ခ​ရစ်​တော်ရဲ့ နှစ်​သက်​လက်​ခံ​မှု​ကို​ရ​တဲ့ အပေလေ​ကို နှုတ်​ဆက်​ပေး​ပါ။ အာ​ရိ​တော​ဗု​လု​ရဲ့ အိမ်​သူ​အိမ်​သား​တွေ​ကို နှုတ်​ဆက်​ပေး​ပါ။ ၁၁  ကျွန်​တော့်​ဆွေ​မျိုး ဟေ​ရော​ဒျုန်​ကို  နှုတ်​ဆက်​ပေး​ပါ။ သခင့်​နောက်လိုက်​တွေ​ဖြစ်​တဲ့ နာ​ကိ​သု​ရဲ့ အိမ်​သူ​အိမ်သား​တွေ​ကို  နှုတ်​ဆက်​ပေး​ပါ။ ၁၂  သ​ခင့်​အလုပ်​ကို  ကြိုး​ကြိုး​စား​စား​လုပ်​နေ​တဲ့ ညီ​အစ်​မ တ​ရု​ဖဲ​န​နဲ့ တ​ရု​ဖောသ၊ သခင့်​အလုပ်​ကို ကြိုး​စား​လုပ်​ဆောင်​တဲ့​ ချစ်​ရ​တဲ့​ညီ​အစ်​မ ပေရ​သိ​ကို​လည်း နှုတ်​ဆက်​ပေး​ပါ။ ၁၃  သခင်​ရဲ့​ ထူးခြား​ထင်​ရှား​တဲ့​တ​ပည့်  ရု​ဖု​နဲ့  သူ့​မိခင်​ဖြစ်​တဲ့ ကျွန်​တော့်​မိ​ခင်​ကို နှုတ်​ဆက်​ပေး​ပါ။ ၁၄  အသုံ​က​ရိတ်၊ ဖလေ​ဂုန်၊ ဟေ​ရ​မေ၊ ပတ်​ရော​ဘ​နဲ့ ဟေ​ရ​မကို​ရော သူ​တို့​နဲ့​အတူ​ရှိ​တဲ့ ညီ​အစ်​ကို​တွေ​ကို​ပါ နှုတ်​ဆက်​ပေး​ပါ။ ၁၅  ဖိလော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရုရဲ့ နှ​မနဲ့ အို​လမ်​ပတ်​ကို​ရော သူ​တို့​နဲ့​အတူ​ရှိ​တဲ့ သန့်​ရှင်း​သူ​အား​လုံး​ကို​ပါ နှုတ်​ဆက်​ပေး​ပါ။ ၁၆  အချင်း​ချင်း​ကို သန့်​ရှင်း​တဲ့​အနမ်း​နဲ့ နှုတ်​ဆက်​ကြ​ပါ။ ခ​ရစ်​တော်ရဲ့ အသင်း​တော်​အား​လုံး​က ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​ပါ​တယ်။ ၁၇  ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့​သင်​ယူ​ထား​တဲ့ သွန်​သင်​ချက်​နဲ့ ဆန့်​ကျင်​ပြီး စိတ်​ဝမ်း​ကွဲ​ပြား​အောင်၊  တိုက်​မိ​လဲ​အောင် လုပ်​နေ​သူ​တွေ​ကို မျက်​စိ​ရှင်​ရှင်​ထား​ပြီး ကြဉ်​ရှောင်​ဖို့ ကျွန်​တော် သတိ​ပေး​ချင်​တယ်။+ ၁၈  အဲ​ဒီ​လို​လူ​တွေ​ဟာ သခင်​ခ​ရစ်​တော်​ကို အစေ​ခံ​တဲ့​သူ​တွေ မဟုတ်​ဘူး။ သူ​တို့​ရဲ့​ဆန္ဒ​အာ​သီ​သကို အစေ​ခံ​တဲ့​သူ​တွေ​ပဲ။ သူ​တို့​က ရိုး​သား​သူ​တွေ​ကို ချို​ချို​သာ​သာ မြှောက်​ပင့်​ပြော​ဆို​ပြီး လှည့်​စား​တတ်​တယ်။ ၁၉  ခင်​ဗျား​တို့ နာ​ခံ​မှု​ရှိ​တဲ့​အကြောင်း လူ​အား​လုံး သတိ​ပြု​မိ​ပါ​တယ်။  ဒါ​ကြောင့်  ခင်​ဗျား​တို့​အတွက်  ကျွန်​တော်​ဝမ်း​သာ​တယ်။ ဒါ​ပေမဲ့ ခင်​ဗျား​တို့​ကို ကောင်းမြတ်ရာ​ကို​သိ​ရှိ​တဲ့ ဉာဏ်​ပညာ​ရှိ​သူ​တွေ၊ မကောင်း​မှု​နဲ့​ပတ်​သက်​လာရင် အပြစ်​ကင်း​သူ​တွေ ဖြစ်​စေ​ချင်​တယ်။+ ၂၀  ငြိမ်​သက်​ခြင်း ပေး​သနား​တဲ့ ဘု​ရား​သခင်​က မကြာ​ခင် စာတန်​ကို  ခင်​ဗျား​တို့​ရဲ့​ခြေ​အောက်​မှာ ချေ​မှုန်း​တော့​မယ်။+ သခင်​ယေရှု​ရဲ့ မဟာ​က​ရု​ဏာ​ကို ခင်​ဗျား​တို့ ခံ​စား​ရပါစေ။ ၂၁  ကျွန်​တော့်​လုပ်​ဖော်​ဆောင်​ဖက် တိမောသေနဲ့ ကျွန်​တော့်​ဆွေ​မျိုး​တွေ​ဖြစ်​တဲ့+ လု​ကိ၊ ယာ​သုန်၊ သော​သိ​ပတ​ရု​တို့​က​လည်း ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​ပါ​တယ်။ ၂၂  ဒီ​စာ​ကို​ရေး​ပေး​တဲ့ တေ​ရ​တိ​က​လည်း ခင်​ဗျား​တို့​ကို ခ​ရစ်​ယာန်​မေတ္တာ ပို့​သလိုက်​ပါ​တယ်။ ၂၃  ကျွန်​တော်​နဲ့ အသင်း​တော်​တစ်​ခု​လုံး​ကို လက်​ခံ​ကြို​ဆို​တဲ့ အိမ်​ရှင် ဂါ​ယု​က+   ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​တယ်။ မြို့​ဘဏ္ဍာ​စိုး ဧ​ရ​တု​နဲ့ သူ့​ညီ ကွာ​တု​က ခင်​ဗျား​တို့​ကို နှုတ်​ဆက်​လိုက်​တယ်။ ၂၄  * ၂၅  ကျွန်​တော်​ဟော​ပြော​တဲ့ ယေရှု​ခ​ရစ်​အကြောင်း​နဲ့  သတင်း​ကောင်း​က ခင်​ဗျား​တို့​ကို ဘု​ရား​သခင် ခိုင်​ခံ့​မြဲမြံ​စေ​နိုင်​မှန်း  ဖော်​ပြနေ​တယ်။   အဲ​ဒီ​သတင်း​ကောင်း​ဟာ ဘု​ရား​သခင်​ဖော်​ပြတဲ့ မြင့်မြတ်​တဲ့​လျှို့ဝှက်​ချက်​နဲ့ ဆက်​စပ်​နေ​တယ်။+ ဒါ​ဟာ အရင်​က​တည်း​က လျှို့ဝှက်​ချက်​ဖြစ်​ခဲ့​တယ်။ ၂၆  အခု​တော့ အဲ​ဒီ​လျှို့ဝှက်​ချက်​ကို ပရော​ဖက်​ကျမ်း​တွေ​အား​ဖြင့် ဖော်​ပြပြီး အသိ​ပေး​လိုက်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သခင်​ရဲ့  အမိန့်​တော်​အတိုင်း လူ​မျိုး​အပေါင်း ယုံ​ကြည်​ပြီး နာခံ​လာ​ကြ​ဖို့​ပဲ။ ၂၇  ဘု​ရား​သခင်​တစ်​ဆူ​တည်း​ပဲ ဉာဏ်​ပညာ​နဲ့ ပြည့်​စုံ​တယ်။+ ယေရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သခင် ထာ​ဝ​စဉ်​ဘုန်း​ထင်​ရှား​ပါ​စေ။ အာ​မင်။*

အောက်ခြေမှတ်ချက်များ

ပြစ်​ကိ​လ။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”