မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၄၀

ဘုရားအမြင်မှာ သန့်ရှင်းစင်ကြယ်နိုင်ပုံ

ဘုရားအမြင်မှာ သန့်ရှင်းစင်ကြယ်နိုင်ပုံ

မေတ္တာရှိတဲ့ မိခင်က သားငယ်ကို ကျောင်းသွားဖို့ ပြင်ဆင်ပေးနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ရေချိုးပေးပြီး သန့်ရှင်းသပ်ရပ်တဲ့ အဝတ်ကို ဝတ်ပေးတယ်။ ဒါက ကလေးကို ကျန်းမာစေတဲ့အပြင် ဂရုစိုက်တဲ့မိဘတွေ ရှိမှန်းလည်း သိစေတယ်။ အလားတူပဲ။ မေတ္တာရှင်ဖခင် ယေဟောဝါက ကျွန်တော်တို့ကို ကာယပိုင်းရော စာရိတ္တပိုင်းမှာပါ သန့်ရှင်းစေချင်တယ်။ သန့်ရှင်းခြင်းက ကျွန်တော်တို့ကို အကျိုးရှိစေသလို ဘုရားကိုလည်း ဂုဏ်တင်ရာရောက်တယ်။

၁။ ကာယပိုင်းမှာ ဘယ်လို သန့်ရှင်းနိုင်မလဲ။

“မင်းတို့လည်း သန့်ရှင်းရမယ်” လို့ ယေဟောဝါ ပြောတယ်။ (၁ ပေတရု ၁:၁၆) ကာယပိုင်းရော စာရိတ္တပိုင်းမှာပါ သန့်ရှင်းနေဖို့ လိုတယ်။ ကာယပိုင်း သန့်ရှင်းဖို့ ရေမှန်မှန်ချိုးရမယ်။ အဝတ်၊ အိမ်၊ ယာဉ်တွေကို သန့်ရှင်းသပ်ရပ်အောင် ထားရမယ်။ နိုင်ငံတော်ခန်းမ သန့်ရှင်းနေဖို့ ကူညီနိုင်တယ်။ ကာယပိုင်း သန့်ရှင်းတာက ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။​—၂ ကောရိန္သု ၆:​၃၊ ၄

၂။ မသန့်ရှင်းတဲ့ ဘယ်အကျင့်တွေကို ရှောင်ရမလဲ။

“ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေ” ဖို့ ကျမ်းစာ အားပေးတယ်။ (၂ ကောရိန္သု ၇:၁) ဒါကြောင့် ကိုယ်ခန္ဓာနဲ့ စိတ်ကို ညစ်ညမ်းစေမယ့်အရာမှန်သမျှကို ရှောင်ရမယ်။ မသန့်ရှင်းတဲ့ အတွေးတွေကို အတတ်နိုင်ဆုံး ရှောင်ရမယ်။ ဒါမှ ကိုယ့်အတွေးတွေဟာ ဘုရားနှစ်သက်စရာ ဖြစ်နိုင်မယ်။ (ဆာလံ ၁၀၄:၃၄) ညစ်ညမ်းတဲ့စကားတွေကိုလည်း ရှောင်ရမယ်။​—ကောလောသဲ ၃:၈ ကို ဖတ်ပါ။

ဘာက ကာယပိုင်းနဲ့ စာရိတ္တပိုင်းကို မသန့်မရှင်း ဖြစ်စေနိုင်သလဲ။ ကိုယ်ခန္ဓာကို ညစ်ညမ်းစေတဲ့ ဆေးလိပ်၊ ကွမ်း၊ ကိုကာရွက်၊ မူးယစ်ဆေးစတာတွေကို ရှောင်ကြတယ်။ ဒါက ပိုကျန်းမာစေတဲ့အပြင် အသက်ဆုလက်ဆောင်ကို လေးမြတ်ကြောင်း ပြရာရောက်တယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်း၊ ညစ်ညမ်းရုပ်ပုံစာပေတွေ ကြည့်ခြင်းတို့လို မသန့်ရှင်းတဲ့အကျင့်တွေကိုလည်း ပြုပြင်ပြီး စာရိတ္တပိုင်း သန့်ရှင်းနေဖို့ ကြိုးစားကြတယ်။ (ဆာလံ ၁၁၉:၃၇။ ဧဖက် ၅:၅) ဒီအကျင့်တွေကို ဖြတ်ဖို့ ခက်ပေမဲ့ ယေဟောဝါ ကူညီပေးနိုင်တယ်။​—ဟေရှာယ ၄၁:၁၃ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

ကာယပိုင်း သန့်ရှင်းတာက ယေဟောဝါကို ဂုဏ်တင်ရာရောက်ပုံ၊ မသန့်ရှင်းတဲ့ အကျင့်တွေကို ဖြတ်နိုင်ပုံအကြောင်း လေ့လာပါ။

၃။ ကာယပိုင်း သန့်ရှင်းမှုက ယေဟောဝါကို ဂုဏ်တင်

ရှေးခေတ် အစ္စရေးတွေကိုပေးတဲ့ ပညတ်တွေမှာ သန့်ရှင်းခြင်းကို ယေဟောဝါ ဘယ်လို ရှုမြင်မှန်း တွေ့နိုင်တယ်။ ထွက်မြောက်ရာ ၁၉:၁၀ နဲ့ ၃၀:၁၇-၁၉ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီကျမ်းပိုဒ်တွေအရ ကာယပိုင်း သန့်ရှင်းမှုကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။

  • ကာယပိုင်း သန့်ရှင်းနေဖို့ ဘာတွေ လုပ်နိုင်သလဲ။

ကာယပိုင်း သန့်ရှင်းနေဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်ရမယ်။ ဒေသမရွေး၊ ဆင်းရဲချမ်းသာမရွေး သန့်သန့်ရှင်းရှင်း နေနိုင်ပါတယ်။ ဗီဒီယို ဖွင့်ပါ ပြီးတဲ့နောက် အောက်ပါ မေးခွန်းကို သုံးသပ်ပါ။

  • ကိုယ့်ပိုင်ဆိုင်ရာတွေကို သန့်ရှင်းသပ်ရပ်စွာ ထားတာက ဟောပြောခြင်းလုပ်ငန်းကို ဘယ်လို ဂုဏ်တက်စေသလဲ။

၄။ အကျင့်ဆိုးတွေကို ဖြတ်ပါ

အကျင့်ဆိုးတွေ ဖြတ်ဖို့ ယေဟောဝါ ကူညီပေးနိုင်

ဆေးလိပ်၊ မူးယစ်ဆေးတွေ အပျော်သဘောနဲ့ သုံးနေတယ်ဆိုရင် ဒီအကျင့်ဆိုးကို ဖြတ်ဖို့ အလွန်ခက်မှန်း သိမှာပဲ။ ဘာက ကူညီနိုင်သလဲ။ ဒီအကျင့်ဆိုးက သင့်ကို ဘယ်လို ထိခိုက်စေသလဲ သုံးသပ်ပါ။ မဿဲ ၂၂:၃၇-၃၉ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီအချက်တွေကို သုံးသပ်ပါ။ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေး သုံးတာက

  • ယေဟောဝါနဲ့ ဆက်ဆံရေးကို ဘယ်လို ထိခိုက်စေသလဲ။

  • မိသားစုနဲ့ တခြားသူတွေကို ဘယ်လို ထိခိုက်စေသလဲ။

အကျင့်ဆိုးကို ဖြတ်ဖို့ စီစဉ်ပါ။ a ဗီဒီယို ဖွင့်ပါ

ဖိလိပ္ပိ ၄:၁၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ပုံမှန် ဆုတောင်းတာ၊ ကျမ်းစာလေ့လာတာ၊ အစည်းအဝေးတွေ တက်တာက အကျင့်ဆိုးကို ဖြတ်ဖို့ ဘယ်လို ခွန်အားပေးနိုင်သလဲ။

၅။ မသန့်ရှင်းတဲ့အတွေးနဲ့ အကျင့်တွေကို ပြုပြင်ပါ

ကောလောသဲ ၃:၅ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ညစ်ညမ်းရုပ်ပုံစာပေ ကြည့်တာ၊ လိင်စိတ်ကြွစေတဲ့ ရုပ်ပုံနဲ့ စာတွေကို ဖုန်းနဲ့ပို့တာ၊ တစ်ကိုယ်ရေ အာသာဖြေတာတွေဟာ ယေဟောဝါအမြင်မှာ မသန့်ရှင်းကြောင်း ဘယ်လို သိရသလဲ။

  • စာရိတ္တသန့်ရှင်းနေဖို့ ယေဟောဝါ တောင်းဆိုတာက လက်တွေ့ကျတယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

မသန့်ရှင်းတဲ့ အတွေးတွေ တိုက်ထုတ်နိုင်ပုံကို ရှာကြည့်ပါ။ ဗီဒီယို ဖွင့်ပါ

စာရိတ္တသန့်ရှင်းဖို့ ပြတ်ပြတ်သားသား လုပ်သင့်ကြောင်း ယေရှု ဥပမာပေးပြီး ရှင်းပြတယ်။ မဿဲ ၅:၂၉၊ ၃၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ယေရှုက ကိုယ်ခန္ဓာ အနာတရဖြစ်အောင် လုပ်ခိုင်းနေခြင်း မဟုတ်ဘဲ ပြတ်ပြတ်သားသားလုပ်ဖို့ လိုကြောင်း ပြောနေခြင်းဖြစ်တယ်။ မသန့်ရှင်းတဲ့အတွေး မတွေးမိအောင် ဘာလုပ်ရမလဲ။ b

မသန့်ရှင်းတဲ့ အတွေးတွေ တိုက်ထုတ်ဖို့ ကြိုးစားတာကို ယေဟောဝါ တန်ဖိုးထားတယ်။ ဆာလံ ၁၀၃:၁၃၊ ၁၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အကျင့်ဆိုးကို ဖြတ်ဖို့ ကြိုးစားနေရင် ဒီကျမ်းပိုဒ်က ဘယ်လို အားရှိစေနိုင်သလဲ။

အကျင့်ဆိုး ပြန်လုပ်မိရင် လက်မလျှော့နဲ့

‘မအောင်မြင်လို့ လက်လျှော့လိုက်ချင်ပြီ’ ဆိုပြီး တွေးမိနိုင်တယ်။ ဒါပေမဲ့ အပြေးသမားတစ်ယောက် ခလုတ်တိုက်လဲသွားရင် ရှုံးသွားပြီ၊ အစကနေ ပြန်ပြေးရမယ်လို့ မဆိုလိုဘူး။ အလားတူပဲ။ အကျင့်ဆိုး ပြန်လုပ်မိတာက ဒီအကျင့် မဖျောက်နိုင်တော့ဘူး၊ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားပြီလို့ မဆိုလိုဘူး။ အကျင့်ဆိုး ပြန်လုပ်မိတာမျိုးက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ လက်မလျှော့ပါနဲ့။ ယေဟောဝါအကူအညီနဲ့ အောင်မြင်နိုင်ပါတယ်။

လူတချို့ အဆို။ “ဖြတ်လို့မရအောင် စွဲနေပြီ။”

  • အကျင့်ဆိုးကို ယေဟောဝါရဲ့အကူအညီနဲ့ ဖြတ်နိုင်ကြောင်း ဘယ်ကျမ်းပိုဒ် သုံးပြီး ရှင်းပြနိုင်သလဲ။

အနှစ်ချုပ်

ကိုယ်ခန္ဓာ၊ စိတ်၊ အမှုအကျင့် သန့်ရှင်းစင်ကြယ်နေမယ်ဆိုရင် ယေဟောဝါရဲ့ နှစ်သက်မှု ရမယ်။

ပြန်လည်သုံးသပ်ခြင်း

  • သန့်ရှင်းနေဖို့ ဘာကြောင့် အလွန်အရေးကြီးသလဲ။

  • ကာယပိုင်းမှာ ဘယ်လို သန့်ရှင်းနိုင်မလဲ။

  • ကိုယ့်ရဲ့အတွေးနဲ့ အမူအကျင့် သန့်ရှင်းနေဖို့ ဘယ်လို လုပ်ရမလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

မချမ်းသာရင်တောင် ကာယပိုင်း သန့်ရှင်းဖို့ ဘယ်ရိုးရှင်းတဲ့နည်းတွေ လုပ်ဆောင်နိုင်သလဲ။

ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး​—လက်ဆေးခြင်း (၃:၀၁)

ဆေးလိပ်ဖြတ်နိုင်ဖို့ ဘာလုပ်ရမလဲ ဖတ်ကြည့်ပါ။

“ဘယ်လို ဆေးလိပ်ဖြတ်ရမလဲ” (နိုးလော့! မေ ၂၀၁၀)

ညစ်ညမ်းရုပ်ပုံ စွဲနေတာကို ဖြတ်နိုင်ခဲ့သူအကြောင်း ဖတ်ကြည့်ပါ။

“အကြိမ်ကြိမ်ရှုံးနိမ့်ပေမဲ့ နောက်ဆုံးတော့ အောင်မြင်ခဲ့” (ကင်းမျှော်စင် အမှတ် ၄၊ ၂၀၁၆)

a ဒီသင်ခန်းစာပါ လေ့လာစရာ ထပ်ဖွေရှာအပိုင်းထဲက “ဘယ်လို ဆေးလိပ်ဖြတ်ရမလဲ” ဆောင်းပါးမှာ ဆေးလိပ်ဖြတ်နည်းတွေ ပါတယ်။