မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ချက်အမှား ၆– ဝတ်ပြုရေးတွင် ပုံများနှင့် အိုင်ကောန်များ အသုံးပြုခြင်းကို ဘုရားသခင် နှစ်သက်

သွန်သင်ချက်အမှား ၆– ဝတ်ပြုရေးတွင် ပုံများနှင့် အိုင်ကောန်များ အသုံးပြုခြင်းကို ဘုရားသခင် နှစ်သက်

ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။

“အစောပိုင်းခရစ်ယာန်များသည် ဝတ်ပြုရေးတွင် ပုံများကို အသုံးမပြုခဲ့ကြချေ။ . . . ခရစ်ယာန်ဘာသာနှင့်သက်ဆိုင်သော အသိပညာကို ဘာသာရေးဟောပြောချက်များနှင့် စာအုပ်များထက် ပုံများမှတစ်ဆင့် လူပြိန်းများ ပိုသိရှိလာနိုင်မည်ဟူသော ယူဆချက်ကို လက်ခံကာ ၄ ရာစုနှင့် ၅ ရာစုမှစ၍ ချာ့ခ်ျတွင် ပုံများကို စတင် အသုံးပြုလာကြသည်။”—မက်ကလင်းတော့နှင့် စထရောင်းတို့၏ Cyclopedia of Biblical, Theological, and Ecclesiastical Literature စာအုပ်၊ အတွဲ ၄၊ စာမျက်နှာ ၅၀၃ နှင့် ၅၀၄။

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။

‘အထက် မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင် . . . ပုံကို ကိုယ်အဖို့ မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်။’ (ထွက်မြောက်ရာ ၂၀:၄၊ ၅) ‘ချစ်သားတို့၊ . . . ပုံများကို ကြဉ်ရှောင်ကြလော့’ ဟု ပထမရာစု ခရစ်ယာန်များထံ တမန်တော်ယောဟန် စာရေးခဲ့သည်။—၁ယောဟန် ၅:၂၁၊ သမ္မာကျမ်း။

ချာ့ခ်ျများဆိုသည့်အတိုင်း ပုံများသည် ၎င်းတို့ကိုယ်စားပြုသောအရှင်ထံ နီးကပ်စေပြီး ကြည်ညိုလေးမြတ်စေသည့် ကြားခံပစ္စည်းမျှသာ ဖြစ်သလော။ “အစပိုင်းတွင် ပညာပေးသင်ကြားရန်နှင့် အလှဆင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပုံများကို အသုံးပြုခဲ့သည်။ စင်စစ်၊ ယင်းသည် ၎င်းတို့၏လုပ်ရပ်အတွက် ဆင်ခြေဆင်လက် ပေးခြင်းသာ ဖြစ်သည်။ သို့သော် ထိုပုံများကို ဝတ်ပြုရေးအတွက် အသုံးပြုခဲ့ကြောင်း မကြာမီ သူတို့ ဝန်ခံရတော့သည်။ ယင်းသည် အရှေ့ပိုင်းသြသဒေါက်စ်၏ ထင်ရှားသောအင်္ဂါရပ် ဖြစ်လာသည့် အိုင်ကောန်များ (သူတော်စင်များ၏ပုံ၊ ပန်းချီကားနှင့် ရုပ်လုံးစသည်တို့) နှင့်ပတ်သက်လျှင် အထူးသဖြင့် မှန်ကန်သည်” ဟု ဘာသာရေးဆိုင်ရာ စွယ်စုံကျမ်းက ဖော်ပြ၏။ ထို့ကြောင့် ပရောဖက်ဟေရှာယ ဤသို့မေးခဲ့သည်မှာ သင့်လျော်လှသည်– “ဘုရားသခင်ကို အဘယ်သို့ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဌာန် တူသည်ဟု ဆိုရအံ့နည်း။”—ဟေရှာယ ၄၀:၁၈

ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– ဟေရှာယ ၄၄:၁၃-၁၉။ တမန်တော် ၁၀:၂၅၊ ၂၆။ ၁၇:၂၉သမ္မာကျမ်း။ ၂ ကောရိန္သု ၅:၇သမ္မာကျမ်း

အမှန်တရား-

ပုံများနှင့် အိုင်ကောန်များ အသုံးပြုခြင်းကို ဘုရားသခင် မနှစ်သက်

သွန်သင်ချက်အမှားများကို ငြင်းပယ်ပြီး အမှန်တရားကို စွဲကိုင်ပါ

ချာ့ခ်ျများတွင် သွန်သင်နေဆဲဖြစ်သော မှားယွင်းသည့် ထိုယုံကြည်ချက်များကို အကျဉ်းချုံး သုံးသပ်ပြီးနောက် ကျွန်ုပ်တို့ အဘယ်ကောက်ချက် ချနိုင်သနည်း။ ‘ပရိယာယ်နှင့် ပြင်ဆင်သော ထိုစကားများ’ သည် သမ္မာကျမ်းစာ၏ ရိုးရှင်းသော၊ နှစ်သိမ့်မှုပေးသော အမှန်တရားများကို မယှဉ်နိုင်ပါ။—၂ ပေတရု ၁:၁၆သမ္မာကျမ်း။

ထို့ကြောင့် တစ်ယူသန် မဖြစ်ပါနှင့်။ သင် သိရှိထားရာများကို အမှန်တရား၏ ရင်းမြစ်ဖြစ်သော ဘုရားသခင့်စကားတော် သမ္မာကျမ်းစာဖြင့် နှိုင်းယှဉ်ကြည့်ပါ။ (ယောဟန် ၁၇:၁၇သမ္မာကျမ်း) ထိုသို့ပြုမည်ဆိုလျှင် ဤကတိပြုချက်သည် သင့်အတွက် မှန်ကန်ပါလိမ့်မည်– ‘အမှန်တရားကိုလည်း သိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်။’—ယောဟန် ၈:၃၂သမ္မာကျမ်း။