မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ချက်အမှား ၃– လူကောင်းအားလုံး ကောင်းကင် သွားကြ

သွန်သင်ချက်အမှား ၃– လူကောင်းအားလုံး ကောင်းကင် သွားကြ

ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။

ယေရှု၏တမန်တော်များ သေဆုံးပြီးနောက် အေဒီ ဒုတိယရာစု အစပိုင်းသို့ရောက်သော် အစောပိုင်းချာ့ခ်ျခေါင်းဆောင်များ ထင်ပေါ်ကျော်ကြားလာကြသည်။ သူတို့၏ သွန်သင်ချက်များနှင့်စပ်လျဉ်း၍ ကက်သလစ်စွယ်စုံကျမ်းသစ် (၂၀၀၃)၊ အတွဲ ၆၊ စာမျက်နှာ ၆၈၇ တွင် ဤသို့ဖော်ပြထားသည်- “ထိုအချိန်က ခေတ်စားသောသွန်သင်ချက်မှာ ခန္ဓာကိုယ်မှထွက်သွားသော ဝိညာဉ်သည် အပြစ်မှန်သမျှအတွက် ငရဲတွင် သန့်စင်ခံရပြီးနောက် ချက်ချင်းပင် ကောင်းကင်ဘုံတွင် စံစားရသည်ဟူ၍ ဖြစ်၏။”

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။

“စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့သည် ဤမြေကြီးကို အမွေခံရကြလတ္တံ့။”—မဿဲ ၅:၅သမ္မာ။

ယေရှုသည် တပည့်များအတွက် “နေစရာအရပ်ကို” ကောင်းကင်တွင် “ပြင်ဆင်” ပေးမည်ဟု ကတိပြုသော်လည်း ဖြောင့်မတ်သူတိုင်း ကောင်းကင်ကို ရောက်မည်ဟု မဖော်ပြခဲ့ချေ။ (ယောဟန် ၃:၁၃။ ၁၄:၂၊ ၃သမ္မာကျမ်း) ဘုရားသခင့်အလိုတော်သည် “ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော” ဟုကိုယ်တော် ဆုတောင်းခဲ့သည် မဟုတ်လော။ (မဿဲ ၆:၉၊ ၁၀ခမ) ထို့ကြောင့် ဖြောင့်မတ်သူတို့သည် ဆုလာဘ်နှစ်ခုအနက် တစ်ခုကို ရရှိကြမည်။ လူနည်းစုသည် ခရစ်တော်နှင့်အတူ ကောင်းကင်တွင် အုပ်ချုပ်ကြမည်ဖြစ်သော်လည်း အများစုကမူ မြေကြီးပေါ်တွင် ထာ၀စဉ် နေထိုင်သွားကြမည် ဖြစ်သည်။—ဗျာ. ၅:၁၀

အချိန်ကုန်လွန်လာသည်နှင့်အမျှ အစောပိုင်းချာ့ခ်ျသည် မြေကြီးပေါ်တွင် ၎င်းနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍအပေါ် အမြင်ပြောင်းသွားသည်။ ရလဒ်ကား အဘယ်နည်း။ “ချာ့ခ်ျသည် ၎င်းတို့မျှော်လင့်ထားသော ဘုရားသခင့်နိုင်ငံတော်နေရာကို တဖြည်းဖြည်း အစားဝင်ယူလိုက်ကြသည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်တွင် ဖော်ပြထားသည်။ “လောကနှင့်မစပ်ဆိုင်” ကြရန် နောက်လိုက်များအား ယေရှု အတိအလင်း မိန့်ဆိုခဲ့သည်ကို လျစ်လျူရှုကာ ချာ့ခ်ျသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်လာခြင်းဖြင့် ၎င်း၏အာဏာကို တည်စေခဲ့သည်။ (ယောဟန် ၁၅:၁၉။ ၁၇:၁၄-၁၆။ ၁၈:၃၆သမ္မာကျမ်း) ရောမဧကရာဇ်မင်း ကွန်စတင်တိုင်း၏ ဩဇာလွှမ်းမိုးမှုကြောင့် ချာ့ခ်ျသည် ၎င်း၏ယုံကြည်ချက်တချို့နှင့်ပတ်သက်၍ အလျှော့ပေးခဲ့ကြသည်၊ ယင်းတို့အနက် တစ်ခုမှာ ဘုရားသခင်၏ သဘောသဘာ၀နှင့် ပတ်သက်နေသည်။

ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉။ ယောဟန် ၁၇:၃သမ္မာကျမ်း။ ၂ တိမောသေ ၂:၁၁၊ ၁၂သမ္မာကျမ်း

အမှန်တရား–

လူကောင်းအများစုသည် ကောင်းကင်တွင် မဟုတ်ဘဲ မြေကြီးပေါ်တွင် ထာ၀စဉ် နေထိုင်ကြမည်