မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ချက်အမှားတစ်ခုကြောင့် ထပ်ဆင့်အမှားများ ပေါ်ပေါက်လာ

သွန်သင်ချက်အမှားတစ်ခုကြောင့် ထပ်ဆင့်အမှားများ ပေါ်ပေါက်လာ

“သတိပြုကြလော့။” ယင်းသည် အေဒီ ပထမရာစုအလယ်နှောင်းပိုင်းတွင် အသက်ရှင်ခဲ့သော ခရစ်ယာန်များထံ တမန်တော်ပေါလု ရေးခဲ့သည့် သတိပေးစကားဖြစ်သည်။ အဘယ်အရာနှင့်ပတ်သက်၍ သူ သတိပေးနေခြင်းနည်း။ “လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသော အတွေးအခေါ်နှင့် အကျိုးမဲ့ လှည့်ဖြားပြောဆိုခြင်းအားဖြင့် သင်တို့ကို သားကောင်အဖြစ် ဖမ်းယူမည့်သူတစ်ဦးဦး ရှိနိုင်သောကြောင့်” ဟု သူရေးခဲ့သည်။—ကောလောသဲ ၂:၈

ပေါလု ထိုသို့သတိပေးနေသည့်တိုင် အေဒီ ဒုတိယရာစုအလယ်ပိုင်းမှစ၍ ခရစ်ယာန်တချို့သည် မိမိတို့၏ ယုံကြည်ချက်များအကြောင်း ရှင်းပြရန် ရှေးခေတ်အတွေးအခေါ် ပညာရှင်တို့၏ အယူအဆများကို စတင် အသုံးပြုလာကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတို့သည် ရောမအင်ပါယာရှိ ပညာတတ်များ၏လက်ခံမှုကို ရယူလိုပြီး လူများစွာကိုလည်း ဘာသာသွင်းလို၍ဖြစ်သည်။

ဘုရားသခင့် ပြောရေးဆိုခွင့်ရှိသူသည် မြေကြီးပေါ်သို့ ယေရှုအဖြစ် မကြွလာမီ ကြာမြင့်စွာကတည်းက ဂရိအတွေးအခေါ်ပညာရှင်များထံ ကိုယ်ထင်ရှားပြခဲ့ကြောင်း အဆိုပါခရစ်ယာန်များတွင် အကျော်ကြားဆုံးဖြစ်သူ ဂျတ်စ်တင် မာတာ ယုံကြည်သည်။ ဂျတ်စ်တင်နှင့် ၎င်းနှင့်အယူအဆချင်းတူသော ဆရာများ၏ ယုံကြည်ချက်အရ အတွေးအခေါ်ပညာနှင့် မှားယွင်းသော သွန်သင်ချက်တို့ကို ခရစ်ယာန်ဘာသာနှင့် ပေါင်းစပ်လိုက်ရာ လူအများ လက်ခံသောဘာသာ ပေါ်ပေါက်လာသည်။

ဂျတ်စ်တင် မာတာ ဖွဲ့စည်းလိုက်သော ထိုခရစ်ယာန်ဘာသာသည် လူများစွာကို ဘာသာသွင်းရာတွင် အလွန်အောင်မြင်လာခဲ့သည်။ သို့သော် သွန်သင်ချက်အမှားတစ်ခုကို လက်ခံလိုက်ခြင်းက ထပ်ဆင့်အမှားများကို ပေါ်ပေါက်စေပြီး ယခုအခါ ယင်းတို့ကို ခရစ်ယာန်အယူဝါဒဟူ၍ လူအများက ယူမှတ်ထားကြသည်။ ထိုသွန်သင်ချက်အမှားများကို ဖော်ထုတ်ရန် နောက်ဆောင်းပါးများပါ အကိုးအကားစာပေများ၏ ဖော်ပြချက်များကို သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာများနှင့် နှိုင်းယှဉ်ကြည့်ပါ။