မာတိကာဆီ ကျော်သွား

ဘာအတွက် အသက်ရှင်နေရတာလဲ

ဘာအတွက် အသက်ရှင်နေရတာလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 အသက်ရှင်ရတဲ့ရည်ရွယ်ချက်ကို လူတွေသိချင်လို့ ငါတို့လူသားတွေ ဘယ်လိုဖြစ်ပေါ်လာတာလဲ ဒါမှမဟုတ် ငါတို့ ဘာအတွက် အသက်ရှင်နေတာလဲ ဆိုပြီး မေးတတ်ကြတယ်။ ကျွန်ုပ်တို့အသက်ရှင်ရတဲ့ ရည်ရွယ်ချက်က ဘုရားနဲ့မိတ်ဆွေဖြစ်ဖို့ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ကျမ်းစာမှာဖော်ပြထားတဲ့ အခြေခံအမှန်တရားတချို့ကို သုံးသပ်ကြည့်ပါ။

  •   ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်တယ်။ ကျမ်းစာမှာ ဒီလိုပြောတယ်– “ထာဝရဘုရားသည် ငါတို့ကိုဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။”—ဆာလံ ၁၀၀:၃; ဗျာဒိတ် ၄:၁၁

  •   ဘုရားသခင်က လူတွေအပါအဝင် အရာခပ်သိမ်းကို ရည်ရွယ်ချက်ရှိရှိ ဖန်ဆင်းခဲ့တာဖြစ်တယ်။—ဟေရှာယ ၄၅:၁၈

  •   ‘ဘုရားသခင်ကို မှီခို’ လိုတဲ့ စိတ်ဆန္ဒနဲ့ ကျွန်ုပ်တို့ ဖန်ဆင်းခံရတယ်။ အဲဒီစိတ်ဆန္ဒထဲမှာ အသက်ရှင်ရတဲ့အဓိပ္ပာယ်ကို သိချင်တဲ့ဆန္ဒလည်းပါတယ်။ (မဿဲ ၅:၃) အဲဒီဆန္ဒကို ဘုရားသခင်က ဖြည့်ဆည်းပေးလိုတယ်။—ဆာလံ ၁၄၅:၁၆

  •   ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့ခြင်းအားဖြင့် ဘုရားသခင်ကို မှီခိုလိုတဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပါတယ်။ ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့တယ်ဆိုတဲ့အယူအဆက တချို့သူတွေအတွက် မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ ကျမ်းစာမှာ ဒီလိုအားပေးထားပါတယ်– “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာကုပ် ၄:၈; ၂:၂၃

  •   ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ဖို့ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရည်ရွယ်ထားတဲ့အတိုင်း အသက်ရှင်ရမယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ဒေသနာ ၁၂:၁၃ မှာ ခုလိုဖော်ပြတယ်– “သင်သည် ဘုရားသခင်အား ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအမှုအရာတို့ကို ပြုကျင့်စေရန် ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောကြောင့် ဖြစ်၏။”—ခေတ်သုံးမြန်မာသမ္မာကျမ်း။

  •   အနာဂတ်မှာ ဘုရားသခင်က ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြီး မိမိကိုဝတ်ပြုတဲ့ မိတ်ဆွေတွေကို ထာဝရအသက်ပေးတဲ့အခါ လူသားတွေအတွက် ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာတာကို ကျွန်ုပ်တို့ ကြုံတွေ့ရမှာဖြစ်တယ်။—ဆာလံ ၃၇:၁၀၊ ၁၁