မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ ​သွန်သင်ရာ

သမ္မာကျမ်းစာ ​သွန်သင်ရာ

ဘာသာတရားဆိုတာ လူတွေဖန်တီးတဲ့အရာလား

လူတချို့ ယုံကြည်တာက ဘာသာတရားဆိုတာ လူတွေ ဖန်တီးထားတဲ့အရာပဲ။ တချို့ကျတော့ ဘုရားက ဘာသာတရားကို အသုံးပြုပြီး လူတွေ မိမိနဲ့ရင်းနှီးလာအောင် ကူညီပေးတယ်လို့ ယုံကြည်ကြတယ်။ သင်ကော ဘယ်လိုယုံကြည်ပါသလဲ။

သမ္မာကျမ်းစာ သွန်သင်ရာ

“ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှု” တစ်နည်းအားဖြင့် ဘာသာတရားတစ်ခုရှိတယ်။ (ယာကုပ် ၁:၂၇) စင်ကြယ်ပြီး စစ်မှန်တဲ့ဘာသာတရားဟာ ဘုရားဆီက အရင်းခံတယ်။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • ဘုရားနှစ်သက်တဲ့ ဘာသာတရားဟာ ကျမ်းစာအမှန်တရားပေါ် အခြေခံရမယ်။—ယောဟန် ၄:၂၃၊ ၂၄

  • လူ့အတွေးအခေါ်ပေါ် အခြေခံထားတဲ့ ဘာသာတရားတွေဟာ အချည်းနှီးပဲ။—မာကု ၇:၇၊ ၈

ဘာသာတရားတစ်ခုရဲ့ ဘာသာဝင်ဖြစ်ဖို့လိုသလား

သင်ဘယ်လိုထင်သလဲ

  • လိုတယ်

  • မလိုဘူး

  • အခြေအနေပေါ်မူတည်တယ်

သမ္မာကျမ်းစာ သွန်သင်ရာ

“မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ . . . အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဘုရားက မိမိကိုကိုးကွယ်တဲ့သူတွေကို အုပ်စုတစ်စုအနေနဲ့ စုပေါင်းဝတ်ပြုစေချင်တယ်။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေရဲ့ ယုံကြည်ချက်ဟာ တညီတညွတ်တည်း ဖြစ်ရမယ်။—၁ ကောရိန္သု ၁:၁၀၊ ၁၁

  • ဘုရားနှစ်သက်လက်ခံတဲ့ ဘာသာတရားရဲ့ ဘာသာဝင်တွေဟာ ကမ္ဘာချီညီအစ်ကိုအသင်းအပင်း ဖြစ်တယ်။—၁ ပေတရု ၂:၁၇