မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၁၀၉

နှစ်နှစ်ကာကာ ချစ်ကြပါ

နှစ်နှစ်ကာကာ ချစ်ကြပါ

(၁ ပေတရု ၁:၂၂)

  1. ၁။ မေတ္တာနက်ရှိုင်း စစ်မှန်ပါက၊

    ယေဟောဝါ့စိတ်တော် ရွှင်လန်းရ။

    ဘုရားဂုဏ်တော်မြတ် မေတ္တာပါ၊

    ရင်ထဲ တို့မြတ်နိုးတာ။

    ချစ်မေတ္တာစစ် တောက်လောင်ပါက၊

    သစ္စာရှိမိတ်ဖွဲ့မှုကောင်းရ။

    ကိုယ်ကျိုးစွန့်မေတ္တာ အမြဲပြ၊

    တို့မေတ္တာ မှန်ကြောင်းပြ။

    လိုအပ်နေသူကို တွေ့တော့၊

    ကူညီပေးဖို့ အသင့်ရောက်ရှိပေါ့။

    ထောက်ထားစာနာမှုရှိတဲ့

    မိတ်စစ်ဆွေစစ် တို့ဖြစ်နိုင်။

    မေတ္တာအကြောင်း ယေရှုသင်ပေး၊

    ယေဟောဝါ့မေတ္တာ မြင်တွေ့စေ။

    တုပလိုက်လျှောက်ဖို့ လှုံ့ဆော်ပေး။

    ရင်းနှီးမှု အစသာဖြစ်၊

    နှလုံးမှ နက်ရှိုင်းစွာချစ်။

(၁ ပေ. ၂:၁၇။ ၃:၈။ ၄:၈။ ၁ ယော. ၃:၁၁ တို့ကိုလည်း ကြည့်ပါ။)