၁ ယောဟန် ၃:၁-၂၄

  • ကျွန်​တော်​တို့​ဟာ ဘု​ရား​သခင်​ရဲ့ သား​သမီး​တွေဖြစ် (၁-၃)

  • ဘု​ရား​သခင်​ရဲ့​သား​သမီး​နဲ့ နတ်​ဆိုး​ရဲ့​သား​သမီး​များ (၄-၁၂)

    • မာရ်​နတ်​လုပ်​သမျှ​ကို ယေရှု​ချေ​ဖျက် ()

  • အချင်း​ချင်း ချစ်​ပါ (၁၃-၁၈)

  • ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့​စိတ်​နှ​လုံး​ထက် ပိုကြီးမြတ် (၁၉-၂၄)

 အဖဘုရား​က ကျွန်တော်​တို့​ကို ဘယ်​လောက်​တောင် ချစ်​မြတ်​နိုး​တယ်​ဆို​တာ စဉ်းစား​ကြည့်​ပါ။+ ကျွန်တော်​တို့​ကို ဘုရား​သခင်​ရဲ့ သား​သမီး​တွေလို့ ခေါ်​တယ်။+ တကယ်​လည်း ဘုရား​သခင်​ရဲ့ သား​သမီး​တွေ​ပါ​ပဲ။ ဒါ​ကြောင့် ဒီ​လောက​က ကျွန်တော်​တို့​ကို မသိ​ဘူး။+ ဘုရား​သခင်​ကို သူ​တို့​မှ မသိ​ပဲ​ကိုး။+ ၂  ချစ်​ရ​သူ​တို့၊ ကျွန်တော်​တို့​ဟာ ဘုရား​သခင်​ရဲ့ သား​သမီး​တွေ ဖြစ်​နေ​ကြ​ပေမဲ့+ အနာဂတ်​မှာ ဘာ​ဖြစ်​မယ်​ဆို​တာ ဘုရား​သခင် မဖော်​ပြသေး​ဘူး။+ ဖော်​ပြတဲ့​အခါ​ကျ​ရင်​တော့ ဘုရား​သခင်​လို ဖြစ်​လာ​လိမ့်​မယ်​ဆို​တာ ကျွန်တော်​တို့ သိ​တယ်။ ဘာ​လို့​လဲ​ဆို​တော့ အဲ​ဒီ​အခါ​ကျ​ရင် ဘုရား​သခင်​ကို ကျွန်တော်​တို့ တကယ် မြင်​တွေ့​ရ​မှာ ဖြစ်​လို့​ပဲ။ ၃  အဲ​ဒီ​လို မျှော်လင့်​ချက် ရှိ​သူ​တိုင်း​ဟာ အဲ​ဒီ​အရှင် စင်ကြယ်​သလို မိမိ​ကိုယ်​ကို စင်​ကြယ်​စေ​ရ​မယ်။+ ၄  အပြစ်​လုပ်​လေ့​ရှိ​သူ​ဟာ တရား​မဲ့​တာ​တွေ​ကို လုပ်​လေ့​ရှိ​သူ​ပဲ။ အပြစ်​ဆို​တာ တရား​မဲ့​ခြင်း​ပဲ။ ၅  ကျွန်တော်​တို့​ရဲ့ အပြစ်​တွေ​ကို ဖယ်​ရှား​ဖို့ ယေရှု​ခရစ် ရောက်​လာခဲ့​မှန်း​ကို​လည်း+ ခင်ဗျား​တို့ သိ​ပါ​တယ်။ သူ့​မှာ အပြစ်​မရှိ​ဘူး။ ၆  သူ​နဲ့ တစ်စိတ်​တစ်ဝမ်းတည်း ဖြစ်​ရင် အပြစ်​လုပ်​လေ့ မရှိ​ဘူး။+ အပြစ်​လုပ်​လေ့​ရှိ​သူ​ဟာ သူ့​ကို မသိ​ဘူး၊ မယုံကြည်​ဘူး။ ၇  သား​သမီး​တို့၊ ခင်ဗျား​တို့​ကို ဘယ်သူ​မှ မလှည့်စား​ပါ​စေ​နဲ့။ ဖြောင့်မှန်​ရာ​ကို လုပ်​လေ့​ရှိ​သူ​ဟာ ဖြောင့်မတ်​သူ​ပဲ။ ယေရှု ဖြောင့်မတ်​သလို​မျိုး​ပေါ့။ ၈  အပြစ်​လုပ်​လေ့​ရှိ​သူ​က​တော့ မာရ်နတ်​ရဲ့ ဘက်တော်​သား ဖြစ်တယ်။ မာရ်နတ်​ဟာ အစ​အဦး​ကတည်းက+ အပြစ်​လုပ်​သူ ဖြစ်​လို့​ပဲ။ မာရ်နတ် လုပ်​သမျှ​ကို ချေဖျက်​ဖို့ ဘုရား​သခင်​ရဲ့ သား​တော် ရောက်​လာခဲ့​တာ။+ ၉  ဘုရား​သခင်​ရဲ့ သား​သမီး​မှန်​ရင် အပြစ်​လုပ်​လေ့​မရှိ​ဘူး။+ သူ့​ဆီ​မှာ ဘုရား​သခင်​ရဲ့ စွမ်းအား​တော်* ရှိ​နေ​လို့​ပဲ။ သူ​ဟာ ဘုရား​သခင်​ရဲ့ သား​သမီး ဖြစ်​တဲ့​အတွက် အပြစ်​လုပ်​လေ့​မရှိ​ဘူး။+ ၁၀  ဖြောင့်မှန်​ရာ​ကို မလုပ်​တဲ့​သူ​ဟာ ဘုရား​သခင်​ရဲ့ ဘက်တော်​သား မဟုတ်​ဘူး။ ညီ​အစ်ကို​ကို မုန်း​တဲ့​သူ​လည်း ဘုရား​သခင်​ရဲ့ ဘက်တော်​သား မဟုတ်​ဘူး။+ ဒီ​နည်း​နဲ့ ဘုရား​သခင်​ရဲ့ သား​သမီး​နဲ့ မာရ်နတ်​ရဲ့ သား​သမီး​ကို ခွဲခြား​နိုင်​တယ်။ ၁၁  အချင်းချင်း ချစ်​ကြ​ပါ​ဆို​တဲ့ စကား​ကို အစ​ကတည်းက ခင်ဗျား​တို့ ကြား​နာ​ခဲ့ရ​တယ်။+ ၁၂  ဆိုးညစ်​သူ​ရဲ့ ဘက်တော်​သား ဖြစ်​ပြီး ကိုယ့်​ညီ​ကို သတ်​ခဲ့​တဲ့ ကာအိန​လို မဖြစ်​ကြ​ပါ​နဲ့။+ သူ​က ညီ​ကို ဘာ​လို့ သတ်​တာ​လဲ။ သူ့​အကျင့်​က ဆိုး​ညစ်​ပြီး+ ညီ​ရဲ့ အကျင့်​က ဖြောင့်မတ်​လို့​ပဲ။+ ၁၃  ညီ​အစ်ကို​တို့၊ လောက​က ခင်ဗျား​တို့​ကို မုန်း​ရင် မအံ့သြ​ကြ​နဲ့။+ ၁၄  ကျွန်တော်​တို့​ဟာ လူ​သေလို ဖြစ်​ခဲ့​ကြ​ပေမဲ့ အခု​တော့ ညီ​အစ်ကို​တွေ​ကို ချစ်​တဲ့ မေတ္တာ​ကြောင့်+ အသက်​ရှင်​နေ​မှန်း+ သိ​ပါ​တယ်။ ညီ​အစ်ကို​ကို မချစ်​တဲ့​သူ​ဟာ လူ​သေ ဖြစ်​နေ​တုန်း​ပဲ။+ ၁၅  ညီ​အစ်ကို​ကို မုန်း​တဲ့​သူ​ဟာ လူ့​အသက်​ကို သတ်​တဲ့​သူ ဖြစ်​တယ်။+ လူ့​အသက် သတ်​ရင် ထာဝရ​အသက် မရ​နိုင်​ဘူး​ဆိုတာ ခင်ဗျား​တို့ သိ​ပါ​တယ်။+ ၁၆  ခရစ်​တော်​က ကျွန်တော်​တို့​အတွက် အသက်​စွန့်​ခဲ့လို့ ချစ်​ခြင်း​မေတ္တာ​အကြောင်း ကျွန်တော်​တို့ နားလည်​လာ​တယ်။+ ကျွန်တော်​တို့​လည်း ညီ​အစ်ကို​အတွက် အသက်​စွန့်​ဖို့ တာဝန် ရှိ​တယ်။+ ၁၇  စည်းစိမ်​ဥစ္စာ ချမ်းသာ​တဲ့​သူ​တစ်ယောက်​ဟာ ဆင်းရဲ​ချို့ငဲ့​နေ​တဲ့ ညီ​အစ်ကို​ကို မြင်​လျက်​နဲ့ မသနား​ဘူး​ဆို​ရင် ဘုရား​သခင်​ကို ချစ်​တဲ့​သူ​လို့ ပြော​လို့ ရ​ပါ့​မလား။+ ၁၈  သား​သမီး​တို့၊ ခင်ဗျား​တို့​ရဲ့ မေတ္တာ​ကို အပြော​လောက်​သာ+ မဟုတ်​ဘဲ လုပ်ရပ်​နဲ့+ တကယ် ပြကြ​ပါ။+ ၁၉  ဒီ​နည်း​နဲ့ ကျွန်တော်​တို့​ဟာ အမှန်​တရားရဲ့ ဘက်​တော်​သား​တွေ ဖြစ်​မှန်း သိ​နိုင်​ကြ​မယ်။ မေတ္တာ​တော် ခံစား​ရ​သူ​တွေ​အနေ​နဲ့ စိတ်ချ​လက်ချ ဖြစ်​နေ​မယ်။ ၂၀  အပြစ်​ရှိ​တယ်​လို့ စိတ်​ထဲ ခံစား​နေ​ရရင်​တောင် ဘုရား​သခင်​ဟာ ကျွန်တော်​တို့​ရဲ့ စိတ်​နှလုံး​ထက် ပို​ကြီးမြတ်​တယ်၊* အရာ​အား​လုံး​ကို ကိုယ်တော် သိ​နေ​တယ်​ဆို​တာ မမေ့​ကြ​ပါ​နဲ့။+ ၂၁  ချစ်​ရ​သူ​တို့၊ ကျွန်တော်​တို့ စိတ်​ထဲ​မှာ အပြစ်​ရှိ​တယ်​လို့ မခံစား​ရ​ဘူး​ဆို​ရင် ဘုရား​သခင်​ဆီ ရဲရဲ​ဝံ့ဝံ့ ပြော​ဆို​ခွင့်* ရှိလိမ့်​မယ်။+ ၂၂  ပညတ်​တွေ​ကို လိုက်နာ​နေ​တဲ့​အတွက်၊ ဘုရား နှစ်သက်တာ​တွေ​ကို လုပ်ဆောင်​နေ​တဲ့​အတွက်​ ဘုရား​ဆီ တောင်းလျှောက်​သမျှ ကျွန်တော်​တို့ ရ​လိမ့်​မယ်။+ ၂၃  သား​တော် ယေရှု​ခရစ်​ရဲ့ နာမည်​ကို ယုံကြည်​ရ​မယ်၊+ သူ​မိန့်မှာ​ခဲ့​တဲ့​အတိုင်း အချင်းချင်း ချစ်​ရ​မယ် ဆိုတဲ့ ပညတ်​ပဲ။+ ၂၄  ပညတ်​တွေ​ကို လိုက်နာ​သူ​ဟာ ဘုရား​သခင်​နဲ့ တစ်စိတ်​တစ်ဝမ်း​တည်း ဖြစ်​နေ​တဲ့​သူ​ပဲ၊ ဘုရား​သခင်​က​လည်း သူ​နဲ့ တစ်စိတ်​တစ်ဝမ်းတည်း ဖြစ်​နေ​တယ်။+ ဘုရား​သခင်​ဟာ ကျွန်တော်​တို့​နဲ့ တစ်စိတ်​တစ်ဝမ်း​တည်း ဖြစ်​နေ​မှန်း ပေး​သနား​ထား​တဲ့ စွမ်းအား​တော်​ကြောင့် သိ​ရ​တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “မျိုး​စေ့။”
ဒါ​မှ​မဟုတ်၊ “ဘု​ရား​သခင်​ဟာ ကျွန်​တော်​တို့ ကိုယ့်​ကိုယ်​ကိုယ် သိ​တာ​ထက် ပို​သိ​တယ်။”
ခက်​ဆစ်​ကို​ကြည့်။