အပိုင်း ၆
“ခင်ဗျားဟာ ကျွန်တော်တို့ စောင့်မျှော်နေတဲ့သူလား”
(ကြာချိန် ၅၀:၃၅)
မုဆိုးမတစ်ယောက်ရဲ့ သား အသက်ပြန်ရှင်လာအောင် ယေရှု လုပ်ပေးတယ်။ ပုံဥပမာတွေ သုံးပြီး သွန်သင်ပေးတယ်။ ပရိသတ်ရဲ့ စိတ်ရင်းမှန်ကို ပေါ်လာစေတယ်။ ဒီအပိုင်းမှာ အောက်ပါကျမ်းမှတ်တမ်းတွေ ပါတယ်–
တပ်မှူးတစ်ယောက်ရဲ့ ယုံကြည်ခြင်း (လုကာ ၇:၁-၁၀။ မဿဲ ၈:၅-၁၃)
နာအိနမြို့မှာ မုဆိုးမရဲ့သားကို ယေရှု အသက်ပြန်ရှင်အောင် လုပ်ပေး (လုကာ ၇:၁၁-၁၇)
“စောင့်မျှော်နေတဲ့သူ” အကြောင်း နှစ်ခြင်းပေးသူ ယောဟန် မေးမြန်း (လုကာ ၇:၁၈-၂၃။ မဿဲ ၁၁:၂-၆)
နှစ်ခြင်းပေးသူ ယောဟန်ကို ယေရှု ချီးမွမ်း (လုကာ ၇:၂၄-၃၀။ မာကု ၁၁:၇-၁၅)
တုံ့ပြန်မှုမဲ့တဲ့ လူမျိုးဆက် (မဿဲ ၁၁:၁၆-၁၉။ လုကာ ၇:၃၁-၃၅)
ခေါရာဇိန်မြို့သား၊ ဗက်ဇဲဒမြို့သား၊ ကပေရနောင်မြို့သားတွေ အဖြစ်ဆိုး ကြုံရမယ် (မဿဲ ၁၁:၂၀-၂၄)
နှိမ့်ချသူတွေကို မျက်နှာသာပေးတဲ့ အဖဘုရားကို ယေရှု ချီးမွမ်း (မဿဲ ၁၁:၂၅-၂၇)
ယေရှုရဲ့ ထမ်းပိုးက လန်းဆန်းစေ (မဿဲ ၁၁:၂၈-၃၀)
အပြစ်များတဲ့ မိန်းမတစ်ယောက် ယေရှုခြေထောက်ပေါ် ဆီမွှေးလောင်း (လုကာ ၇:၃၆-၅၀)
ယေရှုနောက်လိုက်တဲ့ အမျိုးသမီးများ (လုကာ ၈:၁-၃)
နတ်ဆိုးတွေကို သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ နှင်ထုတ်။ ဗေလဇေဗုလ အကူအညီနဲ့ နှင်ထုတ်တာ မဟုတ် (မဿဲ ၁၂:၂၂-၃၀။ မာကု ၃:၁၉ခ၊ ၂၀)
ခွင့်လွှတ်မခံရတဲ့ အပြစ် (မဿဲ ၁၂:၃၁၊ ၃၂။ မာကု ၃:၂၂-၃၀)
အသီးကို ကြည့်ပြီး အပင်ကို သိနိုင် (မဿဲ ၁၂:၃၃-၃၇
ယောနရဲ့ အံ့ဖွယ်အမှု (မဿဲ ၁၂:၃၈-၄၂)
နတ်ဆိုး ပြန်ရောက်လာ (မဿဲ ၁၂:၄၃-၄၅)
ယေရှုရဲ့ မိခင်နဲ့ ညီတွေ (မဿဲ ၁၂:၄၆-၅၀။ မာကု ၃:၂၁၊ ၃၁-၃၅။ လုကာ ၈:၁၉-၂၁)
လူအုပ်ကို လှေပေါ်ကနေ ယေရှု သွန်သင် (မဿဲ ၁၃:၁၊ ၂။ မာကု ၄:၁၊ ၂။ လုကာ ၈:၄)
မြေအမျိုးအစား လေးမျိုးပေါ် မျိုးစေ့ကျ (မဿဲ ၁၃:၃-၉။ မာကု ၄:၃-၉။ လုကာ ၈:၅-၈)
ယေရှု ပုံဥပမာတွေ သုံးရတဲ့ အကြောင်းရင်း (မဿဲ ၁၃:၁၀-၁၇။ မာကု ၄:၁၀-၁၃။ လုကာ ၈:၉၊ ၁၀)
မျိုးကြဲသူ ပုံဥပမာကို ရှင်းပြ (မဿဲ ၁၃:၁၈-၂၃။ မာကု ၄:၁၄-၂၉။ လုကာ ၈:၁၁-၁၈)
ဂျုံပင်နဲ့ ပေါင်းပင် (မဿဲ ၁၃:၂၄-၃၀)
မုန်ညင်းစေ့နဲ့ တဆေး (မဿဲ ၁၃:၃၁-၃၃။ မာကု ၄:၃၀-၃၂)
ယေရှု ပုံဥပမာတွေ သုံးတာက ပရောဖက်ပြုချက်ကို ပြည့်စုံစေ (မဿဲ ၁၃:၃၄၊ ၃၅။ မာကု ၄:၃၃၊ ၃၄)
ဂျုံပင်နဲ့ ပေါင်းပင် ပုံဥပမာကို ရှင်းပြ (မဿဲ ၁၃:၃၆-၄၃)
ဝှက်ထားတဲ့ ဘဏ္ဍာနဲ့ ပုလဲကောင်း (မဿဲ ၁၃:၄၄-၄၆)
ဆွဲပိုက် (မဿဲ ၁၃:၄၇-၅၀)
သင်ယူထားတဲ့ ဆရာက ဘဏ္ဍာအသစ်တွေကိုရော အဟောင်းတွေကိုပါ ထုတ်ပြ (မဿဲ ၁၃:၅၁-၅၃)

