လုကာ ၈:၁-၅၆

  • ယေရှု​နောက်​လိုက်​တဲ့ အမျိုး​သမီး​များ (၁-၃)

  • မျိုး​ကြဲ​သူ ပုံဥပမာ (၄-၈)

  • ဥပမာ​တွေ​ကို ယေရှု ဘာ​ကြောင့် အသုံး​ပြု (၉၊ ၁၀)

  • မျိုး​ကြဲ​သူ ပုံဥပမာ​ကို ရှင်း​ပြ (၁၁-၁၅)

  • မီး​ခွက်​ကို အုပ်​ထား​လေ့​မရှိ (၁၆-၁၈)

  • ယေရှု​ရဲ့​မိ​ခင်​နဲ့ ညီ​များ (၁၉-၂၁)

  • လေ​မုန်​တိုင်း​ကို ယေရှု​ငြိမ်သက်​စေ (၂၂-၂၅)

  • နတ်​ဆိုး​တွေ​ကို ဝက်​အုပ်​ထဲ ယေရှု လွှတ် (၂၆-၃၉)

  • ယာ​အိ​ရုရဲ့​သမီး။ ယေရှု​ဝတ်​လုံ​ကို တို့​တဲ့ အမျိုး​သမီး (၄၀-၅၆)

 မကြာ​ခင်​မှာ ယေရှု​က တစ်​မြို့​ပြီး​တစ်​မြို့၊ တစ်​ရွာ​ပြီး​တစ်​ရွာ သွား​ပြီး ဘုရား​သခင့်​နိုင်​ငံ​တော် သတင်း​ကောင်း​ကို ဟော​ပြော​တယ်။+ တမန်​တော် ၁၂ ယောက်​နဲ့​အတူ၊ ၂  နတ်​ဆိုး​နှောင့်​ယှက်​မှု ကင်း​အောင်၊ ရော​ဂါသ​က်​သာ​အောင် ယေရှု ကု​သပေး​ဖူး​တဲ့ အမျိုး​သမီး​တ​ချို့​လည်း လိုက်​ပါ​လာ​တယ်။ နတ်​ဆိုး​ခု​နစ်​ကောင်​ရဲ့ နှောင့်​ယှက်​မှု​က​နေ လွတ်​ကင်း​သွား​တဲ့ မာ​ဂဒ​လ​လို့​ခေါ်​တဲ့ မာ​ရိ၊ ၃  ဟေ​ရုဒ်​မင်း​ရဲ့ အိမ်​တော်​ထိန်း ခု​ဇ​ရဲ့​ဇနီး ယော​ဟန္န၊+ ရှု​ရှ​န္န​တို့​အပြင် တ​ခြား​အမျိုး​သမီး​တွေ​လည်း ပါ​တယ်။ သူတို့​က ကိုယ့်​ပစ္စည်း​ဥစ္စာတွေ သုံး​ပြီး ယေရှု​နဲ့ တမန်​တော်တွေ​ကို အလုပ်​အကျွေး​ပြု​ဖို့ လိုက်​ပါ​လာ​ကြ​တယ်။+ ၄  မြို့​အသီး​သီး​က​နေ ရောက်​လာ​သူ​တွေ​အပါ​အဝင် လူ​အများ​ကြီး စု​ရုံး​လာ​တဲ့​အခါ ယေရှု​က ပုံ​ဥပမာ​သုံး​ပြီး အခု​လို​ပြော​တယ်–+ ၅  “တစ်​ခါ​က မျိုး​ကြဲ​သူ​တစ်​ယောက် မျိုး​စေ့​ကြဲ​ဖို့ ထွက်​သွား​တယ်။ မျိုး​ကြဲ​တဲ့​အခါ မျိုး​စေ့​တ​ချို့ လမ်း​ပေါ်​ကျ​တဲ့​အတွက် အနင်း​ခံ​ရ​တယ်။ ငှက်​တွေ ကောက်​စား​သွား​တယ်။+ ၆  မျိုး​စေ့​တ​ချို့​ဟာ မြေဆီ​လွှာ​ပါး​တဲ့ ကျောက်​ခံ​မြေပေါ် ကျ​တယ်။ အပင်​ပေါက်​လာ​ပေမဲ့ ရေ​မရ​တဲ့​အတွက် ခြောက်​သွေ့​သွား​တယ်။+ ၇  မျိုး​စေ့​တ​ချို့​က​တော့ ဆူး​ပင်​တွေ​ကြား​ထဲ ကျ​တယ်။ ဆူး​ပင်​တွေ အတူ​ ကြီး​ထွား​လာ​ပြီး လွှမ်း​မိုး​ပိတ်​ဆို့​လိုက်​တယ်။+ ၈  မျိုး​စေ့​တ​ချို့​က​တော့ ကောင်း​တဲ့​မြေပေါ် ကျ​တဲ့​အတွက် အပင်​ပေါက်​လာ​ပြီး အဆ ၁၀၀ သီး​ပွင့်​ဖြစ်​ထွန်း​တယ်။”+ အဲဒီ​နောက် အသံ​ကို​မြှင့်​ပြီး “နား​ရှိ​တဲ့​သူ ကြား​ပါ​စေ”+ လို့​ပြော​တယ်။ ၉  အဲဒီ​ပုံ​ဥပမာ​ရဲ့ အဓိပ္ပာယ်​ကို တပည့်​တွေ​မေး​တော့၊+ ၁၀  ယေရှု​က “ခင်​ဗျား​တို့​ဟာ ဘုရား​သခင့်​နိုင်​ငံ​တော်​နဲ့​ပတ်​သက်​တဲ့ မြင့်မြတ်​တဲ့ လျှို့ဝှက်​ချက်​အကြောင်း နား​လည်​ခွင့်​ရ​တယ်။ တ​ခြား​သူ​တွေ​အတွက်​တော့​ ဒါ​ဟာ ပုံ​ဥပမာ​သက်​သက်​ပဲ။+ ဒါ​ကြောင့် သူတို့​ဟာ ကြည့်​လျက်​နဲ့ မမြင်​ဘူး။ ကြား​လျက်​နဲ့ ဆိုလို​ရင်း​ကို သဘော​မပေါက်​ဘူး။+ ၁၁  ပုံ​ဥပမာ​ရဲ့ အဓိပ္ပာယ်​က​တော့ မျိုး​စေ့​ဟာ ဘုရား​သခင်​ရဲ့ တရား​စကား ဖြစ်​တယ်။+ ၁၂  လမ်း​ပေါ် မျိုး​စေ့​ကျ​တယ်​ဆို​တဲ့ အဓိပ္ပာယ်​က တ​ရား​စကား​ကို ကြား​ပေမဲ့ မယုံ​ကြည်​အောင်၊ ကယ်​တင်​ခြင်း​မရ​အောင် သူတို့​စိတ်​နှလုံး​ထဲ​က တ​ရား​စကား​ကို မာရ်​နတ် လာ​နုတ်​ယူ​သွား​တာ​ကို ဆိုလို​တယ်။+ ၁၃  ကျောက်​ခံ​မြေပေါ် မျိုး​စေ့​ကျ​တယ်​ဆို​တဲ့ အဓိပ္ပာယ်​က တရား​စကား​ကို ကြား​တဲ့​အခါ ဝမ်း​သာ​အား​ရ လက်ခံ​ပေမဲ့ စိတ်​ထဲ​မှာ အမြစ်​မစွဲ​တာ​ကို ဆိုလို​တယ်။ ခ​ဏ​တော့ ယုံ​ကြည်​ပေမဲ့ စမ်း​သပ်​ခံ​ရ​ချိန်​မှာ ကျ​ရှုံး​သွား​တယ်။+ ၁၄  ဆူး​ပင်​တွေ​ကြား​မှာ မျိုး​စေ့​ကျ​တယ်​ဆို​တဲ့ အဓိပ္ပာယ်​က​ တရား​စကား​ကို ကြား​ပေမဲ့ ဘဝ​ရဲ့​စိုး​ရိမ်​ပူပန်​စ​ရာ၊ စည်း​စိမ်​ဥစ္စာ၊+ အပျော်​အ​ပါး​တွေ​ကြောင့်+ စိတ်​ပျံ့​လွင့်​သွား​တာ​ကို​ ဆို​လို​တယ်။ လုံး​ဝ လွှမ်း​မိုး​ပိတ်​ဆို့​ ခံ​ရ​တဲ့​အတွက် အသီး​မအောင်​ဘူး။+ ၁၅  ကောင်း​တဲ့​မြေမှာ မျိုး​စေ့​ကျ​တယ်​ဆို​တဲ့ အဓိပ္ပာယ်​က စိတ်​ကောင်း​နှလုံး​ကောင်း ရှိ​သူ​တွေ တ​ရား​စကား​ကို နာ​ယူ​ပြီး​နောက်+ စိတ်​စွဲ​မှတ်​ထား​ပြီး ခံ​နိုင်​ရည်​ရှိ​ရှိ သီး​ပွင့်​ဖြစ်​ထွန်း​တာ​ကို ဆိုလို​တယ်။+ ၁၆  “မီး​ခွက်​ကို​ထွန်း​ပြီး​ရင် ဘယ်​သူ​မှ တောင်း​နဲ့ အုပ်​ထား​လေ့​မရှိ​ဘူး။ ခုတင်​အောက်​မှာ ထား​လေ့​မရှိ​ဘူး။ အိမ်​ထဲ​ဝင်​လာ​သူ​တွေ အလင်း​ရ​အောင် ဆီ​မီး​တိုင်​ပေါ် တင်​ထား​မှာ​ပဲ။+ ၁၇  ဖုံး​ကွယ်​ထား​သမျှ ပေါ်​လာရ​လိမ့်​မယ်။ လုံးဝ​မသိ​ရ​အောင် အသေအချာ လျှို့ဝှက်​ထား​သမျှ ထင်​ရှား​လာရ​လိမ့်​မယ်။+ ၁၈  ဒါ​ကြောင့် ကိုယ်​ဟာ အာ​ရုံ​စိုက်​နား​ထောင်​နေ​ရဲ့​လား​ဆို​တာ သတိ​ပြု​ပါ။ ဘာ​လို့​လဲ​ဆို​တော့ ရှိ​တဲ့​သူ​ဟာ ထပ်​ပြီး​ရ​လိမ့်​မယ်။+ မရှိ​တဲ့​သူ​က​တော့ ရှိ​တယ်​လို့ ထင်​နေ​တဲ့​အရာ​တောင် အသိမ်း​ခံ​ရ​လိမ့်​မယ်”+ လို့​ပြော​တယ်။ ၁၉  အဲဒီ​အချိန်​မှာ ယေရှု​ရဲ့​မိ​ခင်​နဲ့ ညီ​တွေ+ ရောက်​လာ​တယ်။ ဒါ​ပေမဲ့ လူ​တွေ​ဝိုင်း​အုံ​နေ​လို့ ယေရှု​အနား​ကို မရောက်​နိုင်ကြ​ဘူး။+ ၂၀  ဒါ​နဲ့ ယေရှု​ကို​ “ဆရာ့​အမေနဲ့ ညီ​တွေ​က တွေ့​ချင်​လို့ အပြင်​မှာ ရပ်​စောင့်​နေ​တယ်” လို့​ ပြော​တဲ့​အခါ၊ ၂၁  ယေရှု​က “ဘုရား​သခင်​ရဲ့ တ​ရား​စကား​ကို ကြား​နာ​ပြီး လက်​တွေ့​ကျင့်​တဲ့ ဟော​ဒီ​လူ​တွေ​ဟာ ကျွန်​တော့်​အမေ၊ ကျွန်​တော့်​ညီ​အစ်​ကို​တွေ​ပါပဲ”+ လို့​ ပြော​တယ်။ ၂၂  တစ်​နေ့​မှာ ယေရှု​နဲ့​တ​ပည့်တွေ လှေ​ပေါ်​တက်​ကြ​တယ်။ ယေရှု​က “အိုင်​တစ်​ဖက်​ကမ်း​ကို ကူး​ရ​အောင်” လို့​ပြော​တော့ သူတို့ ရွက်​လွှင့်​သွား​ကြ​တယ်။+ ၂၃  သူတို့ ရွက်​လွှင့်​သွား​ချိန်​မှာ ယေရှု အိပ်​ပျော်​နေ​တယ်။ အဲဒီ​အခါ လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လာ​ပြီး လှေ​ထဲ​ကို ရေ​ဝင်​လာ​တဲ့​အတွက် လှေ​နစ်​တော့​မလို ဖြစ်​သွား​တယ်။+ ၂၄  တ​ပည့်တွေ​က ယေရှု​ကို လာနှိုး​ပြီး “ဆ​ရာ၊ ဆ​ရာ၊ ကျွန်​တော်​တို့ သေတော့​မယ်” လို့​ပြော​တယ်။ ဒါ​နဲ့ ယေရှု ထ​ပြီး လှိုင်း​နဲ့​လေ​ကို အမိန့်​ပေး​လိုက်​တဲ့​အခါ မုန်​တိုင်း​စဲ​ပြီး ငြိမ်​သွား​တယ်။+ ၂၅  ယေရှု​က “ခင်​ဗျား​တို့​ရဲ့​ယုံ​ကြည်​ခြင်း ဘယ်​ရောက်​သွား​တာ​လဲ” လို့​ပြော​တယ်။ တ​ပည့်တွေ​က​တော့ ထိတ်​လန့်​အံ့​သြပြီး “ဘယ်​လို​လူ​ပါ​လိမ့်။ လှိုင်း​နဲ့​လေ​တောင် သူ့​စကား​ကို နား​ထောင်​ပါ​လား” လို့ အချင်း​ချင်း​ပြော​ကြ​တယ်။+ ၂၆  ဂါ​လိ​လဲ​အိုင်​တစ်​ဖက်​ကမ်း ဂေရ​သနယ်​ကို ရောက်​တော့ သူတို့​ကမ်း​ကပ်​ကြ​တယ်။+ ၂၇  ယေရှု လှေ​ပေါ်​က​ဆင်း​တာ​နဲ့ အဲဒီ​နယ်​က နတ်​ဆိုး​ပူး​သူ​တစ်​ယောက်​နဲ့ ဆုံ​တယ်။ သူ​က အဝတ်​မဝတ်၊ အိမ်​မှာ​မနေ​ဘဲ သင်္ချိုင်း​ဂူ​တွေ​ကြား​မှာ နေ​နေ​တာ အတော်​ကြာ​ပြီ။+ ၂၈  ယေရှု​ကို မြင်​တဲ့​အခါ ရှေ့​မှာ လာ​ဒူး​ထောက်​ပြီး “အမြင့်​ဆုံး​ဘုရား​သခင်​ရဲ့​သား ယေရှု၊ ခင်​ဗျား​နဲ့​ကျုပ် ဘာ​ဆိုင်​လို့​တုံး။ ကျုပ်​ကို ဒဏ်​မခတ်​ပါ​နဲ့။ တောင်း​ပန်ပါ​တယ်” လို့ အော်​ပြော​တယ်။+ ၂၉  (ယေရှု​က အဲဒီ​လူ​ထဲ ဝင်​ပူး​နေ​တဲ့ နတ်​ဆိုး​ကို ထွက်​သွား​ဖို့ အမိန့်​ပေး​လိုက်​လို့​ပဲ။ သူ့​ကို နတ်​ဆိုး ခ​ဏ​ခ​ဏ ဝင်​ပူး​တတ်​တော့+ သံ​ကြိုး​တွေ၊ ခြေ​ကျဉ်း​တွေ​နဲ့ ချုပ်​နှောင်​ထား​လည်း သူ​က သံ​ခြေ​ကျဉ်း​တွေ​ကို ဆွဲ​ဖြတ်​တတ်​တယ်။ နတ်​ဆိုး​က သူ့​ကို လူ​သူ​ကင်း​မဲ့​တဲ့​နေ​ရာ​ဆီ သွား​ခိုင်း​တတ်​တယ်။) ၃၀  ယေရှု​က “မင်း​နာ​မည် ဘာ​လဲ” လို့​မေး​တော့ “တပ်​ဖွဲ့” လို့​ဖြေတယ်။ သူ့​အထဲ​မှာ နတ်​ဆိုး​အဖွဲ့​လိုက်​ကြီး ဝင်​ပူး​နေ​လို့​ပဲ။ ၃၁  နတ်​ဆိုး​တွေ​က တွင်း​နက်​ကြီး​ထဲ မနှင်​ချ​ဖို့ ယေရှု​ကို တောင်း​ပန်​ကြ​တယ်။+ ၃၂  ဝက်​အုပ်​ကြီး​တစ်​အုပ်+ တောင်​စောင်း​မှာ ကျက်​စား​နေ​တော့ နတ်​ဆိုး​တွေ​က အဲဒီ​ဝက်​အုပ်​ထဲ ဝင်​ခွင့်​ပေး​ပါ​လို့ တောင်း​ပန်​တယ်။ ယေရှု ခွင့်​ပြု​လိုက်​တဲ့​အခါ၊+ ၃၃  နတ်​ဆိုး​တွေ​က အဲဒီ​လူ​ထဲ​က​ထွက်​ပြီး ဝက်​အုပ်​ထဲ ဝင်​ပူး​တဲ့​အတွက် ဝက်​တစ်​အုပ်​လုံး ကမ်း​ပါး​ပေါ်​က​နေ တစ်​ဟုန်​ထိုး​ကျ​ပြီး ရေ​နစ်​ကုန်​တယ်။ ၃၄  ဝက်​ကျောင်း​တဲ့​လူ​တွေ​က ဒါ​ကို​မြင်​တဲ့​အခါ မြို့​ရွာ​တွေ​ဆီ ပြေး​သွား​ပြီး ဖြစ်​ကြောင်း​ကုန်​စင် ပြော​ပြကြ​တယ်။ ၃၅  အဲဒီ​အဖြစ်​အပျက်​ကို လူ​တွေ လာ​ကြည့်​ကြ​တဲ့​အခါ နတ်​ဆိုး​တွေ ဝင်​ပူး​ဖူး​တဲ့​သူ​က အဝတ်​ဝတ်​ပြီး ယေရှု​ခြေ​ရင်း​မှာ ပုံ​မှန်​စိတ်​အခြေ​အနေ​နဲ့ ထိုင်​နေ​တာ​ကို မြင်​လိုက်​ရ​တော့ ကြောက်​လန့်​သွား​ကြ​တယ်။ ၃၆  မျက်​မြင်​သက်​သေတွေ​က​လည်း နတ်​ဆိုး​ပူး​ဖူး​တဲ့​သူ ဘယ်​လို​သက်​သာ​လာ​တဲ့​အကြောင်း လူ​တွေ​ကို ပြန်​ပြော​ပြတယ်။ ၃၇  ဂေရ​သ​နယ်​တစ်​ဝိုက်​က လူ​တွေ အကြီး​အကျယ် ကြောက်​လန့်​သွား​တဲ့​အတွက် ယေရှု​ကို သူတို့​ဆီ​က​နေ ထွက်​သွား​ဖို့ တောင်း​ပန်​ကြ​တယ်။ ယေရှု လှေ​ပေါ်​တက်​တဲ့​အခါ၊ ၃၈  နတ်​ဆိုး​ပူး​ခဲ့​ဖူး​သူ​က အတူ​လိုက်​ခွင့်​ပြု​ဖို့ တောင်း​ပန်​တယ်။ ယေရှု​က ခွင့်မပြုဘဲ၊+ ၃၉  “အိမ်​ကို​ပဲ ပြန်​ပါ။ ခင်​ဗျား​အတွက် ဘုရား​သခင် လုပ်​ပေး​ခဲ့​သမျှ လူ​တွေ​ကို ပြန်​ပြော​ပြပါ” လို့​မှာ​တယ်။ အဲဒီ​လူ​လည်း ပြန်​သွား​ပြီး သူ့​အတွက် ယေရှု​လုပ်​ပေး​ခဲ့​တာ​တွေ​ကို တစ်​မြို့​လုံး​အနှံ့ ပြော​ပြတော့​တယ်။ ၄၀  လူ​တွေ​က ယေရှု​ကို စောင့်​မျှော်​နေ​တော့ ဂါ​လိ​လဲ​နယ်​ကို သူ​ပြန်​လာ​တဲ့​အခါ လှိုက်​လှိုက်​လှဲ​လှဲ ကြို​ဆို​ကြ​တယ်။+ ၄၁  ယာ​အိ​ရုလို့​ခေါ်​တဲ့ တရား​ဇ​ရပ်​မှူး​က ယေရှု​ရှေ့​မှာ ဒူး​ထောက်​ပြီး သူ့​အိမ်​ကို​လိုက်​ခဲ့​ဖို့ တောင်း​ပန်​တယ်။+ ၄၂  သူ့​ရဲ့ ၁၂ အရွယ် တစ်​ဦး​တည်း​သော​သမီး​လေး သေဆုံး​ခါ​နီး ဖြစ်​နေ​လို့ပဲ။ ယေရှု​လိုက်​လာ​တဲ့​အခါ လူ​တွေ ကြိတ်​ကြိတ်​တိုး​ပြီး​ ပါ​လာ​တယ်။ ၄၃  ဆယ့်​နှစ်​နှစ်​လုံး သွေး​သွန်​နာ​စွဲ​နေ​တဲ့ အမျိုး​သမီး​တစ်​ယောက်​လည်း+​ လိုက်​ပါ​လာ​တယ်။ သူ့​ရော​ဂါ​ကို ဘယ်​သူ​မှ မကု​ပေး​နိုင်​ဘူး။+ ၄၄  သူ​က နောက်​က​နေ ကပ်​လိုက်​လာ​ပြီး ယေရှု​ရဲ့ ဝတ်​လုံ​အမြိတ်​ကို+ တို့​လိုက်​တဲ့​အခါ သွေး​ဆင်း​နေ​တာ ချက်​ချင်း ရပ်​သွား​တယ်။ ၄၅  ယေရှု​က “ကျွန်​တော့်​ကို ဘယ်​သူ တို့​သလဲ” လို့​မေး​တော့ မတို့​ပါ​ဘူး​လို့ ဖြေကြ​တယ်။ ပေတရု​က “ဆရာ​ရယ်၊ လူ​တွေ ဒီ​လောက် ကြိတ်​ကြိတ်​တိုး​နေ​တာ” လို့​ပြော​တော့၊+ ၄၆  ယေရှု​က “တစ်​ယောက်​ယောက်​က​တော့ တို့​ပါ​တယ်။ ကျွန်​တော့်​ဆီ​က တန်ခိုး​ထွက်​သွား​တာ+ သိ​လိုက်​တယ်” လို့​ဖြေတယ်။ ၄၇  အဲဒီ​အမျိုး​သမီး​က ပုန်း​နေ​လို့​မရ​မှန်း သိ​လိုက်​တဲ့​အခါ တ​ဆတ်​ဆတ်​တုန်​ပြီး ယေရှု​ရှေ့​မှာ လာ​ဒူး​ထောက်​တယ်။ ပြီး​တော့ သူ​ဘာ​လို့ တို့​ရ​တဲ့​အကြောင်း၊ တို့​လိုက်​တာ​နဲ့ ရော​ဂါ​ ပျောက်​သွား​တဲ့​အကြောင်း လူ​အားလုံး​ရှေ့​မှာ ဖွင့်​ပြော​တယ်။ ၄၈  ယေရှု​က “သမီး၊ သမီး​ရဲ့​ယုံ​ကြည်​ခြင်း​က ပြန်​ကျန်း​မာ​စေ​ပြီ။ စိတ်​အေး​လက်​အေး​သာ ပြန်​ပါ​တော့”+ လို့ ပြော​လိုက်​တယ်။ ၄၉  အဲဒီ​လို​ပြော​နေ​တုန်း​မှာ​ပဲ ယာအိ​ရုရဲ့​အိမ်​က လူ​တစ်​ယောက် ရောက်​လာ​ပြီး သူ့​ကို “သမီး​လေး ဆုံး​သွား​ပါ​ပြီ။ ဆ​ရာ့​ကို ဒုက္ခ​မပေး​ပါ​နဲ့​တော့” လို့​ပြော​တယ်။+ ၅၀  ဒါ​ကို​ကြား​တော့ ယေရှု​က “ဘာ​မှ​မစိုး​ရိမ်​ပါ​နဲ့။ ယုံကြည်​ခြင်း​သာ​ရှိ​ပါ။ သမီး​လေး အသက်​ရှင်​လာ​လိမ့်​မယ်”+ လို့ သူ့​ကို ပြော​တယ်။ ၅၁  အိမ်​ကို​ရောက်​တဲ့​အခါ ယေရှု​က သမီး​လေး​ရဲ့ မိ​ဘ​နှစ်​ပါး​နဲ့ ပေတရု၊ ယောဟန်၊ ယာကုပ်​တို့​က​လွဲ​လို့ ဘယ်​သူ့​ကို​မှ အထဲ​ပေး​မဝင်​ဘူး။ ၅၂  လူ​တွေ​က သမီး​လေး ဆုံး​သွား​လို့ ရင်​ဘတ်​ထု​ပြီး ငို​နေ​ကြ​တယ်။ ယေရှု​က “မငို​ကြ​နဲ့​တော့။+ ဒီ​မိန်း​က​လေး သေတာ​မှ မဟုတ်​ပဲ။ အိပ်​ပျော်​နေ​တာ”+ လို့​ပြော​တော့၊ ၅၃  လူ​တွေ လှောင်​ရယ်​ကြ​တယ်။ မိန်း​က​လေး သေဆုံး​သွား​မှန်း သူတို့​သိ​ထား​ကြ​လို့​ပဲ။ ၅၄  ယေရှု​က သူ့​လက်​ကို​ကိုင်​ပြီး “သမီး​လေး၊ ထပါ”​ လို့ပြော​တော့၊+ ၅၅  မိန်း​က​လေး​အ​သက်*+​ ပြန်​ရှင်​လာ​ပြီး ချက်​ချင်း​ပဲ​ထ​လာ​တယ်။+ အဲဒီ​နောက် မိန်း​က​လေး​ကို စား​စ​ရာ​တစ်​ခု​ခု ကျွေး​လိုက်​ပါ​လို့ ပြော​တယ်။ ၅၆  မိ​ဘ​တွေ​က ဝမ်း​သာ​လုံး​ဆို့​သွား​ကြ​တယ်။ ယေရှု​က ဒီ​အကြောင်း ဘယ်​သူ့​ကို​မှ မပြော​ဖို့ မှာ​တယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ် “စွမ်းအား” ကို​ကြည့်။