မာတိကာဆီ ကျော်သွား

သေခြင်းတရားကို ကြောက်ရွံ့ခြင်းကနေ ဘယ်လိုလွတ်မြောက်နိုင်မလဲ

သေခြင်းတရားကို ကြောက်ရွံ့ခြင်းကနေ ဘယ်လိုလွတ်မြောက်နိုင်မလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 ကျွန်ုပ်တို့ဟာ ရန်သူတစ်ပါးဖြစ်တဲ့ သေခြင်းတရားကို ကြောက်ရွံ့ကြတာ သဘာဝပါပဲ။ ဒါကြောင့်လည်း အသက်အန္တရာယ်တွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြတယ်။ (၁ ကောရိန္သု ၁၅:၂၆) ဒါပေမဲ့ မှားယွင်းတဲ့ အချက်အလက်တွေ၊ အယူသီးမှုတွေကြောင့် လူတွေဟာ သေခြင်းတရားကို အလွန်အမင်းကြောက်လာကြပြီး အဲဒီကြောက်စိတ်အောက်မှာ “တစ်သက်တာလုံး ကျွန်ခံနေရ” ကြတယ်။ (ဟေဗြဲ ၂:၁၅) သေခြင်းတရားကို ကြောက်ရွံ့ခြင်းက ဘဝရဲ့ ပျော်ရွှင်မှုတွေကို နင်းချေဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို သိမယ်ဆိုရင် အဲဒီကြောက်ရွံ့မှုကနေ လွတ်မြောက်နိုင်ပါတယ်။​—ယောဟန် ၈:၃၂

သေခြင်းနဲ့ ပတ်သက်တဲ့ အမှန်တရား

  •   သေတဲ့လူတွေဟာ ဘာမှ မသိကြတော့ပါဘူး။ (ဆာလံ ၁၄၆:၄) သေတာဟာ အိပ်ပျော်နေတာနဲ့တူတယ်လို့ ကျမ်းစာမှာ ပြောထားတဲ့အတွက် သေပြီးတဲ့နောက် ညှဉ်းဆဲခံရမှာ၊ နာကျင်မှုဝေဒနာတွေခံစားရမှာကို ကြောက်နေစရာမလိုပါဘူး။—ဆာလံ ၁၃:၃; ယောဟန် ၁၁:၁၁–၁၄

  •   သေသွားတဲ့သူတွေဟာ ကျွန်ုပ်တို့ကို ဒုက္ခမပေးနိုင်ကြပါဘူး။ အသက်ရှင်ချိန်မှာ ရက်စက်ကြမ်းကြုတ်တဲ့သူတွေတောင် သေသွားတဲ့အခါ ဘာမှမလုပ်နိုင်ကြတော့ဘူး။ “သူ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဒေသနာ ၉:၆

  •   သေခြင်းဆိုတာ ဘ၀ရဲ့ ထာဝရနိဂုံး မဟုတ်ပါဘူး။ ဘုရားသခင်ဟာ သေဆုံးသွားသူတွေကို အနာဂတ်မှာ အသက်ပြန်ရှင်စေမှာဖြစ်တယ်။​—ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅

  •   “သေခြင်း ရှိတော့မည်မဟုတ်” တဲ့ အချိန် ရောက်လာမယ်ဆိုပြီး ဘုရားသခင် ကတိပေးထားပါတယ်။ (ဗျာဒိတ် ၂၁:၄) အဲဒီအချိန်ကျရင် သေခြင်းကို ဘယ်သူမှ ကြောက်စရာ မလိုတော့ဘူး။ ကျမ်းစာက ခုလိုဆိုတယ်- “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”​—ဆာလံ ၃၇:၂၉