မာတိကာဆီ ကျော်သွား

ဘယ်– ညီအစ်ကို အလက်ဇန်းဒါး ဆဗာစို့။ ညာ– ညီအစ်ကို ဗာလယ်ရီ တစ်ဘီ

၂၀၂၃ ခုနှစ်၊ ဇွန် ၂၇ ရက်
ရုရှား

ညီအစ်ကို အလက်ဇန်းဒါးနဲ့ ညီအစ်ကို ဗာလယ်ရီကို အပြစ်ရှိကြောင်း စီရင်ချက်ချ

ညီအစ်ကို အလက်ဇန်းဒါးနဲ့ ညီအစ်ကို ဗာလယ်ရီကို အပြစ်ရှိကြောင်း စီရင်ချက်ချ

၂၀၂၃ ခုနှစ်၊ ဇွန် ၂၀ ရက်နေ့မှာ ရော့စတို့ဗ် ဒေသ၊ တော့ဂန်ရော့စ် မြို့တရားရုံးက ညီအစ်ကို အလက်ဇန်းဒါး ဆဗာစို့နဲ့ ညီအစ်ကို ဗာလယ်ရီ တစ်ဘီကို အပြစ်ရှိကြောင်း စီရင်ခဲ့တယ်။ ညီအစ်ကို အလက်ဇန်းဒါးကို ထောင်ဒဏ် ခုနစ်နှစ် ချမှတ်တယ်။ သူ့ကို ၂၀၂၁၊ ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ဆက်လက်ထောင်ချထားတယ်။ ညီအစ်ကို ဗာလယ်ရီကို ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်တယ်။ သူ့ကို ၂၀၂၂၊ မေလ ၁၈ ရက်နေ့ကတည်းက အချုပ်ချခဲ့ပြီး အခုတော့ လွှတ်ပေးလိုက်ပါပြီ။

ကိုယ်ရေးအကျဉ်း

ကြုံလာနိုင်တဲ့ ဘယ်စမ်းသပ်မှုကိုမဆို ခံရပ်သွားနိုင်ဖို့ မေတ္တာအပြည့်နဲ့ လမ်းပြစောင့်ရှောက်ပေးလို့ ယေဟောဝါကို ကျေးဇူးတင်ပါတယ်။—ဆာလံ ၅:၁၂

အချိန်ပြဇယား

  1. မတ် ၂၀၊ ၂၀၂၁

    အလက်ဇန်းဒါးရဲ့အိမ်ကို ဝင်ရောက်ရှာဖွေတယ်

  2. ဒီဇင်ဘာ ၇၊ ၂၀၂၁

    အလက်ဇန်းဒါးရဲ့ အိမ်ကို နောက်တစ်ကြိမ် ထပ်ရှာတယ်။ တော့ဂန်ရော့စ်မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ် ၂၉ လုံးလည်း ရှာဖွေခံရတယ်။ ရာဇဝတ်မှုနဲ့ တရားစွဲခံရတယ်၊ ယာယီချုပ်ထားတယ်။

  3. ဒီဇင်ဘာ ၈၊ ၂၀၂၁

    အလက်ဇန်းဒါးကို အချုပ်ထောင်ပို့တယ်

  4. မတ် ၂၉၊ ၂၀၂၂

    ဗာလယ်ရီကို ပြစ်မှုနဲ့ တရားစွဲတယ်

  5. မတ် ၃၁၊ ၂၀၂၂

    အလက်ဇန်းဒါးနဲ့ ဗာလယ်ရီရဲ့ အမှုကို ပေါင်းလိုက်တယ်

  6. မေ ၁၈၊ ၂၀၂၂

    ဗာလယ်ရီကို ဖမ်းပြီး ယာယီချုပ်ထားတယ်

  7. မေ ၂၆၊ ၂၀၂၂

    ဗာလယ်ရီကို အချုပ်ထောင်ပို့တယ်

  8. ဒီဇင်ဘာ ၆၊ ၂၀၂၂

    အမှု စတင် ကြားနာစစ်ဆေးတယ်

  9. ဇွန် ၂၀၊ ၂၀၂၃

    အလက်ဇန်းဒါးကို ထောင်ဒဏ် ခုနစ်နှစ် ချမှတ်တယ်။ ဗာလယ်ရီကို ဆိုင်းငံ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်တယ်။

a b ဒီဆောင်းပါးကို ရေးသားချိန်မှာ ညီအစ်ကို အလက်ဇန်းဒါးနဲ့ ညီအစ်ကို ဗာလယ်ရီတို့ အချုပ်ထောင်ထဲမှာ ရှိနေလို့ သူတို့ရဲ့ ကိုယ်ပိုင်မှတ်ချက်ကို မယူနိုင်ခဲ့ပါ။