မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ယေဟောဝါရဲ့ ကတိတွေကို ဘယ်လောက် ယုံကြည်စိတ်ချသလဲ

ယေဟောဝါရဲ့ ကတိတွေကို ဘယ်လောက် ယုံကြည်စိတ်ချသလဲ

ယောရှုနဲ့ ရှောလမုန် နှစ်ယောက်စလုံးက ယေဟောဝါရဲ့ကတိ တစ်ခုမကျန် ပြည့်စုံတယ်လို့ ပြောခဲ့တယ်။ (ယောရှု ၂၃:၁၄။ ၁ ဘု. ၈:၅၆) ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ ထွက်ဆိုချက်အရ ဘုရားကတိတော်တွေ ပြည့်စုံမှာကို အပြည့်အဝ ယုံကြည်စိတ်ချနိုင်တယ်။—၂ ကော. ၁၃:၁။ တိတု ၁:၂

ယောရှုအချိန်တုန်းက ယေဟောဝါဟာ ကတိတွေကို ဘယ်လို ပြည့်စုံစေခဲ့သလဲ။ “တစ်ခုမှ မပြည့်စုံဘဲ မနေခဲ့ဘူး” ဗီဒီယိုကို မိသားစုနဲ့အတူ ကြည့်ပါ။ ပြီးနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ– (၁) ရာခပ်ရဲ့ ယုံကြည်ခြင်း လုပ်ရပ်ကို ဘယ်လို တုပနိုင်သလဲ။ (ဟေဗြဲ ၁၁:၃၁။ ယာ. ၂:၂၄-၂၆) (၂) တမင်တကာ စကား နားမထောင်ရင် ဒုက္ခရောက်တယ်ဆိုတာ အာခန်ရဲ့ အဖြစ်က ဘယ်လိုဖော်ပြသလဲ။ (၃) ဂိဗောင်မြို့သားတွေဟာ စစ်သူရဲတွေဖြစ်ပေမဲ့ ယောရှုကိုလှည့်စားပြီး အစ္စရေးတွေနဲ့ ဘာကြောင့် မဟာမိတ်ဖွဲ့ခဲ့သလဲ။ (၄) အာမောရိဘုရင်ငါးပါးက အစ္စရေးတွေနဲ့ စစ်တိုက်တဲ့အခါ ယေဟောဝါရဲ့စကား ဘယ်လို ပြည့်စုံခဲ့သလဲ။ (ယောရှု ၁၀:၅-၁၄) (၅) ဘုရားသခင့်နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းကို အမြဲဦးစားထားရင် ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။—မ. ၆:၃၃

ယေဟောဝါ လုပ်ပေးခဲ့တာတွေ၊ လုပ်နေတာတွေနဲ့ လုပ်ဆောင်ပေးမယ့်အရာတွေကို စဉ်းစားတဲ့အခါ ကိုယ်တော့်ကတိတွေကို ပိုယုံကြည်စိတ်ချလာတယ်။—ရော. ၈:၃၁၊ ၃၂

ယောရှုလို ယုံကြည်ခြင်းမျိုး ရှိသလား။