ဟီဘရူး ၁၁:၁-၄၀

  • ယုံ​ကြည်​ခြင်း​ရဲ့ အဓိပ္ပာယ်​ဖွင့်​ဆို​ချက် (၁၊ ၂)

  • ယုံ​ကြည်​ခြင်း​မှာ စံ​န​မူ​နာ​ကောင်း​ပြခဲ့​သူများ (၃-၄၀)

    • ယုံ​ကြည်​ခြင်း​မရှိ​ရင် စိတ်​တော်​နဲ့ မတွေ့​နိုင် ()

၁၁  ယုံကြည်​ခြင်း​ဆို​တာ မျှော်​လင့်​တဲ့​အရာတွေ​ကို  စိတ်​ချ​စွာ စောင့်​မျှော်​နေ​တာ၊+ ကိုယ်​ယုံ​ကြည်​တဲ့​အရာ​ကို မမြင်​ရ​ပေမဲ့ အမှန်​တ​ကယ်​ရှိ​တယ်​လို့  စိတ်​ချ​နေ​တာ   ဖြစ်​တယ်။ ၂  ရှေး​ခေတ်​လူ​တွေ​ဟာ ယုံ​ကြည်​ခြင်း​ရှိ​တဲ့​အတွက် ဘု​ရား​သခင်​က သူ​တို့​ကို နှစ်​သက်​တယ်​ဆို​တာ ဖော်​ပြခဲ့​တယ်။ ၃  ဘု​ရား​သခင်​ရဲ့ နှုတ်​ထွက်​စ​ကား​ကြောင့် လော​က​စ​နစ်​တွေ* တည်​ရှိ​လာ​မှန်း ကျွန်​တော်​တို့ သဘော​ပေါက်​လာ​တာ​ဟာ ယုံ​ကြည်​ခြင်း​ကြောင့်​ပဲ။ မြင်​ရ​တဲ့​အရာတွေ​ဟာ မမြင်​ရ​တဲ့​အရာတွေ​က​နေ ဖြစ်​ပေါ်​လာ​တယ်။ ၄  ယုံ​ကြည်​ခြင်း​ကြောင့် အာ​ဗေ​လ​က ကာ​အိ​န​ရဲ့ ပူ​ဇော်​သက္ကာ​ထက် ပို​သာ​လွန်​တဲ့ ပူ​ဇော်​သက္ကာ​ကို ဘု​ရား​သခင်​ဆီ ဆက်​သခဲ့​တယ်။+ အဲ​ဒီ​ယုံ​ကြည်​ခြင်း​ကြောင့်  ဖြောင့်​မတ်​တယ်​ဆို​တဲ့ သက်​သေခံ​ချက်​ကို သူ​ရ​ရှိ​ခဲ့​တယ်။ သူ့​ရဲ့ ပူ​ဇော်​သက္ကာ​ကို ဘု​ရား​သခင် နှစ်​သက်​တယ်။+  သူ​သေသွား​ပေမဲ့ ယုံ​ကြည်​ခြင်း​အား​ဖြင့် အခု​ထိ ဟော​နေ​တုန်း​ပဲ။+ ၅  ယုံ​ကြည်​ခြင်း​ကြောင့် ဧ​နောက်​က+  ပြောင်း​ရွှေ့​ခံ​လိုက်​ရ​ပြီး သေဆုံး​ချိန်​မှာ ဝေ​ဒ​နာ မခံ​စား​ခဲ့ရ​ဘူး။ ဘု​ရား​သခင် ပြောင်း​ရွှေ့​လိုက်​တဲ့​အတွက် သူ့​ကို ရှာ​လို့​မတွေ့​ကြ​ဘူး။+ ဒါ​ပေမဲ့ ပြောင်း​ရွှေ့​မခံ​ရ​ခင်​မှာ သူ​ဟာ ဘု​ရား​သခင်​ရဲ့ စိတ်​တော်​နဲ့ တွေ့​တဲ့​သူ ဖြစ်​တယ်​ဆို​တဲ့ သက်​သေခံ​ချက်​ကို ရ​ရှိ​ခဲ့​တယ်။ ၆  ယုံ​ကြည်​ခြင်း​မရှိ​ရင် ဘု​ရား​သခင်​ရဲ့ စိတ်​တော်​နဲ့ မတွေ့​နိုင်​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မယ်​ဆို​ရင် ဘု​ရား​သခင် တည်​ရှိ​တယ်​ဆိုတာ ယုံ​ကြည်​ရ​မယ်။ ဘု​ရား​သခင်​ဟာ မိမိ​ကို ထက်​ထက်​သန်​သန် ရှာ​ဖွေ​သူ​ကို​ ဆု​ချ​တဲ့​အရှင်​ပဲ​  ဆို​တာ​ကို​လည်း​ ယုံကြည်​ရ​မယ်။+ ၇  မမြင်​ရ​သေး​တဲ့  အရာတွေ​အ​ကြောင်း ဘု​ရား​ဆီ​က သတိ​ပေး​ချက်​ကို ရ​တဲ့​အခါ+ နော​ဧ​က+ ယုံ​ကြည်​ခြင်း​ကြောင့် ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​နဲ့ အိမ်​သူ​အိမ်​သား​တွေ​ကို ကယ်​တင်​ဖို့ သင်္ဘော​ဆောက်​တယ်။+ အဲ​ဒီ​ယုံ​ကြည်​ခြင်း​ကြောင့် လော​က​ကို သူ​ပြစ်​တင်​ရှုတ်​ချ​ခဲ့​တယ်။+ ယုံ​ကြည်​ခြင်း​ကြောင့် ဖြောင့်​မတ်​သူ​အဖြစ် သတ်​မှတ်​ခံ​ခဲ့ရ​တယ်။ ၈  အမွေ​အဖြစ်  ရ​ရှိ​မယ့်​နေ​ရာ​ကို​သွား​ဖို့ ဘု​ရား​သခင် ခေါ်​တဲ့​အခါ အာ​ဗြ​ဟံက+ ယုံ​ကြည်​ခြင်း​ကြောင့် နာ​ခံ​ခဲ့​တယ်။ ဘယ်​ကို​သွား​ရ​မှန်း မသိ​ပေမဲ့​လည်း ထွက်​သွား​ခဲ့​တယ်။+ ၉  ယုံ​ကြည်​ခြင်း​ကြောင့် အာ​ဗြ​ဟံ​က တိုင်း​တစ်​ပါး​မှာ​နေ​သလို က​တိ​ထား​ရာ​ပြည်​မှာ တိုင်း​တစ်​ပါး​သား​အဖြစ် နေ​တယ်။+ အိ​ဇက်၊ ယာကုပ်​တို့​နဲ့​အတူ တဲ​ထိုး​ပြီး​နေ​ခဲ့​တယ်။+ သူ​တို့​လည်း က​တိ​တော်​ကို အမွေ​ခံ​သူ​တွေ​ပဲ။+ ၁၀  အာ​ဗြ​ဟံ​က စစ်​မှန်​တဲ့ အုတ်​မြစ်​တွေ​ရှိ​တဲ့​မြို့၊ ဘု​ရား​သခင် ပုံ​စံ​ရေး​ဆွဲ​ပြီး တည်​ဆောက်​တဲ့​မြို့​ကို စောင့်​မျှော်ခဲ့​တယ်။+ ၁၁  စာ​ရာ​က  အရွယ်​လွန်​ချိန်​မှာ​တောင်+ မျိုး​နွယ်​ကို ကိုယ်​ဝန်​ဆောင်​နိုင်​တာ​လည်း ယုံ​ကြည်​ခြင်း​ကြောင့်​ပဲ။ ကတိ​ပေး​တဲ့​အရှင်​ဟာ သစ္စာ​ရှိ​မှန်း သူ​ယုံ​တာ​ကိုး။ ၁၂  ဒါ​ကြောင့် အာ​ဗြ​ဟံ​လည်း လူ​သေနဲ့ မခြား​တော့​တဲ့+ လူ​တစ်​ယောက်​ဖြစ်​ပေမဲ့ သူ့​ဆီ​က​နေ ကောင်း​ကင်​ကြယ်​လို များ​ပြား​ပြီး သမု​ဒ္ဒရာ​သဲလုံးလို မရေ​တွက်​နိုင်​တဲ့+ သား​သမီး​တွေ ဆင်း​သက်​လာ​တယ်။+ ၁၃  သူ​တို့​ခေတ်​မှာ က​တိ​တော်တွေ မပြည့်​စုံ​ခဲ့​ပေမဲ့ အဲ​ဒီ​လူ​အား​လုံး​ဟာ ယုံ​ကြည်​ခြင်း​ရှိ​ရှိ သေဆုံး​သွား​ကြ​တယ်။+ က​တိ​ထား​ရာတွေ​က  အနာ​ဂတ်​ကျ​မှ ပြည့်​စုံ​လာ​မှာ ဖြစ်​ပေမဲ့ သူ​တို့​အတွက်​တော့ မြင်​တွေ့​ပြီး​သား​အရာ​လို ဖြစ်​ပြီး+ ဝမ်း​သာ​အား​ရ ကြို​ဆို​ခဲ့​ကြ​တယ်။ အဲ​ဒီ​ပြည်​မှာ သူ​စိမ်း​တွေ၊ ယာ​ယီ​နေ​ထိုင်​သူ​တွေ​ဖြစ်​မှန်း  အတိ​အလင်း  ပြော​ခဲ့​တယ်။ ၁၄  အဲ​ဒီ​လို​ပြော​ခဲ့​သူ​တွေ​က ကိုယ်​ပိုင်​နေ​ရာ​တစ်​ခု​ကို ထက်​ထက်​သန်​သန် ရှာ​နေ​တယ်​ဆို​တာ အထင်​အရှား ဖော်​ပြခဲ့​တယ်။ ၁၅  ထွက်​လာခဲ့​တဲ့​နေ​ရာ​ကို+ သူ​တို့ တမ်း​တ​နေ​တယ်​ဆို​ရင် ပြန်​သွား​နိုင်​တာ​ပဲ။ ၁၆  ဒါ​ပေမဲ့ ကောင်း​ကင်​နဲ့​ဆိုင်​တဲ့ ပိုမြတ်​တဲ့​နေ​ရာ​ကို ရောက်​ဖို့ သူ​တို့ ကြိုး​စား​ခဲ့​တယ်။ ဒါ​ကြောင့် ဘုရား​သခင်​က သူ​တို့​ရဲ့​ဘု​ရားလို့ အ​ခေါ်ခံရတာ​ကို မရှက်​ဘူး။+ သူ​တို့​အတွက် မြို့တစ်​မြို့​ကို​တောင်  ပြင်​ဆင်​ထား​တယ်။+ ၁၇  ဘု​ရား​သခင် စမ်း​သပ်​တဲ့​အခါ+ အာ​ဗြ​ဟံ​က  ယုံ​ကြည်​ခြင်း​ကြောင့် အိဇက်​ကို တ​ကယ် ပူ​ဇော်​တော့​မလို့​ပဲ။ ၁၈  “မင်း​ရဲ့​မျိုး​နွယ်​လို့ အခေါ်​ခံ​ရ​မယ့်​သူ​ဟာ အိ​ဇက်​က​နေ ဆင်း​သက်​လာ​မယ်”+ ဆို​တဲ့ က​တိ​ကို ဝမ်း​မြောက်​ဝမ်း​သာ ရ​ထား​တာ​တောင် တစ်​ဦး​တည်း​သော​သား​ကို ပူ​ဇော်​ဖို့ လုပ်​ခဲ့​တယ်။+ ၁၉  သား​အိ​ဇက်​ကို  သေခြင်း​က​နေ ဘုရား​သခင် ထ​မြောက်​စေ​နိုင်​တယ်​လို့ သူ​ယုံ​တယ်။ တ​ကယ်​လည်း သူ့​သား​ကို သေခြင်း​က​နေ ပြန်​ရ​သလို​ပါ​ပဲ။ ဒါ​ဟာ အနာ​ဂတ်​မှာ ဖြစ်​လာ​မယ့်​အရာ​ကို ဖော်​ပြတယ်။+ ၂၀  ယုံ​ကြည်​ခြင်း​ကြောင့် အိ​ဇက်​လည်း နောင်​ဖြစ်​မယ့်​အရာတွေ​နဲ့ ပတ်​သက်​ပြီး  ယာကုပ်​နဲ့+  ဧ​သော​ကို+ ကောင်း​ချီး​ပေး​ခဲ့​တယ်။ ၂၁  ယုံ​ကြည်​ခြင်း​ကြောင့် ယာကုပ်​က  သေဆုံး​ခါ​နီး​မှာ+  ယော​သပ်​ရဲ့​သား နှစ်​ယောက်​ကို ဆု​မွန်​ကောင်း​တောင်း​ပေး​ခဲ့​တယ်။+ တောင်​ဝှေး​ကို​မှီ​ရင်း ဘု​ရား​သခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​ခဲ့​တယ်။+ ၂၂  ယုံ​ကြည်​ခြင်း​ကြောင့်  ယော​သပ်​က အစ္စရေးတွေ အီ​ဂျစ်​ပြည်​က​နေ ထွက်​ရ​လိမ့်​မယ်​လို့ သေဆုံး​ခါ​နီး​မှာ ပြော​ခဲ့​တယ်။ သူ့​အရိုး​တွေ​ကို အဲ​ဒီ​က​နေ သယ်​သွား​ဖို့ မှာ​ကြား​ခဲ့​တယ်။+ ၂၃  ယုံ​ကြည်​ခြင်း​ကြောင့် မိ​ဘ​တွေ​က မော​ရှေ​ကို သုံး​လ​ကြာ ဝှက်​ထား​ခဲ့​တယ်။+ မွေး​လာ​တဲ့ အဲ​ဒီ​က​လေး ချစ်​စ​ရာ​ကောင်း​တာ​ကို+ မြင်​ပြီး ဘု​ရင့်​အမိန့်​ကို မကြောက်​ခဲ့​ဘူး။+ ၂၄  မော​ရှေ​က ကြီး​ပြင်း​လာ​တဲ့​အခါ+ ဘု​ရင့်​သမီး​တော်ရဲ့ သား​လို့ အခေါ်​ခံ​ရ​မယ့်​ဘ​ဝ​ကို ယုံ​ကြည်​ခြင်း​ကြောင့် ငြင်း​ပယ်​ခဲ့​တယ်။+ ၂၅  အပြစ်​မှာ  ခ​ဏ​ပျော်​ပါး​ဖို့​ထက် ဘုရား​သခင်​ရဲ့ လူ​တွေ​နဲ့​အတူ ညှဉ်း​ဆဲ​ခံ​ဖို့ ရွေး​ချယ်​ခဲ့​တယ်။ ၂၆  ရ​ရှိ​မယ့်​ဆု​ကျေး​ဇူး​ကို အာ​ရုံ​စူး​စိုက်​ခဲ့​တဲ့​အတွက် ဘိသိက်​ပေး​ထား​သူ​အဖြစ် ကဲ့​ရဲ့​ရှုတ်​ချ​ခံ​ရ​တာ​ဟာ အီ​ဂျစ်​ပြည်​မှာ စည်းစိမ်​ခံ​စား​ရ​တာ​ထက် ပိုမြတ်​တယ်​လို့ သူ ယူ​ဆ​ခဲ့​တယ်။ ၂၇  ဘု​ရင့်​အမျက်​ကို​မ​ကြောက်​ဘဲ+ ယုံ​ကြည်​ခြင်း​ကြောင့် အီဂျစ်​ပြည်​က​နေ ထွက်​ခဲ့​တယ်။+ မမြင်​ရတဲ့​အရှင်​ကို+ မြင်​နေ​ရ​သလို​ပဲ သူ တည်မြဲတည်​ကြည်​ခဲ့​တယ်။ ၂၈  ယုံ​ကြည်​ခြင်း​ကြောင့် ပသခါ​ပွဲ​ကို* သူ​ကျင်း​ပ​ပြီး​ တံ​ခါး​ထုပ်​တွေ​မှာ  သွေး​သုတ်​လိမ်း​ခဲ့​တယ်။ ဒါ​ကြောင့် ဖျက်​ဆီး​သူ​က အစ္စရေးတွေရဲ့ သား​ဦး​ကို အန္တရာယ်​မပေး​နိုင်​ခဲ့ဘူး။+ ၂၉  ယုံ​ကြည်​ခြင်း​ကြောင့် အစ္စရေးတွေ​က ပင်​လယ်​နီ​ကို ခြောက်​သွေ့​တဲ့ မြေပြင်​လို ဖြတ်​သွား​ခဲ့​တယ်။+ ဖြတ်​ဖို့​ကြိုး​စား​တဲ့ အီ​ဂျစ်​လူ​တွေ​က​တော့ ရေ​နစ်​သေဆုံး​သွား​တယ်။+ ၃၀  ယေ​ရိ​ခေါ​မြို့​ရိုး​ကို သူ​တို့ ခုနစ်​ရက် လှည့်​ပတ်​ပြီး​နောက် မြို့​ရိုး​ပြို​ကျ​သွား​တာ  ယုံ​ကြည်​ခြင်း​ကြောင့်​ပဲ။+ ၃၁  ပြည့်​တန်​ဆာ​ရာ​ခပ်​က သူ​လျှို​တွေ​ကို  ဖော်​ဖော်​ရွေ​ရွေ လက်​ခံ​ခဲ့​တာ၊ နာခံ​မှု​မရှိ​သူ​တွေ​နဲ့​အတူ  မပျက်​စီး​ခဲ့​တာ ယုံကြည်​ခြင်း​ကြောင့်​ပဲ။+ ၃၂  ကျွန်​တော် ဘယ်​သူ့​အကြောင်း ပြော​ရဦး​မလဲ။ ဂိ​ဒေါင်၊+ ဗာ​ရက်၊+ ရှံဆုန်၊+​ ယေ​ဖသ၊+ ဒါ​ဝိဒ်၊+ ရှ​မွေ​လ​နဲ့+ တ​ခြား​ပရော​ဖက်​တွေ​အကြောင်း​သာ ဆက်​ပြော​နေ​ရရင် အချိန်​လောက်​မှာ မဟုတ်​တော့​ဘူး။ ၃၃  ယုံ​ကြည်​ခြင်း​ကြောင့် တိုင်း​နိုင်​ငံ​တွေ​ကို သူ​တို့ အနိုင်​ရခဲ့​တယ်၊+ ဖြောင့်​မတ်​ခြင်း ဆောင်​ကြဉ်း​ပေး​ခဲ့​တယ်။ က​တိ​တော်တွေ ရ​ရှိ​ခဲ့​တယ်၊+ ခြင်္သေ့​နှုတ်​ကို ပိတ်​ခဲ့​တယ်။+ ၃၄  မီး​အရှိန်​ကို ငြိမ်း​သတ်​ခဲ့​တယ်၊+ ဓား​ဘေး​က​နေ လွတ်​မြောက်​ခဲ့​တယ်၊+ အား​နည်း​ရာ​က​နေ   အား​ကြီး​လာခဲ့​တယ်၊+ စစ်​မက်​ရေးရာ​မှာ ခွန်​အား​ကြီး​လာခဲ့​တယ်၊+ ကျူး​ကျော်​လာ​တဲ့​တပ်​တွေ​ကို ချေ​မှုန်း​ခဲ့​တယ်။+ ၃၅  အမျိုး​သမီး​တွေ​လည်း ချစ်​ရ​သူ​တွေ ရှင်​ပြန်​ထ​မြောက်​လာ​တဲ့​အတွက်+ သူ​တို့​ကို ပြန်​ရခဲ့​တယ်။  တ​ချို့​အမျိုး​သား​တွေ​ကျ​တော့ လွတ်​မြောက်​ဖို့​အတွက် ယုံ​ကြည်​ခြင်း​ကို စွန့်​လိုက်​မယ့်​အစား  ပိုမြတ်​တဲ့  ရှင်​ပြန်​ထ​မြောက်​ခြင်း​ကို ရ​ဖို့ ညှဉ်း​ဆဲ​ခံ​ခဲ့​ကြ​တယ်။ ၃၆  တချို့​က ကဲ့​ရဲ့​ခံ​ရ​တယ်၊ ရိုက်​ပုတ်​ခံ​ရ​တယ်။ ဒါ​တင်​မက​သေး​ဘူး၊ ချည်​နှောင်​ခံ​ရ​ပြီး+ အကျဉ်း​ချ​ခံ​ရ​တယ်။+ ဒီ​နည်း​တွေ​နဲ့  စမ်း​သပ်​ခံ​ခဲ့ရ​တယ်။ ၃၇  ကျောက်​ခဲ​နဲ့ အပေါက်​ခံ​ရ​တယ်။+ ရုံး​တင်​စစ်​ဆေး​ခံ​ရ​တယ်။ လွှ​နဲ့ နှစ်​ပိုင်း​ဖြတ်​ခံ​ရ​တယ်။ ဓား​နဲ့ ကွပ်​မျက်​ခံ​ရ​တယ်။+ သိုး​သား​ရေတွေ၊ ဆိတ်​သား​ရေတွေ ဝတ်​ခဲ့ရ​တယ်။+ ဆင်း​ရဲ​နွမ်း​ပါး​ခဲ့ရ​တယ်။ ဒုက္ခရောက်ခဲ့​တယ်၊+ မတ​ရား အနိုင်​ကျင့်​ခံ​ခဲ့ရ​တယ်။+ ၃၈  ဒီ​လော​က​ဟာ သူ​တို့​နဲ့ မထိုက်​တန်​ဘူး။ တော​ကြို​တောင်​ကြား​မှာ သူ​တို့ လှည့်​လည်​သွား​လာခဲ့ရ​တယ်။ ဥ​မင်​တွေ၊ လိုဏ်​ဂူ​တွေ​မှာ+ နေ​ခဲ့ရ​တယ်။ ၃၉  သူ​တို့​အား​လုံး​ဟာ  ယုံ​ကြည်​ခြင်း​ကြောင့်  ဘု​ရား​သခင်​နှစ်​သက်​တယ်ဆိုတဲ့  သက်​သေခံ​ချက်​ကို  ရ​ရှိ​ခဲ့ပေမဲ့   သူ​တို့​ခေတ်​မှာ  က​တိ​တော်​မပြည့်​စုံ​ခဲ့​ဘူး။ ၄၀  ဘာ​လို့​လဲ​ဆို​တော့ ဘု​ရား​သခင်​က  ကျွန်​တော်​တို့​ကို  ပို​ကောင်း​တဲ့​အရာ ပေး​ဖို့ စိတ်​ကူး​ထား​လို့​ပဲ။+ ကျွန်​တော်​တို့​ပါ​မှ​ပဲ သူ​တို့ ပြည်​ဝ​စုံ​လင်​နိုင်​မယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။